ရှင်လုကာခရစ်ဝင် ၂၁

(ဈ) မုဆိုးမ၏ ဒင်္ဂါးနှစ်ပြား (၂၁:၁-၄)

၂၁:၁-၄ သခင်ယေရှုက ဗိမာန်တော်တွင် အလှူငွေ ဘုံးဘေးအောပေးလှူကြသောသူဌေး များနှင့် မရှိမဲ့ရှိမဲ့ပေးလှူသောမုဆိုးမ၏ အလှူဒါန၊ သဒ္ဒါတရားကွာ ခြားပုံကို ရှင်းပြသည်။ သူဌေးများက တချို့တဝက်ယူဆောင်လာ၍ မုဆိုးမက ရှိသမျှ ယူလာသည်။ သခင်ဘုရား၏ အမြင်တွင် ထိုမုဆိုးမ၏ အလှူဒါနသည် အခြားသူများ၏ အလှူငွေထက်ကြီးမားသည် လူချမ်းသာများက ချမ်းသာ သမျှထဲက တချို့တဝက်ပေးကြသည်။ မုဆိုးမကမူ အကုန်အစင်ပေးလှူသည်။ ပမာဏများစွာပေးလှူတိုင်းဒါနမ မြောက်။ ပိုင်ဆိုင်သမျှပေးလှူခြင်းက ပို၍ ဒါနမြောက်သည်။ ရွှေ၊ ငွေ ဥစ္စာပေးလှူရန်မလိုပါ။ ဘုရားသခင် သည် အဝီစိအဆုံးထိအောင် မြင်နို်င်သည်ဖြစ်၍ အနက်ဆုံးမှ စိတ်နှလုံးဖြင့် ပေးလှူသောငွေစကို ထာဝရရွေအဖြစ် တန်ဖိုးထားပါသည်။ ၅၇

(ည) အနာဂတ်အဖြစ်အပျက်ကြိုဟောချက် (၂၁:၅-၁၁)

အပိုဒ်ငယ် ၅-၃၃ သည် မဟာပရောဖက်ပြုချက်များဖြစ်သည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄နှင် ၂၅တွင် ဖော်ပြထားသည်။ ခြားနားသောအချက်များရှိပါသည်။ ထိုအချက်များသည် မတူညီသော ခရစ်ဝင်ကျမ်းချက်များ၏ အနှစ်သာရဖြစ်သည်။

ဤအခန်းတွင် သခင်ယေရှုဗျာဒိတ်တော်ပေးချက် အတိုငး ယေရုရှလင်မြို့သည် အေဒီ ၇ဝ ခုနှစ်တွင် လုံးဝပြိုလဲပျက်သုဉ်းသည်။ ထို့အပြင်ကိုယ်တော်ဘုရားဒုတိယအကြိမ်ကြွလာမည့်အကြောင်း လည်းဗျာဒိတ်ပေးထားသည်။ ကိုယ်တော်၏ ပထမဗျာဒိတ်ပေးချက်သည် ရောမဧကရာဇ်တိတုလက်ထပ် တွင် ယေရုရှလင်ပျက်စီးခြင်းဖြင့် တဝက်မှန်ကန် ပြည့်စုံသွားသည်။ ကျန်သော အချက်သည် ဘေးဒဏ်ကြီး ကာလတွင် ပြည့်စုံလာမည်။

ဗျာဒိတ်ပေးချက်များကို အောက်ပါတိုင်းတွေ့ရှိရသည်။

၁။ ယေရုရှလင်ပြိုလဲပျက်သုဉ်းမည့်အကြောင်း (ငယ် ၅-၆)

၂။ ထိုအဖြစ်အပျက်များ မည်သည့်ကာလတွင် ဖြစ်မည်ဟုတပည့်တော်များက မေးမြန်း ခြင်း (ငယ် ၇)

၃။ သခင်ယေရှုက ဒုတိယအကြိမ်ပြန်ကြွလာမည့် အကြောင်းအမှတ်လက္ခဏာပြခြင်း (ငယ် ၈-၁၁)

၄။ ယေရုရှလင်မြို့ပျက်သုဉ်းမည့်အကြောင်း ဗျာဒိတ်ပေးသည့်နောက်တွင် နိမိတ်လက္ခ ဏာများ လိုက်လာခြင်း (ငယ် ၁၂-၂၄)

၅။ ဒုတိယအကြိမ်ကြွရောက်လာမည့် နိမိတ်လက္ခဏာများပြောပြခြင်းနှင့် တပည့်တော်များ မျှော်လင့်ချက်ဖြင့် အသက်ရှင်ကြရမည့်အကြောင်း (ငယ် ၂၅-၂၆)

၂၁:၅-၆ တပည့်တော်အချို့က ဗိမာန်တော်၏ သားနားသပ္ပါယ်ပုံကို ချီးမွမ်းခန်းဖွင့် ကြသည်။ ထိုအခါ သခင်ယေရှုက မကြာသောကာလမှာ ပြိုလဲပျက်သုဉ်းမည့် ရုပ်ဝတ္တုပစ္စည်းများကို ချီးမွမ်း မနေကြဖို့ တားမြစ်လိုက်သည်။ ဗိမာန်တော်ပြားပြားဝပ်မည့် နေ့ရက်သည် ရောက်လာနေပြီ။

၂၁:ရ ထိုအဖြစ်အပျက်သည် မည်သည့်အချိန်တွင်ပေါ်ထွန်း၍ ထိုသို့ပေါ်ထွန်းဖြစ်ပျက်မည့် အကြောင်းမည့်သည့်နိမိတ်လက္ခဏာဖြင့် သိနိုင်ကြမည်နည်း ဟုမေးကြသည်။ ထိုမေးခွန်းသည် ယေရုရှ လင်မြို့ပျက်သုဉ်းမည့်အကြောင်းဖြစ်သည်။

၂၁:၈-၁၁ ကိုယ်တော်ဘုရားက တပည့်တော်များ ၏မေးခွန်းကို ကမ္ဘာကုန်ဆုံးခါနီးအ ကြောင်းပုံဥပမာ ပေး၍ရှင်းပြထားသည်။ မေရှိယအတုအယောင်များပေါ်ထွန်းလာမည်။ ကောလဟာလ သတင်းမျးာ မှိုလိုပေါက်လာမည်။ စစ်ပွဲပွားများလာမည်။ တိုုင်းနိုုင်ငံအချင်းချင်း စစ်မက်ဖြစ်သွားကြရသည် သာမက မြေငလျင်ကြီးများ၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အနာရောဂါဆိုးကျရောက်ခြင်း၊ ကောင်းကင်မှ ကြောက်မက်ဖွယ်ရာ နိမိတ်လက္ခဏာများ ပေါ်ထွန်းလာမည်ဟုဆိုသည်။

(ဋ) ခေတ်ကုန်ခါနီးအကြိုကာလ (၂၁:၁၂-၁၉)

၂၁:၁၂-၁၅ ဤကျမ်းချက်တွင် ခေတ်ကာလကုန်ဆုံးတော့မည်အကြောင်း ရှင်းပြထား သည်။ အပိုဒ်ငယ် (၁၂) တွင် ထိုအမှုအရာများမဖြစ်မီ ဟုဆိုထားသည်။ ထို့ကြောင့် (ငယ် ၁၂-၂၄) သည် ထိုကာလနှင့် ဘေးဒဏ်ကြီးကာလ၊ ကြားကာလအဖြစ်အပျက်အကြောင်းဖြစ်သည်။ တပည့်တော်များ ဖမ်းဆီးခြင်းညှဉ်းပန်နှိပ်စက်ခြင်း၊ ဘာသာရေးထုံးတမ်းစဉ်လာနှင့် အုပ်ချုပ်သူအစိုးရ၏ အမိန့်အာဏာဖြင့် အရေးယူထောင်ချခံရမည်။ ခက်ခဲကြပ်တည်း၍ ဒုက္ခရောက်ကြမည်။ သို့သော်လည်း ထိုဆင်းရဲဒုက္ခများ သည် ဘုရားသခင်၏ သက်သေခံဖို့ အခွင့်အရေးပေးခြင်းဖြစ်သည်။ ထိုအန္တရာယ်များရင်ဆိုင်ဖို့ ကြိုတင်ပြင် ဆင်ခြင်းလည်းမပြုကြ။ အမှုပြဿနာရောက်သည့်ကာလ၌ ဘုရားသခင်က ဉာဏ်ပညာအလင်းတလင်း ပေး၍၊ ရန်ဘက်များကို အကြွင်းမဲ့အောင်ပွဲခံသွားမည်။

၂၁:၁၆-၁၈ မိသားစုအကြားတွင် သွေးဝမ်းကွဲကြမည်။ ကယ်တင်ခြင်းမရသော ဆွေမျိုး သားချင်းများ၏ သစ္စာဖောက်ခြင်းခံရမည်။ ခရစ်တော်ဘက်၌ မြဲမြဲရပ်တည်သူအချို့အသက်ပေးရမည်။ (ငယ် ၁၆)တွင် အချို့တို့ကို သတ်ကြလိမ့်မည် ဟုဆိုထားပြီး (ငယ် ၁၈) တွင် သို့သော် သင်တို့၏ ဆံခြည် တပင်မျှမပျက်စီးရ ဟုဆိုပြန်သည်။ ထိုဝိရောဓိကျမ်းချက်သည် ခရစ်တော်အတွက် မာတုရအသက်ပေး သူများသာဖြစ်နိုင်သည်။ ထိုသူများ၏ ဝိညာဉ်ကို ကွယ်ကာစောင်မထားသည့်အကြောင်းဖြစ်သည်။ သေကြ သော်လည်း အချည်းနှီးပျက်စီးကြမည်မဟုတ်။

၂၁:၁၉ ဤကျမ်းပိုဒ်သည် ဇွဲလုံ့လရှိရှိစိတ်ရှည်သီးခံခြင်းဖြင့် ယုံကြည်ခြင်းစစ်မှန်ကြောင်း သက်သေပြဖို့ဖြစ်သည်။ ကယ်တင်ခြင်းအမှန်တကယ်ရရှိသူများ သည် ခိုင်မာစွာ ရပ်တည်ကြသောကြောင့် ထိုက်တန်သောအဖိုးအခရရှိကြမည်။ RSVကျမ်ကမူ သင်၏ စိတ်ရှည်သီးခံခြင်းကြောင့် အသက်ပြန်ရမည် ဟုဆိုထားသည်။

(ဍ) ယေရုရှလင်မြို့ပျက်စီးမည့်အကြောင်း (၂၁:၂၀-၂၄)

၂၁:၂၀-၂၄ သခင်ယေရှုက အေဒီ ၇ဝခုနှစ်တွင် ပြိုလဲပျက်သုဉ်းသော ယေရုရှလင်မြို့ ပျက်စီးမည့်အကြောင်း ကြိုတင်အသိပေးခဲ့သည် ရောမစစ်သား များပိတ်ဆို့ဝိုင်းရံမည့် အမှတ်လက္ခဏာ ကိုလည်း သတိပေးခဲ့သည်။

ခရစ်ယာန်များ၏ ရှေးဦးကာလ၊ အေဒီ (၇၀) ခုနှစ်တွင် ယေရုရှလင်မြို့တော်နှင့် ခမ်းနားအပ္ပါယ်လှသော ဗိမာန်တော်ပျက်သုဉ်းရမည့် အကြောင်း ကြိုတင်ဟောပြောခဲ့ သည်။ ယေရုရှလင်မြို့တွင် ပျားအုံကဲ့သို့ စစ်သားများရောက်လာလိမ့်မည်။ ထိုသို့ ရောက် ရှိသောညသည် ယေရုရှလင်မြို့ပျက်စီးရမည့် အကြောင်းဖြစ်သည်။ သို့သော်လည်း မြို့ကြီးသားများက အမှတ်မယူကြ။ မယုံကြည်ခေါင်းမာကြသည်။ စစ်သားများဝိုင်းရံ၍ အုတ်နံရံများဖြိုဖျက်သောအခါမှ သာလျှင် နဖူးတွေ့ဒူးတွေ့တွေ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘယ်သောအခါမှ မှားယွင်းချွတ်ချော်ခြင်းမရှိ။ ယုံကြည်သူယုဒ များအသက်ချမ်းသာရာရဖို့ ရောမစစ်တပ်က ခဏတဖြုတ် ကပ်ခွာ ပေးခဲ့သည်။ ပေလဆို သော ဘေးကင်းရာအရပ်သို့ ထွက်ပြေးခဲ့ကြသည် ၅၈

မြို့ထဲသို့ ပြန်ဝင်မည့်စီမံချက်ဟူသမျှအရာမထင် သဲထဲရသွန်ဖြစ်သွားသည်။ ဘုရားသား တော်ကို ငြင်းပယ်ကြသည့် နောက်ဆက်တွဲအကျိုးရလာဒ်ပေတည်း။ ကိုယ်ဝန်သည် မိန်းမနှင့် ကလေးမိ ခင်များသည် ပို၍ ဒုက္ခရောက်ကြမည်။ ဘုရားသခင်၏ တရားစီရင်ခြင်းမှလွတ်မြောက်ဖို့ ရှာကြံကြမည်။ အဘယ်ကြောင့်ဆိုသော ဣသရေလမြေပေါ်၌ ယုဒလူများကို ဘုရားရှင်အမျက်ဒေါသကျရောက်မည်။ လူသူအများအပြားသေကြရမည်။  အချို့သူများလွတ်ရာလွတ်ရာသို့ သေပြေးရှင်ပြေးပြေးလွှားကြမည်။

အပိုဒ်ငယ် (၂၄)ဒုတိယပိုင်းသည် ကာလအချိန်မကျမှီတိုင်အောင် တပါးအမျိုးသားများ လက်၌ ယေရုရှလင်မြို့ကျရောမည့်အကြောင်းဖြစ်သည်။ ဆိုလိုသည်မှာ ထိုကာလတာအတွင်းတွင် ယေရု ရှလင်မြို့သည် ယုဒများကွပ်ကဲမှုအောက်၌ ရှိမည်မဟုတ်။ ဘုရားသခင်ပေးသော အချိန်ကာလမရောက် မချင်းတပါးအမျိုးသများက ခြေဖြင့် နင်းထားမည်။

တပါးအမျိုးသားများ၏ ပြည့်စုံကြွယ်ဝမှုနှင့် အချိန်ကာလတို့ကို ဓမ္မသစ်ကျမ်းတွင် သီးသန့် ဖော်ပြထားသည်။

၁။ တပါးအမျိုးသားများ ကျေးဇူးတော်ခံစားမည့်အကြောင်း (ရော ၁၁:၁၂)။ ဣသရေလ လူမျိုးဘုရားသခင်နှင့် ခွဲခွာခိုက် တပါးအမျိုးသားများ ဘုရားသခင်ထံတော်၌ နေရသော အခွင့်ထူး ဖြစ်သည်။

၂။ တပါးအမျိုးသားများပြည့်စုံမည့်အကြောင်း (ရော ၁၁:၂၅)၊ ချီဆောင်ခြင်း ကာလတွင် တပါးအမျိုးသားများသည်လည်း ခရစ်တော်၏ သတို့သမီးဖြစ်ကြရပြီ။ ကောင်းကင်နိုင်ငံ တွင် ဘုရားသခင်ရှေ့၌ ယုဒလူမျိုးနှင့် တန်းတူအခွင့်အရေးရရှိမည့် အကြောင်းဖြစ်သည်။

၃။ တပါးအမျိုးသားများ၏ အချိန်ကာလ (လုကာ ၂၁:၂၄)စင်စစ် ဘီစီ ၅၂၊ ဗာဗုလုန်သို့ယု ဒလူမျိုးဖမ်းဆီးသွားသည့်အချိန်မှ အစပြုပြီး၊ ယေရုရှလင်မြို့အား သိမ်းပိုက်အုပ်ချုပ်သည့် အချိန်ထိဖြစ်ပါသည်။

သခင်ယေရှု၏ နှုတ်တော်ထွက်စကားအတိုင်းယေရုရှလင်မြို့သည် တပါးအမျိုးသားများ လက်ထဲသို့ကျရောက်ခဲ့သည်။ Emperor Julian the Apostate (အေဒီ ၃၃၁-၃၆၃)ကမူ ဤဗျာဒိတ်တော် ပြုချက်ကို အသိအမှတ်ပြု။လက်မခံ။ ထို့ကြောင့် ယုဒများအား ဗိမာန်တော်ပြန်ဆောက်ရန တိုကတွန်းလှုံ့ ဆော်ခဲ့သည်။ ဇွဲလုံ့လ ထုတ်၍ သဲသဲမဲမဲလုပ်ဆောင်ကြသည်။ ငွေပေါက်ပြားဖြင့် ပေါက်ကြသော်လည်း တူးဆွအမှိုက်အညစ်အကြေးများ သာဖြစ်သည်။ ထိုသို့ ကြိုးစားပမ်းစားဆောက်လုပ်နေကြစဉ် မြေငလျှင် ကြီးစွာလှုပ်၍ ပြိုလဲ ပျက်စီးပြန်သောကြောင့် ခဲလေသမျှသဲရေကျသည်။ မဟာစီမံကိန်းကို လက်မှိုင်ချစွန့် လွှတ်ခဲ့သည်။ ၅၉

(ဎ) ဒုတိယအကြိမ်ကြွလာခြင်းအကြောင်း (၂၁:၂၅-၂၈)

၂၁:၂၅-၂၈ ခရစ်တော်ဘုရား ဒုတိယကြွလာသောအခါ ကမ္ဘာမြေပေါ်တွင် ထူးခြားစွာ ပြောင်းလဲလှုပ်ရှားမည်။ နေ၊ လ၊ နှင့်ကြယ်များကိုလည်း မြေကြီးပေါ်တွင် မြင်ရမည်။ ကောင်းကင်ရှိဂြိုဟ် နက္ခတ်တရာများလည်း ပုံမှန်အနေအထားအတိုင်းမဟုတ်ဘဲ။ ဖရိုဖရဲရွေ့လျားကြမည်။ ကမ္ဘာလုံးသည် လည်း ဝင်ရိုးလမ်းကြောင်းပေါ်မှ ရွေ့သွားမည်။ ထို့ကြောင့် လှိုင်းလုံးကြီးသဖွယ် အထိမ်းအကွပ်မဲ့ ကစဉ့်ကလျားဖြစ်သွားမည်။ ကောင်းကင်နှင့်မြေကြီး ရိုက်ခတ်ကြသဖြင့် လူများသည် နေစရာမရှိ ဘုံပျောက်သွားမည်။ သို့သော်ဘုရားလူများအတွက်မူ မျှော်လင့်ချက်ရှိနေသည်။

လူသားတော်သည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာသည်ကို မြင်ကြရမည်။ ထိုအမှုအရာတို့ သည်ဖြစ်စရှိသောအခါ သင်တို့ကို ရွေးနှုတ်သော အချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့် ခေါင်းကို ကြွ၍ မျှော် ကြည့်ကြလော့။

(ဏ) သင်္ဘောသဖန်းပင်နှင့် အခြားအပင်များ (၂၁:၂၉-၃၃)

၂၁:၂၉-၃၁ ကိုယ်တော်ဘုရား ကြွလာမည့်အကြောင်းကို သင်္ဘောသဖန်းပင်နှင့် အမြုံသစ် ပင်များ ရွက်နုပေါက်ခြင်း ပုံဥပမာဖြင့် သင်ခန်းစာယူကြဖို့ရှင်းပြသည်။ သင်္ဘောသဖန်းပင်သည် ဣသရေလ လူမျိုးအား ရည်ညွှန်းသော အမှတ်သင်္ကေတဖြစ်သည်။ ဣသရေလလူမျိုးသည် နောက်ပိုင်းခေတ်ကာလ တွင် ကမ္ဘာ့မြေပုံပေါ်မှ နှစ်ပေါင်းရာစုချီ၍ ပျောက်လွင့် ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် နိုင်ငံတခုအဖြစ် ပေါ်ထွန်း လာပြီး ကမ္ဘာ့လူမျိုးများအကြားတွင် တိုင်းနိုင်ငံတခု အဖြစ်ပေါ်ထွန်းရွက်နုဝေလာသည်။

အခြားအပင်များဆိုသည်မှာ ကမ္ဘာအဝှမ်း အရပ် ဒေသအသီးသီးတွင် ပေါ်ထွန်းနေသော တိုင်းနိုုင်ငံများလူမျိုးများဖြစ်သည်။ တိုင်းနိုုင်ငံများလွတ်လပ်ရေးရရှိကြသည်။ အစိုးရတည်ထောင်ကြသည်။ ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်ကြသည်။ ဤအမှတ်သင်္ကေတများသည် ခရစ်တော်ပြောသော နိုင်ငံတော် တည်ထောင်လုနီးပြီဖြစ်ကြောင်း သတိပေးခြင်းဖြစ်သည်။

၂၁:၃၂ သခင်ယေရှု ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည် ဟဆိုသည်။ ယခုဖြစ်သော လူများမကုန်မှီဆိုသည်မှာ အဘယ်နည်။ ဘာကိုဆိုလိုသနည်း။

၁။ ကိုယ်တော်ပြောသည့် စကားတော်အတိုင်း ယေရုရှလင်မြို့ပျက်သုဉ်းသွားခြင်းက ထောက်ရှု၍ ယခုဖြစ်သော လူများဆိုသည်မှာ သခင်ယေရှု၏ ထိုစကားကို ကြားသောသူ များဖြစ်မည်ဟု အချို့က ခံယူကြသည်။ ထိုသို့မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ဘုရားသည် မိုးတိမ်စီး၍ ဘုန်းတန်ခိုးဖြင့် ကြွလာခြင်းမရှိသေး။

၂။ အချို့က ကိုယ်တော်ဘုရား ပြောသော အမှတ်လက္ခဏာများကို တွေ့မြင်ရမည့်သူများ ဖြစ်သည်ဟုဆိုသည်။ ထိုသူများသက်တမ်း၌ အမှတ်လက္ခဏာများပြည့်စုံလျှင် ဤအယူအ ဆဖြစ်နိုင်ဖွယ်ရာရှိသည်။

၃။ အခြားဖြစ်နိုင်ဖွယ်ရာ တခုမှာ ခရစ်တော်ကို ဖီလာဆန့်ကျင်နေကြသော ယုဒလူမျိုးများ ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ သခင်ဘုရားက ယုဒလူမျိုးများ ပြာယာခတ်ကြမည့် အကြောင်း ပြန့်ကြဲရာမှ ပြန်လည်စုစည်းကြမည့်အကြောင်းပြောထားပါသည်။ ထို့ကြောင့် အချက် ၂နှင့် ၃သည် မှန်ကန်မည်ဟု ယူဆရပါသည်။

၂၁:၃၃ ကောင်းကင်အဖွဲ့အစည်း နက္ခတ်တရာ စကြဝဠာ ပျောက်လွင့်သော်လည်း သခင်ယေရှု၏ နှုတ်တော်ထွက်စကားမပြည့်စုံမချင်း၊ ကမ္ဘာလောကကြီးသည် ယခုပုံစံအ တိုင်းရှိနေဦးမည်။

(တ) ဆုတောင်းခြင်းဖြင့် စောင့်မျှော်ကြဖို့ သတိပေးခြင်း (၂၁:၃၄-၃၈)

၂၁:၃၄-၃၅ ထိုကာလရောက်သောအခါ စားလိုက်သောက်လိုက် စားဝတ်နေရေးအတွက် ပူပန်လိုက်ဖြင့် သောကရောက်မနေကြဖို့ သတိပေးထားသည်။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော် ဘုရားသည် မမျှော်လင့်သောအချိန်တွင် ရောက်ရှိလာမည်။ ကမ္ဘာမြေကြီးတွင် အမြဲတမ်းနေထိုင် အသက် ရှင်ကြမည်ဟု မထင်မှတ်ဖို့ သတိပေးပါသည်။

၂၁:၃၆ တပည့်တော်မှန်လျှင့် ယိုယွင်းပျက်စီးတတ်သော သင်္ခါရလောကကတွင် အာရုံမ ရောက်ဘဲတချိန်လုံးဆုတောင်းစောင့်မျှာ်နေကြရမည်။ ဘုရားသခင်၏ အမျက်ဒေါသမသင့်အောင် လူသား တော်ရှေ့၌ မတ်တပ်ရပ်ခွင့် ရအောင်စိတ်ရှည်သီးခံ၍ ဆုတောင်းကြရမည်။

၂၁:၃၇-၃၈ သခင်ယေရှုသည် ဗိမာန်တော်ဝင်းတွင် နေ့စဉ်ရက်ဆက် တရားဟောပြီးလျှင် ညဉ့်အချိန်တွင် သံလွ်တောင်ပေါ်တွင် အိပ်စက်အနားယူသည်။ ကိုယ်တော်အတွက် လူ့လောကတွင် ကျော ခင်းစရာနေရာမရှိပါ။ နောက်တနေ့မိုးလင်းလျှင်လည်း တရားနာပရိသတ်က တရားနာဖို့ ဝိုင်းအုံမြဲဝိုင်းအုံ လေ့ရှိသည်။

Previous Article
Next Article