ရှင်လုကာခရစ်ဝင် ၄

(ဃ) စုံစမ်းခံခြင်းဖြင့် ပြင်ဆင်ခြင်း (၄:၁-၁၃)

၄:၁ ကိုယ်တော်ဘုရား၏ သက်တော်စဉ်တွင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ကင်းလွှတ် သောအချိန် နာရီပိုင်းဟူ၍ မရှိစဘူးပါ။ သို့သော် ဤနေရာတွင်မူ စုံစမ်းနှောင့်ယှက်ခြင်းခံနိုင်မည့်အကြောင်း သွန်သင်ခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြည့်ဝခြင်းဆိုသည်မှာ နှုတ်ကပတ်တော်ကို အသေးစိတ်နာခံ၍ ကိုယ်တော်ဘုရား၌ ဘဝအသက်တာတခုလုံးဆက်ကပ်အပ်နှံခြင်းဖြစ်သည်။ သန့်ရှင်း သောဝိညာဉ်တော်ဖြင့် ပြည့်ဝသောသူသည် အပြစ်နှင့် ကင်းစင်၍ နှုတ်ကပတ်တော်၌ မွေ့လျော်ကြွယ်ဝ သည်။ ယောဒန်မြစ်၌ နှစ်ခြင်းမင်္ဂလာခံယူ၍ ပြန်လာသောအခါ သန့်ရှင်းသော ဝိညာဥ်တော်က သခင်ယေရှု အားကန္တရတောသို့ ခေါ်ဆောင်သွားသည်။ ယုဒပြည်ပင်လယ်သေ အနောက်ဘက်ကမ်းခြေတလျှောက်ဖြစ် သည်။

၄:၂-၃ ထိုအရပ်ဒေသတွင် ရက်ပေါင်း (၄၀)ပတ်လုံးမာရ်နတ်က စုံစမ်းသွေးဆောင်သည်။ ထိုနေ့ရက်များတွင် အစာရေစာ စားသုံးခြင်းမရှိ။ ရက်ပေါင်း (၄၀)ပြည့်သောအခါ မာရန်နတ်က စုံစမ်းခြင်း (၃)မျိုးဖြင့် စုံစမ်းစစ်ဆေးသည်။ ကန္တာရတောတောင်ထိပ်ပေါ်နှင့် ယေရုရှလင်ဗိမာန်တော်နေရာတွင် စုံစမ်း သည်။ လူ့အသွေးအသားခံယူထားသောကြောင့် ယေရှုသခင်သည် ဆာလောင်မွတ်သိပ်နေသည်။ စာတန် က အခွင့်ကောင်းယူ၍ ခန္ဓာကိုယ်ဆာလောင်ခြင်းအား ဝိညာဉ်တန်ခိုးဖြင့် ဖြည့်ဆည်းခိုင်းသည်။ သို့သော် သခင်ယေရှုသည် စာတန်၏ စေခိုင်းချက်အား လိုက်နာလုပ်ဆောင်ခြင်း အလျဉ်းမရှိ။ ခမည်းတော်ဘုရား၏ အလိုတော်ကိုသာ နာခံသူဖြစ်သည်။

၄:၄ ယေရှုသခင်သည် (ဝတ် ၈:၃) ကျမ်းစာအတိုင်း ငြင်းပယ်လိုက်သည် အသွေးအသား ရေးရာထက် နှုတ်ကပတ်တော်ကို နာခံရသည်။ ထိုအကြောင်းကို Darby က “တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် ဝိညာဉ်တန်ခိုးရယူသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် အသက်တာတခုလုံးခွန်အားရရှိ၍ လမ်းမှန် ရောက်သည်”ဟု ထောက်ပြသည်။

၄:၅-ရ နောက်တဖန် ဒုတိယစုုံစမ်းခြင်းအဖြစ် စာတန်မာရန်နတ်က သခင်ယေရှုအား “လောကရှိတိုင်းနိုင်ငံတခွင်ကို ညွန်ပြ၍ ဤအရာခပ်သိမ်းကို ငါပိုင်သည်။ ငါ့အားရှိခိုးလျှင် ဤအရာများကို သင့်အားပေးမည်”ဟု သွေးတိုးစမ်းသည်။ ထိုသို့ ဆိုခြင်းမှာ ဤကမ္ဘာမြေသည် ဒုစရိုက်အပြစ်လောကဟု ဆိုလိုခြင်းဖြစ်သည်။ စာတန်သည် ဤလောကကို အစိုးရသောမင်း (ယော ၁၂:၃၁၊ ၁၄:၃၀၊ ၁၆:၁၁) “ခေတ်ကာလ၏ အရှင်အုပ်စိုးသောမင်း” (ဧဖက် ၂:၂) ဖြစ်သည်။ ဤကမ္ဘာမြေသည်မှာ တနေ့သောအခါ ခရစ်တော်ဘုရား အုပ်စိုးမည့်နိုင်ငံတော်ဖြစ်ရမည် (ဗျာ ၁၁:၂၅)။ သို့ကြောင့် စာတန်၏ ကမ်းလှမ်းခြင်းကို သခင်ခရစ်တော်ဘုရား အဘယ်သို့ လက်ခံနိုင်မည်နည်း။

ကိုယ်တော်ဘုရားသည် ဖြတ်လမ်းနည်းဖြင့် အာဏာရရှိရန် မလိုလားပါ။ ဦးစွာလက်ဝါးကပ် တိုင်လာသည်။ အဘဘုရားသခင်နှင့်အမြဲတန်းတိုင်ပင်ညှိုနှိုင်းသည်။ ဘုန်းတန်ခိုးထွန်းကားဖို့ရန် ဦးစွာ အနာခံသည်။ မှားယွင်းသော အလွယ်လမ်းစဉ်မလိုက်။ အာဏာသိမ်းခြင်းမကြိုက်။ စာတန်မာရ်နတ်အား ရှိခိုးကိုးကွယ်ရန် အကျိုးအကြောင်းမရှိ။

၄:၈ သခင်ယေရှုက (ဝတ် ၆:၁၃)ပါ “ထာဝရဘုရားသခင်မှ လွဲ၍ အခြားဘုရားမကိုးကွယ်ရ” ဟူသောကျမ်းချက်ကို ကိုးကား၍ မာရ်နတ်၏ အဆိုအားပယ်ချသည်။

၄:၉-၁၁ တတိယ စုံစမ်းစစ်ဆေးခြင်းအဖြစ်သခင်ယေရှုအား ယေရုရှလင် ဗိမာန်တော်ထိပ် ဖျားမှ ခုန်ချခိုင်းသည်။ (ဆာ ၉၁:၁၁-၁၂) တွင် ဘုရားသခင်သည် မေရှိယအား ကွယ်ကာ စောင်မမည်ဟု ဆိုထားသည်။ ထို့ကြောင့် သခင်ယေရှုအား မေရှိယ ပုံစံဖြင့် စာတန့်ထွင်ခိုင်းခြင်းဖြစ်သည်။ (မာလ ၄:၁) တွင် မေရှိယသည် ဗိမာန်တော်သို့ ချက်ချင်းရောက်လာလိမ့်မည်ဟု ဆိုထားပြန်သည်။ ထို့ကြောင့် ဤနေ မှခုန်ချလျှင် ယေရှုသည် ဟိုးလေးတကျော်ထင်ပေါ်သွားမည်။ ကရာနီသို့သွားစရာလိုတော့မည်မဟုတ်ဟု ဆိုသည်။

၄:၁၂ တတိယအကြိမ်တွင်လည်း သခင်ယေရှုက (ဝတ်ပြု ၆:၁၆)ပါ “သင့်ဘုရားသခင်အား စုံစမ်းခြင်းမပြုရ”ဟူသော ကျမ်းချက်ကို ကိုးကားလျက် ငြင်းပယ်လိုက်ပြန်သည်။

၄:၁၃ သခင်ယေရှုက ဝိညာဉ်တော်လက်နက်ဖြင့် ခုခံတွန်းလှန်သဖြင့် မာရန်နတ်သည် ကာလအတန်ကြာယေရှုထံမှ ထွက်ခွာသွားသည်။ သို့သော် စုံစမ်းနှောင့်ယှက်ခြင်းသည် သတိလစ်လောက် သည့်အချိန်တွင် တဖန်ရောက်လာတတ်သည်။

ဤစုံစမ်းနှောင့်ယှက်ခြင်းနှင့် ပတ်သက်၍ ဆက်လက်ဖော်ပြစရာရှိပါသည်။

၁။ ဤစုံစမ်းခြင်းသည် ရှင်မဿဲခရစ်ဝင်ကျမ်းနှင့် ကွဲပြားသည်။ ဒုတိယအချက်နှင့် တတိယ အချက်သည် ထပ်မံဖော်ပြခြင်းဖြစ်သည်။ အကျိုးအကြောင်း ရှင်းလင်းခြင်း မပီပြင်။

၂။ စုံစမ်းခြင်း (၃)ခုစလုံး အဆုံးသတ်ပုံကောင်းမွန်ပါသည်။ သို့သော် နည်းလမ်းရယူခြင်းမှား သည်။ စာတန်သို့မဟုတ် ဖန်ဆင်းသော အရာများ နာခံခြင်းသည် မှားသည်။ ဘုရားသခင်ကို စုံစမ်းခြင်းသည် မှားသည်။

၃။ ပထမစုံစမ်းခြင်းသည် ရုပ်ခန္ဓာကိုယ်၊ ဒုတိယစုံစမ်းခြင်းသည်။ သိစိတ်၊ တတိယစုံစမ်းခြင်း သည် ဝိညာဉ်နှင့် သက်ဆိုင်သည်။ အသွေးအသားဆန္ဒ၊ မျက်စိအာရုံတပ်မက်မှု၊ ဘဝထောင် လွားမှု ဆက်ကာဆက်ကာဖြစ်လာသည်။

၄။ စုံစမ်းခြင်း သုံးခုစလုံးသည် လူ့သည်းခြေကြိုက်ဖြစ်သည်။ ကိုယ်ကာယ တပ်မက်ခြင်း၊ တန်ခိုးနှင့် ပိုင်ဆိုင်မှု၊ ထင်ပေါ်ကျော်ကြားခြင်း တို့ဖြစ်သည်။ တပည့်တော်များသည်လည်း ထိုစုံစမ်းခြင်းမျိုးမကြာခဏကြုံရသည်။ သက်သာချောင်ချိရေး၊ ခိုင်မြဲသော ရာထူးဌာနန္တရနှင့် အသင်းတော်တွင် အဆင့်မြင့်နေရာရရှိဖို့ အမြဲစုံစမ်းခြင်းခံရသည်။

၅။ စုံစမ်းခြင်းအားလုံးတွင် မာရ်နတ်သည် ဘာသာရေးကို ကလိန်ငြမ်းစင်သည်။ အပြင်ပန်း  သဏ္ဍာန်အားဖြင့် ဘာသာရေးဝတ်လုံဆင်မြန်းသည်။ ကျမ်းစာကိုလည်း ကိုးကားတတ်သည် (ငယ် ၁၀-၁၁) ထို့အကြောင်းကို james Stewart က ဤသို့ထောက်ပြသည်။

စုံစမ်းခြင်းအားလေ့လာရာတွင် အရေးကြီးသော သင်ခန်းစာ ဖော်ထုတ်ချက် (၂)ခု ထွက်ပေါ် လာသည်။ စုံစမ်းခြင်းသည် အပြစ်မဖြစ်စေလိုသောကြောင့် သတိပေးခြင်းဖြစ်သည်။ အခြား တဘက်တွင် (ဟေဗြဲ ၂:၁၈) “စုံစမ်းနှောင့်ယှက်ခြင်းအမှုကြုံတွေ့သူတို့ကို မစခြင်းငှါ တတ် စွမ်းနိုင်တော်မူ၏”ဟူသော ကျမ်းပိုဒ်ကို ဆင်ခြင်အောက်မေ့သတိရစေပါသည်။၁၁

စုံစမ်းနှောင့်ယှက်ခြင်းက သခင်ယေရှုအား မထိုးဖောက်နိုင်ပါ။ တခါတရ့ စုံစမ်းနှောင့်ယှက် ခြင်းသည် အဓိပ္ပါယ်မရှိဟု ထင်မှားတတ်ကြသည်။ ထိုသို့မဟုတ်ပါ။ ယေရှုသည် ဘုရားဖြစ်သည်။ ဘုရားတွင်အပြစ်မရှိနိုင်။ အပြစ်မပြုနိုင် ယေရှုသည် ဘုရားဇာတိတော်နှင့် ကင်းလွတ်သည့် အချိန်အခါ မရှိဘူးပါ။ လူ့လောကတွင် လူ့ဇာတိရှိသောကြောင့် အပြစ်မပြုနိုင်။ အချို့က ဘုရားဖြစ်သောကြောင့် အပြစ် ပြုနိုင်သည်ဟု ဆိုကြသည်။ တချိန်တည်း၊ တပြိုင်တည်းတွင် ဘုရားဇာတိတော်နှင့် လူ့ဇာတိခံယူခြင်းဖြစ်သည်။ တလှည့်စီခံယူခြင်း မဟုတ်၊ ထို့ကြောင့် ထိုကဲ့သို့ အယူမှားမတွေးစကောင်းပါ။ ထိုစုံစမ်းခြင်းသည် အပြစ်ကျူးလွန်နိုင်မနိုင်စမ်းသပ်ခြင်းမဟုတ်။ ဘုရားဇာတိမှန်ကန်ကြောင်းသက်သေပြ ဖို့ဖြစ်သည်။ ကိုယ်တိုင် ခြောက်ပြစ်ကင်းသဲလဲစင်မှသာ လျှင် အပြစ်သားများကို ရွေးနှုတ်ကယ်တင်နိုင်မည် မဟုတ်ပါလား။

(င) ဆုံးမဩဝါဒပေးရန် ပြင်ဆင်ခြင်း (၄:၁၄-၃၀)

၄:၁၄-၁၅ အပိုဒ်ငယ် ၁၃နှင့် ၁၄ အကြားတွင် တနှစ်တာကာလလစ်ဟာသည်။ ထိုကာလအတွင်းတွင် သခင်ဘုရားသည် ယုဒပြည်တွင် အမှုတော်ပြုနေသည်။ ထိုအကြောင်းကို (ယော ၂၊ ၅)တွင် မှတ်တမ်းတင်ထားသည်။

သခင်ယေရှု သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးပြည့်ဝလျက် ဂါလိလဲသို့ ပြန်ရောက်သော ကာလသည် အမှုတော်လုပ်ဆောင်သည့် ဒုတိယနှစ်ဖြစ်သည်။ ကိုယ်တော်၏ ဂုဏ်သတင်းသည်ထိုအရပ် ဒေသတခုလုံးတွင် သင်းပျံ့မွှေးကြိုင်သည်။ ယုဒတရားစရပ်တွင်လည်း အကြီးအကျယ် အထင်အရှားသွန် သင်ဟောကြားတော်မူသည်။

၄:၁၆-၂၁ ငယ်စဉ်တောင်ကျေးဘဝတွင် နာဇရက်မြို့၌ ရှိနေစဉ် ဥပုသ်နေ့ဖြစ်သော စနေနေ့ တိုင်း တရားစရပ်သို့သွားခဲ့သည်။ သခင်ဘုရားပုံမှန် လုပ်ဆောင်လျက်ရှိသောအကျင့် (၂)ခုတွေ့ရသည်။ ပုံမှန်ဆုတောင်းခြင်း (လု ၂၂:၃၉)၊ အခြားသူများကို သွန်သင်ခြင်း (မာ ၁၀:၁) တို့ဖြစ်သည်။ နောက်တခါ တရားစရပ်သို့ရောက်စဉ် ဓမ္မဟောင်းကျမ်းကို ရွတ်ဖတ်ရန် လှန်လျောလိုက်ရာ ဟေရှာယပရောဖက်ကျမ်း လှန်မိရက်သားဖြစ်နေသည်။ (ဟေရှာ ၆၁:၁-၂)ဖြစ်သည်။ ထိုကျမ်းပိုဒ်တွင် ထာဝရဘုရား၏ ဝိညာဉ်တော် သည် ငါ့အပေါ်၌ တည်တော်မူ၏ ဟုဆိုပြထားသည်။ ထန်းသီးကြွေခိုက်ကျီးနင်းခိုက် တိုက်ဆိုင်ခြင်းမဟုတ် ပါ။ သူသည် ဣသရေလတို့၏ မေရှိယ အမှန်ဖြစ်ကြောင်း၊ ဝိညာဉ်တော်က ကျေညာပေးခြင်းဖြစ်သည်။

မေရှိယသခင်၏ သာသနာတော်သည် တော်လှန်ရေးတရပ်ဆင်နွဲခြင်းဖြစ်သည်။ ကိုယ်တော် ဘုရား၏ သက်တော်စဉ်တွင် လူမှုရေးရာပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်ရကြောင်း ကိုတွေ့ရ မည်။

ဆင်းရဲခြင်း။ ဆင်းရဲသားများသို့ သတင်းကောင်းဟောပြောသည်။

ဝမ်းနည်းခြင်း။ စိတ်နှလုံးကြေကွဲဝမ်းနည်းသူများကို နှစ်သိမ့်သည်။

ချုပ်နှောင်ခံရခြင်း။ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူများအား လွတ်မြေက်စေသည်။

ဝေဒနာခံစားခြင်း။ မမြင်မကန်းသူများအားအလင်းပြန်လည်ရရှိစေသည်။

ဖိစီးခြင်း။ ဝန်လေးဖိစီးခြင်းခံရသူများ လွတ်မြောက်စေသည်။

လိုရင်းကို ရှင်းပြရလျှင် ကိုယ်တော်ဘုုရား၏ လူ့လောကနေ့ရက်တာကာလသည် လူသားများ နှစ်လိုဖွယ်ရာဖြစ်သည်။ လူ့လောကတွင် အလင်းရောင်သစ်၊ နေခြည်ဖြာနွေးထွေးကာလ ဖြစ်သည် လူ့ဘဝပြဿနာများ၏ အဖြေ (မူလ) အဖြစ်ကျရောက်လာသည်။ ရုပ်ခန္ဓာဆင်းရဲပင်ပန်းမှုနှင့် စိတ်ဝိညာဉ် ညှိုးနွမ်းမှု၏ အဖြေသည် ခရစ်တော်ကိုယ်တော်တိုင် ဖြစ်သည်။

“ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောခြင်း” ဟုဆိုသည်။ ကိုယ်တော်ဘုရား ပထမ အကြိမ်ကြွရောက်လာခြင်းသည် ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလ ဟောပြောဖို့မှန်ပါသည်။ မျက်မှောက် ပစ္စုပ္ပန်ကာလသည် မင်္ဂလာကာလ ကယ်တင်ခြင်း ရရှိရာ နေ့ကောင်းရက်မြတ်ဖြစ်ပါသည်။ ဒုတိယအကြိမ် ကြွရောက်လာသောအခါ ဘုရားသခင်၏ ကလဲ့စားချေရာနေ့ ရက်ဖြစ်သွားမည်။ ကောင်းကောင်းမှတ်ထား ပါ။ မင်္ဂလာနေ့ရက်ကာလသည် မျက်မှောက်ကာလဖြစ်သည်။ ကလဲ့စားချေမည့် ရက် တရက်လာဦးမည်။

၄:၂၂ ပရိသတ်များသည် သခင်ယေရှု နှုတ်တော်ထွက်သတင်းစကားများကို ကြားသိကြ သောအခါ နှစ်ထောင်းအားရကြသည်။ နားထောင်ပြီးရင်းနားထောင်ချင်ကြသည်။ ဤသူသည် ငါတို့ရွား သားယောသပ်၏ သားမဟုတ်ဘူလား၊ ဤမျှလောက်လေးနက်ထူးမြတ် သော တရားစကားကို အဘယ်က ရသနည်းဟု ခေါင်းချင်းဆိုင်ရိုက်နေကြသည်။

၄:၂၃ သခင်ယေရှုကလည်း စကားတော်ကြားသူများ၏ စိတ်နှလုံးကို ကြိုသိနေသည်။ မကြာ ခင်ကိုယ်တော်၏ ဂုဏ်သတင်း ပျောက်ကွယ်မည်ကို သိသည်။ ဤမျှကောင်းမွန်သော တရားဒေသနာကို ကိုယ်တော်၏ ရပ်ရွာကပေရနောင်တွင် သွားပြောပါလားဟုဆိုကြဦးမည်။ ဆေးဆရာ – ကိုယ့်အနာကို ပျောက်အောင်ကုပါလားဟုပြောကြမည်။ ထိုစကားမှာ ရှင်းရှင်းလေးဖြစ်ပါသည်။ သူများအနာရောဂါကုသ ပေးမည့်အစား မိမိအနာရောဂါကို ဦးစွာကုပါလားဟု ဆိုခြင်းဖြစ်သည်။ တခြားအဓိပ္ပါယ်လည်း သက်ရောက် နိုင်သေးသည်။ ကပေရနောင်တွင်ကြားပြောသကဲ့သို့ နာဇရက်တွင်လည်း သွားပြောပါဟု ယူဆနိုင်သည်။ ုစင်စစ်ထိုစကားမှာ နာဇရက်သားများ၏ မပြောင်းလဲသောအသက်တာကို သရော်ခြင်း လည်းဖြစ်သည်။ စိန်ခေါ်ခြင်းဖြစ်သည်။

၄:၂၄-၂ရ သခင်ဘုရားက လူ့သဘောသဘာဝနှင့်ယှဉ်၍ နားပေါက်အောင်ပုံဥပမာဖြင့် ရှင်းပြ သည်။ မဟာလူသားများကို အိမ်နီးနားချင်းများက အထင်မကြီးတတ်ခြင်းကို ထောက်ပြသည်။ ဓမ္မဟောင်း ပရောဖက်များအား ဘုရား၏လူမျိုးတော် ဣသရေလ အမျိုးက အထင်မကြီး၊ အရေးတယူမလုပ်ကြသော ကြောင့် တပါးအမျိုးသားများထံသို့ ရောက်ခဲ့ကြသည်။ ဣသရေလပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းကပ်ကြီး ဆိုက်ရောက်သောအခါ ဧလိယသည် ရာပေါင်းများစွာသော ယုဒမုဆိုးမများထံမရောက်ခဲ့ပါ။ တပါးအမျိုး သားသိဒုံးမဆိုးမထံသို့ စေလွှတ်ခြင်းခံရသည်။ ပရောဖက် ဧလိရှဲခေတ်ကာလတွင် ဣသရေလ ကုဋိနူနာ သည် များစွာရှိသော်လည်း မည်သူမှ လာရောက်မတွေ့ဆုံပါ။ ဆီးရီးယားမှ စစ်ဗိုလ်ချုပ်နော်မန်သာရောက် လာခဲ့သည်။ ယုဒလူမျိုးများ၏ စိတ်သဘောထားကို ယေရှုသိရှိသည်။ အမျိုးသမီးများ၊ တပါးအမျိုးသားများ နှင့် ကုဋိနူနာရောဂါသည်များကို အနိမ့်ဆုံးအလွှာ လူတန်းစားအဖြစ် သတ်မှတ်ကြသည်။ ယေရှုက ဣသရေလအမျိုးအား ထိုလူတန်းစားများထက် နိမ့်ကျကြောင်း ထောက်ပြသည်။ သမိုင်းတခေတ်လည်ပုံ ကို ရှင်းပြခြင်းဖြစ်သည်။ နာဇရက်သားများကသာလျှင် ကိုယ်တော်အား ငြင်းပယ်ကြသည်မဟုတ်။ ဣသရေလတမျိုးလုံးက ငြင်းပယ်ခြင်းဖြစ်သည်။ ဧလိယနှင့် ဧလိရှဲများကဲ့သို့ တပါးအမျိုးသားများထံသို့ ခြေဦးလှည့်ရတော့မည်။

၄:၂၈ နာဇရက်သားများသည် ယေရှု၏ ဆိုလိုရင်းကို သဘောပေါက်ကြသည်။ တပါးအမျိုး သားများကဲ့သို့ တန်ဖိုးမသေးဟု ဆိုကာ စိတ်ဆိုးကြသည်။ ထိုအကြောင်းကို Bishop Ryle က ဤသို့ ထောက်ခံသည်။

ဘုရားသခင်၏ အချုပ်အခြာကြီးမြတ်မှုကို ခရစ်တော်ဖြင့် ထုတ်ဖော်ပြသသောအခါ လူသား များက ခါးသီးစွာ မုန်းတီးကြသည်။ ထိုသူများ အကြားတွင် အံ့ဖွယ်နိမိတ်လက္ခဏာများဖြင့် လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပါ။ ၁၂

၄:၂၂၉-၃ဝ လူထုပရိသတ်ကြီးသည် သခင်ယေရှုအားတောင်ထိပ်မှ တွန်းချပစ်ရန်မြို့ပြင်သို့ ခေါ်ဆောင်သွားကြသည်။ ထိုအခြင်းအရာသည် စာတန်မာရန်နတ်၏ ကြိုးပမ်းမှုဖြစ်သည်မှာ သေချာသည်။ သို့သော် သခင်ယေရှုသည် လူပုံအလယ်တွင် ဣန္ဒြေမပျက်ခပ်သိမ်းတည်တည်ဖြင့် လျှောက်လှမ်းသည်။ ထိုနေရာရောက်သောအခါတွင်လည်း ကိုယ်တော်ဘုရားသည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်လျှောက်သွား သည်။ သူ့ရန်သူများ ကလည်း ဘာမှလုပ်ဆောင်နိုင်စွမ်းမရှိကြ။ သိရသလောက် ထိုအချိန်မှစ၍ နာဇရက် သို့ နောက်ထပ် ပြန်မရောက်တော့ပါ။

၄။ ဘုန်းတန်ခိုးပြည့်စုံကြောင်းသက်သေထူခြင်း (၄:၃၁-၅:၂၆)

(က) ဝိညာဉ်ဆိုးအားအောင်မြင်ခြင်း (၄:၃၁-၃၇)

၄:၃၁-၃၄ နာဇရက်၏ အခက်သည် ကပေရနောင်၏ အချက်ဖြစ်သည်။ ကိုယ်တော်၏ သွန်သင်ချက်များသည် အချက်အလက်မှန်လှသည်။ အလင်းပေးသည်။ (ငယ် ၃၁-၄၁) တွင် သခင်ဘုရား သက်တော်စဉ်၌ ဥပုသ်နေ့ခံယူပုံကို ရှင်းပြထားသည်။ နတ်ဆိုးများနှင့် အနာရောဂါဘယများ၏ အရှင်သခင် အဖြစ်ကိုယ်တော်ကိုတွေ့မြင်ကြသည်။ ကိုယ်တော်ရှင်သည် ပထမဆုံးအနေဖြင့် တရားစရပ်ရှိ နတ်မိစ္ဆာပူး ကပ်နေသူအား နတ်ဆိုးမောင်းထုတ်ပေးသည်။ နတ်မိစ္ဆာဆိုသည်မှာ ဝိညာဉ်ဆိုးဖြစ်သည်။ ထိုဝိညာဉ်ဆိုး စွဲကပ်သူများသည် ကိုယ်တိုင်မစင်ကြယ်ကြသည့်အပြင် မသန့်ရှင်း၊ မစင်ကြယ်သော အကျင့် လက္ခဏာ များရှိကြသည်။ ဤအချက်တွင် ဝိညာဉ်ဆိုးစွဲသူ၏ ဘဝမှန်ကို သရုပ်ဖော်ထားသည်။ ကြောက်လန့်ဖွယ်ရာ ဆိုးဆိုးဝါးဝါးအော်ဟစ်ငိုယိုသည်။ စာတန်၏ သားကောင်သည် ချုပ်နှောင်မှုခံရနေရသော်လည်း သခင်ယေရှုအား သန့်ရှင်းစင်ကြယ်သော ကိုယ်တော်ရှင် ဖြစ်ကြောင်းသိသည်။

၄:၃၅ သခင်ယေရှုက ထိုနတ်ဆိုးအား အမိန့်(၂)ခွန်းသာပေးသည် “တိတ်တိတ်နေပါ၊ သူ့အထဲမှထွက်ခဲ့”ဟု အမိန့်ပေးသည်။ အမိန့်တော်အတိုင်း နတ်ဆိုးထွက်သွားသောအခါ လူနာသည် လည်း မြေကြီးပေါ်တွင်လဲကျသည်။ သို့သော် ဘာမှမဖြစ်။

၄:၃၆-၃ရ ယေရှု၏ အမိန့်စကားအား နတ်ဆိုးများနာခံ၍ ထွက်သွားသည်ကို မြင်တွေ့ကြ သည့်အခါ ပရိသတ်များ အံ့ဩကြသည်။ နတ်ဆိုးများနှင် ထုတ်နိုင်သည့် တန်ခိုးအာဏာရှိသူသည် အဘယ်သူနည်း။ ထိုသတင်းစကားသည် အရပ်ရပ်အရွာရွာသို့ ပျံ့နှံ့ သွားသည်။

ကိုယ်တော်ဘုရားပြုတော်မူသမျှသော လက်တွေ့နိမိတ်လက္ခဏာအံ့ဩဖွယ်ရာများသည် ဝိညာဉ်ရေးရာနယ်ပယ်ထိ ထိုးဖောက်သွားသည်။ အောက်ပါ အဖြစ်အပျက်များကို လေ့လာကြည့်ကြရ အောင်။

ဝိညာဉ်ဆိုးများနှင်ထုတ်ခြင်း (၄:၃၁-၃၇) ညစ်ညမ်းခြင်းနှင့် ဒုစရိုက်ဆိုးညစ်ခြင်းမှ ကယ်ထုတ် သည်။

အဖျားကြီးနေသော ပေတရု၏ ယောက္ခမအား ကျန်းမာစေသည် (၄:၃၈-၃၉)။ အပြစ်ကြောင့် ဂဏှာမငြိမ်စိတ်ဆင်းရဲခြင်းမှ သက်သာစေသည်။ ကုဋိနူနာရောဂါသည် ကျန်းမာစေခြင်း (၅:၁၂-၁၆)၊ နုံးခွေလဲလျောင်းသော ဘဝမှ ပြန်လည်နာလန်ထခြင်း၊ မျှော်လင့်ချက်မဲ့ဘဝမှ ကျန်းမာစေသည် (၅:၁၇-၂၆)၊ လေဖြတ်ခြင်း၊ အပြစ်ဒုစရိုက်နှင့် အမှုတော် မဆက်ကပ်နိုင်ခြင်းမှ လွတ်မြောက်ခြင်း။

မုဆိုးမ၏သားထမြောက်ခြင်း (၇:၁၁-၁၇)။ အပြစ်သားများသည် အပြစ်ဒုစရိုက်တွင် အသေ ကောင်များဖြစ်၍ အသက်ရှင်ချင်သူများ ဖြစ်သည်။ (၈:၄၉-၅၆ ကိုလည်းကြည့်ပါ) မုန်တိုင်းကို ငြိမ်းသက် စေခြင်းဖြင့် တပည့်တော်များ၏ အသက်ကို လုံခြုံစေသည်။

ဝိညာဉ်ဆိုး၊ နတ်ဆိုးများ မောင်းထုတ်သည် (၈:၂၆-၃၉)၊ အပြစ်သည် လူမှုအဖွဲ့အစည်းအား မစင်ကြယ်ခြင်း၊ ဂဏှာမငြိမ် ယောက်ယက်ခတ်ခြင်၊ စနစ်တကျမရှိခြင်းများဖြစ်စေသည်။ ကိုယ်တော် ဘုရားသည် မိမိနှင့် မိဿဟာယဖွဲ့နိုင်ရန် စင်ကြယ်ခြင်း၊ စနစ်တကျရှိခြင်း၊ ပီပြင်ခြင်း များကို ပေးပါသည်။

ကိုယ်တော်၏ ဝတ်ရုံတော်ဖျားကို အမျိုးသမီးက တို့ထိကိုင်တွယ်ခြင်း (၈:၄၃-၄၈) စိတ်ဆင်း ရဲစိတ်ဓါတ်ကျခြင်း အပြစ်မှ ကယ်ထုတ်သည်။ လူငါးထောင်အားကျွေးမွေးခြင်း (၉:၁၀-၁၇)၊ အပြစ်ရှိသူ လောကကသားများအား ဘုရားသခင်ပေးသောမုန့်ကို ဆာလောင်စေသည်။ တပည့်တော်များအားဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ နတ်ဆိုးစွဲသော သား (၉:၃၇-၄၃) ရက်စက်ခြင်းနှင့် အဓိကဂိုဏ် ဖြစ်နေသောအပြစ်များကို ခရစ်တော်မှ ဘုန်းတန်ခိုးပြသည်။ ကျန်းမာခြင်းဝိညာဉ်ခွန်အား ချို့တဲ့နေသော အမျိုးသမီး (၁၃:၁၀-၁၇)၊ အပြစ်က ချုပ်နှောင်ဖိစီးနေသော်လည်း ယောရှုခရစ်တော်မှ ကိုင်တွယ်ခြင်းဖြင့် နာလန်ထလာသည်။

ဖျဉ်းစွဲရောဂါသည် (၁၄:၁-၆)၊ အပြစ်သည် မငြိမ်သက်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် စိုးရိမ်ခြင်းများ ဖြစ်ပေါ်စေသည်။ မျက်မမြင်သူတောင်းစား (၁၈:၃၅-၄၅)၊ အပြစ်ကြောင့် တသက်လုံးမျက်စိကန်းသည်။ အသစ်တဖန်းမွေးဖွားခြင်းဖြင့် အလင်းသစ်မြင်ရသည်။

(ခ) အဖျားရောဂါသည်အား တန်ခိုးပြကျန်းမာစေခြင်း (၄:၃၈-၃၉)

၄:၃၈-၃၉ သခင်ယေရှုသည် လူမမာအိမ်သို့ ကြွတော်မူသည်။ ရှိမုန်၏ ယောက္ခမအပြင်းဖျား နေသည်။ သခင်ယေရှုက အဖျားပျောက်စေဟု တခွန်းအမိန့်ပေးသည်နှင့် တပြိုင်နက် အဖျားပျောက်ပြီး အကောင်းပကတိဖြစ်သွားသည် ဆေးမြီးတိုနည်းဖြင့် ခဏတဖြုတ်အဖျားပျောက်သည်မဟုတ်။ လုံးဝနေ ကောင်းသွားသည်။ ထို့အပြင်ထိုအမျိုးသမီးသည် ဧည့်သည်များကိုလည်း ထူထူထောင်ထောင် ဧည်ဝတ် ပြုနိုင်သည်။ ပုံမှန်အားဖြင့်အဖျားပျောက်ခါစတွင် အားမရှိနုံးချိုကြသည်။ (ဤကျမ်းပိုဒ်အရ ပေတရုသည် အိမ်ထောင်သည်ဖြစ်ကြောင်းသိရသည်။)

(ဂ) အနာရောဂါသည်များနှင့် နတ်ဆိုးစွဲသူများ ကျန်းမာစေခြင်း (၄:၄၀-၄၁)

၄:၄ဝ ဥပုသ်နေ့ကျရောက်တော့မည် ဖြစ်သဖြင့်အနီး အနားဝန်းကျင် ရှိလူများသည် နေမ ကောင်းမကျန်းမာသူများနှငက့် နတ်ဆိုးစွဲသူများအား ညတွင်းချင်းကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ သည်။ အပျော်အလွတ်ရောက်လာသူဟူ၍မရှိ။ ကျန်းမာခြင်းလိုလားတောင့်တသူတိုင်းအား ကျန်းမာစေ သည်။ နတ်ဆိုးစွဲသူတိုင်းအား နတ်ဆိုးဝိညာဉ်ဆိုးမောင်းထုတ်ပေးသည်။ ယနေ့ခေတ်ကာလတွင်လည်း ကျန်းမာစေနိုင်သူကို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် ယုံကြည်သည့်အတိုင်း အဖြေရရှိပါသည်။ လူတိုင်း သခင်ယေရှုက အနာရောဂါကင်းငြိမ်းစေနိုင်ပါသည်။

၄:၄၁ နတ်ဆိုးများသည် ခရစ်တော်အား ဘုရားသခင်သားတော်မှန်းသိရှိကြသည်။ သို့သော် နတ်ဆိုးစွဲသူများ၏ သက်သေခံခြင်းကို ကိုယ်တော်ဘုရား လက်မခံ။ တိတ်ဆိတ်စွာနေဖို့ မှာလိုက်သည်။ အနာရောဂါ ကျန်းမာစေသူသည် မေရှိယသခင်ဖြစ်မှန်း ရောဂါကျန်းမာစေသူသည် မေရှိယသခင် ဖြစ်မှန်း ရောဂါသည်များက သိရှိသွားကြသည်။ သို့သော် ထို့ထက်ကြီးမားသော အကြံအစည်တော်ရှိသောကြောင့် အခြားသူများအား မပြောပြရန်မှာ ကြားသည်။

(ဃ) ဒေသစာရီလှည့်လည်ဟောပြောခြင်း (၄:၄၂-၄၄)

၄:၄၂-၄၄ နောက်တနေ့တွင် ယေရှုသခင်သည် ကပေရနောင်အနီး ဆိတ်ကွယ်ရာအရပ်သို့ အနားယူရန် ထွက်သွားသည်။ လူအုပ်ကြီးသည် အထံတော်သို့ လိုက်သွား၍ ထိုအရပ်မှ ထွက်ခွာသွားရန် တောင်းဆိုကြသည်။ သို့သော် ကိုယ်တော်ဘုရားက ဂါလိလဲပြည်အနှံ့ အခြားမြို့ရွားများတွင်လည်း ဒေသစာရီလှည့်လည် ဟောကြားရန်ရှိကြောင်းမိန့်တော်မူသည်။ တရားစရပ် တခုပြီးတခု ကူး၍ ဘုရား သခင်၏ နိုင်ငံတော်အကြောင်း၊ သတင်းကောင်းလှည့်လည်ဟောကြားတော်မူသည်။ ယေရှုသခင်ကိုယ် တော်တိုင်သည် ဘုရင်ဖြစ်သည်။ အရာခပ်သိမ်းကို စိုးမိုးအုပ်စိုးချင်သည်။ သို့သော် လူသားများအားလုံး ဦးစွာနောင်တရဖို့လိုသည်။ အပြစ်ဗလပွပြည့်နက်သူများအပေါ် ကိုယ်တော်ဘုရားမအုပ်စိုးနိုင်။ အပြစ် သားများ၏ ဘုရင်လုပ်ဖို့ အခက်အခဲရှိသည်။ ရန်သူရွာသားများကမူ နိုင်ငံရေးဖိနှိပ်မှုအောက်မှ လွတ်ကင်း ချင်ကြသည်။ အပြစ်ဒုစရိုက်မှ လွတ်ကင်းရန် မစဉ်းစား၊ မတွေးတောကြ။

Previous Article
Next Article