ကမ္ဘာဦးကျမ်း နိဒါန်း

နိဒါန်း

 

          ” သမ္မာကျမ်းစာတစ်အုပ်လုံး၏ ပထမဆုံးကျမ်းဖြစ်၍ အဖက်ဖက်တွင် စိတ်ဝင်စားစရာ အကောင်းဆုံး၊ အာရုံဖမ်းစားမှု အရှိဆုံးစာအုပ်ဖြစ်သည်။ အခြားကျမ်းစာများ၏ အခြေပြုရာဖြစ်သည့်အပြင် ပါဝင်သောအချက်အလက်များသည်လည်း သန့်ရှင်းဝိညာဉ်တော်နှင့် ပေါင်းစပ်ရေးသားထားသောကြောင့် ပေါ်လွင်ထင်ရှားသည်။ ကျမ်းစာသား အနှစ်သာရထဲတွင် ဝိညာဉ်တန်ခိုး ပါရှိသောကြောင့် ခေတ်အဆက်ဆက် ဘုရားသခင်၏လူများက အမြဲ စွဲကိုင် ကြသည့်အပြင် ကျမ်းစာပါအတိုင်း လိုက်နာအသက်ရှင်ကြသည်။

W.H.Griffith Thomas

၁။ စံတော်မီဝိသေသလက္ခဏာ

ကမ္ဘာဦးကျမ်း (ဂရိ – အစပထမဟုအနက်ရသည်)ကို ယုဒများက Bereshith ဟုခေါ်၍ ဟေဗြဲများက ” အစမူလပထမ ” ဟုလည်းခေါ်ကြသည်။ ဤကျမ်းစာတွင် သတ္တလောက၊ ဩကာသလောက မည်သို့ဖြစ်ပေါ်လာပုံ၊ မည်သူက ဖန်ဆင်း၍ ဖန်ဆင်းသူသည် မည်ကဲ့သို့သောသူဖြစ်သနည်းစသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းရေးထားသည်။

ဘုရားသခင်၏ အစေခံမောရှေက သန့်ရှင်းဝိညာဉ်တော်ပါဝင်မှုဖြင့် ယောက်ျား၊ မိန်းမများ စတင်ပေါက်ဖွားလာပုံ၊ အိမ်ထောင်ပြုခြင်း၊ မိသားစုအပြစ်ဒုစရိုက်၊ ယဇ်ပူဇော်ခြင်း၊ မြို့ပြပြည်ရွာ၊ ရောင်းဝယ် ဖောက်ကားခြင်း၊ စိုက်ပျိုးမွေးမြူခြင်း၊ တေးဂီတ၊ ဝတ်ပြုကိုးကွယ်ခြင်း၊ ဘာသာစကားနှင့် ကမ္ဘာပေါ်တွင် တိုင်းနိုင်ငံများ ပေါ်ထွန်းပြန့်ကြဲလာပုံ အစရှိသည်တို့ကို အခန်းကြီး (၁၁)ခန်းဖြင့် ရေးသားထားသည်။

အခန်း ၁၂ မှ ၅ဝ တွင် ဣသရေလလူမျိုးပေါ်ထွန်းလာပုံ၊ ဘုရားသခင်က ရွေးကောက်ထားပုံ၊ ဝိညာဉ်ရေးရာတွင် ကမ္ဘာသူ ကမ္ဘာသားများက မျက်လုံးဒေါက်ထောက်ကြည့်နေရမည့်အကြောင်းများ ရေးထားသည်။ ဣသရေလတို့၏ ဘိုးဘေးအာဗြဟံ၊ ဣဇက်၊ ယာကုပ်၏သား (၁၂)ပါး၊ အထူးသဖြင့် ယောသပ်၏ ဘုရားတရား မိဘကြည်ညိုပုံမှစ၍ လူသန်းပေါင်းများစွာဆင်းသက်လာကြပုံတို့ကို ရေးထားသည်။

ကမ္ဘာဦးကျမ်းသည် သမ္မာကျမ်းစာအုပ် (၆၅)အုပ်၏အဓိကမဏ္ဍိုင်ဖြစ်သောကြောင့် အသေအချာ သိရှိနားလည်ဖို့ လိုအပ်သည်။ အခြားကျမ်းစာအားလုံးသည် ဤကျမ်းပေါ်တွင် ပန္နက်တည်၍ တည်ဆောက်ကြခြင်းဖြစ်သည်။

 

၂။ ကျမ်းရေးသူ

ရှေးဦးယုဒများနှင့် ခရစ်ယာန်ယုံကြည်ခြင်း လက်ခံသူတိုင်းက ဘုရားသခင်၏လူ၊ ဣသရေလတို့ကို ပညတ်တရားပေးသော မောရှေ၏လက်ရာဟု လက်ခံကြသည်။ ကျမ်းစာပါအကြောင်းအရာများသည် မောရှေမမွေးဖွားမီ ရှေးပဝေဏီ ကမ္ဘာဦးကာအကြောင်းဖြစ်၍ မောရှေက မည်သို့သိရှိနိုင်သနည်း။  သန့်ရှင်းဝိညာဉ်တော်က ဖော်ပြပေးသည်။ ထို့ကြောင့်လည်း ဘုရားနှင့်လူ ပူးပေါင်းရေးသားခြင်းဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ Pentateuch မိတ်ဆက်တွင် မောရှေက စီရင်ရေးသားပုံ ဆွေးနွေးထားပြီးဖြစ်သည်။

၃။ အချိန်ကာလ

ရှေးရိုးဝါဒီသမားများက ဘီစီ ၁၄၄၅ ပတ်ဝန်းကျင်တွင် ထွက်မြောက်ရာကျမ်း စီရင်ရေးသားသည်ဟု ခန့်မှန်းကြသည်။ ကမ္ဘာဦးကျမ်းကို ထိုကာလနှင့် မောရှေ မသေမီ နှစ်ပေါင်း (၄ဝ)အတွင်း စီရင် ရေးသားမည်ဟု တွက်ဆကြသည်။ ဖြစ်နိုင်ဖွယ်ရှိသည်မှာထွက်မြောက်ရာကျမ်း မရေးသားမှီ ဤကျမ်းစာရေးသားရမည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးကျမ်းပါ အချက်အလက်များသည် ကြီးမားေသာအဖြစ်အပျက်များဖြစ်သည် ကျမ်းစာများ၏ အခြေခံ ဖြစ်သည်။ Pentateuch မိတ်ဆက်ကိုအသေးစိပ်လေ့လာပါ။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ကျမ်းစာကို ခါးသီးစွာဆန့်ကျင်သူများ အချို့ခရစ်ယာန်ဆိုသူများနှင့် ယုဒဝါဒီများမှလွဲ၍ ကမ္ဘာဦးကျမ်းသည် စိတ်အာရုံဖမ်းစားနိုင်သော ရှေးပဝေသဏီကအဖြစ်အပျက်များဖြစ်သည်ဟု လက်ခံကြသည်။ ဥပမာအားဖြင့် ယောသပ်၏ ဘဝဇာတ်လမ်းသည် ဖမ်းညှို့စွဲငင်အားကောင်းသည်။

ယောသပ်နောက်သို့ လိုက်မသွားဘဲ၊ ကျမ်းစာ၏ နောက်ခံသမိုင်းကို ပြန်လည်လေ့လာ ကြည့်ကြပါစို့။

ဘုရားသခင်ကို လက်မခံသော လူစု၊ ဘုရားတရားမသိသူများက ကမ္ဘာဦးကျမ်းသည် ဒဏ္ဍာရီပေါင်းချုပ်၊ မေဆိုပိုတေးမီးယားဒဏ္ဍာရီများကို ဖြည့်စွက်မွမ်းမံထားခြင်းဖြစ်သည်ဟု စွပ်စွဲကြသည်။ နတ်ဘုရားအမျိုးမျိုးကိုးကွယ်ခြင်းကို စီစစ်သန့်စသန့်စင်၍ ဟေဗြဲဘာသာသို့ ပြောင်းလဲခြင်း ဖြစ်သည်ဟု သမုတ်ကြသည်။

အချို့ဘာသာရေးကင်းမဲ့သူများက ကမ္ဘာဦးပုံပြင်ဒဏ္ဍာရီပေါင်းချုပ်ဟု ဆိုကြသည် သမိုင်းပုံပြင် အဖြစ် တန်ဖိုးသတ်မှတ်ကြသည်။

အချို့ကမူ သဘာဝတရားနှင့် လူ့ယဉ်ကျေးမှုပေါ်ထွန်းလာပုံ ရှင်းပြချက် (etiologies) ဖြစ်သည်ဟုဆိုကြသည်။ ဓမ္မဟောင်းကျမ်း အထူးသဖြင့် ကမ္ဘာဦးကျမ်းကို အရင်းဖြစ်ဗေဒဟု ဆိုနိုင်ပါသည်။ အပြစ်ဒုစရိုက်၏အရင်းအမြစ် သက်တံဖြစ်ပေါ်လာပုံ စသည်တို့ကို ရှင်းပြထားသည်။ သို့သော်အခြေမြစ်မရှိ ယုတ္တိကင်းမဲ့စွာရှင်းပြသည်မဟုတ်။ အကျိုးအကြောင်းဆီလျော်သည်။

ကမ္ဘာဦးကျမ်းသည် သမိုင်းဖြစ်ပါသည်။ အရာခပ်သိမ်း၏ အကြောင်းအရာ သမိုင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏အစီအမံတော်၊ ဓမ္မဗေဒဖြစ်သည်။ ထို့ကြောင့်ဤသမိုင်းကို ဘုရားသခင်၏ သမိုင်းဟုဆိုနိုင်ပါသည်။

ကမ္ဘာဦးကျမ်းသည်ပထမဦးဆုံးပညတ်တော်ကျမ်းဖြစ်သည့်အားလျော်စွာ စည်းမျဉ်းနိယာမ အနည်းငယ်သာပါဝင်သည်။ ဟေဗြဲဘာသာအားဖြင့် Torah ဟုခေါ်ဆို၍ လမ်းညွှန်ချက်၊ အမိန့်ညွှန်ကြားချက်ဟု အဓိပ္ပါယ်ရသည်။ ဤကျမ်းပေါ်တွင်အခြေခံ၍ ထွက်မြောက်ရာကျမ်းနှင့် တရားဟောရာကျမ်းတွင် ထပ်မံဖော်ပြထားသည်။ ထိုပညတ်ချက်များသည် ဘုရားသခင်က မောရှေအားပြောပြသည်။ ထို့ကြောင့် သမ္မာကျမ်းစာ၏သမိုင်းသည် ကမ္ဘာဦးကျမ်းတွင် အခြေပြုသည်။ ကမ္ဘာဦးကျမ်းကိုယ်တိုင်သည်လည်း သမိုင်းဖြစ်သည်။

ကမ္ဘာဦးကျမ်းတွင် ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်း အမင်္ဂလာသည်လည်း အမွှာပူးအဖြစ် မွေးဖွားလာကြောင်း တွေ့ရမည်။ ထိုစကားသည် ကမ္ဘာဦးမှစ၍ပါရှိသော ကမ္ဘာဦးကျမ်း၏ ကျမ်းစကားသက်သေဖြစ်သည်။ နှုတ်ကပတ်တော် နာခံသူများသည် ကောင်းကြီးမင်္ဂလာ ခံစားကြ၍ မနာခံငြင်းပယ်သူများသည် ကျိန်ခြင်းအမင်္ဂလာခံကြသည်။

လူသားများမနာခံမှုကြောင့် ကြီးမားသော ကျိန်ခြင်းအမင်္ဂလာခံယူကြပုံကို ရှင်းပြထားသည်။ ကမ္ဘာကြီးတစ်ခုလုံး ရေလွှမ်းမိုးခြင်း၊ ဗာဗုလုန်မျှော်စင်တည်ဆောက်ကြသောကြောင့် ဘာသာစကား အမျိုးမျိုးကွဲပြားသွားကြခြင်းတို့ တွေ့ရသည်။

ကယ်တင်ရှင်ဘုရားသခင်၏ မဟာကောင်းကြီးမင်္ဂလာများမှာ သစ္စာရှိယုံကြည်သူများ ရေလွှမ်းမိုးခြင်း ဘေးဒဏ်မှ လွတ်မြောက်ကြသည်။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ လူသားများထံသို့ ဆင်းနိုင်ရန် ဣသရေလလူမျိုးများအား လူမျိုးတော်စမ်းချောင်းအဖြစ် ရွေးကောက် ထားသည်။

ကမ္ဘာဦးကျမ်းသည် ဖြစ်ရပ်မှန်သမိုင်းမှတ်တမ်းဖြစ်သည်။ ထိုအဖြစ်အပျက်များကို မောရှေက မည်သို့ သိရှိနိုင်သနည်း။ ရှေးဦးကာလက ဆွေမျိုးစဉ်ဆက်များ ဘုရားသခင်နှင့် စကားပြောကြပုံများ၊ သမိုင်းစဉ်အဖြစ်အပျက်များကို တိကျမှန်ကန်စွာမည်သို့ပြောပြနိုင်သနည်း။

ပထမအချက်အနေဖြင့် ရှေးဟောင်းသုတေသနဘာသာရပ်က အထောက်အကူပြုသည် (အသိအမှတ် ပြုသည်ဟုမဆိုလို)။ နေရာဒေသတိုင်းရှိ၊ ဘိုးဘွားဘီဘင်များနှင့် ရိုးရာ ထုံးတမ်းစဉ်လာ များက သက်သေခံသည်။

၁၉-ရာစုနှစ် လွတ်လပ်သော အတွေးအခေါ်ပညာရှင် Hartmann က ဤ Pentateuch ကျမ်းအား မောရှေရေးသားခြင်းမဟုတ်နိုင်။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်ကာလတွင် စာပေမပေါ်ထွန်းသေးပါ ဟုဆိုသည်။ အသေအချာ သုတေသနပြုသောအခါ မောရှေသည် စာတတ်ပေတတ်ဖြစ်သည်။ အဲဂုတ္တုပြည်တွင် ငယ်ရွယ်စဉ်မှ လူလားမြောက်သည့် တိုင်အောင်  နေထိုင်ခဲ့သည်။ အဲဂုတ္တုစာဖြင့်ရေးသားခဲ့သော လက်ရာအများအပြားတွေ့ရှိသည်။

မောရှေသည် သောသပ်ချန်ထားခဲ့သော ကျောက်ပြားစာ၊ သားရေစာများကို ဖတ်ရှုကိုးကားရမှာ သောချာသည်။ ရှေးမေဆိုပိုတေးမီးယားတို့၏ နှုတ်စကားပြောပြချက်များဖြင့် အာဗြံဘိုးဘေးအကြောင်းကိုလည်းသိရှိကြပေမည်။ အာဒံမှစ၍သားစဉ်မြေးဆက်များအကြောင်းလည်း ပါရှိသွားမည်။

သို့သော်ထိုမျှနှင့် အကြောင်းအရာ မလုံလောက် မခိုင်လုံသေးပါ။ ဘုရားသခင်၏ သန့်ရှင်း ဝိညာဉ်တော်က မောရှေအား အမှားအယွင်းမရှိ၊ အတိအကျ အသေအချာ ရေးမှတ်ရန် အသေးစိတ် ပြောပြပေမည်။ အထူးသဖြင့် ဘုရားသခင်နှင့် လူသားများ တွေ့ဆုံကြပုံများကို အသေးစိတ် တွေ့ရသည်။ ဗျာဒိတ်ရူပါရုံ တွေ့မြင်ကြပုံကို မှတ်တမ်းတင်ထားသည်။

ထိုအကြောင်းအရာကို လက်ခံခြင်းသည် ယုံကြည်ခြင်းတရားဖြစ်သည်။ ဘုရားသခင်သည် သူ၏အစေခံအားဖြင့် အလုပ်လုပ်ပါသည်။ ခေတ်အဆက်ဆက် ယုံကြည်သူများသည် သမိုင်းမတင်မှီ ကာလမှစ၍ ယနေ့ထက်တိုင်အောင် ဘုရားသခင်သည် စစ်မှန်သောတရားတော် ဖြစ်ကြောင်း ယုံကြည်ကြသည်။

ကျမ်းစာတွင် ပါရှိသည့် ဘိုးဘေးများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ တည်ခဲ့ပုံကို ရှေးဟောင်း သုတေသနပညာက အထောက်အကူပြုပေးသော်လည်း ကမ္ဘာဦးကျမ်း၏ သမ္မာတရားအား စိတ်နှလုံးထဲတွင် ယုံကြည်စွဲမှတ်ရန်မှာ သန့်ရှင်းဝိညာဉ်တော် အကူအညီ အားဖြင့်သာ သိရှိနိုင်သည်။

ဤ BBC ကျမ်းစာ ကမ္ဘာဦးအနက်ဖွင့်ကျမ်းကိုသော်၎င်း၊ အခြားဓမ္မ ဟောင်းကျမ်းကိုသော်၎င်း၊ သန့်ရှင်းဝိညာဉ်တော် မှီခို၍ ဖတ်ရှုလေ့လာလျှုင် သန့်ရှင်းစင်ကြယ်သော နှုတ်ကပတ်တော်များ ဖြစ်ကြောင်း သိရှိသွားမည်။ ထိရောက်သော အနက်ဖွင့်ကျမ်းသည် တသီးတခြား လွတ်လပ်စွာမနေ။ သို့သော် မြှားကဲ့သို့ စူးရှစွာ ထိုးဖောက်သည်။ ထိုအရာသည် ဘုရားသခင်၏ စကားတော်ဖြစ်သည်။

 

ကမ္ဘာဦးကျမ်း

ပါဝင်သည့်အချက်များ

၁။ အစောဆုံးကမ္ဘာဦးကာလ (အခန်း ၁၁)

(က) ဖန်ဆင်းခြင်း (အခန်း ၁-၂)

(ခ) စုံစမ်းငြခ်းနှင့် စုံစမ်းမှု ကခံနိုင်ခြင်း (အခန်း ၃)

(ဂ) ကာဣန နှင့် အာဗေလ (အခန်း ၄)

(ဃ) ရှေသ၏သားစဉ်မြေးဆက် (အခန်း ၅)

(င) ဗာဗုလုန်မျှော်စင် (အခန်း ၁၁)

၂။ ဣသရေလဘိုးဘွားဘီဘင်များ (အခန်း ၁၂၅ဝ)

(က) အာဗြဟံ ( ၁၂:၂၅:၁၈)

၁။  အာဗြဟံအားခေါ်ခြင်း (၁၂:၁-၉)

၂။   အဲဂုတ္တုပြည်သို့သွားခြင်း (၁၂:၁-၉)

၃။  လောတ၊ မေလခိဇိဒက်နှင့်ဆက်ဆံပုံ (၁၃:၅-၁၄:၂၄)

၄။  အမွေတော်ခံမည့်အကြောင်းအာ့ဗဟံသို့ ကတိတော် (အခန်း ၁၅)

၅။  လူ့ဇာတိသား ဣရှမေလ (အခန်း ၁၆-၁၇)

၆။  သောဒုံနှင့် ဂေါမူရ (အခန်း ၁၈-၁၉)

၇။  အာဗြဟံနှင့် အဘိမလက် (အခန်း ၂ဝ)

၈။  ကတိတော်နှင့်ဆိုင်သော သားဣဇာက် (အခန်း ၂၁)

၉။  ဣဇာက်အားယဇ်ပူဇော်ခြင်း (အခန်း ၂၂)

၁၀။ မိသားစုသင်္ချိုင်းကုန်း (အခန်း ၂၃)

၁၁။ ဣဇာက်အတွက် သတို့သမီး (အခန်း ၂၄)

၁၂။ အာဗြံဟံ၏သားစဉ်မြေးဆက်များ (၂၅:၁-၁၈)

() ဣဇာက် (၂၅:၁၉၂၆:၃၅)

၁။  ဣဇာက်မိသားစု (၂၅:၁၉-၃၄)

၂။   ဣနှင့်အဘိမလက် (အခန်း ၂၆)

() ယာကုပ် (၂၇:၅၀:၂၆)

၁။ ဧသောကိုလိမ်ညာခြင်း (အခန်း ၂၇)

၂။   ဟာရန်သို့ထွက်ပြေးတိမ်းရှောင်ခြင်း (အခန်း ၂၈)

၃။  ယာကုပ်၊ ဇနီးများနှင့် အဆွယ်အပွားများ ( ၂၉:၁-၃၀:၂၄)

၄။  လာဗန်အား လိမ်လည်ခြင်း (၃၀:၂၅-၄၃)

၅။  ခါနာန်ပြသည်သို့ပြန်လည်သင့်မြတ်ခြင်း (အခန်း ၃၂-၃၃)

၆။ ဧသောနှင့်ပြန်လည်သင့်မြတ်ခြင်း (အခန်း ၃၂:၃၃)

၇။  ရှေခင်တွင်အပြစ်ဒုစရိုက်အခန်း (အခန်း ၃၄)

၈။  ဗေသေလသို့ပြန်လာခြင်း (အခန်း ၃၅)

၉။  ယာကုပ်အစ်ကို ဧသော၏သားစဉ်မြေးဆက် (အခန်း ၃၆)

() ယောသပ် (၃၇:၅၀:၂၆)

၁။  ကျွန်အြဖစ်အရောင်းခံရခြင်း (အခန်း ၃၇)

၂။   ယုဒနှင့်တာမာ (အခန်း ၃၈)

၃။  စုံစမ်းစစ်ဆေးမှုမှ ယောသပ်အောင်မြင်ခြင်း (အခန်း ၃၉)

၄။  ဖလားတော်ဝန် နှင့် စားတော်ဝန်တို့၏ အိမ်မက်အနက်ဖွင့်ဆိုပေးခြင်း (အခန်း ၄၀)

၅။  ဖာရောဘုရင်၏ အိပ်မက်အနက်ပြန်ခြင်း (အခန်း ၄၁)

၆။  အဲဂုတ္တုပြည်ရောက် ယောသပ်၏အကိုများ (အခန်း ၄၂-၄၄)

၇။  ယောသပ်ဖြစ်ကြောင်း အစ်ကိုများ​ြေပာြပခြင်း (အခန်း ၄၅)

၈။  မိသားစုနှင့် ပြန်လည်ပေါင်းစည်းခြင်း (အခန်း ၄၅)

၉။  အဲဂုတ္တဒပြည်တွင် ယောသပ်မိသားစု (အခန်း ၄၇)

၁၀။ ယောသပ်၏သားများအပေ: ယာကုပ်၏ ကောင်းကြီးမင်္ဂလာ (အခန်း ၄၈)

၁၁။            သားများအပေါ် ယာကုပ်၏ ကောင်းကြီးမင်္ဂလာ (အခန်း ၄၈)

၁၂။            ယာကုပ်ကွယ်လွန်ခြင်းနှင့် အဲဂုတ္တုတွင် ယောသပ်ဆက်နေခြင်း (အခန်း ၅၀)

Previous Article