ဓမ္မရာဇဝင်တတိယစောင် ၁၄

၄။ ယေရောဗောင်၏ သားသေဆုံးခြင်း (၁၄:၂၀)

          ၁၄: ယေရောဗောင်၏သား အဘိယအသည်းအသန်ဖျားနာသောအခါ မိဖုရားကြီးအား ပရောဖက်အဟိယထံသို့ တိုးတိုးတိတ်တိတ်သွားမေးခိုင်းသည်။ ရှိလောမြို့ရှိ ထိုယဇ်ပုရောဟိတ်အိုသည် ယေရောဗောင်အား ဣသရေလလူ-၁၀မျိုးကို အုပ်စိုးရမည့်အကြောင်း ပရောဖက်ပြုခဲ့သူဖြစ်သည်။

မိဖုရားကို ရုပ်ဖျက်၍ တိုးတိုးတိတ်တိတ်သွားစေခြင်းမှာ အကြောင်းရှိသည်။ ပထမအချက်မှာ ပြောင်ကျကျသွားလျှင် ဒန်မြို့နှင့်ဗေသလမြို့ရှိ မိမိတည်ထားသောရုပ်တုများအား မထီမဲ့မြင်ပြုရာကျမည်။ ဒုတိယအချက်မှာ   ထိုယဇ်ပုရောဟိတ်အိုသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်း မနှစ်သက်သဖြင့် မိမိမယား မှန်းသိလျှင်၊ အမှန်မပြောမည်ကို စိုးရိမ်သည်။ တတိယအချက်မှာ ထိုယဇ်ပုရောဟိတ်အိုအား လှည့်စားနိုင်လျှင် ဘုရားသခင်ကိုလည်း လှည့်စားနိုင်မည်ဟု ထင်သည်။

၁၄:၁၃ ထိုရုပ်ဖျက်ထားသော မိန်းမတဦးရောက်လာမည့်အကြောင်းကို ဘုရားသခင်က မျက်စိ မှုန်မွဲနေသော ယဇ်ပုရောဟိတ်အိုကြီးအား ကြိုတင်၍ အသိပေးထားပြီးဖြစ်သည်။ ပရောဖက်၏အိမ်ပေါ်သို့ ခြေချမိသည်နှင့် ပရောဖက်အိုကြီးက သာမန်အရပ်သူဟန်ဆောင်ထားသော ယေရောဗောင်၏ မိဖုရားဝင်လာခဲ့ပါဟုလှမ်းခေါ်ပြီး ယေရောဗောင်သို့ ပြန်ပြောရမည့်အမင်္ဂလာသတင်းများကို ပြောပြသည်။ ဘုရားသခင်၏စကားတော်ကို မနာခံ၊ ငြင်းပယ်၍ ရုပ်တု ဘရားတု ကိုးကွယ်မှုကြောင့် ယေရောဗောင်မျိုးဆက်ယောက်ျားများ လူလွတ်၊ အကျဉ်းကျ မကျန် အားလုံးကို ဣသရေလမြေပေါ်မှ ဖယ်ရှင်းဖျက်ဆီးပစ်မည်။ ယခုဖျားနာနေသော သားသည်လည်း သေရမည်။ သူတစ်ဦးတည်းသာလျှင် လူလူသူသူသင်္ဂြိုဟ်ခံရမည်။ ယေရောဗောင်၏ ကျန်သားများသည်ခွေးစာနှင့်လင်းတစာဖြစ်ကြမည်ဟု ပြောလိုက်သည်။ ယေရောဗောင်မိန်းမ မိမိမြို့တံခါး ပြန်ရောက်သည်နှင့် ဖျားနာနေသော သားလည်း အသက်ချုပ်သည်။

၁၄:၁၄၁၆ ယေရောဗောင်မျိုးဆက်အား မျိုးဖြုတ်မည့်အခြားဘုရင်တစ်ပါးဖြစ်သည့် ဗာရှာ ကိုပေါ်ထွန်းစေမည်။ ယေရောဗောင်သည် ဣသရေလပြည်သူပြည်သားများအား ထာဝရဘုရားသခင်ကိုပစ်ပယ်၍ အာရှရပင်၁၂သစ်သားမှ ထုလုပ်သော ရုပ်တုဘုရား၌ ဝတ်ပြုကိုးကွယ်စေသောကြောင့် နောက်ဆုံး၌ ဣသရေလတို့သည် တိုင်းခြားပြည်ရွာသို့ ဖမ်းဆီးကျွန်ပြုခံရသောဘဝသို့ ရောက်ရလေသည်။

၁၄:၁၉၁၈ အပိုဒ် ၁၇ ၌ ဣသရေလမြို့တော်ကို တိရဇဟုဆို၏။ မိဖုရားပြန်ရောက်လာသည်နှင့် ဖျားနာသောသားလည်း သေသည်။ ပရောဖက်ပြုချက်အတိုင်း ဣသရေလလူများ သူ့အလောင်းကိုသင်္ဂြိုဟ်၍၊ ဝမ်းနည်း ငိုကြွေးကြသည်။

၁၄:၁၉၂၀ ယေရောဗောင်သည် ၂၂နှစ်နန်းစံပြီးနောက် ကွယ်လွန်သည်။ သားတော်နာဒပ်က နန်းတက်သည်။ ဣသရေလရာဇဝင်ကို သမ္မာကျမ်းရှိရာဇဝင်ချုပ်ကို ကိုးကားညွန်းဆိုခြင်း မရိှသော်လည်း ဓမ္မရာဇဝင်ကျမ်း တတိယနှင့်စတုတ္ထစာစောင်များက နိုင်ငံသမိုင်းအဖြစ် မှတ်တမ်းတင်ထားပါသည်။

ယခုတဖန် ယုဒနိုင်ငံနှင့် ဘုရင်မျာအကြောင်းတလှည့်လေ့လာကြည့်ကြမည်။

 

() ယုဒဘုရင်ရောဗောင်၏နန်းတော် (၁၄:၂၁၃၁)

၁၄:၂၁၂၄ အခန်း ၁၂တွင် ရောဗောင်မင်းအကြောင်း တစွန်းတစသိရှိခဲ့ကြပြီ။ သူ၏ မိခင်သည်အမ္မုန်အမျိုး ဖြစ်ကြောင်း အငယ် ၂၁နှင့်၃၁တို့တွင် နှစ်ကြိမ်ဖော်ပြခြင်းမှာ စာဖတ်သူ သတိပြုစေလိုသောအချက်ရှိသည်။ ရောဗောင်မင်း၏ အုပ်ချုပ်ရေးဆိုင်ရာ မအောင်မြင်မှုအကြောင်းရင်ကို ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။ ရှောလမုန်မင်း၌ လူမျိုးခြားရုပ်တုဘုရားမျိုးစုံ ယုဒနိုင်ငံ၌ ပျံ့နှံ့လာခြင်းဖြစ်သည်။ သူတို့သည်လိင်တူဆက်ဆံမှု၊ ယောက်ျားပြည့်တန်ဆာ စသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ဖြင့် မြင့်မြတ်ရာဌာနများကို ညစ်ညူးစေကြသည်။

၁၄:၂၅၂၈ ယေရုရှလင်မြို့ကို အဲဂုတ္တုဘုရင်ရှိရှက်က တိုက်ခိုက်ဘုယက်သည်။ ဗိမာန်တော်နှင့် နန်းတော်ရှိ အဖိုးတန်ရတနာများကို သိမ်းပိုက်ယူငင်သွားသည်။ ရောဗောင်သည် လုယက်ယူင်သွားသော ရွှေဒိုင်းလွှာများနေရာတွင် ကြေးဒိုင်းလွှာမျာဖြင့် အစားထိုးသည်။

ရှောလုမန်ဘုရင်သည် ဖာရောဘုရင့်သမီးတော်ကို မိဖုရားမြှောက်၍ အဲဂုတ္တုပြည်နှင့် ရွှေလမ်း ငွေလမ်းခင်း၍ ချစ်ကြည်စေခဲ့သည်။ ရှောလမုန်မင်းမရှိတော့သည့်ကာလတိုလေး၌ပင် အဲဂုတ္တုမင်းရှိရှက်က ပြိုးပြက်တောက်ပသော ယေရုရှလင်ရွှေနန်းတော်ကို မှေးမှိန်အရောင်အဆင်း မွဲသွားစေတကား။

၁၄:၂၉၃၀ ထိုကာလသည် ဣသရေလပြည်နှင့်ယုဒပြည် နှစ်နိုင်ငံကြားတွင် စစ်မက်ရေးရာ တင်းမာချိန်ဖြစ်၏။ ယုဒဘုရင် အာသနှင့် ဣသရေလဘုရင်သြမရိမင်းလက်ထက်တိုင်အောင် ၅၇နှစ်ကြာ တင်းမာမှုရှည်လျားခဲ့သည်။ သို့သော်  ဘုရားသခင်က ဥဿုံစစ်ပွဲခင်းရန် ခွင့်မပြု (၁၂:၂၄) သောကြောင့် တိုက်ပွဲငယ်များဖြင့်သာ တစောင်းစေးနှင့် မျက်ချေးအချင်းချင်း ရန်စောင်နေခဲ့ကြသည်။ ရောဗောင်သည် အသက်၅၇နှစ်၌ ကွယ်လွန်၍ သားတော်အဘိယက ထီးနန်းဆက်ခံသည်။