နေဟမိမှတ်စာ ၁၁

() လူဦးရေထပ်တိုးခြင်းနှင့် ယေရုရှလင်ပရဂုဏ် (အခန်း ၁၁)

 ၁၁: အခန်း (၁၁)သည် အခန်း(၇)နှင့်ဆက်စပ်သည်။ နေဟမိသည် နောက်ထပ်တိုးပွားလာမည့် လူဦးရေကို ကြိုတင်မျှော်တွေး၍ စည်ပင်သာယာ နယ်နိမိတ်အား ကျယ်ပြန့်စွာ မြို့ရိုးကာသည်။ သို့သော် လူဦးရေနှင့်မတန် ကျယ်ပြန့်လွန်းသဖြင့် လုံခြုံရေးအင်အား စိုးရိမ်ရသည်။ အချို့က မြို့ထဲတွင် နေရခြင်းကို စိုးရိမ်ကြသည်။ ရန်သူများဝိုင်းရံ တိုက်ခိုက်၍ ငတ်သေမည်ကို စိုးရိမ်ကြသည်။ နောက်ဆုံးတွင် မဲနှိုက် ဆုံးဖြတ်ကြသည်။ မဲပေါက်သူများသည် မင်းနေပြည်တော်တွင်နေ၍ အခြား ၁၀ပုံ ၉ပုံသည် လွတ်လပ်စွာ နေခွင့်ပြုသည်။

 ၁၁:၃၆ အခန်း(၇)တွင် စာရင်းကောက်ယူထားခဲ့သည့် အတိုင်း ယေရုရျလင်နေထိုင်သည့် ဆွေမျိုးမိသားစုစာရင်းကို ငယ် ၃-၂၄ တွင် တဖန်တွေ့ရှိရသည်။ မျိုးနွယ်စုခေါင်းဆောင် အသီးသီး ဦးစီးလျက် ယုဒလူပေါင်း လေးသောင်းခြောက်ဆယ့်ရှစ်ဦးရှိသည် ( ငယ် ၄-၆)။ ဗင်္ယာမိန်အမျိုးသည် ကိုးသောင်းနှစ်ဆယ့်ရှစ် ရရှိ၍ အတောင့်တင်းဆုံး ဖြစ်သည် (ငယ် ၇၊၈)။ ယောလနှင့် ယုဒလူတို့က ကြီးကြပ်ကွပ်ကဲကြသည် (ငယ် ၉)။ ယဇ်ပုရောဟိတ်မျိုးနွယ်စု စာရင်းကို ငယ် ၁၀-၁၄တွင် ရေးမှတ်၍ ယေဒါယက ဦးဆောင်သည်။ သန့်ရှင်းသော မြို့တော်တွင် လေဝိအမျိုးသားလေးရာလေးဆယ့်ခြောက်ဦးသာရှိ၍ ကျန်လူ တစ်ရာ့ခုနှစ်ဆယ့်နှစ်ဦးသည် ဂိတ်မှူးတံခါးစောင့် တာဝန်ထမ်းဆောင်ကြသည် (ငယ် ၁၅-၁၉)။ ယေရုရှလင်ဗိမာန်တော်အနီး သြဖီလတွင် ဇိဟနှင့် ဂိသဖခေါင်းဆောင်၍ ဗိမာန်တော်ဝန်ထမ်းများ နေထိုင်ကြသည် (ငယ်၂၁)။ ကျမ်းစာတွင် နာမည်တူများလှသော သြဇိနှင့် ပေသဟိတို့က လေဝိအမျိုးသားများအား ဘုရင့်ကိုယ်စား အုပ်စိုးရသည် (ငယ် ၂၂-၂၄)။ အခြားယုဒများသည် ယေရုရှလင်ဆင်ဖုံး ကျေးလက်တွင်နေထိုင်ကြသည်။ ကျေးလက်တောရွာများတွင် နေထိုင်သူများစာရင်းကို ငယ် ၂၅-၃၀ တွင်၎င်း၊ ရေးမှတ်ထားသည်။ ယခင်က ယုဒအမျိုးနေရာတွင် နေထိုင်ခဲ့သော ယဇ်ပုရောဟိတ်များသည် ဗင်္ယာမိန်အမျိုး နေရာသို့ ပြောင်းရွေ့လာခြင်းလည်းရှိသည် (ငယ် ၃၆)။