နေဟမိမှတ်စာ ၁၃

၂။ နေဟမိ ဒုတိယအကြိမ်ခရီး။ ယေရုရှလင်မြို့ ပြုပြင်ပြောင်းလဲခြင်း (အခန်း ၁၃)

(က) ဗိမာန်တော်မှ တောဘိအားနှင်ထုတ်ခြင်း (၁၃:)

 ၁၃: ယေရုရှလင်တွင် (၁၂)နှစ်မြို့တော်ဝန် ထမ်းဆောင်ပြီးနောက် ဘီစီ ၄၃၃ခုနှစ်တွင် နေဟမိသည် ဗာဗုလုန်သို့ ပြန်လာသည်။ ထို့နောက် ရှင်ဘုရင်၏ ခွင့်ပြုချက်အရ ယေရုရှလင်မြို့သို့ နောက်တခေါက် ခြေဆန့်သည်။ အငယ် ၁တွင်ပါရှိသည့်တနေ့သ၌ဟူသော စကားရပ်သည် နေဟမိနောက်ဆုံးနေခဲ့သော ကာလ သို့မဟုတ် နေဟမိမရှိသည့် ကာလဖြစ်သည် (ငယ် ၆)။ ကျမ်းစာရွတ်ဖတ်ကြသောအခါ မောဘအမျိုးနှင့် အမ္မုန်အမျိုးတို့သည် ဘုရားသခင်၏ လူများအား မဖွယ်မရာ ဆက်ဆံဘူးခဲ့သောကြောင့် ဘုရားသခင်၏ ပရိသတ်ထဲသို့ ဝင်ခွင့်မရရှိကြ။ ထိုလူများသည် ဣသရေလလူမျိုးအား ထမင်းတလုတ် ရေတမှုတ် မရောင်းပေးသည့်အပြင် ပရောဖက် ဗာလမ်အား အခ ကြေးငွေပေး၍ ကျိန်စာတိုက်ခိုင်းကြဘူးသည်။ သို့သော်လည်း ဘုရားသခင်က ထိုကျိန်စာကို ကောင်းကြီး မင်္ဂလာအဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။ အံ့ဖွယ်ဘုရားသခင်ပါသကား။ ဣသရေလ လူများကလည်း သွေးနှောထိမ်းမြားဆက်ဆံခြင်း မပြုကြဉ်ပကြသည်။

 ၁၃: ထိုသို့ ဝိုင်းကြဉ်ကြသောအခါ အဖျက်အမှောက် အကောက်ကျစ်နည်းဖြင့် တုန့်ပြန်ကြသည် (၉:၂)။ ထိုစဉ် ပရောဆက် ဧလျာရှိပ်က ဘုရားသခင်၏ အိမ်တော်ထဲတွင် လူယုတ်မာတောဘအတွက် နေရာထိုင်ခိုင်း ပြင်ဆင်ပေးထားသည်။ ယဇ်ပုရောဟိတ်တို့၏ ရပိုင်ခွင့် အခွင့်အရေးများကို အပြည့်အဝပေးလိုက်သည်။ ဆယ်ဘို့တဘို့မှစ၍ လှူဖွယ်ဝတ္ထု၊ နဝကမ္မအလှူငွေများ သုံးစွဲခွင့်ပြုသည်။

၁၃:၆-၉ နေဟမိ ယေရုရှလင်သို့ ပြန်ရောက်သောအခါ စိတ်မချမ်းသာ။ သူမရှိသည့်အခိုက်တွင် အခြားပြဿနာများ ပေါ်ပေါက်ခဲ့သည်။ အထူးသဖြင့် ဗိမာန်တော်ရှိ အမှိုက်သရိုက်ကို ဦးစားပေးစင်ကြယ်စေရမည်။

 

 

() လေဝိသားများကို ဆယ်ဘို့တစ်ဘို့ဆက်လက်တည်တံခြင်း (၁၃:၁၀၁၄)

၁၃:၁၀၁၄ လေဝိသားများ၏ ဝေစု ဆယ်ဘို့တစ်ဘို့ဖြတ်တောက် ဖျက်သိမ်းခြင်းအတွက် နေဟမိက ယေရုရှလင်အရာရှိမင်းအား အပြစ်ဆိုသည်။ လေဝိသားများ၏ အခွင့်အရေးဖျက်သိမ်း၍ အတင်းအဓမ္မ လယ်ယာလုပ်ငန်းခွင်များကိုလည်း ပြန်လည်စုစည်းပြီး၊ ဘုရားသခင်အမှုတော်ထမ်းဆောင်ရန် လူမှန်နေရာမှန်သို့ ပြန်ပို့သည်။ ဆယ်ဘို့တစ်ဘို့ကိုလည်း ယခင်အတိုင်း ပြန်လည်ဆက်ခံစေသည်။ ထိုကောင်းမှုကုသိုလ်များကြောင့် ဘုရားသခင်က မှတ်မိသတိရဖို့ ဆုပန်ရှာသည် (ငယ် ၁၄)။

() ဥပုသ်နေ့တွင် တရားတော်မညီသော အပြုအမူရှင်းထုတ်ခြင်း (၁၃:၁၅၂၂)

၁၃:၁၅၂၂ ဥပုသ်နေ့တွင် မိမိလုပ်ငန်းခွင်တွင် အသက်မွေးဝမ်းကျောင်းခွင့်ပြုသော လူကြီးမင်းများကိုလည်း အပြစ်ဆိုသည်။ ယုဒလူများအကြားတွင် ကျင်လည်နေသော ရပ်ခြားသားများက ဈေးကွက်အဖြစ် အသုံးပြုခြင်းကို ဟန့်တားသည်။ ဥပုသ်နေ့သည် သန့်ရှင်းစင်ကြယ်ရာ နေ့ရက်မင်္ဂလာဖြစ်သည်။ ဂိတ်စောင့်များ ထူထပ်စွာချ၍ ကုန်သည်ပွဲစားများ မြို့ရိုးပြင်ဘက်သို့ မောင်းထုတ်စေသည်။ ဥပုသ်နေ့တွင် တရားနှင့်မညီသော လှုပ်ရှားအပြုအမူများ ဟန့်တားသည်။ ထို့အတွက်လည်း ဘုရားသခင်က သတိရဖို့ ထပ်မံဆုတောင်းဖြစ်သည် (ငယ် ၂၂)။

() လူမျိုးခြားနှင့် အိမ်ထောင်ပြုမူ အပြစ်တင်ခြင်း (၁၃:၂၃၃၁)

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တိုင်းတပါးသူမယားများအား ကွာရှင်းပြတ်စဲဖို့ ဧဇရက အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်သည် (ဧဇ ၁၀)။ ထိုစဉ်ကတည်းက မယုံကြည်သူ ရပ်ခြားပျိုများနှင့် တသီးတခြားစီနေခဲ့ကြပြီး ( အခန်း ၁၀) ဖြစ်၍ ဤကျမ်းချက်သည် ထပ်မံအတည်ပြု အသက်သွင်းခြင်းဖြစ်သည်။ သို့သော်လည်း လက်တွေ့နယ်ပယ်တွင် ယုဒလူများသည် အာရှု၊ အမ္မုန်၊ မောဘအမျိုးသမီးများနှင့် အိမ်ထောင်ပြုကြသည်။ သို့ကြောင့်အချို့ယောက်ျားသားများကို ကြိမ်ဒဏ်ပေးဆုံးမကြ၍ အချို့ကို အဆက်အသွယ်ဖြတ်တောက် ဝိုင်းကြဉ်ကြသည်။ ယဇ်ပုရောဟိတ်ကြီး၏ မြေးကိုယ်တိုင် မောင်းထုတ်ခြင်းခံရသည်။ မယုံကြည်သူတခြားလူမျိုးများအား မောင်းထုတ်ခြင်းဖြင့် မှူးကြီးမတ်ရာများကို သန့်ရှင်းစင်ကြယ်စေသည်။ ထိုကောင်းမှုကုသိုလ်အတွက် အောက်မေ့သတိရဖို့ နေဟမိသည် ဘုရားသခင်ထံ ဆုတောင်းပြန်သည် (ငယ် ၃၁)။

ယနေ့ အသင်းတော်များတွင်လည်း ကိုယ်ကျင့်သိက္ခာ၊ ခံယူချက်မူတညီသူများနှင့် သွေးနှောအိမ်ထောင်ပြုခြင်း မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်ယုံကြည်ခြင်းသည် ဆွေမျိုးမိသားစုများသို့ ကောင်းကြီးကုသိုလ် ပေးနိုင်စွမ်းရှိသည်။ ဓမ္မဟောင်းကာလတွင် ဘာသာခြားများနှင့် အိမ်ထောင်ပြုခြင်းသည် မျိုးရိုးသာမက ဝိညာဉ်ပါ ပျက်စီးစေသည်ဟု ခံယူကြသည်။

သွေးနှောထိမ်းမြားခြင်းဖြင့် ခရစ်ယာန်အသိုင်းအဝိုင်း ပျက်စီးစေပုံကို Cambell ကဤသို့ဆိုသည်။

 

ဓမ္မသစ်ကျမ်းတွင် ယုံကြည်သူနှင့် မယုံကြည်သူအိမ်ထောင်ပြု၍ မတူသော ထမ်းပိုးထမ်းခြင်းကို ကြပ်တည်းစွာ သတိပေးထားသည်။ ရှင်ပေါလုက “ယုံကြည်သူသည် သခင်ဘုရားနှင့်သာ လက်ထက်ရသည်” (၁ကော ၇:၃၉) ဟုဆိုသည်။ ယနေ့ခေတ်ကာလတွင်မူ မယုံကြည်သူ အိမ်ထောင်ဘက်အား ဘုရားသခင်ထံသို့ ခေါ်ဆောင်လာရသည်။ သို့သော်လည်း တချို့လူများသည် အိမ်ထောင်ဘက်အား မခေါ်နိုင်သည့်အပြင် မိမိပါဆွဲနစ်၍ သားသမီးများပါ ပျောက်ဆုံးသွားကြသည်မှာ ရင်နာဖွယ်ကောင်းပါသည်။၁၀

နေဟမိသည် အတွေးအခေါ်ဒဿနသမား သက်သက်မဟုတ်။ လက်တွေ့ဝါဒီသမားဖြစ်သည်။ ဘုရားသခင်အတွက် လောင်ကျွမ်းသည် (ဆာ ၆၉:၉)။ ဘုရားသခင်၏ အမှုအရာအတွက်ဆိုလျှင် လူ့မျက်နှာကိုလည်းမထောက်။ မိမိဘာသာစကားမကျွမ်းကျင်သော နောက်ပေါက်လူငယ်များကို အပြစ်တင်သည်။ အချို့ကိုရိုက်လျက် ဆံပင်နှုတ်လျက် ဒဏ်ပေးသည်။ မကောင်းမှု ဒုစရိုက်များနှိမ်နှင်းရန် ရဲစွမ်းသတ္တိပြည့်ဝသူဖြစ်သည်။ ဘုရားသခင်၏ အလုပ်သမားကြီး၊ ဇွဲလုံ့လ ဝီရိယကြီးမားသူဖြစ်သည်။

ဤအခန်းသည် ဓမ္မဟောင်းကျမ်းရှိ ဝတ္ထုအဆုံးဖြစ်သည်။ ဤကျမ်းနှင့်ကျမ်းပြိုင်ဖြစ်သော မာလခိအနာဂတ္တိကျမ်းမှလွဲ၍ “နေဟမိကျမ်း နောက်မှ ဝတ္ထုကျမ်းများသည် အရှေ့တွင်ရှိသင့်သည်။

Charles Swindoll ကသူ၏ နေဟမိအနက်ဖွင့်ကျမ်းတွင် စာဖတ်ပရိသတ်များအား ဤသို့စိမ်ခေါ်သည်။

နေဟမိသည် သူ၏လုပ်ဆောင်ချက်များအတွက် ဒူးထောက်၍ ဘုရားသခင်ထံ ဆုတောင်းပုံကို မျက်စိထဲတွင် မြင်ယောင်သည်။ ဘုရားသခင်၏ အမှုတော်အတွက် ညစ်ပတ်မှုများကို ရက်စက်စွာ ချေမှုန်းတိုက်ခိုက်သော်လည်း သူ၏နှလုံးသားသည် သိမ်မွေ့နူးညံ့သည်။ အဘယ်မျှကောင်းမွန်သော ခေါင်းဆောင်မှု အရည်အချင်းနည်း။ ရိုးသားဖြောင့်မတ်သည်။ နိုးကြားတက်ကြွ၍ သွက်လက်ချက်ချာသည်။ ဘုရားတရား ကိုင်းရှိုင်းသည်။ သူကဲ့သို့သောလူ အဘယ်မှာရှာတွေ့မည်နည်း။၁၂

မှတ်စု

၁။ (နိဒါန်း) John Whitcomb, “Nehemiah” The clydiffe Bible Commentary,p.455.

၂။ (၁:၁-၃) J.Alec Motyer, Toward the Mark,Vol 6.January-February,1977,p.6.

၃။ (၂:၁-၃) George Williams, The Students’ Commentary on the Holy Scripture;p.264.

၄။ (၆:၁၀-၁၄) ဆုတောင်းချက်မြှားဆိုသည်မှာ ဘုရားသခင်ထံသို့ တိုက်ရိုက်ဆုတောင်းချက်ဟု ဆိုလိုသည်။

၅။ (၆:၁၀-၁၄) Matthew Henry, ” Nehemiah” in Matthew Henry’s Commentary on the Whole Bible,II:1087.

၆။ (၈:၁-၈) ဟေဗြဲနှင့် အာရမိဘာသာစကားသည် Semetic ဘာသာစကားနှင့် လွန်စွာနီးစပ်သည်။ “အာရမိဘာသာစကားဖြင့် အသံထွက်” paraphrases” လိုက်သုံး၍ ဟေဗြဲဘာသာစကားသည် စာပေဟန်ဆန်၍ Targums ဟုခေါ်ကြသည်။

၇။ (၈:၈-၈) Donald Cambell, Nehemiah, Man in Charge,p.75.

၈။ (၁၁:၃-၃၆) ယေရုရှလင်အား ” The Holy City” ဟုအသုံးပြုခြင်းမှာ ပထမဦးဆုံး အကြိမ်ဖြစ်သည်။

၉။ (၁၃:၂၃-၃၁) Josephus က မောင်းထုတ်ခံရသူများသည် ရှမာရိသို့သွဦးကြ၍ သမ္ဘာလတ်က ဗိမာန်တော်သီးသန့် တည်ဆောက်ပေးသည်။ ထိုသွေးနှော ယုဒတပိုင်းလူများ၏ ဘေးမဲ့ကွန်းခိုရာ ဖြစ်သွားသည်ဟု ဆိုသည်။

၁၀။ (၁၃:၂၃-၃၁) Cambell, Nehemiah,pp.116,117.

၁၁။ (၁၃:၂၃-၃၁) နေဟမိ၏ နောက်ပိုင်းကာလကို တချို့က “အနှစ်လေးရာ တိတ်ဆိတ်ကာလ” ဟုဆိုကြသည်။ သို့သော် အတိအကျ တပ်အပ်မဆိုနိုင်ပါ။ (ဥပမာအားဖြင့် ဒံ ၁၁တွင် ဂရိတို့၏ ခေတ်ကာလကို အသေအချာဆိုထားသည်။ ထိုကျမ်းချက်သည် ရှေ့ဖြစ်မည့်အကြောင်းအရာ ကြိုတင်မှန်းဆ ရေးသားခြင်းမဟုတ်ပါ။ ပရောဖက်၏သမိုင်းစဉ် အသေးစိတ်ဖော်ပြချက်ဖြစ်သည်။ Liberal သမားများနှင့် ဒံယေလကို မထောက်ခံသူများကမူ ပရောဖက်ပြုချက်အဖြစ် လက်မခံနိုင်ကြ။ ဓမ္မဟောင်းကျမ်းပယ်များသည် ဝိညာဉ်တော်မှုတ်သွင်းခြင်း မရှိဟုဆိုကြသော်လည်း ခေတ်ကာလ ကိန်းဂဏန်းများသည် အဖိုးတန်သမိုင်း သက်သေများဖြစ်သည်။

၁၂။ ( ၁၃:၂၃-၃၁) Charles R. Swindoll,Hand Me Another Brick,p.205.