နေဟမိမှတ်စာ ၅

၄။ အတွင်းပိုင်းပြဿနာနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှု (အခန်း ၅၊၆)

 : ထိုသို့ မြို့ရိုးအားကျိုးမာန်တက်ဆောက်လုပ်နေကြစဉ် အတွင်းပြဿနာပေါ်ပေါက်သည်။ အစားအသောက် ရှားပါးသည်။ ငွေကြေးဖောင်းပွသည်။ အခွန်အခ ပေးဆောင်ရန် ကြပ်တည်းကြသည်။ ငွေကြေးရှင်များက ခေတ်ပျက်သူဌေးလုပ်ကြသည်။ တောမီးလောင်တောကြောင် လက်ခမောင်းခတ်၍ မတန်တဆ ငွေတိုးချေးစားကြသည်။

အချို့က ရင်ဝယ်သားသမီးများကို ကျွန်အဖြစ်ရောင်းစားကြရသည်။ လယ်ပိုင်ယာပိုင်များ စွန့်လွှတ်ကြရသည်။ မြေယာအိုးအိမ်များ မတန်တဆဈေးချရောင်းငွေဖြင့် သားသမီးပြန်ရွေးကြသည်။ ထိုသတင်းဖြစ်စဉ်ကြားသိသောအခါ နေဟမိသည် ဓနရှင်လူတန်းစားများကို ခေါ်ယူဆုံးမသည်။ စီးပွားရေးထက်အသက်အိုးအိမ် လုံခြုံရေးဦးစားပေးရကြောင်း ရှင်းပြသည်။

 :၁၀ တပါးအမျိုးသားများထံ ဘုရားသခင် ရွေးနှုတ်ပေးသော မိမိအမျိုးသားချင်း ယုဒညီအစ်ကိုများကို ကျွန်ပြုစေချင်သလား။ လတ်တလော စိုက်ထူခြင်းထက် ဘုရားသခင်၌ မျက်နှာရခြင်းကို ဦးစားမပေးသင့်ဘူးလား။ ဘုရားသခင်၏ ပညတ်တရားများကို ချိုးဖျက်ခြင်းဖြင့် သန့်ရှင်းစင်ကြယ်သော ဘုရားသခင်ကို မည်ကဲ့သို့ မိဿဟာယပြုနိုင်မည်နည်း (ငယ် ၉၊ ၁၀ ကို ထွ ၂၂:၂၅ နှင့်ယှဉ်ဖတ်)။

 :၁၁၁၂ ထိုသို့ နားဝင်အောင် တရားချပြီးသောအခါ ယဇ်ပုရောဟိတ်များကလည်း အပေါင်ခံပစ္စည်းများ ပြန်ပေးကြသည်။ ငွေတိုးချေးစားခြင်းများအား စာရင်းပယ်ဖျက်ပေးကြသည်။ ငွေ၊ ဂျုံ၊ ဝိုင်နှင့် ဆီများအား အပေါင်ခံသူများထံသို့ ပြန်ပေးကြသည်။ ယဇ်ပုရောဟိတ်များကိုလည်း ထိုသို့မပြုလုပ်ရန် ကျမ်းကျိန်သစ္စာဆိုစေသည်။

 :၁၃ ထိုသို့ ကတိသစ္စာပြုခိုင်းသောအခါ လူတိုင်းကလည်း “အာမင်” ထူးကြသည်။ မလိုက်နာပျက်ကွက်သူများအား အဝတ်အစား ဖုံခါသကဲ့သို့ ဘုရားသခင်က ခါချပါစေဟု ကျိန်ဆိုသည်။

 :၁၄၁၉ နေဟမိ၏ မြို့တော်ဝန် (၁၂)နှစ်တာ ထမ်းဆောင်ပုံကို အခန်း(၅)တွင် မှတ်တမ်းတင်ထားသည်။ မြို့တော်တခွင် တည်ဆောက်ပြုပြင်ရာတွင် ပြည်သူများအား ဖိအားပေးခြင်းထက် ကိုယ်တိုင်အပင်ပန်းခံ တီထွင်ကြံဆသည်။ သူ၏ရာထူးကိုလည်း မရောင်းစား။ နာမည်ပျက်မခံ။ မိမိရာထူးဖြင့် အနာဂတ်ကို ငြမ်းမစင်။ ကိုယ်ကျိုးကောင်းစားဖို့ အမြတ်မထုတ်။ မြို့သူမြို့သား ညီအစ်ကိုများ ဘဝလုံခြုံရေးကို ဦးစားပေးသည်။ ဧည့်သည်ဆောင်သာများကိုလည်း သမာအာဇီဝနည်းဖြင့် ဧည့်ဝတ်ကျေပွန်သည်။ နွေးထွေးစွာ ကြိုဆိုသည်။ အများပြည်သူတို့၏ ဘဝကိုလေးစားသည်။ အသံကို နီးကပ်စွာ နားထောင်သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်းဖြစ်သည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူ၏ ဘဝမှာ ပူပင်သောကမရှိ။ ဘုရားသခင်က အကုန်လုံးတာဝန်ယူပေးသည်။ နေဟမိသည်လည်း ထိုသို့သော လူဖြစ်သည်။

Previous Article
Next Article