ယောလအနာဂတ္တိကျမ်း ၁

၁။ ကျိုင်းကောင်ကပ်ဆိုးကြီးအကြောင်း (အခန်း၁)

(က) မကြုံစဘူးအဖြစ်ဆိုး(:)

၁:၁-၄ ပေသွေလ၏သား ယောလကကျိုင်းကောင်ကပ်ဆိုးကြီး ကျရောက်လာမည်ဟု ဟောကြားသည့်အတိုင်း မြောက်ဘက်အရပ်မှ နယ်ချဲ့ကျူးကျော်သူတပ်မကြီးများသည် ကျိုင်းကောင်အုပ်ကြီးပမာ အလုံးအရင်းဖြင့် ယုဒပြည်ထဲသို့ဝင်ရောက်လာကြသည်။ ယောလ၏ ပရောဖက်ပြုချက်သည် ဗာဗုလုန်သားများဝင်ရောက်လာခြင်းဖြင့် တစိတ်တပိုင်း ပြည့်စုံလာသည်။ နောင်တွင် မြောက်ပိုင်းဘုရင် (အာရှုရိပြည်) ဟုဖြစ်လာသည်။

ကျိုင်းကောင်အုပ်ပမာ တပ်မဟာကြီးအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းသည် တသက်တကိုယ်မေ့မရနိုင်သော အဖြစ်ဆိုးဖြစ်၍ သားစဉ်မြေးဆက် နောင်လာနောင်သာများသို့ လက်ဆင့်ကမ်း ​ပြောပြစရာဖြစ်ရော့မည်။ ထိုကပ်ဆိုးကြီးသည် အဆင့်(၄)ဆင့် ဖြင့် ပေါ်ပေါက်ခဲ့သည်။ ဂါဇကျိုင်းများ ချွင်းထားသည်များကို အရာဘကျိုင်းများက စားကြသည်။ အရာဘကျိုင်း ချန်ထားသည်များကို ယာလက်ကျိုင်းများက ကိုက်စားကြသည်။ ယာလက်ကျိုင်း များကချွင်းချန်ထားသည်များကို ခါသိလကျိုင်းများက စားကြပြန်သည်။” ဤနိမိတ်လက္ခဏာများမှာ ဘုရားသခင်လူများကို ဗာဗုလုန်၊ မေဗိ-ပေရသိ၊ ဂရိနှင့် ရောမအစရှိသော တပါးအမျိုးသား (၄)ပါးက အဆင့်ဆင့်အုပ်စိုး ကျွန်ပြုကြမည့် အတိတ်နိမိတ်ပင် ဖြစ်သည်။

(ခ) ခံစားရမည့်သူ

၁။ သေသောက်ကျူးအရက်သမားများ(၁:၅-၇)

၂။ ယဇ်ပုရောဟိတ်များ (၁:၈-၁၀၊ ၁၃-၁၆)

၃။ လယ်သမားများ (၁:၁၁၊၁၂၊၁၇၈)

၄။ ပရောဖက်ယောလ (၁:၁၉-၂၀)

အရက်သမားသောက်စားသူများမှစ၍ လယ်သမားများ(ငယ်၊၁၁၊၁၂။ ၁၇၊၁၈) မကျန်ယဇ်ပုရောဟိတ်များ (ငယ်၈-၁၀၊၁၃-၁၆)တပြည်လုံး တိုင်းသူပြည်သားအားလုံးအား နောင်တရကြဖို့၊ အစာရှောင် ဆုတောင်းကြဖို့ဖိတ်ခေါ်သည်။

ကျိုင်းကောင်တပ်မဟာကြီးများက အရွက်အပွင့်များမကျန် ကိုက်စားပစ်၍ မြေပြင်တစ်ခုလုံး ခြောက်သယောင်းထနေသဖြင့် ဘုရားသခင်အား ယဇ်ပုရောဟိတ်ပူဇော်စရာဘာမှမရှိကြတော့ (ငယ်၈- ၁၀)။

ထိုနေ့ရက်သည် အမင်္ဂလာနေ့ရက်ဖြစ်သည်။ ထာဝရဘုရား၏ နေ့ရက်ကျရောက်လာလျှင်လည်း ထိုကဲ့သို့ ဖြစ်မည့်အကြောင်း ပရောဖက်ယောလက မြင်ယောင်သည်(ငယ်၊၁၅)။ ဘုရားသခင်၏စီရင်ခြင်း၌ မာနထောင်လွှားသူများ၊ ဒုစရိုက်သမားများနှင့် မကောင်းသူများကို စီရင်လိမ့်မည်။ ဘုရားသခင်၏နေ့ရက်ဟုဆိုရာတွင် ဘေးဒဏ်ကြီးကာလ၊ အနှစ်တစ်ထောင်ခရစ်တော်၏ နိုင်ငံတော်၊ ကမ္ဘာလောကနောက်ဆုံးလောင် မီးကျမည့်နေ့အထိ ပါဝင်သည်။

ထိုကာလရောက်သောအခါ လူများသည် ဘုရားသခင်၏ ကရုဏာတော်အား တမ်းတကြမည်။ အော်ဟစ်အကူအညီတောင်းကြမည်။ အဘယ်ကြောင့်ဆိုသော် သစ်ပင်နှင့်မြက်တောအားလုံး မီးလောင်ကျွမ်းပြာကျမည်။ တောကောင်များက ခွါကိုယက်၍ ဘုရားသခင်အား မျှော်ကိုးကြမည်။ စမ်းချောင်းအင်းအိုင်များ ခမ်းခြောက်ကုန်မည်။

Previous Article
Next Article