ရုသဝတ္ထု ၁

၁။ မောဘပြည်တွင်နေထိုင်ခြင်း (:)

: စာအုပ်ဖွင့်လျှင်ဖွင့်ခြင်း ယုဒအိမ် ထောင်မိသားစုတစုအကြောင်း တွေ့ရသည်။ ယုဒပြည်ရှ မုန့်ဖိုအရပ်ဟု နာမည်ရသော ဗက်သလင်တွင် နေထိုင်ကြသော်လည်း ဆင်းရဲငတ်မွတ်ပြတ်လတ် ကြသဖြင့် ပင်လယ်သေ အရှေ့တောင်ဘက်ရှိ မောဘပြည်သို့ ပြောင်းရွှေ့အခြေချကြသည်။ မိဘများမှာ ဖခင် ဧလိမလက် (ဘုရားရှင်သည် ငါ့ဘုရင်)၊ မိခင် နောမိ (ဒေါ်ပြုံးချို) သားများနာမည်မှာ မဟာလုန် (ချူချာ) နှင့် ခိလျုန် (ပေါက်စ) တို့ဖြစ်သည်။ မကျင်လည်ခဲ့ဖူးသော  လူစိမ်းသူစမ်းမြေ မောဘပြည်မှာ ဆင်ကန်းတောတိုးခြင်းထက် ဘုရားသခင်စိုးစံရာအရပ်တွင် ခါးစည်းခြင်းက ပိုကောင်းပါသည်။ ဧဖရက်ဆိုသည်မှာ ဗက်သလင်၏ နာမည်ဟောင်းဖြစ်သည်။ စည်ပင်ဝပြောမြေဟု အဓပ္ပါယ်ရသည်။

တရားသူကြီးများခေတ်သည် လူတို့အကျင့်စရိုက်ပျက်ပြားသည့် ခေတ်ပျက်ကာလဖြစ်သည်။ သူ့ကြောင့် မိုးခေါင်ရေရှား ငတ်မွတ်ကြသည်မှာ မဆန်း။ မနာခံသူများသည် ဆုံးမခြင်းခံရမည်ဟု ကတိတော်ရှိပြီးသား။ ဧလိမလက်သည် ကတိတော်မြကို စွန့်၍ မောဘပြည်သို့ အခြေချတော့မည်။ တရား ၂၃:၃-၆ ကို ဖတ်ဖူးဟန်မတူ။ ယုဒညီအစ်ကိုများ ယော်ဒန်မြစ် အရှေ့ဘက်ကမ်းတွင် အခြချကြသည့်အကြောင်းရှိသည်။ ယခုတော့ မိသားစုကို မ၍ မရဏပြည်ရွာသို့ အသိုက်ပြောင်းကြပြီ။ သူ့သားများလည်း ကလေးမထွန်းကားပါ။ မျိုးသုဉ်းကြသည်။

: ဖခင် ဧလိမလက်ကွယ်လွန်သွားသည့်နောက်တွင် သားနှစ်ယောက်သည် မောဘသူများကို ထိမ်းမြားကြသည်။ မဟာလုန်က ရုသ (၄:၁၀)၊ ခိလျုန်က ဩရပယူသည်။ တရား ၇:၁-၃တွင် မောဘသူများ မယူရမည့်အကြောင်း အတိအကျတားမြစ်ထားသော်လည်း  နောက်ပိုင်းတွင် စုံဖက်အိမ်ထောင်ပြုလာကြသည် (ဧဇ ၉:၁-၂၊ နေ ၁၃:၂၃-၂၅)။ မောဘအမျိုးကိုလည်း မျိုးစဉ်ဆယ်ဆက်တိုင်အောင် ဝတ်ပြုကိုးကွယ်ခွင့်မပြု (တရား ၂၃:၃)။ ကျေးဇူးတော်ကြောင့် ရုသလက်ထက်မှစ၍ ထိုတားမြစ်ချက်တံတိုင်းကြီး ပြိုလဲသွားသည်။ သူ့သားမြေးဆက်ဖြင့် ဣသရေလဘုရင် ဒါဝိဒ်မင်းပေါ်ထွန်းလာသည်။

နောက်ဆယ်နှစ်ကြာသော် မဟာလုန်နှင့်ခိလျုန်တို့ သေဆုံးကြပြန်သဖြင့် မိခင်နောမိသည် ရပ်ကြီးသူချွေးမ နှစ်ယောက် ရုသ၊ ဩဖတ်တို့နှင့်အတူ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ကျန်ရစ်ခဲ့သည်။

 

၂။ ဗက်သလင်သို့ ပြန်လာခြင်း (:၂၂)

          :၁၅ ဗက်သလင်မှာ မိုးလေဝသကောင်းမွန်၍ စပါးဆန်ရေပေါများကြောင်း ကြားသိသောအခါ နောမိသည် မွေးရပ်မြေပြန်ရန် ဆုံးဖြတ်လိုက်သည်။ ချွေးမနှစ်ယောက်စလုံးက လိုက်ချင်သည်။ သူ့တွင် နောက်ထပ်မျှော်လင့်စရာ သားမမွေးနိုင်တော့ကြောင်း မိဘရပ်ထံသို့ပြန်ကြရန် ပြောကြသောအခါ ဩရပက ယောက္ခမနောမိကို ဖက်ငိုပြီး ပြန်သွားသည်။

မုဆိုးမသုံးယောက်ကို မြင်ယောင်ကြည့်ပါ။ နောမိက ဝမ်းနည်းဖို့အကောင်းဆုံး။ လင်လည်းဆုံး၍ ကျွေးမွေးမည့်သူ သားများလည်းမရှိတော့ပါ။ ဩရပက ယောက္ခမစကားကို နားထောင်၍ မုဆိုးမကြီးကို စွန့်ခွာသည်။ ရုသက ယောက္ခမကို သံယောဇဉ် ဖွဲ့နှောင်သည်။ နောမိသည် သူ့ရှေ့ရေးကိုသိသည်။ ယောက်ျားသား မရှိသော မိသားစုတွင် လှုပ်ရှားရုန်းကန်ဖို့မလွယ်။ အိမ်မဲ့ယာမဲ့ဘဝ။ ချစ်သူခင်သူမရှိ။

:၁၆၁၇ မည်သို့ပင် ခက်ထန်စေ ရုသသည် နောမိကို မထားပစ်နိုင်။ ဓမ္မဟောင်းကျမ်းထဲမှ စံပြ တစ်ပါးမျိုးသားပေတည်း။ သူ့ဘဝတစ်ခုလုံး နောမိထံသို့ အပ်နှံသည်။ နောမိ၏ ဘဝကံကြမ္မာကို သူမ၏ ဘဝဟုခံယူသည်။ နောမိကိုးကွယ်သော ဘုရား၊ နောမိ၏လူ။ နောမိ၏ နေရာကိုခင်တွယ်သည်။ ယုတ်စွအဆုံး ထိုမြေတွင် ခေါင်းချမည်။

:၁၈၂၂ ဗက်သလင်သို့ နောမိနှင့်ရုသတို့ နှစ်ယောက်ပြန်ရောက်သည့်အခါ ရိတ်သိမ်းချိန်ကာလ ဖြစ်နေသည်။ နောမိကိုတွေ့မြင်သူများက ဝမ်းသာလိှုက်လှဲစွာ ကြိုဆိုကြသည်။

ကျွန်မကိုဒေါ်ပြုံးချိုဟုမခေါ်ကြပါနှင့်။ ဒေါ်နုံးငိုဟု ခေါ်ကြပါ။ ဘုရားသခင်က ကျွန်မကို ခါးသီးသော အရသာပေးပြီဟု ဆိုသည်။ ရှိသမျှကုန်ပြီ။ (လင်နှင့်သားများ ဆုံးကုန်ပြီ)။ သို့သော် ဘုရားသခင်က လက်ချည်းဗလာဖြင့် ပြန်ခေါ်ပါသည်။ ယနေ့ယုံကြ်သူများသည်လည်း သစ္စာဖောက်ပြန်၍ ဘုရားရှင်ထံမှ စွန့်ခွာကြသည်။ သို့သော် ဘုရားရှင်က လက်ချည်းတွဲလောင်၊ ဗိုက်ဟောင်းလောင်းကို ဖြည့်ဆည်းပေးဖို့ ပြန်လည် ခေါ်လာပါသည်။