ရုသဝတ္ထု ၂

၃။ ဗောဇလယ်ကွင်းမှ ရုသ (အခန်း )

          : ပညတ်တရားအရ ဣသရေလလူများသည် မိမိလယ်မြေများကို ပြောင်သလင်းခါအောင် မရိတ်သိမ်းရ။ မရှိဆင်းရဲသားများ အာဂန္တုဧည့်သည်များအတွက် အကြွင်းအကျန်ချန်ထားရသည် (ဝတ် ၁၉:၉၊ ၂၃:၂၂၊ တရား ၂၄:၁၉)။

ထိုပညတ်တရားအတိုင်း ရုသသည် ယောက္ခမ လုပ်ကျွေးဖို့ သူများလယ်တွင် ကောက်သင်းလိုက်ကောက်သည်။ ဘုရားသခင်အကြံအစည်တော်အတိုင်း ဗောဇလယ်ကွင်းသို့ ရောက်သွားသည်။ ထိုသူသည် ရုသ၏ ကွယ်လွန်သူ ယောက္ခမနှင့် ရင်းနှီးသည်။

:၁၂ ဗက်သလင်မှ ပြန်ရောက်လာသော ဗောဇက ထိုသူငယ်မအား မည်သူလဲဟု စုံစမ်းသည်။ နောမိ၏ ချွေးမမှန်းသိသွားသောအခါ လှမ်း၍ ရေတိုက်သည်။ အခြားသူများကိုလည်း တိုက်ခိုင်းသည်။ ရုသ၏ သွင်ပြင်ရည်မွန်ပုံကို ကြည့်၍ ဗောဇက ဆုတောင်းပေးသည်။ သင့်လုပ်ဆောင်ပြုမူသည့်အတိုင်း ဣသရေလဘုရားသခင်က ဆုချပါစေ။ အတောင်တော်အောက်မှာ ခိုလှုံခွင့်ပေးပါစေဟု ဆိုသည်။ ထိုအကြောင်းကို Leon Morris က ဤသို့ဆိုသည်။ ­-

ထိုဆုတောင်းချက်ကို ပြည့်စုံစေရန်ဘုရားသခင်က သူ့အားပြန်သုံးသည်။ ရုသကို ဆုတောင်းပေးသည့်အတိုင်း ယေဟောဝါဘုရား၏ တောင်ပံအောက်၌ ခိုလှုံခွင့်ရသည်။ မိခင်၏ တောင်ပံအောက်မှ ကိုယ်ငွေ့လှုံသော ငှက်ငယ်လေးသည် အဘယ်မျှ လုံခြုံနွေးထွေးမည်နည်း။ ယုံကြည်စိတ်ချမှု၊ ဘဝလုံခြုံမှုပေးသည်။

ယုဒလူမျိုးတစ်ဦးက တစ်ပါးအမျိုးသားမိန်းမတစ်ဦးအား ထိုသို့မေတ္တာစေတနာထားသည်ကို တွေ့မြင်သောအခါ တအံ့တဩဝမ်းသာသွားသည်။ သို့သော်အကြောင်းရှိသည်။ ရုသက နောမိအပေါ်သို့ ထားရှိသော စိတ်ထားကို ဗောဇက သိရှိသည်။ ယုဒဘာသာရေးသို့ ကူးပြောင်းလာသဖြင့် လေးစားသည်။

:၁၃၁၆ သဘောကျသဖြင့် သူ့အလုပ်သမားများနှင့် အတူတူစာစားသောက်ဖို့ ဖိတ်ခေါ်သည်။ ရုသရိတ်ဖို့ ကောက်နှံများများချန်ထားခိုင်းသည်။

:၁၇ နေဝင်ဆည်းဆာတွင် အလုပ်သိမ်း၍ စပါးများ ပြန်လည်ချိန်ကြည့်သောအခါ နည်းနည်းနော်နော် မဟုတ်။ ဤကျမ်းချက်ကို ယုံကြည်သူများ ဘဝအသက်တာတွင် လက်တွေ့ကျင့်သုံးအပ်သည်။

ဗောဇသည် ခရစ်တော်ကို ပုံဆောင်သည် ကြွယ်ဝ ချမ်းသာသူဖြစ်သည် (ငယ် ၁)။ ဧည့်သည် ဆောင်လာများကို စာနာသည်။ (ငယ် ၈၊၉)။ မတွေ့မြင်ဖူးသော်လည်း ရုသ၏ သွင်ပြင်ကြည့်ခြင်းဖြင့် နားလည်ပေးလိုက်သည် (ငယ် ၁၁)။ ဘုရားသခင်က လူများအကြောင်း နားလည်သကဲ့သို့ ဖြစ်သည်။ အတွင်းစိတ်ကိုလည်း သိမြင်သည်။ ရုသကို စာနာသည်။ တတ်စွမ်းသမျှ ပံ့ပိုးသည် (ငယ် ၁၄)။ သူမ၏ ရှေ့ရေးအလားအလာကို အာမခံချက်ပေးသည် (ငယ် ၁၅၊၁၆)။ ထိုအဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် ကယ်တင်ရှင်ကရုဏာကို ခန့်မှန်းကြည့်နိုင်သည်။

:၁၈၂၃ ရုသက ရလာသမျှသော ဂျုံစပါးများကို နောမိသို့ အပ်၍ ဖြစ်ကြောင်း ကုန်စင်ပြောပြသောအခါ ပါးနပ်လှသော ယုဒသူ နောမိက ဘုရားသခင်၏ အကြံစည်တော်ကို ကျေနပ်ပီတိဖြာသည်။ သူမ၏ ကွယ်လွန်သွားသော အမျိုးသားနှင့် ဗောဇသည် ဆွေမျိုးသားရင်းများဖြစ်သောကြောင့် ဘုရားသခင်က ရုသအပေါ်သို့လည်းကောင်း၊ သူတို့နှစ်ယောက်အပေါ်သို့လည်းကောင်း၊ အံ့ဩဘွယ်ရာအကြံအစည်တော် တွေ့မြင်ရမည်ဟု ခံယူသည်။ သို့ဖြင့် ရုသအား နောက်နေ့များတွင်လည်း ဗောဇလယ်ကွင်းသို့ ဆက်သွားရန် အားပေးသည်။

ဗောဇ၏ လယ်ကွင်းတွင် ကောက်ပဲသီးနှံကြွယ်ဝသည်။ လယ်ရှင်ကလည်း စေတနာကောင်းသည်။ တခြား လယ်ကွင်းသို့ ဘာကြောင့် ရုသသွားရမည်နည်း။ ထိုကဲ့သို့ပင် ယနေ့ယုံကြည်သူများသည် ဘုရားသခင်၏ လယ်ကွင်းတွင် ကြွယ်ဝစွာရှိနေပါလျက်နှင့် လောကသာယာမှုသို့ ဘာကြောင့် ပြန်သွားကြရမည်နည်း။

Previous Article
Next Article