ရုသဝတ္ထု ၃

၄။ ရုသက ဆွေမျိုးများရွေးနှုတ်ခြင်း (အခန်း )

          : နောမိက ရုသအား ဘဝအိုးအိမ် လုံခြုံစေချင်သည်။ အိမ်ထောင်ချချင်သည်။ သို့ဖြင့် ဗောဇစပါးလှေ့သည့်ညဉ့်တွင် ခြေရင်း၌ သွားအိပ်ခိုင်းသည်။

            ရုသအဖို့ ယုဒထုံးစံသည် ထူးဆန်းပေမည်။ ထို့ကြောင့် ယုဒရိုးရာထုံးတမ်းစဉ်လာ၊ အမွေဆက်ခံပုံ၊ မုဆိုးမများ နောက်အိမ်ထောင်ပြုခြင်းထုံးစံများကို အသေးစိတ်ပြောပြရသည် (Daily Notes of the scripture Union)

: ဗောဇသည် တစ်နေကုန်တစ်နေခန်း အလုပ်လုပ်ပြီးနောက် စားသောက်ပြီးသောအခါ အိပ်ယာဝင်သည်။ သူ့စောင်ဖျားအောက်တွင် ရုသခွေခွေကလေး အိပ်နေသည်။ ယနေ့ခေတ်ကာလတွင် ထိုအပြုအမူမျိုး မရှိသော်လည်း သူ့ခေတ်သူ့အခါ သူ့ဒေသနှင့်သူ ရှိခဲ့သည် (ယေဇ ၁၆:၈ ကိုလည်းကြည့်)။ မကောင်းသည့်အကျင့်၊ ညစ်ညမ်းသောအပြုအမူမဟုတ်။

:၁၁ တရေးနိုး၍ လူးလွန့်သောအခါ ဗောဇသည် သူ့ခြေရင်းတွင် ရုသခွေအိပ်နေကြောင်း တွေ့သည်။ ဆူပူကြိမ်းမောင်းခြင်း မပြုသည့်အပြင် သူ့ဆွေမျိုးများအား စီစစ်ကောင်းချီးပေးလိုက်သည်။ ၁၂:၁၂ ပါ အတောင်တော်များဟူသော ဗဟုဝုစ်စကားလုံးကို ယခုကျမ်းပိုဒ်တွင် အတောင်တော် ဧကဝုစ်အဖြစ် သုံးသော်လည်း အဓိပ္ပါယ်အတူတူဖြစ်သည်။ ဗောဇက ရုသအား ယေဟောဝါဘုရားကို ခိုလှုံလော့ ဟု ကောင်းချီးပေးလိုက်သည်။ မိမိအား လာရောက်ခိုလှုံသူကို အဘယ်သို့ ရက်စက်စိမ်းကားရက်မည်နည်း။ ထို့အပြင် ထိုအမျိုးသမီးသည် သီလနှင့်ပြည့်စုံသော မိန်းမ၊ အဖိုးတန်ရတနာ (သု ၃၁:၁၀) မဟုတ်ပါလား။ သူမ၏ ကိုယ်ကျင့်သစ္စာကို လေးစားသည်။ ပထမဦးစားပေးထိုက်သူ ရှိကြောင်းကိုလည်း ရုသက ပြောပြသည်။

မောရှေတရားအရ လူတစ်ဦးသည် သားသမီးမရဘဲ ကွယ်လွန်သွားလျှင် ထားပစ်ခဲ့သော မုဆိုးမအား အနီးစပ်ဆုံးဆွေမျိုးသားချင်းက သိမ်းပိုက်ရသည်။ (တရား ၂၅:၅-၁၀)။ သို့ဖြင့် ဆွေမျိုးနာမည်၊ မိသားစုပိုင်မြေယာများကို ဆက်ထိန်းရသည်။ မုဆိုးမသည် သားယောက်ျား မရှိခဲ့လျှင် နောက်ယောက်ျားဖြင့် ရသောသားက ဖခင်၏အမည် ဂုဏ်ဒြပ်ကို ဆက်ထိန်းရသည်။

ရုသ၌ သားသမီးမရှိ။ ဗောဇက ဧလိမလက်၏အမျိုး၊ မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်း ငြိနေပြီ။ သို့သော် ရိုးရာဓမ္မသတ်ကျော်၍ မဖြစ်။

:၁၂၁၃ ဗောဇထက် လက်ထပ်သိမ်းပိုက်ခွင့်ရှိသူတစ်ဦးရှိသေးသည်။ ထိုသူ၏ခွင့်ပြုချက်ယူရမည်။ ထိုသူက ရုသအား မသိမ်းပိုက်ချင်မှ သာလျှင်ဗောဇက သိမ်းပိုက်ပိုင်ခွင့်ရှိသည်။ နံနက်ကျမှ ထိုကိစ္စ ကိုင်တွယ်ဖြေရှင်းမည်။

:၁၄၁၅ နံနက်မိုးသောက်ခါနီးထိ ဗောဇခြေရင်းတွင် ရုသအိပ်သည်။ မိုးလင်သော် ဗောဇက စပါး()ပြည်ပေးလိုက်သည်။ ရုသကို ခင်တွယ်ကြောင်း ချစ်သက်သေဖြစ်သည်။ ထိုအကြောင်းကို နောမိထံသို့ အပြေးသွားပြောပြသည်။ ရုသသည် ရိုးသားဖြူစင်သောကြောင်း ဗောဇက နှစ်သက်သဘောကျသည်။ မနောဘဝင်ခွေ့သည်။ ယနေ့လူသားများသည်လည်း အပြစ်ဗရပွ ရွတ်တွနေသည့် အကြားကပင် ဘုရားသခင်က အပြစ်များကို မမြင်ဘဲ၊ မေတ္တာစောင်လွှာခြုံပေးသည်။ သူ၏သတို့သမီးအဖြစ် တစ်နေ့ လာရောက်သိမ်းပိုက်မည်ဟု ချစ်သစ္စာဆိုခဲ့သည်။ ကယ်တင်ခြင်းအမှုပြီးပြီ။ စေ့စပ်ကြောင်းလမ်းခြင်း ပြည့်စုံပြီ။ သတို့သား လာရောက် ခေါ်ယူမည့်အချိန်ကိုသာ လည်ဆန့်မျှော်နေရသည်။

အကြောင်းစုံသိသောအခါ နောမိက ရုသအား ထိုင်နေလော့၊ စောင့်မျှော်လော့ဟု အားပေးသည်။

            ယုံကြည်ခြင်းဖြင့် စောင့်မျှော်ခြင်းသည် ပင်ပန်းကြောင်း မကြာခဏကြုံတွေ့ကြရပါသည်။ ဘာမှ မလုပ်လျှင် ဘာမှမဖြစ်။ သို့သော်ဘုရားသခင်သည် အစီအစဉ်ရှိတော်မူသည့်အတိုင်း အချိန်ကျလုပ်ဆောင်လေ့ ရှိသောကြောင့် စိတ်ရှည်စွာ သည်းခံစောင့်မျှော်ရသည်။ ထိုသို့စောင့်မျှော်သည့်အချိန်မျိုးတွင် ယုံမှားသံသယစိတ် ပေါ်တတ်သည် (Daily Notes of the Scripture Union)

Previous Article
Next Article