ဧသတာဝတ္ထု ၂

၂။ ဧသတာကို မိဖုရားမြောက်ခြင်း (အခန်း )

 : မိဖုရားဝါရှတိအား အိမ်တော်ရာ နန်းရင်ပြင်မှ မောင်းထုတ်လိုက်ပြီ။ နောက်တဆင့် ဘာလုပ်သင့်သနည်း။ မင်းတိုင်ပင်အမတ်များက မိဖုရားဖြစ်ထိုက်သော သမီးကညာ ရှာဖွေပေးခွင့်တောင်းသည်။ တပြည်လုံးရှိ အချောအလှ ပျိုကညာများကို ဆင့်ခေါ်စုဝေးစေသည်။

 : အမိန့်တော်အတိုင်း လှပျိုဖြူများ ရှုရှန်နန်းတော်သို့ စုဝေးရောက်ရှိလာကြသည်။ ထိုအထဲတွင် အပျိုချော ဧသတာလည်းပါသည်။ ဧသတာသည်မိဘနှစ်ပါး ကွယ်လွန်သောကြောင့် ဘထွေးမော်ဒကဲက မွေးစားထားသည်။ မော်ဒကဲသည် ဗင်္ယာမိန်အမျိုးဖြစ်၍ ယေခေါနိဘုရင်နှင့်အတူ နေဗုခပ်နေဇာမင်း ဖမ်းဆီးခေါ်ဆောင်လာခြင်း ခံရသူဖြစ်သည် ( ၄ရာ ၂၄:၁၄-၁၆)၊။

 :၁၁ အပျိုတော် ထိန်း မိန်းမဟေဂဲက ဧသတာ၏ ရုပ်ဆင်းအင်္ဂါလက္ခဏာအား အကဲခတ်မိသောကြောင့် ပဏာမရွေးချယ်လိုက်သည်။ အကောင်းဆုံးအခန်းပေး၍ အခြွေအရံများကိုလည်း ပေးထားသည်။ မော်ဒကဲက ဧသတာအား ကိုယ်ရေးရာဇဝင် ဖုံးကွယ်ခိုင်းထားသည်။ မော်ဒကဲသည် ဧသတာအား နေ့စဉ်ဆက်သွယ်ခွင့် မရသော်လည်း ဧသတာ၏ ကောင်းသတင်းကြားနေရသည်။

:၁၂၁၄ အပျိုတော်များသည် (၁၂)လတိတိ အလှည့်ကျ ရှင်ဘုရင်နှင့် တအိပ်ယာတည်း အိပ်ခွင့်ရကြသည်။ ထိုသို့ ရှင်ဘုရင်နှင့်အတူတကွ မနေခင် ကိုယ်နံ့မွှေးပျံဖို့ (၆)လတိတိ အမွေးနံ့သာစွဲအောင် ကြိုတင်ပြင်ဆင်ရသည်။ နောက်တဖန် ရှင်ဘုရင်ရှေ့သို့ ရောက်လျှင် ဆုလက်ဆောင်တောင်းဆိုခွင့်ရှိသည်။ သို့ဖြင့် တညတာ အတူတကွ အိပ်စက်ခွင့်ရကြပြန်သည်။ သို့သော်လည်း ဘုရင်က နာမည်တပ်၍ မခေါ်မချင်း ဘုရင်သလွန်တော်တွင် အိပ်စက်ခွင့်မရှိ။

ခရစ်ယာန်အသက်တာတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။ ဘုရားသခင် ကိန်းဝပ်ရာဗိမာန်တော်သို့ ဝင်သောအခါ သန့်ရှင်းစင်ကြယ်ရသည်။ အပြစ်အနာ အဆာမဲ့ တကွက်မစွန်းရ (ဧ ၅:၂၇)။

 :၁၅၁၈ ဧသတာသည် အပြင်အဆင်များသာမက ဟေဂဲ၏သွန်သင်ချက်ဖြင့် ဘုရင်သဘော တွေ့မနော ခွေ့အောင်နေတတ်သည်။ ပင်ကိုယ်၌လည်း ဧသတာသည် ရုပ်အဆင်းအင်္ဂါ ချောမောလှပသူဖြစ်သောကြောင့် မိမိအလှတွင် မာန်မာနမတက်ဖို့ သွန်သင်ခြင်းဖြစ်နိုင်သည်။ ရှင်ဘုရင်သည် ဧသတာအား အခြားအပျိုတော်များထက် ဘဝင်ကျစွဲမက်၍ မိဖုရားအဖြစ်တင်မြောက်သည်။ ပွဲလမ်းသဘင် ကျင်းပချီးမြှင့်သည်။ ထိုပွဲလမ်းကိုလည်း ဧသတာပွဲလမ်းသဘင်ဟု ဂုဏ်ပြုခေါ်ဆိုသည်။ တိုင်းပြည်အဝှမ်းတွင် ရုံးပိတ်ရက်သတ်မှတ်ပေးသည်။ ရာဇသရဖူကိုလည်း ချီးမြှင့်၍ အဖိုးတန်လက်ဆောင်များ ပေးအပ်သည်။

:၁၉၂၃ ဒုတိယအကြိမ် အပျိုတော်ရွေးချယ်ပွဲ ကျင်းပသောအခါ မော်ဒကဲသည် တံခါးမှူးဖြစ်နေပြီး ဧသတာသည် မော်ဒကဲ၏လက်ထဲတွင် လူလားမြောက်ကြီးပြင်းလာသူဖြစ်သောကြောင့် ဘထွေး၏စကားကို မြေဝယ်မကျ နားထောင်သူဖြစ်သည်။ သို့သော် နန်းထုံးနန်းဓလေ့ကို မထိခိုက် မပျက်ပြားကြ။ ထိုကာလတွင် အာရွှေရုဘုရင်အား လုပ်ကြံမည့်သတင်းအား မော်ဒကဲက ဧသတာမှတဆင့် ဘုရင်ကြီးထံသို့ သတင်းပေးလက်ဦးခဲ့ကြ၍ သစ္စာဖောက် ဗိဂသန်နှင့် တေရက်တို့အား ဖမ်းဆီးကြိုးမိန့်ပေးခဲ့ရသည်။

ထိုသတင်းစကားသည် တပြည်လုံးသို့ ပျံ့နှံ့သွားသည်။ မော်ဒကဲသည် ဆုလက်ဆောင် ချက်ချင်းမရ။ သို့သော် စိတ်ရှည်စွာ စောင့်သည်။ စောင့်သည့်အတိုင်း ရောက်ရှိလာသည်။ ဘုရားသခင်၏ လူတို့၏ ကောင်းသော အမှုလုပ်ဆောင်ချက်များအား မေ့ရိုးထုံးစံမရှိ။ သမိုင်းဆရာ Herodotus က”ပါရှန်းခေတ်တွင် သစ္စာဖောက်များအတွက် အပြစ်ဒဏ်သည် ကြိုးမိန့်သေဒဏ်တခုတည်းသာရှိသည်” ဟုဆိုသည်။

Previous Article
Next Article