သမိုင်းကြောင်းဆိုင်ရာကျမ်းများမိတ်ဆက်

ဇာတ်လမ်းကောင်း ဖတ်ရှုချင်သော လူသန်းပေါင်းများစွာက တကယ့်ဖြစ်ရပ်မှန်ကို ဖတ်ရှုချင်ကြသည်။ အထူးသဖြင့် ဓမ္မဟောင်းကျမ်းမှ ဣသရေလသမိုင်းကြောင်းကို စိတ်ဝင်စားကြသည်။ ဘုရားသခင်၏ လူများက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တတ်ကြပြီးသည်နောက်ပိုင်း နှစ်ပေါင်းထောင်ချီကာလသမိုင်းကြောင်း ဖြစ်သည်။ (ပရောဖက်ကျမ်းများနှင့် စာကဗျာများမှာ စိတ်ဝင်စားဖွယ်ကောင်းသော်လည်း သမိုင်းကြောင်းဆိုင်ရာ ကျမ်းများလောက် ရှေးမကျ)။

အချို့လူများက သမိုင်းဆိုလျှင် မဖတ်လိုကြ။ ဤစာအုပ်များသည် သမိုင်းကြောင်း သက်သက်မျှသာမဟုတ်။ ထူးခြားသော တကယ့်ဖြစ်ရပ်မှန် မှတ်တမ်းဖြစ်သည်။ သမ္မာကျမ်းစာပါ သမိုင်းသည် “ကိုယ်တော်၏ အကြောင်း” အတ္ထုပ္ပတ္တိလည်း ဖြစ်သည်။ ဟေဗြဲသမိုင်းတစ်စိတ်တစ်ပိုင်းလည်းမဟုတ်ပါ။ ဒုတိယတစ်ချက်အနေဖြင့် ရည်ရွယ်ချက်ရှိသော သမိုင်းကြောင်းဖြစ်သည်။ လမ်းညွှန်ချက်နှင့် ဖျော်ဖြေရေးမဟုတ်။ ယုံကြည်ခြင်းပိုမိုခိုင်မာဖို့ဖြစ်သည်။ ထိုအကြောင်းကို ရှင်ပေါလုက ရော ၁၅:၄ တွင် “ဆုံးမဩဝါဒပေး၍ ရေးထားသည်” ဟု ဆိုပါသည်။

ခွန်အားဖြစ်ဘွယ်ရာ အကြောင်းအရာ အဖြစ်အပျက်မှဦးကို ဘုရားသခင်၏ လူများက ရေးသားကြသည်။ ထိုသို့ ရေးသားနိုင်ရန်လည်း ဘုရားသခင်၏ ဝိညာဉ်တော်က ရူပါရုံဖွင့်ပြသည်။ ဥပမာအားဖြင့် ဒါဝိဒ်၏ဘဝ၊ နိုင်ငံတော်ကွဲသွားကြခြင်း၊ ယုဒလူများတပါးကျွန်ဘဝမှ ပြန်ရောက်လာကြခြင်း စသည်များကို ဝိညာဉ်တော်က ရူပါရုံပေးခြင်းဖြင့် စီရင်ရေးသားခဲ့ကြလေသည်။

၁။ သမိုင်းကြောင်းဆိုင်ရာ

ဘီစီ ၁၄၀၀ မှ ၄၀၀ ခန့်ထိ သို့မဟုတ် ဟေဗြဲသမိုင်းတလျှောက်အကြောင်းဖြစ်သည်။ ထိုသမိုင်းကာလကို သမိုင်းဦးကာလ (သို့မဟုတ်) ဘုရားဦးဆောင်သည့်ခေတ် (ဘီစီ ၁၄၀၅-၁၀၄၃)၊ သက်ဦးဆံပိုင်ခေတ်(ဘီစီ ၁၀၄၃-၅၆၈) သို့မဟုတ် ရှောလုမင်းမှ ယေရုရှင်လင်ပျက်စီးချိန်နှင့် ပြန်လည်နိုးထသည့်ခေတ်(ဘီစီ ၅၄၆မှ ၄၂၀)ဟူ၍ အကြမ်းဖျဉ်း(၃) ခေတ်ပိုင်းခြားနိုင်သည်။

၁။ သမိုင်းဦးကာလစာအုပ်များ

ဒီမိုကလေရစီဟူသော စကားသည် ဂရိဝေါဟာရဖြစ်၍ ပြည်သူများအုပ်စိုးခြင်းဟု အဓိပ္ပါယ်ရသည်။ သမိုင်းဦးခေတ်သည် သီဩကရေစီ(Theocracy) ခေတ် ဘုရားသခင်ကိုယ်တိုင် တိုက်ရိုက်အုပ်စိုးသည့်ခေတ် ဖြစ်သည်။ ရှေးဣသရေလခေတ် ယောရှုမှ ရှောလု (ဘီစီ ၁၄၀၅-၁၀၄၃) ခေတ်အထိကို ဘုရားသခင်က တိက်ရိုက် အုပ်စိုးသည်။

ထိုခေတ်ကာလနှင့်ပတ်သက်သည့်ကျမ်းစာစောင်များတွင် ယောရှုမှတ်စာ၊ တရားသူကြီးမှတ်စာနှင့်ရုသ ဝတ္ထုတို့ပါဝင်သည်။

(က) ယောရှုမှတ်စာ

မောရှေသေဆုံးချိန်တွင် ယောရှုက အရိုက်အရာဆက်ခံသည်။ ထိုအချိန်မှစ၍ ယောရှုသည် စစ်ခေါင်းဆောင်လည်း ဖြစ်လာသည်။ ယောရှုသည် ဣသရေလတို့၏ ရန်သူ ဖိလိတ္တိတို့ကို စိမ်ခေါ် တိုက်ခိုက်ခြင်းဖြင့် ဘုရားသခင်၏ အလိုတော်ကိုနာခံသည်။ စာအုပ်ပထမပိုင်းသည် ဣသရေလလူ(၁၂)မျိုးတို့ နယ်မြေခွဲဝေပုံအကြောင်း ဖြစ်သည်။

() တရားသူကြီးမှတ်စာ

ဣသရေလလူများသည် ဘုရားသခင်၏ စကားတော်ကို နာခံခြင်းမရှိ ပုန်ကန်ကြသောကြောင့် ရုပ်တုဆင်းတု ဝါဒီ ဖိလိတ္တိတို့ လက်အောက်သို့ ကျရောက်သွားသည်။ တပါးအမျိုးသား(၇)ပါးတို့၏ ဖိနှိပ်အနိုင်ကျင့်မှု ဒဏ်ခံကြရသည်။ တစ်ချက်တလေ စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်သည်မှလွဲ၍ ဖတ်ချင့်စဘွယ် ကောင်းပါသည်။ ဘုရားသခင်၏ စကားနားမထောင်လျှင် ပြစ်ဒဏ်ခံရသည့်သင်ခန်းစာများပါသည်။

() ရုသဝတ္ထု

တရားသူကြီးများ မှတ်စာနောက်မှကပ်ပါလာသည့် နှစ်လိုဖွယ်ရာ ဆည်းဆာတေးကဗျာဖြစ်သည်။ ဝိညာဉ်ရေးရာ မဟူရာညလယ်ယံမှာ ဘုရားတရားကို သိရှိဆည်းကပ်သူ၏ ဘဝအလှအကြောင်း ဖြစ်သည်။

၃။ သက်ဦးဆံပိုင်မင်းများစာအုပ်

သက်ဦးဆံပိုင်ခေတ်ကာလကို (ဘီစီ ၁၀၄၃-၅၈၆)စာအုပ် (၃)အုပ်ဖြင့် ရေးသားထားသည်။ ခေတ်သစ်ကျမ်းမူများက (၆)အုပ်အဖြစ် ပိုင်းခြားထားကြသည်။

(က) ဓမ္မဏရာဇဝင် (/ဒု)စောင်

ဓမ္မရာဇတင် (ပ/ဒု)စောင်တွင် ရှမွေလ၊ ရှောလု၊ ဒါဝိဒ်တို့ကို ဇာတ်ဆောင်များ အဖြစ်မြင်တွေ့ရသည်။ ရှမွေလက ဣသရေလ၏ ပထမဆုံးရှင်ဘုရင်ရှောလု ဆီလူးဘိသိက်ပေးသူဖြစ်၍ ရှောလုကို ဆက်ခံသော ရှင်ဘုရင်ဒါဝိဒ်တို့၏ အဖြစ်သနစ်စုံပါဝင်သည်။

() ဓမ္မရာဇတင် (/)စောင်

ရုပ်တုကိုးကွယ်သူ တစ်ပါးအမျိုးသမီးကို မိဖုရားမြှောက်သည့် ဒါဝိဒ်၏သားတော် ရှောလမုန်ဘုရင်၏ ဝိညာဉ်ရေးရာပျောက်ဆုံးပုံ ရေးထာသည်။ ရှေလမုန်၏သားယေရောဗောင် လက်ထက်တွင် တောင်ပိုင်းယုဒနိုင်ငံနှင့် မြောက်ပိုင်းဣသရေလနိုင်ငံအဖြစ်ပြိုကွဲ၍ တောင်ပိုင်း၌ မင်းကောင်းမင်းမြတ်များနှင့် မင်းဆိုးမင်းညစ်များ ပေါ်ထွန်းခဲ့သော်လည်း မြောက်ပိုင်း၌ မင်းဆိုးမင်းညစ်များသာ စိုးမိုးခဲ့သည်။ ဘီစီ၇၂၂ ခုနှစ်တွင် မြောက်ပိုင်နိုင်ငံသည် တိုင်းတပါးတို့၏ ဖျက်ဆီးခြင်းခံရ၍ တောင်ပိုင်းနိုင်ငံသည် တောင်ပိုင်းနိုင်ငံသည် ဘီစီ၅၈၆ ခုနှစ်တွင် ပြည်ပသိမ်းပိုက်ခြင်းခံရသည်။

() ရာဇဝင်ချုပ်

ဟေဗြဲကျမ်းစာအုပ်တွင် နောက်ဆုံးကျမ်းဖြစ်သည်။ အာဒံမှအစပြု၍ တောင်ပိုင်းနိုင်ငံကျဆုံးခြင်းတွင် နိဂုံးချုပ်သည်။ ဟေဗြဲသမိုင်းတွင် အကောင်းမြင်ဖြင့် ရေးထားသည်။ ဒါဝိဒ်မင်း၏ မဟာပြစ်မှုကြီးနှင့် မြောက်ပိုင်းနိုင်ငံ၏ ပုန်ကန်မှုများ ချန်လှပ်ထားသည်။

၄။ ပြန်လည်နိုးထသည့်ခေတ်

ဗာဗုလုန်နိုင်ငံသို့ နှစ်ပေါင်း(၇၀)ကျွန်ခံသည့် နောက်ပိုင်းတွင် တဖန် ဘုရားသခင်က ဦးဆောင်ပြီးလူနည်းစု အုပ်စိုးသည့်ခေတ်၊ ထိုမှတဆင့် တပါးအမျိုးသား ပါရှား၊ ဂရိ၊ ရောမတို့ လက်အောက်သို့ ကျရောက်ခဲ့သည်။ ဘီစီ ၅၃၆-၄၂၀ ထိကြာရှည်ခဲ့သည်။

(က) ဧဇရ

ဘီစီ ၅၃၆ ခုနှစ်တွင် ကုရုမင်းက ယုဒလူများအား မိမိတို့နေရပ်ဌာနေသို့ ပြန်ခွင့်ပေးသည်။ ဇေရုဗဗေလ ခေါင်းဆောင်မှုဖြင့် လူပေါင်း ၅၀,၀၀၀ ခန့်ပြန်လာကြပြီး ဗိမာန်တော်ပြန်ဆောက်ကြသည်။ ဘီစီ ၄၅၈ ခုနှစ်တွင် ဧဇရက လူပေါင်း ၂၀၀၀ ခန့်ထပ်မံခေါ်လာသည်။

() နေဟမိမှတ်စာ

ဘီစီ ၄၄၄ ခုနှစ်တွင် ပါရှားဘုရင်က ယေရုရှလင်မြို့ရိုးအား ပြန်လည်တည်ဆောက်ခွင့်ပြုသည်။ ဗိမာန်တော်လည်း ပြန်လည်ဆောက်လုပ်ခွင့်ပေးသည်။ မြို့ရိုးပြန်လည်တည်ဆောက်ပြီးကြသောအခါ ဧဇရနှင့် နေဟမိတို့သည် ဣသရေလလူများအား မျိုးချစ်စိတ်ပြန်လည်နိုးကြားဖို့ ဆော်ဩကြသည်။

() ဧသတ္တာ

ဤဝတ္တုသည် အမျိုးသားပြန်လည် နိုးထခြင်း နောက်ဆုံးစာအုပ်မဟုတ်ပါ။ ဧဇရကျမ်း အခန်း ၆ နှင့် ၇ အကြားကာလမှ အဖြစ်အပျက်ဖြစ်သည်။ ဇာတိချက်ကြွေမွေးရပ်မြေသို့ ခြေချခြင်း၏ သုခမင်္ဂလာကို ဖော်ကျူးချင်သောကြောင့် နောက်ဆုံးတွင် ထားရှိဟန်တူသည်။ ဧသတ္တာဝတ္တုတွင် ဇာခန်းဆီးနောက်ကွယ်မှ ဘုရားသခင်၏အမှုတော်တွေ့မြင်ရသည် (ဤစာအုပ်တွင် ဘုရားသခင်၏နာမတော်ကို တလုံးတပါဒမျှ ဖော်ပြထားခြင်းမတွေ့ရ)။ ဘုရားသခင်က သူ့လူများအား ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးမှ ကာကွယ်သည်။ သူရဲကောင်း ယုဒမိဖုရားနှင့် သူ့ဦးလေး မော်ဒကဲတို့အား ဘုရားသခင်က လူမျိုးတော်အတွက် အသုံးပြုပုံ ရေးသားထားသည်။

မှတ်စု

၁။ ဘုရားသခင်ဦးဆောင်သည့်ခေတ်အကြောင်းကို Calvin’s Geneva (150’s) နှင့် Puritun New England (1600’s) တို့က ပြန်လည်နိုးထစေဖို့ ကြိုးစားခဲ့ကြသည်။