သမ္မာကျမ်းစာပါ အဓိကပဋိညာဉ်များ

ဧဒင်ဥယျာဉ်ပဋိညာဉ် (က :၂၈၃၀၊ :၁၆၁၇)

ဧဒင်ဥယျာဉ်မှ လုပ်ဆောင်ရမည့် ဝတ္တရားဖြစ်သည်။ များပြားစွာမွေးဖွားကြ၍ တစ်ကမ္ဘာလုံး ပျံ့နှံ့ စေကြမည့် အကြောင်းဖြစ်သည်။ တိရစ္ဆာန်အပေါင်းကိုလည်း အုပ်စိုးခွင့်ပေးထားသည်။ မြေကြီးကို ထွန်ထက်စိုက်ပျိုးရမည်။ ခြံထွက်သီးနှံများ စားသုံးခြင်းဖြင့် အသက်ရှင်ရမည်။ အဆိုးနှင့်အကောင်း ခွဲခြားသိ မြင်နိုင်သော အသီးမှလွဲ၍ အခြားအသီးအနှံများ စားသုံးခွင့်ပြုထားသည်။ ထိုစကားသည် လူသား၏ နာခံမ၍ကို ဆန်းစစ်ခြင်းဖြစ်သည်။ နှုတ်ကပတ်တော် မနာခံခြင်းသည် သေခြင်းအပြစ်ဒဏ် ခံစားရာဖြစ်သည်။

 

အာဒံသို့ပဋိညာဉ် (က ၁၄၁၉)

          နာခံမှုဆန်းစစ်ခြင်း ကျရှုံးပြီးနောက် ဘုရားသခင်က မြွေကို ကျိန်ခြင်း အင်္ဂလာပေးသည်။ မြွေနှင့် မိန်းမအကြား၊ စာတန်နှင့် ခရစ်တော်အကြား ရန်ငြိုးရှိကြသည်။ စာတန်က ခရစ်တော်အား ထိခိုက်ဒဏ်ရာ ရစေသော်လည်း အဆုံးတွင် ခရစ်တော်ကသားလျှင် အောင်ပွဲဆင် အနိုင်ရသည်။ မိန်းမသည် မီးဖွားသောအခါ နာကျင်သောဝေဒနာ ခံစားရမည်။ ထို့အပြင် စာတန်၏ လှည့်ဖျားမှု မခံရစေရန် လင်ယောက်ျား၏ အနီးကပ်ကွပ်ကဲမှုအောက်၌ ရှိရမည်။ မြေကြီးကိုလည်း အင်္ဂလာသင့်စေသည်။ လူသည်လည်း ဆူးခြုံတောကို ခုတ်ထွင်းရှင်းလင်း ထွန်ယက်စိုက်ပျိုးရသည်။ ချွေးဒီးဒီးကျ၍ ပင်ပန်းနွမ်းနယ်စွာ လုပ်ဆေင်ရသည်။ ပြီးလျှင် အစမူလနေရာ မြေကြီးဘဝသို့ ပြန်သွားရသည်။

 

နောဧသို့ပဋိညာဉ် (က :၂၀:၂၇)

နောက်တဖန် ရေလွှမ်းမိုးခြင်း ဘေးဒစ်ကြီး မသက်ရောက်ရဟု ဘုရားသခင်က နောဧအား ပဋိညာဉ်ပြုသည်။ ထိုသို့ မသက်ရောက်သည့်ကြောင်းကို သက်တံဖြင့် နိမိတ်သက်သေပြခဲ့သည်။ သို့သော် ထိုပဋိညာဉ်သည် လူ့လောက အစိုးရနှင့်လည်း သက်ဆိုင်သည်။ အချိန်ရာသီကာလနှင့်လည်း အကြုံးဝင်သည်။ ကမ္ဘာမြေပေါ်တွင် လူဦးရေ ပြန်လည်များပြား ပြန့်ပွားမည့်အကြောင်းနှင့် သတ္တဝါများ အပေါ် လွှမ်းမိုး အုပ်စိုးမည့်အကြောင်းလည်း ဖြစ်သည်။ နောဧခေတ် ရေလွှမ်းမိုးခြင်းမတိုင်မီ လူသည် သက်သတ်လွတ်စားနေကြရာမှ ယခုအခါ အသွေးအသားစားသုံးလာကြသည်။ နေဧ၏သားစဉ်မြေးဆက်တွင် ဟာမ၏သားမြေးများသည် ကျိန်ခြင်းအင်္ဂလာသင့်ကြသည်။ ရှေမနှင့် ယာဖက်၏ သားမြေးများတွင် အစေခံ ကျွန်ခံကြရသည်။ ရှေမသည် ကောင်ကြီးမင်္ဂလာခံရသည်။ အဘယ်ကြောင့်ဆိုသော် ရှေမမျိုးရိုးစဉ်ဆ်ကမှ မေရှိယသခင် ပေါ်ထွန်းလာသည်။ ယာဖက်မိသားစု စဉ်ဆက်သည်လည်း ရှေမ၏တဲတော် အရိပ်ခိုးလှုံခွင့် ရကြသူများဖြစ်သည်။

 

အာဗြဟံသို့ပဋိညာဉ် (က ၁၂:၃၊ ၁၃:၁၄၁၇၊၁၅:၈၊ ၁၇:)

အာဗြဟံသို့ပြုထားသော ပဋိညာဉ်သည် ချို့ယွင်းချက်မထား၊ ပြည့်စုံသော ကတိတော်များဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က မီးခိုးထွက်သောမီးဖို၊ မီးထါန်းလင်းသော မီးခွက်ကဲ့သို့ ကိုယ်ထင်ပြသခဲ့သည်။ တိစ္ဆာန်များကို တစ်ကောင်တစ်ကောင်ကို ထက်ဝက်စီ ခြမ်း၍ ခွဲသော အသားကို တစ်ဘက်တစ်ချက်စီ၌ ထားသည် ကိုလည်းတွေ့ရသည် (က ၁၅:၁၂-၂၁)။ ထိုသို့ တိရစ္ဆာန်တစ်ကောင်အား နှစ်ခြမ်းခွဲခြင်းသည် တခြမ်းစီရှိလျှင် မပြည့်စုံ။ နှစ်ခြမ်းပေါင်းမှ တစ်ကောင်ပြည့်စုံသည့် လက္ခဏာဖြစ်သည်။ ထိုကဲ့သို့ပင် ဘုရားသခင်က အာဗြဟံသို့ ပြုထားသည့် ပဋိညာဉ်သည် နှစ်ဦးနှစ်ဖက် ပြည့်စုံသည့်အကြောင်း ဖြစ်သည်။ ထိုစကားဖြင့် အာဗြဟံ၏ ယုံကြည်ခြင်းခိုင်မာပုံကို နားလည်နိုင်သည်။

ဘုရားသခင်၏ ရှေးဦးလူသားများသည် ဤပဋိညာဉ်အား ချို့ယွင်းချက်ရှိသော ပဋိညာဉ်ဖြစ်ကြောင်း မကြာခဏ ဆင်ခြေတတ်ကြသည်။ ကတိတော်မြေနှင့် ပတ်သက်၍ ပြောချင်ကြသည်။ ကောင်းကြီးမင်္ဂလာနှင့် ပတ်သက်၍ အသင်းတော်သာလျှင် ကောင်းကြီးမင်္ဂလာဖြစ်ပါသလား၊ ဣသရေလများအတွက် မကျန်ရှိတော့ဘူးလား ဟု ဆိုချင်ကြသည်။

အာဗြဟံသို့ ပြုထားသော ပဋိညာဉ်သည် အာဗြဟံနှင့် သားစဉ် မြေးဆက်တိုင်အောင် တည်တံ့၍ အောက်ပါအချက်များ ပါဝင်သည်။ လူမျိုးတော် (ဣသရေလ)၊ ပုဂ္ဂိုလ်ရေးအရ အာဗြဟံသည် ကောင်းကြီးမင်္ဂလာဖြစ်သည်။ ကိုယ်တိုင်မင်္ဂလာနှင့်ပြည့်ဝသည့်အပြင် အခြားသူများသို့လည်း ဝေငှနိုင်သည် (၁၂:၂)။ အာဗြဟံနှင့်ဆက်နွယ်သူများသည် ကောင်းကြီးမင်္ဂလာ မျှဝေခံစားကြ၍ အာဗြဟံ၏ ရန်သူများသည် ကျိန်ခြင်းအမင်္ဂလာခံစားကြသည်။ ကောင်းကြီးမင်္ဂလာခံစားကြသည့်အကြောင်းကို ခရစ်တော် ဖွားမြင်တော်မူခြင်းဖြင့် ပြည့်စုံသွားသည်(၁၂:၃)။ နောင်တွင် ဣသရေလနှင့် ပါလက်စတိုင်းနယ်မြေဟု လူသိများလာသော ခါနာန်မြေအား အစဉ်ပိုင်ခွင့် ပေးထားသည်(၁၃:၁၄၊၁၅၊၁၇)။ မရေတွက်နိုင်သော နောင်လာနောက်သား၊ သားမြေးများ ဝိညာဉ်အမွေရကြသည်(၁၃:၁၆၊ ၁၅:၅)။ တိုင်းနိုင်ငံများ၊ လူမျိုးများနှင့် ဣဇာက်တို့၏ ဖခင် (၁၇:၄-၆)၊ ဘုရားသခင်နှင့် အထူးမိဿဟာယပြုခွင့် (၁၇:၇) ရရှိသည်။

 

မောရှေသို့ပြုသောပဋိညာဉ် (ထွ ၁၉:၅၊ ၂၀:၃၁:၁၈)

ဤပဋိညာဉ်သည် ကျယ်ပြန့်နက်နဲသည်။ မောရှေပဋိညာဉ်တွင် ပညတ်တော်ဆယ်ပါးလည်း ပါဝင်သည်။ လူများက ဘုရားသခင်အပေါ်ပြုရမည့် နည်းနာဝိထုံးများနှင့် အချင်းချင်းအပေါ်ပြုရမည့် ကျင့်ဝတ်များလည်း ပါဝင်သည် (ထွ ၂၀:၁-၂၆)။ ဣသရေလများ ယဉ်ကျေးမှုတွင် လိုက်နာလုပ်ဆောင်ရမည့် ပြဋ္ဌာန်းချက်များလည်း အများအပြားပါဝင်သည် (ထွ ၂၁:၁-၂၄:၁၁) အာသာရေးနယ်ပယ်၌ ဝတ်ပြု ကိုးကွယ်ရာတွင် လိုက်နာရမည့် ကျင့်ထုံးလည်း အသေးစိတ်ရှင်းပြထားသည် (ထွ ၂၄:၁၂-၃၁:၁၈)။ ဤပြဋ္ဌာန်းချက်များသည် တစ်ပါးအမျိုးသားများထံသို့မဟုတ်ပါ။ ဣသရေလလူမျိုးသို့ပြဋ္ဌာန်းခြင်းဖြစ်သည်။ ထိုပဋိညာဉ်တွင် ချို့ယွင်းချက်များတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် လူက လိုက်နာဖို့လိုသည်။ လူသည် အားနည်းချက်ရှိသူများဖြစ်သောကြောင့် အကုန်အစင် အပြည့်အဝ မလိုက်နာနိုင် (ရော ၈:၃)။ ပညတ်တော်ဆယ်ပါးသည် ကယ်တင်ခြင်းအတွက် ရွည်ရွယ်ထုတ်ပြန်ခြင်းမဟုတ်။ လူတို့၏ အပြစ်ဒုစရိုက်များကို တွေ့မြင်ရန်မှန်ထောင်ပြခြင်းဖြစ်ညသ်။ ဥပုသ်နေ့ အကြောင်းမှလွဲ၍ ပညတ်တော် ဆယ်ပါးမှ အခြား အချက်(၉)ချက်ကို ဓမ္မသစ်ကျမ်းတွင် ထပ်မံရှင်းပြထားသည်။ သို့သော် ပညတ်ချက် သက်သက် မဟုတ်။ အပြစ်ဒဏ်နှင့် တွဲလျက်ပါရှိသည်။ သို့သော်လည်း ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းအာမ ခံချက် ရရှိထားသူများအတွက် တွေးပူစရာမဟုတ်၊ ခရစ်ယာန်များသည် ပညတ်တရားအောက်မှာ ရှိနေကြသူများမဟုတ်ပါ။ ကျေးဇူးတော်အောက်မှာ ရှိနေသူများဖြစ်သည်။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာ အားဖြင့် သာ၍အဆင့်မြင့်သော ဘဝသို့ရောက်သူများဖြစ်သည်။

 

ပါလက်စတိုင်းသားများသို့ပဋိညာဉ် (​တရား ၃၀:)

ဤပဋိညာဉ်သည် အာဗြဟံသို့ ပြုထားသော ကတိတော်မြေနှင့် ဆက်စပ်သည်။ “အဲဂုတ္တုမြစ် (ထိုမြစ်သည် နိုင်းလ်မြစ်မဟုတ်၊ စမ်းချောင်းတစ်ခုဖြစ်သည်)မှ ဥဖရတ်မြစ်” (က ၁၅:၁၈) ထိ ကျယ်ပြန့်သည်။ ထိုကတိတော်မြေသည် ယနေ့ထက်တိုင် ဣသရေလတို့လက်ဝယ်၌ မရှိသေး။ ရှောလမုန်ဘုရင် လက်ထက်တွင် အရှေ့အရပ်တိုင်းပြည်များမှ အခွန်ဘဏ္ဍာဆက်သကြသည် (၃ရာ ၄:၂၁-၂၄)။ သို့သော်လည်း အကြွင်းမဲ့ ပိုင်ဆိုင်သည်ဟု မဆိုသာပါ။

ပါလက်စတိုင်းသို့ ပြုထားသောပဋိညာဉ်သည် ဣသရေလလူမျိုးနှင့် ကာလအပိုင်းအခြား ကန့်သတ်ချက် ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ နာခံမှုမရှိကြသောကြောင့် ဖြစ်သည်။ ခရစ်တော်ဘုရား ဒုတိယအကြိမ် ပြန်လည်ကြွလာသောအခါတွင်မူ ကနဦးမြေ၊ ကတိတော်ပြုထားသော မြေပေါ်တွင် ပြန်လည် စုစည်းစည်းရုံးကြမည်။ စိတ်သဘောထားလဲ နူးညံ့လာကြမည်။ (ဘုရားသခင်ကို မြတ်နိုး၍ နာခံခြင်း ရှိကြမည်)။ ထို့အပြင် သူတို့ရန်သူများကိုလည်း ဘုရားသခင်က အရေးယူအပြစ်ဒဏ်ပေးမည်။

 

ဒါဝိဒ်သို့ပဋိညာဉ်ပြုချက် (၂ရာ :၁၉)

ဘုရားသခင်က ဒါဝိဒ်အား ရှင်ဘုရင်အဖြစ် စိုးစံမည်ဟုသာ ကတိတော်မပေး။ ဒါဝိ၏ သားစဉ် မြေးဆက်သည် ရာဇပလ္လင်ပေါ်တွင် စိုးစံမည်ဟု ဆိုထားသည်။ ထိုကတိတော်သည် ချို့ယွင်းချက်မရှိသော ပဋိညာဉ် ဖြစ်သည်။ ထိုသို့ ကတိတော်ပေးခြင်းမှာ ဒါဝိဒ်၏ နာခံခြင်း၊ ဖြောင့်မတ်ခြင်းအပေါ်တွင် မတည်။ ယောသပ်၏ ဘိုးဘွားဘီဘင်ဆွေမျိုးစဉ်ကို ရေတွက်လျှင် ယေရှုခရစ်တော်သည် ရှောလမုန်မင်း၏ သားစဉ်မြေးဆက်တွင် ပါဝင်၍ ဒါဝိဒ်၏ ထီးတော်နန်းမွေတရားဝင် ဆက်ဆံခွင့်ရှိသူ နန်းသွေးပါသူဖြစ်သည် (မ ၁ကိုကြည့်)။

မယ်တော်မာရိ၏ ဘိုးစဉ်ဘောင်ဆက်စာရင်းကကြည့်လျှင်လည်း ဒါဝိဒ်သားစဉ်မြေးဆက် နာသန်မှ တဆင့် ပေါက်ဖွားလာသူဖြစ်သည် (လု ၃)။ အဘယ်ကြောင့် ဒါဝိဒ်၏ ရာဇပလ္လင်သည် ထာဝရတည်မည်ဟု ဆိုနိုင်သနည်း။ ဒါဝိဒ်မျိုးရိုးမှ ပေါက်ဖွားလာသော ယေရှုခရစ်တော်၏ နိုင်ငံတော်သည် ထာဝရတည်တံ့၍ ခရစ်တော်က နိစ္စထာဝရ အုပ်စိုးသည်။ ကမ္ဘာမြေပေါ်တွင် နှစ်ပေါင်းတထောင်နိုင်ငံတော် တည်ထောင်အုပ်စိုး ခြင်းဖြင့် အစပြုပါမည်။

 

ရှောလမုန်သို့ပဋိညာဉ်ပြုချက် (၂ရာ:၁၂၁၅၊ ၃ရာ :၅၊ ၅ရာ :၁၁၂၂)

ရှောလမုန်သို့ ပြုထားသော ပဋိညာဉ်သည် နိစ္စထာဝရ တည်မြဲသော နိုင်ငံတော် ကတိတော်နှင့် အကြုံးမဝင်။ သို့သော်လည်း ဖခင်ကို အမွေဆက်ခံ၍ ရာဇပလ္လင် ပေါ်တွင် နန်းစံခဲ့သည် (၃ရာ ၈:၄-၅၊ ၆ရာ ၇:၁၇-၁၈) ရှောလမုန်မင်း၏ သားတော်ကောနိယ (ယေခေါနိဟုလည်းခေါ်သည်) သာလျှင် လောက ထုံးတမ်းစဉ်လာအရ ထီးမွေနန်းမွေ ဆက်ခံ၍ ရာဇပလ္လင်ပေါ် စိုးစံခဲ့သည် (ယေ ၂၂:၃၀)။ ယေရှုသည် ရှောလမုန်မင်း၏ သွေးသားမျိုးရိုး မတော်စပ်ပါ။ တနည်းအားဖြင့် ကျိန်ခြင်းအမင်္ဂလာခံသော ယေခေါနိ၏ သားမြေးစဉ်ဆက် မွေးဖွားသူမဟုတ်။

 

ပဋိညာဉ်သစ် (ယေ၃၁:၃၁၃၄၊ ဟေဗြဲ :၁၂၊ လု၂၂:၂၀)

ပဋိညာဉ်သစ်သည် ဣသရေလအနွယ်နှင့် ယုဒအနွယ်နှင့် ယုဒမျိုးနွယ်သို့ ပြုထားသော ကတိတော်ဖြစ်ကြောင်း ရှင်းလင်းပါသည် (ယေ ၁၃:၃) ဖြစ်သည်။ မောရှေသို့ ပြုထားသည့် ပဋိညာဉ်ကဲ့သို့ ဣသရေလတို့က ချိုးဖောက်နိုင်သော ကတိတော်မျိုး မဟုတ်ပါ (ယေ ၃၁:၃၂)။ ချို့ယွင်းချက်မရှိသော ဘုရားသခင်၏ ကတိတော်ဖြစ်သည်။ ဣသရေလမျိုးရိုး (ယေဇ ၃၆:၂၅)တွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်းအောင်းမည် (ယေဇ ၃၆:၂၇)။ ဘုရားသခင်နှင့် လူမျိုးအများအပြား သီးသန့်ဆက်နွယ်ဆက်ဆံခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလလူမျိုးတွင် ရှိကြောင်း လူတိုင်း အသိဖြစ်သည်(ယေ ၃၁:၃၄)။ ဣသရေလတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူသည့် အပြင် အပစ်ဟောင်းများကိုလည်း လုံးဝမေ့လျော့ ပယ်ဖျက်သည် (ယေ ၃၁:၃၄)။ လူမျိုးတော်အဖြစ်ထာဝရ သတ်မှတ်သည် (ယေ ၃၁:၃၅-၃၇)

ယခုချိန်ထိ ပဋိညာဉ်သစ်အား ဣသရေလလူမျိုးတို့ မခံစားကြသေးသော်လည်း ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာသောအခါ အကျိုးကျေးဇူးရရှိကြမည်။ အသင်းတော်သည်လည်း ပဋိညာဉ်သစ်နှင့် သက်ဆိုင်ကြောင်းပွဲတော်မင်္ဂလာဒေသနာအကြောင်းတွင် တွေ့ရသည် (လု ၂၂:၂၀၊ ၁ကော ၁၁:၁၅)၊ ပေါလုကလည်း သူနှင့် အခြားတမန်တော်များသည် ပဋိညာဉ်သစ်နှင့် သက်ဆိုင်သူများဖြစ်ကြောင်း ပြောကြားထားသည် (၂ကော ၃:၆)။