ဗျာဒိတ်ကျမ်း ၂၁
(ဎ)ကောင်းကင်သစ်နှင့် မြေကြီးသစ်(၂၁:၁–၂၂:၅)
၂၁:၁ အခန်း၂၁ နှင့်၂၂ သည် ထာဝရနိုင်ငံတော် တခုတည်းလား သို့မဟုတ် အနှစ်တထောင်အုပ်စိုး ခြင်းနှင့် ထာဝရနိုင်ငံ တော်ပါ ဆက်စပ်သလားဟု မေးဖွယ်ရာရှိသည်။ အနှစ်တထောင်ကာလနှင့် ကာလစဉ်ဆက်သည် နေရာပေါင်းများစွာ တွင် ဆင်တူယိုးမှား ဖော်ပြထားသည်။ ထို့ကြောင့် တမန်တော် ယောဟန်၏ လက်ရာတွင်လည်း အံ့အား သင့်စရာမဟုတ်ပါ။
ဤနေရာတွင် ဖော်ပြထားသော ထာဝရနိုင်ငံတော်ဆိုသည်မှာ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ဆိုလိုပါသည်။ ဟေရှာ ၆၅:၁၇-၂၅ ပါ ကောင်းကင်သစ်၊ မြေကြီးသစ်နှင့် လည်း မရောထွေး စေလိုပါ။အနှစ်တထောင်ကာလတွင် အပြစ်နှင့် အနိစ္စသေခြင်းတရားရှိနေသေးသည်။ ထို့ကြောင့် ထာဝရနိုင်ငံတော် ထဲတွင် စာရင်းမသွင်းနိုင်ပါ။
၂၁:၂ သန့်ရှင်းသော ယေရုရှလင် မြို့တော်သစ်သည် သတို့သမီး မင်္ဂလာဆောင်ရန်ဘုရား သခင့်ထံတော်သို့ ကောင်းကင်ဘုံမှ ဆင်းလာ၏။ ကယ်တင်ခြင်းရရှိသောဣသရေလ မျိုးနွယ်စုများသည်လည်း သီးသန့်မတည်ရှိဘဲ၊ထိုနေရာ သို့ဝင်ရောက်ဆက်ဆံပါရှိကြမည်။ အသင်းတော်(သတိုးသမီး၊ သိုးသငယ်၏ ကြင်ယာတော်:၉)၊ဣသရေလ(:၁၂) တပါးအမျိုးသားများ(:၂၄)တို့ ပါဝင်ကြသည်။
၂၁:၃ ဘုရားသခင်၏တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့ နှင့် အတူကျိန်းဝပ်တော်မူမည်။သူတို့သည် ကိုယ်တော်၏ လူများဖြစ်ကြမည်။ ဘုရားသခင် ကိုယ်တော်တိုင် သူတို့နှင့် အတူရှိမည် ဟူသော ကောင်းကင်သစ်စကားကို ကြားရပြန်သည်။သူ့လူများသည် စိတ်ကူးယဉ် ခဲ့ သည် ထက်ပိုမို၍ ဘုရားသခင်ထက် နီးစပ်ကြမည်။ ပျော်ရွှင် ချမ်းမြေ့ကြမည်။ ဘုရားရှင် ကိုယ်တော်တိုင် ထိုသူများနှင့် အတူ နီးနီးကပ်ကပ် ဆက်ဆံမည်။
၂၁:၄–၅ မျက်ရည်စများကို ဘုရားရှင် တော်သုတ်ပေးမည် ဟု ဆိုထားသည်မှာ ကောင်းကင်ဘုံတွင် ငိုကြွေးခြင်း ရှိသည်ဟု ဆိုခြင်းမဟုတ်။ ဝမ်းနည်း စရာ မရှိ ကြောင်းဆိုလိုသည်။ ဝမ်းနည်းခြင်း၊ငိုကြွေးခြင်း၊သေခြင်း မရှိတော့ပါ။ ဘုရားသခင်၏ လူများအတွက် ဆုံးစရာမရှိ နိစ္စထာဝရ စိုးစံရာ ဖြစ်သည်။
ပလ္လင်တော်မှာ စိုးစံသူက အရာခပ်သိမ်းကို အသစ် ပြုပြင်ပေးသည်။ နှုတ်တော်ထွက်စကားသည် သစ္စာတရားနှင့် ပြည့်စုံသော သမ္မာတရားဖြစ်၍ မြွက်တော်မူ သည့်အတိုင်း ပြည့်စုံသည်။
၂၁:၆ ထာဝရ နိုင်ငံတော်အကြောင်းသည် ယနေ့လူသားများနေထိုင်သော ကမ္ဘာမြေကြီး အား နိဂုံးချုပ်မည့်အကြံအစည် ဖြစ်သည်။ ဂရိဝေါဟာရ အာလဖ နှင့် သြမေဃသည် စကားလုံးအစနှင့် အဆုံး စကားလုံးဖြစ်သည်။ ဖန်ဆင်းရှင် နှင့် ဖန်ဆင်းခံများ၏ ရည်မှန်းချက် ပန်းတိုင်၊ နိဒါန်း နှင့် နိဂုံး၊ တပါးတည်းသော ထာဝရ ဘုရားဖြစ်သည်။ ရေငတ်သူတိုင်း အတွက် အခကြေး ငွေမပေးဘဲ သောက်သုံး နိုင်သော အသက်စမ်းရေ ဖြစ်သည်။
၂၁:၇ လောကကို အောင်မြင်သူများသည် အဖခမည်းတော်နှင့် သားတော်၏ အမွေခံသစ်များဖြစ်ကြသည်။ အထက်ကဖော်ပြပြီးခဲ့သည့်အတိုင်း လောကကို အောင်မြင် သူများ ဆိုသည်မှာ ဘုရားသားတော် ယေရူခရစ်ကို ယုံကြည် သက်ဝင်သူများဖြစ်သည်။ လောကကို အောင်မြင်ခြင်းအကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်းပေတည်း(၁ယော၅:၄)။
၂၁:၈ သို့သော် လူတိုင်းအောင်နိုင်သူမဟုတ်ကြ။ အချို့က သူရဲဘော ကြောင်သည်။ ခရစ်တော်ကို ဝန်ခံဖို့ တွန့်နေသည်။ အပြစ်သား များ၏ ကယ်တင်ရှင် ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခြင်း မရှိ။ မယုံကြည်ကြ။ အပြစ်သားများ၏ (NKJV Marginတွင် အများဆုံးတွေ့ရှိ နိုင်သည်) ကျူးလွန်သော အပြစ်များမှာ ညစ်ပတ်သောအရာများ၊ စိတ်သဘောညစ်ညူး မှု ၊သူတပါးအား မုန်းတီးရန်ရှာ အပြစ်မြင် တတ်သောလူသတ်မှု ၊ ညစ်ညမ်းသော ရမက်ရှိခြင်းနှင့် တဏှာ ဘီလူးများ ၊ ဝိညဉ် ဆိုးများဖြင့် တပါးသူအား အစိမ်းတိုက်ပြုစား ၊အောက်လမ်းနည်း များသုံးခြင်း ၊ရုပ်တုဆင်းတုကိုကိုးကွယ်ခြင်းနှင့် လိမ်လည် လှည့်ဖျား တတ်သော မုသာသမားများသည် မည်သူ မပြု မိမိမှု အတိုင်း ထာဝရမီးအိုင် ဆီသို့ ရောက်ကြရမည်။
၂၁:၉ ဘေးဒဏ်ကြီးဖလားခုနှစ်လုံး ကိုင်ဆောင်သော ကောင်းကင်တမန်ခုနစ်ပါးထဲမှ တပါး က ယောဟန်အား သိုးသငယ်၏ ခင်ပွန်း မင်္ဂလာဆောင် သတို့သမီးကို ခေါ်ပြသည်။ ထိုသတို့ သမီးသည် ယေရုရှလင် မြို့သစ်ကို နီးနီးကပ်ကပ် အသေးစိတ်တွေ့ရသည်။ ထိုနေရာသည် သတို့သမီး စိုးစံရာနေရာ ဖြစ်သည်ဟု ဆိုလိုသည်။
၂၁:၁၀–၁၁ ဝိညာဉ်တော် အားဖြင့် ယောယဟန်အား ကြီးမြင့် သောတောင်ကုန်းပေါ်သို့ ခေါ်ဆောင် သွားရာ၊ယေရုရှလင် မြို့သည် ဘုရားသခင်၏ ဘုန်းတော် နှင့် ပြည့်စုံကြောင်း တွေ့ရသည်။ ကျောက်မျက်ရတနာ အရောင်အသွေး များဖြင့် ဖိတ်ဖိတ်တောက်နေကြောင်း တွေ့ရသည်။
၂၁:၁၂–၁၃ ထိုမြို့ တော်ကို ကြီးမြင့် သော မြို့ ရိုးဖြင့် ဝိုင်းရံထားသည်။ အရပ်မျက်နှာ တဘက်တွင် တံခါးပေါက်သုံ: ခုစီဖြင့် ဆယ့်ခုနှစ်ပေါက်ရှိ၍ ကောင်းကင် တမန်တပါးစီက တံခါးစောင့်နေကြသည် တံခါးစောင့် နေကြသည်တံခါးပေါက် အသီးသီး ၌ ဣသရေလ တဆယ့်နှစ်မျိုး ၏အမည်နာမ ထွင်းထားသည်။
တဆယ့်နှစ်ဟူသော စကားလုံ:ကို ဤအခန်းတွင် (၇) ကြိမ်သုံး၍ ဗျာဒိတ်ကျမ်းတအုပ်လုံးတွင်(၂၁)ကြိမ် သုံ:ထားသည်။ ထိုကိန်းဂဏန်း၏ အဓိပ္ပါယ် မှာ အုပ်စိုးသူမင်း သို့မဟုတ် အသင်းတော်၏ အုတ်မြစ်ပန္နက်များ ဖြစ်သည် ၊(ဧ ၂:၂၀)
၂၁:၁၅–၁၆ ရွှေကျူလုံးဖြင့် တိုင်းတာရာမြို့ တော်သည် ၁၂၀၀၀ ဖာလုံ (၁၄၀၀-၁၅၀၀ မိုင်ခန့်) အလျားအနံအမြင့် ရှိသည်။ ကုဗပုံ သို့မဟုတ် ပိရမစ်ပုံ ပါရှိ ဟန်တူသည်။ စုရုံး ရောက်ရှိလာမည့် ဣသရေလ လူများအတွက် များစွာကျယ်ဝန်းသည်။
၂၁:၁၇ နံရံသည် (၁၄၄) တောင် ဒုထူသည်။ ထိုအတိုင်း အတာ သည် လူ့ရှေ့တွင် ကောင်းကင်တမန် က တိုင်းတခြင်းဖြစ်သည်။ လူ့တိုင်းတာချက်သည် စနစ်အတိုင်းဖြင့် တိုင်းတာခြင်းဖြစ်ကြောင်း(ငယ်၉နှင့်၁၅) အရ သိရသည်။
၂၁:၁၈ နံရံကို နဂါး သွဲ့ ကျောက်ဖြင့် တည်ဆောက်၍ မြို့တော်သည် ရွှေစင်ကဲ့သို့ ဖြစ်သည်ဆို ခြင်းမျာ လူ၏စိတ်ကူးထက်သာခြင်းဖြစ်သည်။
၂၁:၁၉–၂၀ အုတ်မြစ်(၁၂) ခုကို အဖိုးတန် ကျောက်မျက်ရတနာများဖြင့် တည်ဆောက်ထားသည် ဆိုခြင်းမှာ ဣသရေလ တဆယ့်နှစ်မျိုး၏ ယဇ်ပုရောဟိတ် ဆရာကြီးများကို ပုံဆောင်ခြင်း ဖြစ်သည်။ ထိုကျောက် မျက်ရတနာများ၏ အနက်အဓိပ္ပါယ် ကို ဖော်ဆောင်နိုင် စွမ်းမရှိသောကြောင့် ဝိညာဉ်အကြည့်ဖြင့် သိမြင်နားလည်ကြရသည်။
၂၀:၂၁ တံခါးပေါက်တဆယ့် နှစ်ခုအား ပုလဲဖြင့် လုပ်ထားသည် ဆိုခြင်းမှာ အသင်းတော်သည် အဖိုးတန် ပုလဲရတနာ ဖြစ်၍ ကယ်တင်ရှင်ဘုရားက ရှိသမျှကို ရောင်းချ ဝယ်ယူသော လယ်ကွက်(မ၁၃:၄၅-၄၆) ဖြစ်သည်။
မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့ ရွှေစင် ဖြစ်၏ ဟုဆိုထားရာ အပြစ် အနာ ပြောဖွယ်ရာမှဲ့ တပေါက်မစွန်းသော မင်္ဂလာတရားတည်း။
၂၁:၂၂–၂၃ ပြောစရာတခုရှိသည်မှာ ဗိမာန်တော်မရှိခြင်း ဖြစ်သည် အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရားသခင် နှင့် သိုးသငယ်တို့သည် ထိုမြို့တော် ၏ ဗိမာန်တော်ဖြစ်သောကြောင့် တည်း။ နေနှင့်လကိုလည်းမမြင်။ အဘဘုရားသခင်၏ ဘုန်းတန်ခိုးတော်က ထွန်းလင်းစေ၍ သိုးသငယ်သည် ဆီမီးဖြစ်သောကြောင့် တည်း။
၂၁:၂၄ လူမျိုးအပေါင်းတို့ သည် ထိုမြို့၏အလင်း ၌ သာယာနေကြသည်။ လောက အုပ်စိုးသူမင်းများသည် လည်း မိမိတို့ အသေရေ ကို ဘုရားရှင် ထံသို့ ယူဆောင် လာကြသည်။
၂၁:၂၅ ထိုမြို့တော်သည် လုံခြုံ စိတ်ချ ရသဖြင့် တံခါးပေါက်များအား ပိတ်ထားခြင်းမရှိ။နေ့ညဉ့်ဖွင့် လှစ်၍ အချိန်မရွေး ဝင်ထွက်သွားလာနိုင်သည်။
၂၁:၂၆ လူမျိုးအသီးသီးတို့သည် ထိုမြို့တော်သို့ ဝင်လာလျှင် ဘုန်းအသေရေများကို ယူဆောင်လာကြသည်။
၂၁:၂၇ ထိုမြို့တော်သို့ မသန့်ရှင်းသောအရာ တခုမှ မဝင် ရပါ။ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းပါရှိသူများသာ ဥဒ ဟိုဝင်ထွက်သွားနိုင်သည်။