ဗျာဒိတ်ကျမ်း ၂၂

၂၂: တဖန် ကျောက်သလင်းကဲ့သို့ ကြည်လင်သော အသက်စမ်းရေကြည်သည် ဘုရားသခင်နှင့် သိုးသငယ် ပလ္လင်တော်ထဲ ကထွက်လာသည်။ ထို မြစ်တဘက်တချက်နှင့် မြို့လယ်လမ်းမတွင် အသက်ပင်ရှိသည်။ အသီးတဆယ့် နှစ်မျိုးသီး၍ အတားအဆီးမရှိ လူတိုင်းရနိုင်သည်။ အချိန်ရာ သီ မရွေးရရှိနိုင် သော ဘုရားသခင်၏ ထောက်ပံ့စီစဉ်ခြင်း ဖြစ်သည်။ အရွက်များသည်လည်း လူသားတိုင်း၏ အနာရောဂါ များကို ကင်းငြိမ်းစေသဖြင့် လူတိုင်း သည် ကျန်းမာခြင်း သုခချမ်းသာ ခံစားကြရသည်။

          ၂၂: A.T.Piersoriက အောက်ပါအတိုင်း ဆိုထားသည်-

-ကျိန်ခြင်း အမင်္ဂလာမရှိ- အပြစ်လုံးဝအနတ္တကင်း စင်ရာဖြစ်သည်။

-ဘုရားသခင်၏ ပလ္လင်တော်နှင့် သိုးသငယ်ရှိနေသောကြောင့် ပြည့်စုံသော အုပ်စိုးခြင်းရှိသည်။

-ကိုယ်တော် အစေခံများက ထံနီးခစားကြမည် ဖြစ်၍ ချမ်းမြေ့သော အုပ်စိုးခြင်းရှိသည်။

-မျက်နှာ တော်ဖူးမြင်ရ၍ စစ်မှန်သော ဆက်ဆံရေး ဖြစ်သည်။

-နာမတော်အား နဖူးပေါ် ၌ရေးမှတ်သောကြောင့် အဆင်းသဏ္ဍာန်တူကြသည်။

-မှောင်မိုက်ညဉ့်ယံခါ မရှိ၊ ကောင်းကြီးမင်္ဂလာအပြည့် ရှိသည်။

-ထာဝရ ကာလစိုးစံရသောကြောင့် ပြီးပြည့်စုံ သော သုခမင်္ဂလာ တရားတည်း။

()နောက်ဆုံးသတိပေးစကား၊ဖြေသိမ့်ခြင်း၊ ဖိတ်ခေါ်ခြင်းနှင့် ကောင်းကြီးပေးခြင်း၊(၂၂:၂၁)

          ၂၂: ဆက်ဆံရေးကောင်းကင်တမန်တော် ကရှင်ယောဟန်အား ကာလမကြာမြင့်မီ ဖြစ်ပေါ်မည့် ထာဝရဘုရားသခင် စီရင်တော်မူသော အရာများကို ပြသသည်။

၂၂: အဓိက ကျဆုံးသောအရာမှာ မကြာမြင့်မီ ကယ်တင်ရှင်ယေရူသခင်ပြန်လည်ကြွမြန်းလာမည့် အကြောင်း ဖြစ်သည်။ မကြာမီ ပြန်လာမည်ဟု ကတိတော်ပေးထား သည်။ မကြာမီ လည်းဖြစ်နိုင် သည်။ ရုတ်တရက် လည်းဖြစ်နိုင်သည်။ လာမှာတော့ သေချာ သည်။ ထိုပရောဖက်ပြုချက်ကို စောင့်ထိန်းနာခံသူများသည်ဝိသေသကောင်းကြီးမင်္ဂလာ ခံစားရမည်။အသက်ရှင်ခြင်း၏ မျှော်လင့်ချက် အဖြစ် ခံယူရမည်။

၂၂: မြင်သမျှ သောအရာများအတွက် ကျေးဇူးဥပကာရတင်ရှိသောကြောင့် ယောဟန်သည်ကောင်းကင်တမန်ခြေရင်း၌ ရှိခိုးရန် ပြပ်ဝပ်၏။ ကောင်းကင်တမန်ကလည်း သူလည်းဖန်ဆင်းခံ၍ ရှိခိုးခြင်းမပြုရန် တားမြစ်၍ ဘုရားသခင် တပါးတည်းကို သာရှိခိုးရန်ပြောပြသည်။

၂၂:၁၀ ယောဟန်သည် ထိုပရောဖက်ပြုချက်များကို တံဆိပ်မခတ်နှိပ်ထားပါ။အဘယ်ကြောင့် ဆိုသော် ထိုအချိန်အခါ သည်နီးကပ်နေသည်။ ဤနေရာတွင် တံဆိပ်ခတ်နှိပ်ခြင်းဆိုသည်မှာ အချိန်ကာလ ရက်ရွေ့ဖို့ ဖြစ်သည်။

၂၂:၁၂၁၃ တဖန် ကတိတော်ပြုသည် မှာ မိမိ တို့ အကျင့်အတိုင်း ဆုလက်ဆောင်ပေးဖို့ရန် ဘုရား သခင်သည် အလျင်အမြန်လာမည့် အကြောင်း ဖြစ်သည်။ ကိုယ်တော်သည် အာလဖ နှင့် သြမေဃဖြစ်ကြောင်း သူ့ကိုယ်သူ ထပ်မံအတည်ပြုသည်။ အရာ ခပ်သိမ်းသည် ဖန်ဆင်းထားသော အရာများဖြစ်သော ကြောင့် ဖန်ဆင်းရှင် ထံတော်ပါး သို့ ရောက်လာမည်။

၂၂:၁၄ ဤကျမ်းပိုဒ် ကို “ကတိတော် စောင့် ထိန်းသူများ သည် မင်္ဂလာရှိကြ၏” သို့မဟုတ် “ဝတ်ရုံကို ဖြူစင်စွာဝတ်ဆင်သူများ သည် မင်္ဂလာရှိကြ၏” ဟု ရွတ်ဆိုသင့်သည်။ ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်း ရသည် ဟု မဆိုလိုသော်လည်း ယုံကြည်ခြင်းသည် ကယ်တင်ခြင်း ရရှိ မှု ၏ အသီးအပွင့် များဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများသာလျှင် အသက်ပင်နှင့် ဆက်စပ်ပတ်သက်သော ထာဝရမြို့တော်သို့ ဝင်ရောက်ခွင့်ရှိသည်။

၂၂:၁၅ ထာဝရကာလကောင်းကင် နိုင်ငံတွင် ခွေးများ၊ပြုစားတတ်သော စုန်းကဝေများ ၊မတရားသော မေထုန်မှီ ဝဲသူ ၊အသက်သတ်သူ၊ ရုပ်တုကိုးကွယ်သူနှင့် ၏မုသာသမားများ မပါဝင်ပါ။ ဤနေရာတွင် ခွေး ဆိုသည်မှာ ယောက်ျားပြည့်တန်ဆာ များ(တရား ၂၃:၁၈)၊ မသန့်ရှင်းသော တပါးအမျိုးသား(မ၁၅:၂၆)၊ ယုဒဝါဒီများ(ဖိ ၃:၂) ဖြစ်သည်။

၂၂:၁၆ ဘုရားရှင်သည် ဤသတင်းစကားပြောကြားရန် ကောင်းကင်တမန်အား အသင်းတော်များသို့ စေလွှတ်သည်။ ကိုယ်တော်သည် ဒါဝိဒ်၏ အနွယ်၊ နေမထွက်ခင် မိုးကောင်းကင် တခွင်လုံ: အလင်းပေးသော မိုးသောက် ကြယ်ဖြစ်သည်။ အသင်းတော်တွင် ထွန်းတောက်သော မိုးသောက်ကြယ်ကဲ့သို့ ဦးစွာ ခရစ်တော်ပေါ်ထွန်းလာမည်။ ထိုသို့ ပေါ်ထွန်းလာခြင်းသည် အသင်းတော်အားချီဆောင် ဖို့ဖြစ်သည်။ နောက် တခါ ဖြောင့်မတ်ခြင်း နေရောင်ကဲ့သို့ တောက်ပ၍ ကမ္ဘာမြေပေါ် သို့ ရောက်လာမည် (မာလ၄:၂)။

၂၂:၁၇ ဤကျမ်းပိုဒ်ကို အဓိပ္ပါယ် နှစ်မျိုးကောက်ယူနိုင်သည်။ ပထမ အချက်မှာ ဧဝံဂေလိတရား သည် ဝိညာဉ်တော်၊ သတို့သမီးကဲ့သို့ ရောက်လာမည်။ သူတို့ အသံကို ကြားရသူများသည် ခရစ်တော်၏ ကယ်တင်ခြင်းကို အငမ်းမရကြားနာမည့် အကြောင်း ဖြစ်သည်။ သို့မဟုတ် ခရစ်တော်ဘုရား ကြွရောက်လာဖို့ ဆိုတောင်းခြင်း၊ ကယ်တင်ခြင်း မရသူများ အသက်စမ်းရေ(ကယ်တင်ခြင်း) သောက်ဖို့ဖိတ်ခေါ်ခြင်းနှင့် ကိုယ်တော်ကြွလာ ဖို့ အဆင်သင့် စောင့်နေခြင်းဟု ကောက်ယူနိုင်သည်။

၂၂:၁၈၁၉ အကယ်၍တ စုံတဦးသည် ဤဗျာဒိတ်ကျမ်းအား ထပ်မံဖြည့်စွက်လျှင် ဤကျမ်း မှ ကပ်ဆိုးများကို  ထိုသူ့ထံသို့ သက်ရောက်မည်။ ပရော ဖက်ပြုချက်များအား ပြင်ဆင်ဖြည့်စွက်ခြင်း အလျဉ်း မပြုရပါ။ အကယ်၍ နှုတ်ပယ်လျှင် လည်း အလားတူအပြစ်စီရင်ခြင်းမျိုးခံရမည်။အခြားကျမ်းပိုဒ်များ အနက် ဖွင့် ဆိုသကဲ့သို့ ပေါ့ပေါ့ တန်တန် သဘောမထားရ။ ဘုရားသခင် တန်ခိုးမှုတ်သွင်း တော်မူသော သမ္မာကျမ်းစာ ပြည့်စုံရာဖြစ်သည်။ ဤကျမ်းစာ အတွက် အပြစ်ဒဏ်မှာ ထာဝရ ဘဝမှောင်မိုက်ခြင်းဖြစ်သည်။ ထိုသူနှင့် စပ်ဆိုင်သော အသက်ပင်ကို ဘုရားသခင်ဖယ်ရှားမည်(NKJV Margin)။ ဘယ်သော အခါမှထာဝရ အသက်ဆုကျေးဇူးမရနိုင်တော့ပါဟု ဆိုလိုသည်။

၂၂:၂၀ ဗျာဒိတ်ကျမ်းကို ကတိတော်နှင့် ကောင်းကြီးမင်္ဂလာဖြင့် နိဂုံ:ချုပ်သည်။ကတိတော်မှာယေရူခရစ်တော် အလျင်အမြန်ရောက်လာမည်။ မကြာမီ ရောက်လာခြင်းကဲ့ သို့ ချက်ချင်းလည်း ရောက်လာနိုင်သည်။ ရုတ်တရပ် ရောက်လာခြင်းသည် မကြာမီ ရောက်လာခြင်းကဲ့သို့ စိတ်လှုပ်ရှား ဖွယ်ရာ မရှိနိုင်။ရွေးနှုတ်ခြင်း ခံရသူတိုင်းအာမင် ၊သခင်ခရစ်တော် အမြန် ကြွလာပါ ဟုမျှော်လင့်ခြင်းမင်္ဂလာရှိကြရမည်။

ကမ္ဘာဦးကျမ်း သည် သမ္မာကျမ်းစာ၏ အစဖြစ်၍ ဗျာဒိတ်ကျမ်းသည် အဆုံး စာအုပ် ဖြစ်သည်။ပထမဦးဆုံး သမ္မာကျမ်းစာအုပ်၏ အသီးအပွင့်များကို နောက်ဆုံ:တွင်ဤ သို့ ယူဆောင်လာပါသည်။

ကမ္ဘာဦးကျမ်း ဗျာဒိတ်ကျမ်းကောင်းကင်နှင့် မြေကြီး မိုးနှင့် မြေပျက်စီးခြင်း ဖန်ဆင်းခြင်း(က၁:၁) (၂၀:၁၁) ကောင်းကင်သစ်နှင့်မြေကြီးသစ် ဖန်ဆင်ခြင်း(၂၁:၁)

ကမ္ဘာမြေတွင် မာရ်နတ်စတင်ခြင်း(၃:၁-၇)            မီးအိုင်သို့စာတန်မာရ်နတ်ပစ်ချခြင်း(၂၀:၁၀)

အပြစ်တရားဝင်လာခြင်း(၃:၁-၇)             အပြစ်တရားပထုတ်ခြင်း(၂၁:၁၇)

ဖန်ဆင်းသောအရာများကျိန်စာသင့်ခြင်း    ကျိန်ခြင်းအမင်္ဂလာမောင်းထုတ်ခြင်း(၂၂:၃)                                   (၃:၁၇-၁၉)

အသက်ပင်အစောင့်ချခြင်း(၃:၂၄)             အသက်ပင်နှင့် ပုလဲနံပသင့်ခြင်း(၂၂:၂-၁၉)

ဧဒင်ဥယျာဉ်မှ လူသားခါထုတ်ခြင်း                       ပရဒိသုဘုံတွင် လူသားကို ပြန်လည်ကြိုဆိုခြင်း

(၂၂:၁-၇)

ကမ္ဘာမြေတွင် မရဏာ အနိစ္စဝင်ရောက်လာခြင်း      မရဏာထာဝရကွယ်ပျောက်ခြင်း(၂၂:၁-၇)

(၂:၁၇၊၅:၅)

ပထမဦးဆုံ:ထိမ်းမြား မင်္ဂလာအာဒံ(၄:၁)  နောက်ဆုံ: အာဒံ၏ထိမ်းမြားမင်္ဂလာ(၁၉:၇)

လူ့ဘဝသို့ကြေကွဲဝမ်းနည်းမှုရောက်ခြင်း (၃:၁၆)ဝမ်းနည်းမှုပျောက်ခြင်း(၂၁:၄)

          ၂၂:၂၁ ဤအံ့သြဖွယ်ရာ ဗျာဒိတ်ကျမ်း၏ အဆုံ:ဓမ္မသတ်ကောင်းကြီး မင်္ဂလာ၊ ဘုရားရှင်တော်၏ နှုတ်ကပတ်တော်အားဖြင့် ရောက်လာပါပြီ။ မိုးကြိုးသွားမျှထက်မြက်သော နှုတ်ကပတ်တော် အားဖြင့် ငြိမ်သက်ခြင်း သုခချမ်းသာ အမှန်ရကြပါသည်။

သခင်ယေရူခရစ်တော်၏ ကောင်းကြီးမင်္ဂလာသည် ဘုရားသားသမီးများအပေါ် တည်ရှိနေဖို့ ယောဟန်က ဆန္ဒပြုဆုတောင်းပေးပါသည်။ဤ ကျမ်းပိုဒ်နှင့် ပတ်သက်၍ အထူးစိတ်ဝင်စားဖွယ်ရာ(၃)ချက် ရှိပါသည်။

၁။အဓိက ကျမ်း(NU)တွင် ခရစ်တော်၏ကျေးဇူးတော်အား လူတိုင်းပေါ်သို့ သက်ရောက်တည်နေစေလို သည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်း၏ အာဘော်ကို ဘဝင်မကျ၍ အမျက်ဒေါသထွက်သူများ အား မျက်မုန်းတော်ပြေစေလိုသည်။

၂။ (TR,KJV,NKJV)ကျမ်းကို လက်စွဲ သူများ အတွက်လည်း ပိုကောင်းပါသည်။ “ခရစ်တော်၏ ကျေးဇူးတော် သည်အားလုံး၏လိုအပ်ချက်ဖြစ်သည်” ဟုဆိုသည်။ ဗျာဒိတ်ကျမ်း ကြားနားသူနှင့် ဖတ်ရူသူ အများစုသည် စစ်မှန်သော ယုံကြည်သူများဖြစ်သည်။

၃။ သန့်ရှင်းသူများနှင့် အပြစ်သားများအကြားတွင် အကောင်းဆုံးအလင်း ပေးနိုင်မည့် ကျမ်းချက်ကို့MKJV Marginတွင်” ငါတို့ ဘုရားသခင်ယေရူ ခရစ်တော်၏ ကျေးဇူးတော်သည် သန့်ရှင်းသူ များအပေါ် ရပ်တည်နေပါစေသော်။အာမင်” ဟုတွေ့ရသည်။

Previous Article
Next Article