ရောမသြဝါဒစာ ၉
၂။ သတင်းကောင်းဖြန့်ဝေခြင်း–သတင်းကောင်းနှင့် ဣသရေလ (အခန်း ၉–၁ဝ)
(က) ဣသရေလ၏ အတိတ်ကာလ (အခန်း၉)
အခန်း ၉ မှ ၁၁ သည် ယုဒလူများ၏ အမေးစကား ဖြေကြားချက် ဖြစ်ပါသည်။ ”ယုဒလူမျိုးဖြစ်စေ တပါးအမျိုးသားဖြစ်စေ ကယ်တင်ခြင်း၌ အတူတူဖြစ်သည်”ဟူသော ဧဝံရဂေလိ တရားသွန်သင်ချက်သည် ရွေးကောက်တော်မူထားသော လောကလူမျိုးတော် အပေါ်ကတိတော်အား ဘုရားသခင်အား ချိုးဖောက်ခြင်းလားဟူသည့် မေးခွန်းဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ဣသရေလ၏သမိုင်းကြောင်းကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ (၃)မျိုးဖြင့်ရှင်းပြထားသည်။
ဤသင်ခန်းစာတွင်ဘုရားသခင်၏အမှုအရာအာဏာနှင့်လူ့ဝတ္တရားများကို ရှင်းပြထားသည်။ အခန်း ၉ သည် ဘုရားသခင်၏ အချုပ်အချာအာဏာရှင်းပြသော ကျမ်းဖြစ်သည်။ နောက်အခန်း သည် အချုပ်အချာအာဏာနှင့် သမ္မာတရားချိန်ခွင်လျှာညီပုံ လူ့ဝတ္တရားနှင့် ဆက်စပ်ပုံတို့ကို သွန်သင်ထားသည်။
ဘုရားသခင်၏အချုပ်အချာအာဏာနှင့် လူ့ဝတ္တရား
ဘုရားသခင်သည် အချုပ်အချာအာဏာပိုင် ဖြစ်သည်ဟု ဆိုရာတွင် စကြာဝဠာတခွင်လုံး၏ အကြီးအမှူးဖြစ်၍ သဘောတော်အတိုင်း စီရင် ပိုင်ခွင့်ရှိခြင်းဖြစ်သည်။ ဘုရားသခင်ဖြစ်တော်မူသည် အတိုင်း အမှား အယွင်း အပြစ်အနာ၊ မတရာမှုမပြုပါ။ သို့ကြောင့်ဘုရားသခင်သည် ဘုရားသခင် ဖြစ်သည်။ ထိုကိစ္စအတွက် စိုးရိမ်စရာမရှိ။ ဘုန်းတန်ခိုးနှင့် ပြည့်စုံသော သမ္မာတရားဖြစ်၍ဝတ်ပြု ကိုးကွယ်ထိုက်သော အရှင်သခင် ဖြစ်သည်။
ဘုရားသခင်သည်အချုပ်အချာအာဏာပိုင်ဆိုင် တော်မူသည့်အတိုင်း ကိုယ်တော်တိုင် ရွေးချယ်ပိုင်ခွင့်ရှိသည်။ ထိုစကားသည် သမ္မာကျမ်းစာပါ ဘုရားသခင်၏ အချုပ်အချာအာဏာဖြင့် ရွေးကောက်ခြင်းနှင့် အဓိပ္ပာယ် အတူတူဖြစ်သည်။ ကယ်တင်ခြင်းရရှိသူများသည် ရှေးမဆွကပင် ရွေးနှုတ်ခွဲခန့်သူများမှန်လျှင် အလိုတော်ရှိသောကြောင့် ရွေးချယ်ခြင်းဖြစ်ပေသည်။ ကယ်တင်ခြင်းကို ဘုရားသခင်ဘက်က အမှုအရာဖြစ်သည်။ ”ခမည်းတော်ပေးသမျှသည် ငါ့ထံသို့လာကြသည်”ဟု ကျမ်းစကားရှိပါသည်။ ထိုကျမ်း စကားကိုမှီ၍” ငါ့ထံသို့လာသောသူ ဟူသမျှကို တစ်ယောက်မှ မငြင်းပယ်” (ယော ၆:၃၇) ဟုဆိုထား သည်။ ယုံကြည်သူများသည် ကမ္ဘာမတည်မှီကပင် ခရစ်တော်အားဖြင့်ရွေးမှတ်သူများဖြစ်သည် (ဧ၁:၄)။ ယုံကြည်သူတိုင်းသည် အသက်စမ်းရေကိုအခမဲ့ သောက်သုံးသူများ (ဗျာ ၂၂:၁၇) ဖြစ်သည်။ ထိုအကြောင်းကို D.L Moody က ဤသို့ ရှင်းပြသည်။ ကယ်တင်ခြင်းတံခါးနားသို့ ရောက်ရှိလျှင် ”မည်သူမဆို ဝင်ရောက်နိုင်သည်”ဟု လက်ကမ်းဖိတ်ခေါ်ခြင်းခံရသည်။ ဖြတ်သန်း သွားလျှင်” ဘုရားသိသော သူသာဝင်ခွင့်ရသည်”ဟု ဆိုင်းဘုတ်ပြောင်းသွားကြောင်းတွေ့ရသည်။ ယနေ့လူသာများသည်ထိုစကား ဥပမာ အတိုင်း ဖြစ်နေကြသည်။ ထိုတံခါးထဲသို့ အမှန်တကယ် ဝင်ရောက် သူသာလျှင် ကယ်တင်ခြင်းရရှိ ကြသည်။
လူအသီးသီးကို ဘုရားသခင်က မည်ကဲ့သို့ရွေးမှတ်သနည်း။ နေရာတိုင်းရှိသူများကို မည်သို့ကမ်းလှမ်းနိုင်သနည်း။ မည်သည့်တရားက ပိုမှန်သနည်း။ ထိုအမေးကိုအဖြေပေးလျှင် လူ့အတွေးအမြင်ဖြင့် နားလည်နိုင်မည်မဟုတ်။ ဦးစွာ သမ္မာကျမ်းစာကို ယုံကြည် လက်ခံမှသာလျှင် သဘောပေါက်နိုင်မည်။ ထိုအမေးစားနှစ်ခွန်းသည် မျဉ်းပြိုင် ဖြစ်နေသည်။
အချို့က ယေရှုသည် ကယ်တင်ခြင်းရရှိမည့် သူများက ကြိုတင်သိမြင်သည်ဟု ဆိုကြသည်။ (ရော ၈:၂၉) ”ဘုရားသခင်က ကြိုတင်သိရှိ၍ကံကြမ္မာစီရင်ရာ ဖြစ်သည်” ဟူသော ကျမ်းပိုဒ်နှင့် (၁ပေ ၁:၁၂) ”ဘုရားသခင်ကကြိုတင်သိရှိသောကြောင့် စီရင်ခြင်းဖြစ်သည်” ဟူသော ကျမ်းချက်ကို ကိုးကားကြသည်။ ဤနေရာတွင်ဘုရားသခင်က သိရှိခြင်းသည် ကြိုတင် သတ်မှတ်ရာရောက်သည်။ သို့သော် ထိုသို့မဟုတ်။ ဘုရားသခင်ကကယ်တင်ရှင်ကို ယုံကြည်မည့် သူများအား ကြိုတင် မသတ်မှတ်ပါ။ တဦး ခြင်းနှင့်သာသက်ဆိုင်သည်။
ကယ်တင်ခြင်းရရှိသူများသည် ရွေးနှုတ်သူများဖြစ်သော်လည်း အပြစ်ခွဲခန့် စီရင်ထားခြင်း မရှိပ။ သမ္မာကျမ်းစာကရွေးနှုတ်ခြင်းအကြောင်း သွန်သင်ခြင်း မပြုပါ။ သို့သော် အချို့က ”အချို့ကိုကောင်းကြီးပေးဖို့ ရွေးချယ်သည် မှန်လျှင် အခြားသူများကို ပျက်စီးစေချင်သည် မဟုတ်လား” ဟုမေးတတ်ကြသည်။ လူတိုင်းသည်အစကတည်းက ပျက်စီးခြင်း၏သား များဖြစ်နေကြသည်။ ဘုရားသခင်၏ စီရင်သတ်ချက် မဟုတ်ပါ။ ဘုရားသားတော်အတွက် သတို့သမီး လက်တဆုတ်စာကိုသာ ရွေးချယ်ထားသည်မှာ မှန်ပါသလား။ ထိုသို့ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော်လူသည် မိမိတို့ရွေးချယ်မှုကြောင့်ပျောက် ဆုံးကြခြင်းဖြစ်သည်။ မိမိတို့ အပြစ်ကြောင့် ပုန်ကန်ကြသည်။ ကယ်တင်ခြင်း ရရှိလျှင်မူကားဘုရား သခင်၏ကျေးဇူးတော်၌ ရွေးနှုတ်သူများဖြစ်သည်။
ကယ်တင်ခြင်းရရှိသူသည်ဘုရားသခင်၏အချုပ်အချာအာဏာကို ရွေးချယ်တွယ်ဖက်သူများ ဖြစ်သည်။ ပတ်ဝန်းကျင်ကိုကြည့်ရှုလျှင် ကောင်းသောလက္ခဏာကောင်းသော အရည်အချင်း ကောင်းသော ဌာနန္တရများတွေ့ရမည်။ ထိုအခါ ”ဘုရားသခင်ကငါ့ကိုဘာကြောင့် ရွေးသလဲ”ဟု မေးခွန်းထုတ်ကြမည်။
ထိုနေရာသို့ဝင်ရအောင် အဘယ်အသံကို ကြားမိပါလိမ့် လူပေါင်းများစွာ အများရွေးချယ် ကြရာ ပို၍ငတ်မွတ်ကြပါသလား
ရွေးနှုတ်ခြင်းတရားသည် ကယ်တင်ခြင်းမရသူ မယုံကြည်သူများနှင့် မဆိုင်ပါ။ မရွေးချယ် လျှင်လည်း ဘာမှမတက်နိုင်ဘူး”ဟု တွေးာတောစရာမဟုတ်ပါ။ ရွေးနှုတ်ခြင်းသည် အပြစ် နောင်တရ သခင်ယေရှုက ကယ်တင်ခြင်း ဖြစ်သည် (၁သက် ၁:၄-၃)။
ရွေးနှုတ်ခြင်းသည် ဧဝံဂေလိလုပ်ငန်း မပြုသူချင်သူများနှင့်လည်း မသက်ဆိုင်ပါ။ ”အကယ်၍ ရွေးချယ်ရိုးမှန်လျှင် တနည်းနည်းဖြင့် အသက်တာ ပြောင်းလဲကြမည်”ဟု မဆိုအပ်။ ဘုရားသခင် တပါးတည်းလျှင် ရွေးနှုတ်သူများကိုနားလည်သည်။ ဘုရားသခင်က ယုံကြည်သူတိုင်း ကိုကမ္ဘာအနှံ့သို့ ဧဝံဂေလိဟောကြားရန် စေခိုင်းထားပါသည်။ ဘုရားသခင်ဖိတ်ခေါ် ကမ်းလှမ်းခြင်းသည် ရိုးရိုးယဉ်ယဉ်လေး ဖြစ်သောကြောင့် လူသားများက ချက်ချင်းနားမဝင်နိုင်ပါ။ စိတ်နှလုံး မာကြော သောကြောင့် လက်မခံနိုင်ကြ ပါ။
ဤအချက်နှင့်ပတ်သက်၍ ကြောက်လန့်ဖွယ်ရာရှောင်ရှားရန် နှစ်ချက်ရှိသည်။ ပထမအချက်မှာ သမ္မာတရားကို တဖတ်သတ် ဆုပ်ကိုင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားသခင်၏ ရွေးချယ်ခြင်း အခွင့်အာဏာကိုလက်ခံသောကြောင့် ကယ်တင်ခြင်းတရားအခက်အခဲ ရောက်စေခြင်း ဖြစ်သည်။ နောင်တချက်မှာ ဘုရားသခင် ရွေးချယ်မှသာ ကယ်တင်ခြင်းရသည်ဟု တဖက်သတ်အမွှမ်း တင်လွန်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အချုပ်အချာအာဏာနှင့် လူ့အခွင့် အရေးသည် ချိန်ခွင်လျှာ ကဲ့သို့မျှတရကြောင်း ကျမ်းစာက သွန်သင်ထားပါသည်။ ထိုတရားကို လူတိုင်း သဘောပေါက်ဖို့လိုသည်။ အခန်း(၉)သွန်သင် ချက်များကို ဆက်လက် လေ့လာကြပါစို့။
၉:၁ ကယ်တင်ခြင်းတရားသည် ယုဒလူမျိုးနှင့်တပါး အမျိုးသားများ အတွက် ဖြစ်ကြောင်း တမန်တော်ကြီးက ခရစ်တော်ကို တိုင်တည်၍ စကားဆိုသည်။ သို့ကြောင့် ယုဒလူမျိုးများ ယုံကြည် လက်ခံနိုင်ရန် ကျမ်းကျိန်ပြောဆိုပါသည်ဟု စကားပလ္လင်ခံသည်။ မုသားမဟုတ်သစ္စာစကား ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြချက် ဖြစ်ကြောင်းအခိုင်အမာဆိုသည်။
၉:၂ ဘုရားသခင်က ဣသရေလလူမျိုးကို လူမျိုးတော်အဖြစ် ရွေးကောက် ခဲ့သော်လည်း ဣသရေလများ၏ ငြင်းပယ်သည့် အကြောင်းများကို ပြန်လည်စဉ်းစား ဆင်ခြင်သော အခါ လွန်စွာဝမ်းနည်းမိသည်ဟု ဆိုသည်။
၉:၃ ပေါလုကဣသရေလများကယ်တင်ခြင်းရရှိမည်ဆိုလျှင် ကျိန်စာခံရဲသည်။ ယုတ်စွအဆုံး ခရစ်တော်နှင့် ကွေကွင်းပါဆိုလျှင်လည်း ခံဝံ့သည်ဟုဆိုသည်။ ထိုချစ်ခြင်း မေတ္တာမျိုးသည် လူ့ချစ်ခြင်းမေတ္တာ၏ အမြင့်မားဆုံးမေတ္တာဖြစ်သည်။ မိတ်ဆွေအပေါင်းအသင်းများ အတွက် အသက်စွန့်သောမေတ္တာ (၁၅:၁၃) ဖြစ်သည်။ အသက်တာပြောင်းလဲသော ယုဒက အခြားမပြောင်းလဲသေးသူ ယုဒအမျိုးများအတွက် ပေးလှူစွန့်လွှတ်လိုသော အနက်နဲဆုံး မေတ္တာဖြစ်သည်။ ဤကျမ်းပိုဒ်ကမောရှေ၏ ဆုတောင်းခြင်းကို သတိရစေပါသည်။ ”သူတို့အပြစ်ကို လွှတ်ခြင်းငှာ အလိုတော်ရှိလျှင် လွှတ်တော်မူပါ။ သို့မဟုတ် ကိုယ်တော်စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေဖျက်တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ (ထွ၃၂:၂၃)ဟုသူအမျိုးအတွက် ဆုတောင်းခဲ့သည်။
၉:၄ ဣသရေလလူမျိုးသည် ဘုရားသခင်ရွေးကောက်တော်မူသော လူမျိုးတော်ဖြစ်သည်။ သို့သော် မနာခံခေါင်းမာခြင်းကြောင့် အခွင့် အရေးအထူးဆုံးရှုံးကြသည်ကိုတွေးမိတိုင်း ရင်မှာ မချိအောင် နာသည်။
ဘုရားသခင်က ဣသရေလလူမျိုးကို ဘုရားသားများအဖြစ် စီမံခန့်ခွဲသည် (ထွ ၄:၂၂)။ အဲဂုတ္တု ပြည်ကျွန်ဘဝမှရွေးနှုတ်သည်။ (ဟော ၁၁:၁) ဣသရေလတို့၏ဖခင်ဖြစ်သည် (ဝတ်၁၄:၁)၊ ဧဖရိမ်သည်သားဦး ဖြစ်သည် (ယော၃၁:၉) (ဧဖရိမ်သည်မှာ ဣသရေလဖြစ်သည်)။
ဣသရေလများအလယ်တွင်တိမ်ရိပ်သဖွယ် လွှမ်းမိုးခြင်းဖြင့် ဣသရေလတို့နှင့် အတူရှိကြောင်း ထင်ရှားသည်။ လမ်းပြသည်။ ကွယ်ကာသည်။
တပါးအမျိုးသားများတွင် ထိုကဲ့သို့မဆက်ဆံပါ။ ဣသရေလ အမျိုးသားနီးနီးကပ်ကပ် ဆက်ဆံခဲ့သည်။ ပဋိညာဉ်ပြုခဲ့သည်။ အဲဂုတ္တုပြည်မှစ၍ဥဖရတ်မြစ်တိုင်အောင် နယ်နမိတ် သတ်မှတ် ပေးခဲ့သည်(က-၁၅း၁၈)။ ထို့အပြင် ပဋိညာဉ်အသစ်များကိုလည်း ပြုသေးသည်။ နောင်တ၍ အသက်တာ ပြောင်းလဲကြရမည့်အကြောင်း ကောင်းကြီးမင်္ဂလာသွန်းလောင်းမည့်အကြောင်း ကတိတော် ပြုခဲ့သည် (ယေ၃၁:၄ဝ)
ထိုပဋိညာဉ်သည် ဣသရေလလူမျိုးနှင့်သာဆိုင်သည်။ ထိုလူမျိုးအတွက်ဖြစ်သည်။
ပွဲတော်၊ ဗိမန်တော်နှင့်စားပွဲတော် အမှုများသည်၎င်း ယဇ်ပရောဟိအမှုသည်၎င်း ထိုဣသရေလ အမျိုးနှင့်သာဆိုင်သည်။
ထိုကတိတော်များအပြင် မရေမတွက်နိုင်သောအသေးစိတ်ကတိတော်၊ ငြိမ်သက်ခြင်း၊ လုံခြုံခြင်း ကြွယ်ဝခြင်း ကတိတော်များကိုလည်း ပေးထားသေးသည်း။
၉:၅ ယုဒလူမျိုးတွင် ဘုရားသခင်နှင့် ရင်းနှီးသောအာဗြဟံဣဇာက်၊ ယာကုပ်နှင့် ယောသပ်၏သား(၁၂)ပါးအစရှိသော ဘိုးဘွားများလည်းရှိကြသည်။ ထိုဘိုးအေကြီးများသည် လူမျိုး နွယ်စု၏ ဖခင်ကြီးများဖြစ်သည်။ ထိုသူများသည် ခရစ်တော်ဘုရားမေရှိယအဖြစ်လူ့ လောကသို့ မကြွလာခင်ကတည်းက သိကျွမ်းသူများဖြစ်သည်။ ခရစ်တော်သည် ထိုသူများနှင့် ဇာတိအားဖြင့် ဆက်နွယ်သူလည်း ဖြစ်သည်။ အချို့ကျမ်းမူများတွင်မူ ဤကျမ်းစကားထက်အားပျော့သည်။ R S V ကျမ်းကမူ ထိုလူမျိုးနွယ်ထဲတွင် ခရစ်တော်ဇာတိခံယူတော်မူသည်ဟု ဆိုသည်။ ဂရိကျမ်းမူကလည်း ထိုစကားကို မငြင်းပယ်သော်လည်း KJV, NKJV များနှင့်ယှဉ်ဖတ်သင့်သည်။
၉:၆ ဓမ္မအယူအဆ ပြဿနာတင်ပြထားသည်။ ဘုရားသခင်သည် လူမျိုးတော်အဖြစ် ရွေးကောက်ထားသော လူမျိုးတော်ကသခင် ယေရှုရောက်လာသောအခါ လက်မခံငြင်းပယ်ကြ သောကြောင့်ထိုရွေးကောက်တော်မူခြင်း ကတိတော်ကို ပြန်လည်ဖျက်စီးသလား။ သားများကို အစားထိုး ခန့်အပ်သလား။ ထိုသို့ဆိုလိုခြင်းမဟုတ်။ ဘုရားသခင်၏ အချုပ်အချာအာဏာသည် ခိုင်မြဲကြောင်း ပြသလိုခြင်းဖြစ်သည်။ ဣသရေလလူမျိုးထဲတွင်မွေးဖွားသူတိုင်းသည် ဣသရေလတို့ ပြုထားသော ကတိတော်အား ခံယူအပ်သူများမဟုတ်။ အမှန်တကယ်ယုံကြည်သူများကိုသာ သိမှတ် ပါသည်။
၉:၇ အာဗြဟံ၏သားသမီးတိုင်းသည် အဖေ့ခြေရာနင်းသော သားများမဟုတ်ပါ။ ဥပမာအားဖြင့် ဣရှမေလသည်အာဗြဟံ၏ မျိုးရိုးသည်ဣရှမေလသို့မစီး။ ဣဇာက်သို့စီးဆင်းသည်။ ”ဣဇာက်နှင့်သာအမျိုးတည်လိမ့်မည်” (က ၂၁:၁၂)ဟုကတိတော်ရှိခဲ့သည်။ ဤအကြောင်းနှင့် ပတ်သက်၍ ၄:၁၂ ပါမယုံကြည်သူ ယုဒများသို့ ပြောသောစကားကို ဖတ်ကြည့်ပါ။ ”ငါတို့သည် အာဗြဟံ၏သားများဖြစ်ကြသည်—” (ငယ် ၃၃)ဟု ဆိုကြရာ ပေါလုက ”အာဗြဟံ၏သား ဖြစ်ကြမှန်း ငါသိပါသည်” (ငယ်၇) ဟုဆိုသည်။ အကယ်၍အာဗြဟံ၏သားမြေးမှန်လျှင် အာဗြဟံ၏ ယုံကြည်ခြင်းမျိုးရှိရမည်ဟု တောက်ပြခဲ့သည် (ငယ်၉)။ တမျိုးပြောရလျှင် ထိုသူများသည် အာဗြဟံ၏သားများ မှန်သော်လည်း ဖအေခြေရာနင်း သူများမဟုတ်။
၉:၈ သို့ကြောင့် အာဗြဟံ၏သားမြေးစဉ်ဆက်ဟု ဆိုရာတွင်လူ့သဘာဝအားဖြင့် သားမြေးစဉ် ဆက်တော်စပ်ရုံမျှဖြင့် မလုံလောက်။ ဣသရေလ လူမျိုးသည်ရွေးကောက်တော်မူသော လူမျိုး ဖြစ်သည် နှင့်အညီယုံကြည်ခြင်း၌ လည်းတော်စပ်သော သားသမီးဖြစ်သင့်သည်။ ဘုရားသခင်က အာဏာဖြင့် ရွေးချယ်ထားပုံကို ဣဇာက်နှင့်ယာကုပ်တို့တွင် ကောင်းကြီးစီးဆင်း သွားပါသည်။
၉:၉ အာဗြဟံသို့ပြုထားသော ကတိတော်အချိန်ကျရောက်သောအခါ ဇနီးသည်စာရာ၌ သားရတနာဖွားမြင်သည်။ ထိုသားကိုဣဇာက်ဟုခေါ်သည်။ ဣဇာက်သည်လူ့သဘာဝထုံးစံအတိုင်းရ သောသားမဟုတ်။ ကတိတော်နှင့်အညီရရှိသော သားရတနာဖြစ်သည်။
၉:၁ဝ ဘုရားသခင် ရွေးကောက်ပုံကို ယာကုပ်အသက်တာတွင် တဖန်တွေ့ရသည်။ ယာကုပ်သည် ဖခင်ဣဇာက်နှင့် မိခင်ရေဗက္ကာတို့မှ ဖွားမြင်သန့်စင်သောအမွှာသားဖြစ်သည်။
၉:၁၁ ထိုသို့အမွှာပူးမွေးမည့်အကြောင်းကို ကြိုတင်ဗျာဒိတ်ရရှိကြပြီးဖြစ်သည်။ ဘုရားသခင် ရွေးချယ်ပေးသည့် နည်းလမ်းဖြစ်သည်။ ဘုရားသခင်ရွေးကောက်ခြင်းဆိုသည်မှာ အလိုတော်အတိုင်း လုပ်ဆောင်စေခြင်း ဖြစ်သည်။
ထိုသို့ပြောရာတွင် ယာကုပ်၏ဆိုးညစ်သော အသက်တာသည် ဘုရားသခင် ရွေးကောက် ပေးသောနည်းလမ်းဖြစ်သည်ဟု ဆိုမဆိုလို။ ရွေးကောက်တော်မူခြင်းသည် ယာကုပ်၏ အကျင့်နှင့် မသက်ဆိုင်။ လူကိုသာရွေးချယ်ခြင်းဖြစ်သည်။
၉:၁၂ ဘုရားသခင်၏ ဆုံးဖြတ်ချက်မှာ အစ်ကိုသည် ညီငယ်ကိုလုပ်ကျွေးရမည်။ သာကြီးဧသောသည် ကတိတော်နှင့်အညီ ညီတော်မောင်ယာကုပ်ကို ခယရမည်။ ဧသောသည် အကြီးဖြစ်သည်။ ယုဒလူ မျိုးထုံးစံအရဖခင်၏ အရိုက်အရာ အမွေဆက်ခံသူဖြစ်ရသည်။ ယာကုပ်သည် သားငယ်ဖြစ်သည်။ သို့သော်ဘုရားသခင် ရွေးချယ်သောနည်းလမ်းသည် သားကြီး ဧသောမဟုတ်။ အငယ်ကောင်ယာကုပ် ဖြစ်သည်။ ထိုသို့ရွေးချယ်ခြင်းသည် ရိုးရာအစဉ်အလာနှင့် မဆိုင်သကဲ့သို့အကျင့်နှင့်လည်း မဆိုင်ဘုရား သခင်ရွေးချယ်လို၍ရွေးချယ်ခြင်းဖြစ်သည်။
၉:၁၃ ဤကျမ်းပိုဒ်သည် မာလ ၁:၂ ”ယာကုပ်ကိုငါချစ်၏။ ဧသောကိုငါမုန်း၍ သူနေသော တောင်ကို လွင်ပြင်ဖြစ်စေပြီ” ဟူသော ကျမ်းပိုဒ်ကိုကိုးကားခြင်းဖြစ်သည်။ ဤနေရာတွင် ကျမ်းစာကပြောသောယာကုပ်ဥသျှောင်သည့် ဣသရေလလူမျိုးဧသော ဥသျှောင်သည့် ဧနမ်လူမျိုးကို တွေ့ရသည်။ ကတိတော်ပြုထားသည့်အတိုင်း ဣသရေလလူမျိုးသည် မေရှိယနိုင်ငံတော်နှင့် ဆိုင်သော သူများဖြစ်သည်။ ဧနမ်လူမျိုးသည် မည်သည့်ကတိတော်မှ မရရှိ။ ထို့အပြင်ထိုလူမျိုးများ နေထိုင်သော တောတောင်သည်လည်း ကန္တရလွင်ပြင်ဖြစ်သွားစေသည်။ (မာလ၁:၃၊ ယေ၄၉:၁၇၊ ယေဇ ၃၅:၇-၉ကိုကြည့်)။
မာလ ၁:၂-၃ ကျမ်းပိုဒ်ကိုလေ့လာရာတွင် ဘုရားသခင်၏ ရွေးချယ်မှသည် လူပုဂ္ဂိုလ်ထက် လူမျိုးနှင့်ဆိုင်သည်။ သို့သော်လူပုဂ္ဂိုလ်အားဖြင့် လူမျိုးဖြစ်သွားသည်မှာ မှန်ကန်ပါသည်။
ယာကုပ်ကိုငါချစ်၏။ ဧသောကိုမုန်း၏ ဆိုခြင်းမှာဘုရားသခင်၏ အမိန့်အာဏာ ကြီးမားပုံကို ထုတ်ဖော်ခြင်းဖြစ်သည်။ သားကြီးသည်သားငယ်ကိုခယရမည်ဟု ဆိုရာတွင် ဧသောကို လုံးဝမုန်းတီးခြင်းမဟုတ်။ နှစ်ယောက်စလုံးချစ်သည်။ ယာကုပ်ကိုအချစ်ပိုခြင်းဖြစ်သည်။ သို့ကြောင့် ရွေးကောက်ခြင်း ဖြစ်သည်။
ဤကျမ်းပိုဒ်၏ ရွေးချယ်မှုမှာ လောကကောင်းကြီးမင်္ဂလာနှင့် သာဆိုင်သည်။ ထာဝရ အသက်နှင့်မဆိုင်။ ဧနမ်အမျိုးအားမုန်းသည်ဟု ဆိုရာတွင် ထိုလူမျိုးသည် ကယ်တင်ခြင်း မရနိုင်ဟုဆိုလိုခြင်းမဟုတ်။ ဣသရေလများသည် ကယ်တင်ခြင်းရရှိဖို့ မလိုဟုဆိုလိုခြင်းမဟုတ်။ (ဧသောသည်လည်း လောကကောင်းကြီးမင်္ဂလာခံစားကြောင်း က ၃၃:၉ တွင် ပြသပေးသည်။)
၉:၁၄ ဘုရားသခင်၏အချုပ်အချာအာဏာဖြင့် ရွေးချယ်ခြင်းနှင့် ပတ်သက်၍လူများက ဘုရားသခင်ကို စွပ်စွဲကြသည်။ ဘုရားသခင်ရွေးချယ်ပုံသည် တရားနည်းလမ်း ကျပါသလား၊ အရာခပ်သိမ်းကိုချင့် ချိန်ပါသလားဟုစောဒက တက်ကြသည်တရားမျှတမှု မရှိ ဖြစ်နေသလား။
ဘုရားသခင်သည်မတော်မတရားမလုပ်ကြောင်း တမန်တော်ကြီးက ချက်ချင်းတုံ့ပြန် ပါသည်။ ထိုသို့မဟုတ်ပါ။ ဘုရားသခင်သည် အချုပ်အချာအာဏာပိုင်ဆိုင်သူဖြစ်သည်။ အရာခပ်သိမ်းကို သိမြင်သူဖြစ်သည်။ အကောင်းဆုံး ဆုံးဖြတ်နိုင်သူဖြစ်သည်။
၉:၁၅ မောရှေကျမ်းမှ ”ငါသည်ကျေးဇူးပြုလိုသူကို ကျေးဇူးကိုပြုမည်။ သနားလိုသူကို သနားမည်။” (ထွ ၃၃:၁၉)ကိုကိုးကားခြင်းဖြစ်သည်။ အမြင့်ဆုံးသောဘုရားသခင်၏ သဘော တော်ကို မည်သူဝေဖန်ပိုင်းခြားဝံ့မည်နည်း။
မယုံကြည်သူများသည် မယုံကြည်ခြင်းကြောင့် တရားစီရင်ခြင်းခံရမည်။ ပျက်စီးကြမည်။ ထို ပျက်စီးသူများထဲမှာကျေးဇူးတော် ခံစားသူများသည်ပါရမီကောင်းသူများ ဘုရားသခင် ရွေးကောက်သူ များဖြစ်သည်။ ကောင်းကြီးမင်္ဂလာမခံစားသူများသည် အပြစ်စီရင်ခြင်းခံဖို့ ရွေးကောက်ထားသူဖြစ်သည်ဟု မဆိုလို။ ထိုသူများသည် ဧဝံဂေလိသတင်းကောင်းကို လက်မခံ ငြင်းပယ်ကြသောကြောင့်ပြစ်ပယ်ခြင်းခံရသည်။ ရွေးချယ်သူများသည် ကျေးဇူးတော်ခံစား ရသောကြောင့် ဘုရားသခင်ကို ချီးမွမ်းထိုက်ပါသည်။ ပျောက်ဆုံးသူများသည် မိမိတို့ ရွေးချယ်မှုကြောင့် ပျောက်ဆုံးသူများဖြစ်သောကြောင့် မည်သူ့ကိုမှအပြစ်တင်စရာမရှိ။
၉:၁၆ သို့ကြောင့် ကောက်ချက်ဆွဲရလျှင် လူ့ရှေးကုသိုလ်ကံသည် လူ၏ကြံသည် အားထုတ်မှု ဖြင့်မဟုတ်။ လူ့သဘာဝ ထုံးတမ်းစဉ်လာ၌လည်း မတည်၊ ဘုရားသခင်၏သဘောတော် အတိုင်းဖြစ်သည်။ ကရုဏာတော်ပေါ်၌သာတည်ပါသည်။
ထိုသို့ပြောရာတွင်ကယ်တင်ခြင်းသည် လူ့ဘက်မှလုပ်ဆောင်စရာမလိုဘုရားသခင်က ပေးချင် သောသူကိုပေးမည်ဟုမဆိုလိုပါ။ ဧဝံဂေလိသတင်းကောင်းကလူတိုင်းဖိတ်ခေါ်ကြောင်း (ဗျာ ၂၂:၁၇) တွင် ”ရေငတ်သူသည်လာပါစေ၊ အသက်ဝေရကို အခမဲ့ယူပါစေ”ဟု ကမ်းလှမ်းပါသည်။ ယုဒများသည် မယုံကြည်ကြသောကြောင့် ငါ့ထံသို့မလာလိုကြဟု (ယော ၅:၄ဝ)တွင် ယေရှုက ဆိုထားပါသည်။ ရှင်ပေါလုပြောသည့် ‘မည်သူမှမလာလိုကြ’ဟူသောစကားသည် ကျဉ်းသော တံခါး(လု၁၃:၂၄)နှင့် အဓိပ္ပာယ်အတူတူ ဖြစ်သည်ဝိညာဉ်ရေးရာ ငတ်မွတ် သူနည်းပါးသည်ဟု ဆိုလိုသည်။ သို့သော်လူ၏ဆန္ဒနှင့် ပြေးလွှားရှာဖွေခြင်းသည် အဓိကမဟုတ်။ ဘုရားသခင်၏ ကရုဏာတော် ဖြစ်သည်ကို Morgan ကဤ သို့ဆိုထား သည်။
မိမိဘက်မှ စောဒကတက်စရာမလို၊ ပြေးလွှားရှာဖွေစရာမဟုတ်၊ ကယ်တင်ခြင်းသည် အဆင် သင့်ရှိသည်။ အမှန်တကယ်လိုချင်သူသည်တွေ့ရှိပါသည်။ အမှန်တကယ်လိုချင်စိတ်မရှိလျှင် မူကား ရှာတွေ့မည် မဟုတ်။ကယ်တင်ခြင်းတရားအစသည် ဘုရားသခင်ထံတော်ပါးမှဖြစ်သည်။
၉:၁၇ ဘုရားသခင်၏ ရွေးချယ်မှုသည် ကရုဏာတော်ခံစားဖို့ရန် ရွေးချယ်ပေးသည် မဟုတ်။ ခေါင်းမာဖို့လည်းရွေးချယ်ပေးသည်။ ထိုအကြောင်းကို ဖာရော့ဘုရင်အား ပုံဥပမာ ပေးထားသည်။
အဲဂုတ္တုဘုရင်များသည် မွေးဖွားသည့်အချိန်မှစ၍ ဘုရားတရားနှင့်မသက်ဆိုင်ကြပါ။ အရွယ် ရောက်လာကြသောအခါ ရက်စက်ကြသည် ကြမ်းကြုတ်ကြသည်။ မိုက်ရိုင်းကြသည်။ အကြိမ်ကြိမ် အခါခါ သတိပေးထားသော်လည်း နှလုံးသားမာကြောနေသည်။ ယေရှုသည် ထိုသူများကို ချေမွနိုင်ပါသည်။ သို့သော်ထိုသို့မရက်စက်။ ဆက်လက်အသက်ရှင်စေသည်။ တန်ခိုးကိုလည်း ပေးသည်။ ထိုသူများ ၏ရက်စက်မှုဖြင့် ဘုရားသခင်၏နာမတော်အားကမ္ဘာအနှံ့ထင်ရှားစေသည်။
၉:၁၈ ဘုရားသခင်ကမကြောက်သော နှလုံးသားပေးသောကြောင့် ဖာရော့များသည် ခေါင်းမာသထက်မာကြသည်။ တခုတည်းသောနေရောင်ခြည်သည် ရေခဲကိုအရေပျော်စေ၍ ရွှံ့စေးကို မာကြောစေသည်။ တခုတည်းသောနေရောင်ခြည်သည်အဝတ်အထည်ကို ခြောက်သွေ့ပေါ့ပါးစေ၍ အသားအရေကိုမူမဲခြောက်စေသည်။ ထိုကဲ့သို့ပင်ကရုဏာတော်သည် ကြေကွဲသူများအား နှစ်သိမ့်၍ ခေါင်းမာသူများကို မာသထက်မာစေသည်။ ကျေးဇူးတော်လက်မခံသူသည် ကျေးဇူးတော်ငြင်းပယ်သူ ဖြစ်သည်။
၉:၁၉ ဤနေရာတွင် ဘုရားသခင်၏ အခွင့်အရေးကိုထောက်ပြသည်။ ထိုသို့ ဘုရားသခင်၏ အလိုတော်ငြင်းပယ်ခြင်းသည် မသိနားမလည်၊ လက်မခံ၍ငြင်းပယ်သည်ဟု ဆိုနိုင်ပါ မည်သား။ ခေါင်းမာကြရန်ရွေးချယ်သတ်မှတ်ခြင်းဖြစ်သည် မဆိုနိုင်ဘူးလား။ ထိုစကားအရလျှင် လူသည် စစ်တုရင်ခုံပေါ် ကနယ်ရုပ်ကလေးမျှသာဖြစ်သည်။ အကူအဖော်မရှိ။ တကောင်ကြွက် ဖြစ်နေပေသည်။ ရှေ့အနာဂတ် ခရီးလည်းမရေရာမသေချာ မပီဝိုးတဝါးဖြစ်သည်။
၉:၂ဝ ထိုသို့ပြောရကောင်းမည်လား၊ မထိုက်မတန်အား မနာပါးမနာ၊ လျှာရိုးမရှိတိုင်း ပြောရမည်လားဟု ကျမ်းစာက အပြစ်တင်ထားသည်။ လူသည်အပြစ်သားအမိုက်အမှား အင်အားမရှိ၊ နေရာမရှိ၊ သနားစရာဖားသတ္တဝါ နှယ်ဖြစ်သည်။ ထိုကဲ့သို့သူက ဖန်ဆင်းရှင်သခင်ကို မဖွယ်မရာ စကားမစော ကြောသင့်ပါ။
၉:၂၁ ဘုရားသခင်၏ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို အိုးထိန်းသည်နှင့်ရွှံ့စေးမြေ ပုံဥပမာပေး၍ ရှင်းပြထားသည်။ အိုးထိန်းသည် တနေ့အိုးလုပ်သော နေရာသို့ရောက်ရှိလသည်။ ရွှံ့စေးကိုယူ၍ အိုးလုပ်ဘီးပေါ်တင်ပြီးသောအခါ အိုးလှလှထွက်ပေါ်သည်။
အိုးထိန်းသည်ဘုရားရှင်ဖြစ်သည်။ ရွှံ့စေးမြေသည် အပြစ်သားဖြစ်သည်။ ပျောက်သော သူဖြစ်သည်။ အကယ်၍အိုးထိန်းသည်က မကိုင်တွယ်ခဲ့လျှင် ထိုရွှံ့စေးလက်တဆုတ်ကို ဆုတ်ယူ ပိုင်ခွင့်ရှိသည်။ ထိုကဲ့သို့ပင်ဘုရားသခင်သည် လက်တဆုတ်စာ အပြစ်သားများကို ဆုပ်ကိုင် ရွေးကောက်၍ သားတော်နှင့်တူသော ရွံ့ရုပ်များလုပ်ပါသည်။ လုပ်ပိုင်ခွင့်ရှိသည်။ ဘုရားရှင်သည် လူများကိုငရဲပြည် သို့လားဖို့တစ်ယောက်မှလမ်းမညွန်ပါ။ မိမိတို့သဘောဖြင့် ရွေးချယ်ကြခြင်း ဖြစ်သည်။
ဘုရားရှင်သည် အိုးထိန်းသည်ဖြစ်၍ ကြိုက်သည်ရွှံ့စေးကို အိုးလုပ်၍အခြားရွှံ့စေး များကို ချန်ထားပိုင်ခွင့်ရှိသည်။ မိမိကိုယ်ကိုဆင်းရဲသားဟုခံယူ၍ ကရုဏာတော်ကိုလိုချင်သူများသည် ခံစားပိုင်ခွင့်ရှိပါသည်။ လူတိုင်းအားလက်လှမ်းပေးကမ်းနေပါသည်။ Barnes က ”လို ချင်သူများကို မမျှမတ ပေးကမ်းခြင်းမပြု။ အားလုံးသာ တူညီမျှပေးဝေပါသည်” ဟုဆိုလိုသည်။
၉:၂၂ ကျမ်းစာတွင် ဘုရားသခင်ကိုအိုးထိန်းကြီးနှင့် ပုံဥပမာပေးထားပါသည်။ အခြား တဘက်တွင် ဘုရားသခင်သည်အမျက်တော်ပြသချင်သည်။ ပြောမရဆိုမရ အပြစ်သားများကို အပြစ်ဒဏ်ပေး၍ ဆုံးမချင်သည်။ သို့သော်လည်းမည်သည့် အိုးကိုမှမပျက်စီးစေချင်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် ပထမဖြစ်၍ ကရုဏာတော်သည် ဒုတိယဖြစ်သည်။ အပြစ်သားများကို စီရင်မည်ဆိုလျှင် ချက်ချင်းစီရင်နိုင်ပါသည်။ သို့သော်လည်း ကရုဏာတော် ရှိသောကြောင့် အပြစ်မမြင်ရက်။
အမျက်တော်ပြရန် အလိုတော်ရှိ၏ဟူသော ကျမ်းစကားကိုမှတ်ထားပါ။ ထို အမျက်တော်စူးရှ ခံရမည့်သူများမှာ အပြစ်သားများဖြစ်သည်။ မနာခံမှု၊ ပုန်ကန်ခြားနားမှု၊ ဘုရားသခင်၏ ဘုန်းအသရေထိပါးမှုစသောအပြစ်များကြောင့် ပျက်စီးသူများဖြစ်သည်။ အမျက်ဒေါပွ သင့်သူများဖြစ်သည်။
၉:၂၃ ကရုဏာထားတော်မူသော လူစုမူကားဘုန်းတန်ခိုးကြွယ်ဝသော အသက်တာရှိစေလို သည်။ ထိုအကြောင်းကို C R Erdmon ကဤသို့ထောက်ခံရှင်းပြထားသည်။
ဘုရားသခင်၏ ကျေးဇူးတော်သည်ကယ်တင်ခြင်း ငြင်းပယ်သောအပြစ်စီရင်ခံမည့်သူများ အကြားတွင် အလုပ်လုပ်လေ့မရှိ။ ပျောက်သောသူများအကြားတွင် ကယ်တင်ခြင်းတရား ထင်ရှားသည်။
၉:၂၄ ကရုဏာထားသော ဘိုးမြေများမှာ ယုံကြည် သူခရစ်ယာန်များ ဖြစ်ပါသည်။ ယုံကြည်သူယုဒနှင့် တပါးအမျိုးသားအားလုံး ဖြစ်သည်။ ရွေးကောက်ထားသော ဣသရေလအမျိုး နှင့် ခေါ်ယူထားသော တပါးအမျိုးသားများလည်းပါဝင်သည်။
၉:၂၅ တပါးအမျိုးသားများအား ဘုရားသခင်က ခေါ်ယူခြင်းကို အံ့အားသင့်ခြင်း မရှိအောင် ဟောရှေအနာဂတ္တကျမ်းကိုးကားထားသည်။ ဟော ၂:၂၃ တွင်”ငါ၏လူမဟုတ်သောသူကိုလည်း ငါ၏လူဖြစ်သည်ဟုငါဆိုမည်။ လူကလည်းကိုယ်တော်သည်အကျွန်ုပ်၏ ဘုရားသခင်ဖြစ်သည်ဟု လျှောက်လိမ့်မည်” ဟုဆိုထားသည်။ ဤကျမ်းစကားသည်ထိုစဉ်အခါက တပါးအမျိုးသားများကို ရည်ရွယ်သည်မဟုတ်။ ဣသရေလလူမျိုးသာရည်ရွယ်ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင်အဘယ်ကြောင့် တပါးအမျိုးသား များကိုလည်းခေါ်သည်ဟု ပြောင်းလဲပစ်သနည်း။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပေါလုကြီးကတပါး အမျိုးသားများကို ထည့်သွင်းခြင်းဖြစ်သည်။
၉:၂၆ ဤအပိုဒ်သည်ဟောရှေ ၁း၁ဝကိုကိုးကားခြင်းဖြစ်သည်။ ထိုကျမ်းပိုဒ်တွင် ”သင်တို့သည် ငါ၏လူမဟုတ်ဟု ထိုသူတို့အားပြောဆိုရာအရပ်၌ ပင်လျှင်သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟုခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်” ဟုဆိုသည်။ တဖန်ဤကျမ်းစကားသည်လည်း တပါးအမျိုးသားများနှင့် မဆိုင်ပါ။ ဣသရေလလူမျိုး ဘုရားသခင်ရှေ့တော်၌ ပြန်လည်စုစည်းကြ မည့်အကြောင်းဖြစ်သည်။ ပေါလုကဤကျမ်းပိုဒ်ကို တပါးအမျိုးသားများခေါ်ယူရာ၌သုံးသည်။ အလိုတော်ရှိသောကြောင့် ဓမ္မဟောင်းကျမ်းပိုဒ်ကို ဓမ္မသစ်ကျမ်းပိုဒ်နှင့်ထပ်မံတွဲပြခြင်းဖြစ်သည်။
၉:၂၇ လူမျိုးအလိုက် ငြင်းပယ်ကြသော်လည်းလူနည်းစုရွေးနှုတ်ခြင်းခံရ မည့်အကြောင်းကို ၉၉:၂၇-၂၉) တွင်ရေးထားသည်။ ပရောဖက်ဟေရှာယကလည်း မရေမတွက်နိုင်သောကိန်းဂဏန်းရှိ သော်လည်းကယ်တင်ခြင်းရရှိမည့် ဘုရားသားသမီးဣသရေလလူမျိုးသည် လက်တဆုပ်စာသာဖြစ် သည်(ဟေရှာ ၁ဝး၂၂) ဟုဟောကြားထားပါသည်။
၉:၂၈ ”ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မြေတပြင်လုံးအလယ်၌စီရင်ဆုံးဖြတ် သောသုတ်သင်ရှင်းလင်းခြင်းကို ပြုတောမူလိမ့်မည်” (ဟေရှာ၁ဝး၂၃) ဟူသောကျမ်းစကားသည် ဣသရေလတို့အားကျွန်ပြုသည့် ဗာဗုလုန်သားများသို့ ရည်ညွန်းပြောဆိုခြင်းဖြစ်သည်။ ဘုရားသ ခင်၏အမှုတော်ဆိုသည်မှာတရားစီရင်ခြင်းဖြစ်သည်။ ဣသရေလ၏အတိတ်သမိုင်းကြောင်းနှင့် ပစ္စပ္ပုန် ကာလများနှင့်ဆင်ခြင်ကြည့်ကြပါ။
၉:၂၉ ဟေရှာယပရောဖက်ပြုသည့် (ဟေရှာ၁:၉) အတိုင်းဆိုလျှင် ဣသရေလလူမျိုးသည် လည်းယနေ့ကာလတွင်ရှိတော့မည်မဟုတ် သောဒုံနှင့်ကောမူရသားများကဲ့သို့ လူ့လောကမှဝေးလွင့် ပပျောက်လောက်ပြီ။
၉:၃ဝ အထက်ပါအချက်များသည် ယနေ့အသင်းတော်ကာလနှင့် ပတ်သက်ပါသလား။ တပါး အမျိုးသားများသည် ဖြောင့်မတ်ခြင်းသို့မရောက်ကြပါ။ ယေရှုအားယုံကြည်ကြ၍ ဖြောင့်မတ်ကြ သော်လည်း တပါးအမျိုးသားအားလုံးယုံကြည်ကြသည်မဟုတ်။
၉:၃၁ အခြားတဘက်တွင်ရွေးကောက်တော်မူသော လူမျိုး၊ ဣသရေလ အမျိုးသည်လည်း ဖြောင့်မတ်ခြင်းတရားတော်ကိုရှာဖွေကြသည်။ သို့သော်အဘယ်မှာမှ ရှာမတွေ့ကြ။
၉:၃၂ အဘယ်ကြောင့်ရှာမတွေ့ကြသနည်း ဆိုသော် ယေရှုခရစ်ကို ယုံကြည်လျှင် ဖြောင့်မတ်သည် ဟူသောသစ္စာတရားကိုလက်မခံ၊ မယုံကြည်ကြ။မိမိနည်းမိမိဟန် လူ့အစွမ်းအစဖြင့် ရှာဖွေကြသည်။ ထိုသို့ရှာဖွေကြရင်းယေရှုခရစ်တော်တိုက်မြစ် ကျောက်ကိုခလုတ်တိုက် လဲကျကြသည်။
၉:၃၃ ဤကျမ်းစကားသည် ယေရှုကပရောဖက်ဟေရှာယသို့ တိုက်ရိုက်ဖော်ပြသည့်အတိုင်း စကားတော်ဖြစ်သည်။ မေရှိယယေရုရှလင်သို့ကြွရောက်လာသည့်အကြောင်းကို ပုံဥပမာ(၂)ခုဖြင့် ပေးပြထားသည်။ ”ဣသရေလလူမျိုးတို့ထိမိ၍ လဲစရာကျောက်” (ဟေရှာ၈:၁၄) နှင့် ”မလှုပ် နိုင်အောင်မြဲမြံ သောတိုက်ထောင့် အပြစ်ကျောက်ဖြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကိုအမှီပြု သောသူသည်ပြေးရသောအကြောင်းမရှိ” (ဟေရှာ ၂၈:၆) တို့ဖြစ်သည်။