ရှင်ပေတရုဩဝါဒစာဒုတိယစောင် နိဒန်း
ခရစ်တော်၌အသက်ရှင်၍အသုံးတော်ခံဖို့အဆင်သင့်စောင့်နေသည်။ E.G.Homrighausen
၁။ စံတော်မှီဝိသေသလက္ခဏာ
ဤကျမ်းဩဝါဒစာစောင်သည် ရှင်ပေတရု၏ လက်ရာမဟုတ်ဘူးဟု ငြင်းဆန်သူတွေအကြားမှာ အထက် နိဒါန်းစကားကို အထူးအလေးပေးခြင်း ဖြစ်သည်။ ရှင်ပေတရုကလည်း ”ပေတရုဩဝါဒ ” အကျင့်သီလနှင့် ဝိညာဉ်ရေးရာ တည်ရှိကြပါစေ။” ဟုဝန်ခံထားသည်။ ထိုနှစ်ချက်သည် ဤဩဝါဒစာစောင်၏ ဝိသေသလက္ခဏာ ဖြစ်သည်။
မိစ္ဆာဒိဌိများ သောင်းကျန်းသော မဟူရာညမှောင် အလယ်မှာ ဤဩဝါဒစာတို့သည် ကိုယ်တော်ဘုရား ကြွလာမည့်လမ်းကို ပြသောမီးရှုးတိုင် ဖြစ်ပါသည်။ ပေတရု၏ ဘဝအသက်တာတွင် ခရစ်တော်က သူ၏ ထွက်သက်ဝင်သက်ဖြစ်ပုံ တို့ကို ဖော်ပြထားသော အဘိုးတန်ဘဝသင်ခန်းစာဖြစ်သည်။
၂။ ကျမ်းရေးသူ
ရှေးရိုးဝါဒီ အမေရိကန် ကျမ်းစာသင်တန်းသားများက ”ရှင်ပေတရုဩဝါဒစာ ‘ဒုတိယစာစောင်သည် ဓမ္မဟောင်း ကျမ်းမှ ဒံယေလနှင့် ဟေရှာယကျမ်းနှင့် ဆင်တူသည်ဟု ဆိုကြ၍သမ္မာကျမ်းစာနှင့်ဝေးကွာသူများက သမ္မာကျမ်းစာကို ဝေဖန်ခြင်းနှင့်လည်း တူသည်။” ဟုဆိုကြသည်။ ခေတ်သစ် ဝေဖန်ရေးသမားများက ဤစာစောင်သည် ပေတရု၏လက်ရာ မဟုတ်ကြောင်းငြင်းပယ်ရန် လက်လျော့လိုက်ကြသည်။ အကျိုးအကြောင်း ခိုင်လုံစွာ မပြနိုင်သော်လည်း ပေတရု၏ လက်ရာ မဟုတ်ဟု အတန်တန် ငြင်းဆိုကြသည်။ အခြားဓမ္မသစ်ကျမ်းပါ ကျမ်းစာရှင်များထက် ကျမ်းစာရှင်အား ဖော်ပြရန် ပိုမိုခက်ခဲပါသည်။ သို့သော်လည်း ယနေ့ထက်တိုင်အောင် ရှင်ပေတရု အလျဉ်းမဟုတ်ဟု သက်သေမထူနိုင်ကြပေ။
အပြင်လက္ခဏာ
Polycarp Ignatius နှင့် Irenaeus တို့က ဤဩဝါဒစာစောင်ကို မထောက်ပြကြပါ။ မည်သို့ပင်ဆိုစေ ကနဦး အသင်းတော်က ယုဒဩဝါဒစာစောင်သည် ၂ ပေစာစောင်နောက်မှ ပေါ်ပေါက်သည်ဟု ခံယူလျှင် ၁ရာစုနှစ်တွင်ပေါ်ထွန်းသည်ဟု ယူဆနိုင်ပါသည်။ ဂျာမာန်အသိပညာရှင် Zahn တခြားအထွေအထူး တွေးပူစရာမဟုတ်၊ယုဒဩဝါဒစာစောင် ပထမ ပိုင်းသည် ၂ ပေကို ကိုးကားခြင်းဖြစ်သည်ဟု ဆိုသည်။ Olympus မှ Methodius Ignatius (ဧကရာဇ် Diocletian) လက်ထက်တွင် မာတုရအဖြစ်အသေခံသည်နှင့်ကဲသရိမြို့သား Fumilian Ignatius တို့က ထောက်ခံသည်။ Ensebius Ignatius ကလည်းခရစ်ယာန်များက ၂ပေကို လက်သင့်ခံခြင်းအား အပြည့်အဝ တင်းပြည့်ကျပ်ပြည့် ထောက်ခံသည်။
Muratorian Canon က ၂ ပေကို လက်မခံပါ။ ၂ပေကို လက်သင့်မခံလျှင် ၁ပေကိုလည်း လက်သင့်ခံရန်အကြောင်း မရှိပါ။ ၂ပေသည် အသင်းတော် ဖခင်ကြီးများ Athanasius နှင့် Augustine Ignatius တို့ကစဉ်ဆက် လက်ခံကျင့်သုံးသော ဩဝါဒစာဖြစ်သည်။ ယနေ့အသင်းတော်ပြန်လည် ပြုပြင်သည့် ကာလတိုင်အောင် လက်ခံကျင့်သုံးနေကြသည်။
အခြားကျမ်းစာများထက် ဤဩဝါဒစာကို အဘယ်ကြောင့်အား နည်းသည်ဟု စွပ်စွဲကြသနည်း။ တိုတောင်းသည်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခြင်းမရှိ၊ ဝိသေသလက္ခဏာ ထူးထူးခြားခြား မရှိသောကြောင့် ဖြစ်မည်။ သို့သော်အကြောင်းအရာက ဤသို့ရှိသည်။ ဘာသာရေး စာအုပ်စာပေတိုင်းသည် အယူဝါဒတစ်ခုခု ထူးခြားမှု ရှိပါသည်။ အနည်းဆုံး တမန်တော်များ၏ဝါဒ သဘောထား တစ်ခုခု ဖော်ပြတတ်သည်။ ဤ ၂ပေ ဩဝါဒစာစောင်တွင်လည်း ရာစုနှစ်ဦးကျမ်းမူများ “ Pseudepigrapha ” (မှားယွင်းသော ကျမ်းစာများ) မှိုကဲ့သို့ ပေါ်ထွန်းခဲ့ရာ ရှင်ပေတရု၏ အမည်ကို အလွဲသုံး၍ရေးသည်ဟု ယူဆကြသဖြင့် ကျမ်းပယ်အဖြစ် သတ်မှတ်ချင်ကြသည်။
နောက်ဆုံးပြောချင်သည်ကား ဤ၂ပေဩဝါဒ စာစောင်သည် ကျမ်းပေါင်းများစွာထဲက အသင်းတော်တိုင်း လက်ခံသော ကျမ်းစာဖြစ်သည်ဟု ဆိုချင်သည်။
အတွင်းသရုပ်
အချို့က ရှင်ပေတရုဩဝါဒစာ ပထမစာစောင်နှင့် ဒုတိယစာစောင်၏ ကွဲပြားခြားနားချက်ကို အကျယ်ချဲ့ချင်ကြသည်။ Jerome ကမူ ကလောင်သ၍ ဟန်တစ်မျိုးဖြင့် ရေးသားခြင်း ဖြစ်သည်ဟု ရှင်းပြထားသည်။ မည်သို့ပင်ဖြစ်စေ၊ ထိုကျမ်းနှစ်စောင်၏ ခြားနားချက်သည် အဓိကမဟုတ်။ ဩဝါဒနှစ်စောင်စလုံးသည် ကျယ်ပြန့်စွာ၊ ဝေါဟာရ၊စကားလုံး လှလှဖြင့် တမန်တော် ဝတ္ထုထဲမှ ပေတရုဒေသနာနှင့် ဘဝအသက်တာပုံစံအတိုင်း ရေးထားခြင်းဖြစ်သည်။
စာရေးသားဟန်များသည် ရေးနေကျပုံစံအတိုင်း မဟုတ်ဘဲ၊မူပြောင်းသည်။ ပေတရု၏လက်ရာ မဟုတ်ဟုငြင်းဆိုသူများက ပိုမိုလက်ညှိုးထိုးကြသော်လည်း တခြားလူများကမူ ပြောပလောက်အောင် အဓိကကွဲပြားချက် မရှိဘူးဟု ဆိုကြသည်။ မည်သည့်အကြောင်း ပြရမည်နည်း။ အကယ်၍ ငြင်းပယ်ရလောက်အောင် အကြောင်းအချက် ခိုင်လုံလျှင် စာအုပ်ဖြစ် လာစရာအကြောင်းမရှိပါ။
ဤဩဝါဒစာစောင်အား ဆက်လက် လေ့လာလျှင် ပေတရု၏ လက်ရေးဖြစ်ကြောင်း တွေ့ရှိရမည်။
၁:၃ တွင် ”ငါတို့ကို ဘုန်းတန်ခိုးတော်ဖြင့် ခေါ်ယူမူသောဘုရား” ဟု သုံးနှုန်းထားသည်။ ဤကျမ်းပိုဒ်သည် (လု၅:၈)ပါ ပေတရုပြောသော ” သခင်အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှ ကြွသွားတော်မူပါ။ ”ဟူသော စကားနှင့် ဆက်စပ်နေပါသည်။
ချော်လဲယိမ်းယိုင်ခြင်း (၁:၅-၁ဝ) မရှိကြစေရန် သတိပေးနှိုးဆော်ခြင်းမှာ ပေတရု၏ ဘဝအသက်တာတွင် ချော်လဲယိမ်းယိုင်ခြင်းကို သတိရစေသည်။
၁:၁၄သည် ပိုမိုသိသာထင်ရှားပါသည်။ သခင်ယေရှုနာမတော်၌ သေမည့်အကြောင်းကို ရေးထားသည်။ ဤကျမ်းပိုဒ်သည် (ယော ၂၁:၁၈-၁၉)တွင် ပေတရုသို့ ပြောသည့် ကျမ်းစကားအတိုင်း ဖြစ်သည်။
၁:၁၃–၁၅ တွင်သုံးနှုန်းသည့် ” တဲ ” (တဲတော်နှင့်) ” ပစ်သွားမည် ” (ထွက်မြောက်မည်) ဟူသော စကားလုံးတို့သည် (လု ၉:၃၁-၃၃)ပါ ရုပ်ပြောင်းရုပ်လွဲရခြင်းကို တဖန်ဖော်ညွှန်းသည်။
ပေတရုလက်ရာဖြစ်ကြောင်း အထင်ကရပြောဆိုနိုင်သည်မှာ (၁:၁၆-၁၈)ပါ ” ထူးမြတ်သော အရောင်အဝါ” ဖြစ်သည်။ စာရေးသူကျမ်းစာရှင်သည် မြင့်မြတ်သော တောင်ပေါ်မှာရှိသည် ဟုဆိုရာ၊ ပေတရု၊ ယာကုပ်၊ သို့မဟုတ်ယောဟန် (မ ၁၇:၁) တစ်ဦးဦးဖြစ်သည်။ ဤဒုတိယဩဝါဒစာစောင်သည် ပေတရု (၁:၁)ဟု ဆိုရာယာကုပ်နှင့် ယောဟန် မဟုတ်သည်မှာ သေချာသည်။
၂:၁၄–၁၈ တွင် ”သွေးဆောင်ခြင်းနှင့် ”ငါးစားချသည်” ဟု ပါရှိရာ deleago မှ လာရောက်သော ဝေါဟာရစကားလုံး ဖြစ်သည်။ ပေတရုလက်ရာ ဖြစ်ကြောင်း အထင်ကရ အထောက်အထားများဖြစ်သည်။
၃:၁ တွင်ပေတရု၏ ဖြတ်သန်းလာသော အတိတ်လွင်ပြင်က အတွေ့အကြုံများကို ပြန်လည် ထုတ်ဖော်ပြသည်။ တည်ကြည်ခြင်းဟူသော စကားလုံးသည် ခွန်အားရှိခြင်း ဟူသော စကားလုံးနှင့် အနက်ရင်း အတူတူဖြစ်သည်။ ခရစ်တော် လု ၂၂:၃၂ တွင် ” သင်သည် သတိပြန်ရလာသောအခါ သင်၏ ညီအစ်ကိုတို့ကိုလည်း တည်ကြည်စေလော့” ဟု ဆိုထား ရာ၊ ထိုစကားလုံးနှင့် အဓိပ္ပါယ်ဟူသော ”တည်ကြည်ခိုင်ခံ့ခြင်း” ဟူသည် စကားလုံးကို ( ၁ပေ ၅:၁ဝနှင့် ၂ပေ ၁:၁၂) တို့ တွင် ထပ်တွေ့ရသည်။
နောက်ဆုံးပေတရုသည် မိစ္ဆာဒိဌိ အယူမှားများကို ဆန့်ကျင်သူဖြစ်ရာ ၂ပေတွင်လည်း ထိုအကြောင်းကို ဘဝနှင့် ယှဉ်၍ ရေးသားသည်။
ဆက်၍ လေ့လာပါက ပေတရု၏ သရုပ်သဏ္ဍာန်များကို နီးနီးကပ်ကပ် တွေ့မြင်ရပါမည်။ သို့သော် ကလောင်ရှင် သိရှိရန် ဖြစ်သော်လည်း အဓိကအချက်မှာ ဘုရားသခင်၏ သွန်သင်ချက်ကို နားလည်စေလိုခြင်း ဖြစ်ပါသည်။
၃။အချိန်ကာလ
ပထမပိုင်းကျမ်းပိုဒ်များတွင် ပါရှိပါသည်။အချို့က ၂-ရာစုနှစ်အတွင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဩဝါဒဒုတိယစာစောင်အရ အသင်းတော်သည် သမိုင်းကြောင်းအရ ဖြစ်စေ၊ ဝိညာဉ်ရေးရာအရ ဖြစ်စေ၊ ပေတရု မသေခင်ကာလ (AD ၆ရ သို့မဟုတ် ၆၈) တွင်လောက်လောက်လားလား ဖြစ်ကြောင်း တွေ့ရရာ AD ၆၆ သို့မဟုတ် ၆၇ ဖြစ်နိုင်သည်။
၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်
ဤစာစောင်တွင် အကြောင်းအရာ တစ်ခုအား နောက်အကြောင်းအရာ တစ်ခုက စဇာက်ထိုး မိုးမျှော် ပြောင်းပြန်လှန်ထား ကြောင်းတွေ့ရသည်။ အနာဂတ္တိစကား ၁:၁၉-၂၁) နှင့် မိစ္ဆာပရောဖက်များ စကား (အခန်း၂) ဖြစ်သည်။ ပေတရု၏ အမြင်တွင် မိစ္ဆာပရောဖက်များသည် ”ပျက်စီးခြင်း အမွေခံ” များအဖြစ် ကန့်လန့်အမြင် ရှိသည်။ လူ့ဘဝကို ဖြစ်ချင်သလိုဖြစ်ဟု ခံယူသူများ ဟု မြင်သည် ထိုသူများသည် တစ်နေ့သောအခါ အပြစ်စီရင်ခြင်း ခံရမည့် (၃:၁၇)ဖြစ်သည်။ ပေတရု၏ နေ့တစ်ရက်တာမှ မြင်ကွင်းများသည် (ယုဒ၄) အတိုင်း ဖြစ်သည်။ ခရစ်ယာန် လောကတွင် ခရစ်တော်ကြွလာမည့်နေ့ရက် မြတ်နိုးခြင်း ပျောက်ဆုံး၍ လောကီသာယာမှု၌ နွံနစ်နေလျှင် အသင်းတော် ချိန်သီးနှင့် ချိန်ဆခဲ့ကြသည်။ ယနေ့ခေတ်ကာလတွင်လည်း ထိုနည်းအတိုင်း ဖြစ်သည်။ ၁၉ရာစုတွင် အနာဂတ္တိကျမ်းစကားအား အားတက်သရော စိတ်ပါဝင်စားကြသည့် အတိုင်း ယနေ့ခေတ်ကာလတွင်လည်း မိမိတို့ဝန်းကျင်တွင် ထိုအတိုင်းဖြစ်နေကြသည်။ အသင်းတော်များ၌ ပျောက်သော
သားများအား ရည်ညွှန်း၍ ရှင်ပေတရုက တိုက်တွန်းနှိုးဆော်ခြင်းဖြစ်သည်။
ပါဝင်သည့်အချက်များ
၁။ နှုတ်ခွန်းချွေလွှာဆုပဏ္ဍာ (၁:၁,၂)
၂။ ခရစ်ယာန်အကျင့်သိက္ခာသန်မာထွားကျိုင်းရေး (၁:၃-၂၁)
၃။ မိစ္ဆာဒဌိ ဆရာများ ပေါ်ထွန်းလာမည့်အကြောင်း (အခန်း-၂)
၄။ ပြောင်လှောင်သရော်သူများ ပေါ်ထွန်းလာမည့်အကြောင်း (အခန်း-၃)