ရှင်မာကုခရစ်ဝင် ၁၃
၆။ သံလွင်တောင်ပေါ် မိန့်မျာချက်များ (အခန်း ၁၃)
(က) ဗိမာန်တော်ပြိုပျက်မည့်အကြောင်း မိန့်တော်မူခြင်း (၁၃:၁-၂)
၁၃:၁ ဗိမာန်တော်မှ ကြွတော်မူစဉ်တပည့်တော်တဦးက ဗိမာန်တော်ခိုင်ခံ့ပုံ၊ ဗိသုကာလက် ရာမြောက်ပုံတို့ကို ဟိမဝန္တာချီးမွမ်းခန်းဖွင့်သည်။ တပည့်တော်များသည် ကြီးမားသော ကျောက်တုံး၊ ကျောာက်ဆောင်များဖြင့် တည်ဆောက်ထားသော လက်ရာကို ရင်သပ်ရှုမောကြသည်။
၁၃:၂ ထိုစကားကို သခင်ဘုရားကဤဗိမာန်တော်သည် မူလ နေရာတွင် ကျောက်တုံးတတုံး မှ ကျန်ရှိသည့်တိုင်အောင် ပြိုလဲပျက်စီးဦးမည်ဟု မိန့်တော်မူသည်။ ထိုဗျာဒိတ်တော်အတိုင်း အေဒီ ၇ဝနှစ် တွင် ရောမ စစ်သားများက ထိုဗိမာန်တော်ကို လုံးဝဖျက်ဆီးချေမှုန်းပစ်သည်။ အတိတ်ပုံရိပ်များသည် အမှန် တကယ်ဖြစ်ပျက်လာပါတကား။
(ခ) ဆင်းရဲဒုက္ခအစပြုခြင်း (၁၃:၃-၈)
သံလွင်တောင်ပေါ်တွင် ယေရှုသည် တပည့်တော်များအား ပို၍ လေးနက်သော စကားမိန့်မှာ သည်။ အချို့ပရောဖက်ပြုချက်များသည် ယေရုရှလင်ပျက်သုဉ်းမည့်အကြောင်းဖြစ်သည်။ အထူးသဖြင့် အေဒီ ၇ဝခုနှစ်သည် ဘေးဒဏ်ကြီးကာလဖြစ်မည့်အကြောင်း နှင့် ခရစ်တော် ဘုန်းတန်ခိုးနှင့် ပြန်လည် ကြွလာမည့်အကြောင်းလည်းပါသည်။ စကားတော်များအရ ယနေ့ယုံကြည်သူများအမြဲ ဆင်ခြင်ရမည့် အချက်များရှိသည်။ (၁) သူတပါးလှည့်ဖြားခြင်းမခံရဖို့ ငယ် ၅၊ ၂၃၊ (၂) မထိပ်လန့်ကြဖို့ ငယ် ၇၊ (၃) တည်ကြည်မြဲမြံဖို့ ငယ် ၁၃၊ (၄) ဆုတောင်းဖို့ ငယ် ၁၈-၃၃၊ ၉၅) သတိဖြင့်စောင့်ကြည့်ဖို့ ငယ် ၉၊ ၃၃၊ ၃၅၊ ၃ရ လိုသည်။
၁၃:၃-၄ ထိုစိတ်မချမ်းမြေ့ဖွယ်ရာ ဗိမာန်တော်ပျက်သုဉ်းမည့် သတင်းစကားကို ပေတရု၊ ယာကုပ်၊ ယောဟန်နှင် အန္ဒြေတို့က မေးကြသည်။ မည်သည့်အချိန်တွင် ပျက်စီးမည့်အကြောင်း နှင့် ထိုသို့ ပျက်စီးမည့်အကြောင်းမည်ကဲ့သို့ ကြိုတင်သိရှိနိုင်မည်နည်းဟု ဆိုကြသည်။ သခင်ဘုရားက ထိုအဖြေစ ကားအား ဒုတိယအကြိမ်ကြွလာမည့်အကြောင်းနှင့် ပေါင်းဖက်အဖြေပေးခဲ့သည်။
၁၃:၅-၆ ပထမဦးစွာ သတိပြုရန်မှာ မေရှိယအတု လူလိမ်လူညာများပေါ်ထွန်းလာမည်။ လိမ် လည်လှည့်ဖြားခြင်းမခံကြနှင့်ဟု သတိပေးသည်။ အတုအယောင်များ ပေါ်ထွန်းလာမည်။ ဘာသာရေးဆ ရာများမှိုလိုပေါက်၍ ခရစ်တော်ကို ဆန့်ကျင်လာကြမည်။
၁၃:၇-၈ ဒုတိယအနေဖြင့် တိုက်ပွဲသတင်းနှင့် စစ်မက်ရေးရာကောလဟာလသတင်းများ ဖောင်းပွလာမည်။ ငတ်မွတ်ခေါင်းပါးခြင်း ကပ်ဆိုက်မည်။ သဘာဝဘေးအန္တရာယ်ကြီးများပေါ်ထွန်းလာ မည်။ မြေငလျှင်လှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ မငြိမ်မသက်ဖြစ်ခြင်းများ ပေါ်ထွန်းမည်။ ထိုလက္ခဏာများ သည်မီးနေသည်၏ ဆင်းရဲ့ဒုက္ခမျိုးဖြစ်၍ အချိန်ကာလနီးပြီဟု မှတ်ယူရမည်။
(ဂ) တပည့်တော်များ ညှဉ်းပန်းနှိပ်စက်ခံရခြင်း (၁၃:၉-၁၃)
၁၃:၉ တတိယချက်အနေဖြင့် ကိုယ်တော်ဘုရားအတွက် သက်သေခံကြရမည့်အကြောင်း ကို ဗျာဒိတ်ပေးသည်။ ကိုယ်တော်၏ နာမတော်ကြောင့် တပည့်တော်များသည် ဘာသာရေးဆရာများ၏ စစ်ကြောခြင်းနှင့် နယ်ဘက်တရားရုံးများတွင် တရားစွဲဆိုခြင်းခံကြရမည်။
ဤကျမ်းချက်သည် ကာလတလျောက်ခရစ်ယာန်များ၏ သက်သေခံချက်များဟု ဆိုလိုသည် အထူးသဖြင့် ယုဒယုံကြည်သူ ၁၄၄,၀၀ဝ ခရစ်တော်နှင့် အတူလောကမြေ၌ စိုးစံမည့်သများကိုရည်ညွန်း ဟန်ရှိသည်။
၁၃:၁ဝ ဤကျမ်းပိုဒ်ကို ချီဆောင်ခြင်းကာလမရောက်မီလူမျိုးတိုင်းသို့ ဧဝံဂေလိတရား ရောက်ရှိရမည်ဟု အဓိပ္ပါယ်မကောက်နိုင်ပါ။ ကမ္ဘာအနှံ့သို့ ပျံ့နှံ့နိုင်ပါသည်။ သို့သော ပျံ့နှံ့ရမည်ဟု ကျမ်း သွန်သင်ချက်မရှိပါ။ ခရစ်တော်ဘုရားသန့်ရှင်းသူများအတွက် မကြွာမီ ပရောဖက်ပြုချက် ပြည့်စုံရမည် ဟုလည်း မဆိုပါ။ ကိုယ်တော်ဘုရား အချိန်မရွေးရောက်ရှိလာနိုင်သည်။
၁၃:၁၁ ယုံကြည်သူများသည် နာမတော်မြတ်၌ ညှဉ်းပန်းနှိပ်စက်ခြင်း ခံစားကြရမည် သော် လည်းဘုရားရှင်၏ ဘုန်းတန်ခိုးအားဖြင့် ခုခံနိုင်စွမ်းရှိပါမည်။ မိုးပြိုမှာကြောက်၍ တစ်တီတူးငှက်ကဲ့သို့ ခြေထောက်အပေါ် ထောင်အိပ်စရာမလိုပါ။ ဖမ်းဆီးခံရ၍ စစ်ကြောခြင်းခံရသောအခါတွင်လည်း ဘာပြောရ မည်နည်း ဟုတွေးမပူကြနှင့်။ ပြောသင့် ပြောထိုက်သည်ကို ပြောပါ။ သန့်ရှင်းသော ဝိညာဥ်တော်က သွန်သင်ပါမည်။ ဤကျမ်းစကားသည် ကြိုတင်ပြင်ဆင် ခြင်းမရှိဘဲ၊ နမော်နမဲ့နေဖို့ နောင်ခါလာ နောင်ခါ ဈေးကြုံသလိုလုပ်ဖို့ သွန်သင်ခြင်းမဟုတ်ပါ။ အနာဂတ်အ တွက် တွေးပူခြင်းမရှိဖို့၊ သခင်ဘုရားကိုယ်တော် ကအာမခံချက်ပေးထားသည့်အကြောင်း ရှင်းပြခြင်းဖြစ်သည်။ အမှုတော်ဆောင်များအတွက် မဟုတ်။ မတုရများအတွက်ဖြစ်သည်။
၁၃:၁၂-၁၃ ထိုကာလရောက်သောအခါ ကိုယ်တော်ဘုရား၏ သစ္စာရှင်များသည်လည်း သစ္စာဖောက်လာကြမည်။ ယုံကြည်သူမိသားစုများသည် အကွဲကွဲ အပြားပြားဖြစ်ကြမည်။ ခရစ်ယာန်ဝါဒကို ဆန့်ကျင်သောအယူဝါဒများလှိုင်းလုံးကြီးပမာ ကမ္ဘာတဝှမ်းခက်ထန်သောင်းကန်လာမည်။ ထိုကာလတွင် အဆုံးတိုင်အောင် တည်တံ့မြဲမြံသူများသည် ကယ်တင်ခြင်းရရှိကြလိမ့်မည်။ ထိုသိုပ စိတ်ရှည်သီးခံကြသော ကြောင့် ထာဝရအသက်တာရရှိကြမည်ဟု မဆိုလို။ မှားယွင်းသော သွန်သင်ချက်များမှ လွတ်မြောက် မည့် အကြောင်းဆိုလိုခြင်းဖြစ်သည်။ သစ္စာရှိသော ယုံကြည်သူများသည် ရုပ်ခန္ဓာဆင်းရဲခြင်း၊ သေခြင်းမှ ကင်း လွတ်ကြမည့်ဟုဆိုလိုခြင်းလည်းမဟုတ်။ အဘယ်ကြောင့် ဆိုသော် သူတို့၏ သက်သေခံချက်အတိုင်း သွေးက စကားပြောပါသည်။ စိတ်ရှည်သီးခံခြင်းက ဆုံးခန်းတိုင်ပို့ဆောင်ပေးပါသည်။
(ဃ) မဟာဘေးဒဏ်ကြီးကာလ (၁၃:၁၄-၂၃)
၁၃:၁၄-၁၈ ငယ် ၁၄သည် မဟာဘေးဒဏ်ကြီးကာလ၏ အစပိုင်းဖြစ်သည်။ ဒံ ၉:၂ရနှင့် ယှဉ်ဖတ်ပါ။ ထိုကာလတွင် ယေရုရှလင် ဗိမာန်တော်ကြီးညစ်ညမ်းခြင်းသရဖူဆောင်ပါမည်။ လူအများလာ ရောက်ကိုးကွယ်ကြမည်။ သို့မဟုတ် အသတ်ခံကြရမည်။ ယုံကြည်သူများက ကိုးကွယ်ရန်ငြင်းပယ်ကြမည်။
ထိုရုပ်တုဆိုးကြီးအား အတင်းအဓမ္မမကိုးကွယခြင်းသည် မဟာ ညှဉ်းပန်းနှိပ်စက်ခြင်း အစပြု ကြောင်းအချက်ပေးခြင်းဖြစ်သည်။ သမ္မာကျမ်းကို လေ့လာဖတ်ရှုသူတိုင်း ယုဒပြည်မှ ထွက်ခွာသည့် အချိန်ကို မှတ်မိကြလိမ့်မည်။ ကိုယ်ပိုင် ဥစ္စာ၊ ပစ္စည်းများစုသိမ်းရန် အချိန်မရကြ။ ကိုယ်ဝန်ဆောင် မိန်းမ များနှင့် သားသည် မိခင်များလည်းအော်မြည်ငိုကြွေးကြမည်။ ထိုနေ့ရက်များသည် ဆောင်းဥတုဖြစ်ခဲ့လျှင် ပို၍ခံစားကြရမည်။
၁၃:၁၉ ထိုမျှဆိုးဝါးထိတ်လန့်ဘွယ်ရာ ဘေးဒဏ်ကြီးမျိုးဘယ်သောအခါမှ မကြုံဖူးဘူး။ ထပ် မန်ကြုံစာရာအကြောင်းမရှိ။ မဟာဘေးဒဏ်ကြီးဖြစ်သည်။ ထိုဘေးဒဏ်ကြီးများကို ယုံကြည်သူများ အသက်တာတွင် ကြုံတွေ့ခဲ့ဘူးကြောင်း၊ သခင်ဘုရား ပုံဥပမာပေးခြင်း မရှိ။ ရှားပါးထူးခြားသော ကာလတာဖြစ်သည်။
ဘေးဒဏ်ကြီးသည် အဓိကအားဖြင့် ယုဒလူမျိုးကို အခြေခံကြောင်း မှတ်ထားပါ။ ဗိမာန်တော် (အငယ် ၁၄၊ မ ၂၄:၁၅ကိုယှဉ်ဖတ်ပါ။ ယုဒပြည်အငယ် ၁၄၊ ယာကုပ်၏ ဆင်းရဲဒုက္ခ ယေ ၃၀:၇) တွင်ဖတ်ပါ။ ဤကျမ်းပိုဒ်များတွင် အသင်းတော်တွေ့ရမည်မဟုတ်။ သခင်ဘုရား၏ အုပ်းစိုခြင်း ထိုအရာများသည် ကောင်းကင်နိုင်ငံသို့ ချီဆောင်ရန် အသင့်ပြင်ဆင်ခြင်းဖြစ်သည်။ (၁သက် ၄:၁၃-၁၈၊ ၁သက် ၅:၁-၃နှင့် ယှဉ်ဖတ်ပါ။ )
၁၃:၂ဝ ထိုနေ့ရက်တွင် ဘုရားသခင်၏ အမျက်ဒေါသဖလားတော်ကို ကမ္ဘာလောကသို့ သွန်းလောင်းမည်။ ဘေးဒဏ်သင့်၍ သွေးရူးသွေးတမ်းဖြင့် ကစဥ့်ကလျားဟိုပြေးသည်ပြေးယောက်ယက် ခတ်ကြမည်။ အကယ်၍ ဘုရားသခင်ကသာ ထိုနေ့ရက်ကာလကို တိုအောင်မလုပ်လျှင် လူတယောက်မှ ကျန်တော့မည်မဟုတ်။
၁၃:၂၁-၂၂ မှားယွင်းသော မေရှိယပေါ်ထွန်းလျှင် မဟာဘေးဒဏ်ကြီးစပြီဟု မှတ်ယူရမည်။ လူများသည် ကတိကောင်းကောင်းပေးနိုင်သူများထံသို့ ခိုလှုံကြမည်။ သို့သော်ယုံကြည်သူများ သိမှတ် ရန်မှာ ခရစ်တော်သည်။ ထိုကာလတွင် တိုးတိုးတိတ်တိတ်ရောက်လာမည်မဟုတ်။ မှားယွင်းသော မေရှိယ အတုအယောင်များ ပေါ်ထွန်းလာကြမည်ဖြစ်သော်လည်း စစ်မှန်သောယုံကြည်သူများက လက်ခံကြမည် မဟုတ်။ ထိုလူများထံပြသော နိမိတ်လက္ခဏာများသည် စာတန်မှ ပေးထားသော တန်ခိုးများဖြစ်သည်။
နိမိတ်လက္ခဏာအမျိုးမျိုးပြသကြသော်လည်း ထိုနိမိတ်လက္ခဏာများသည် စာတန်၊ နတ်ဆိုး ကောင်းကင်သားများ၏ တန်ခိုးသာဖြစ်သည်။ သူယုတ်မာတို့သည် စာတန်၏ တန်ခိုးယူ၍ ထူးဆန်းသော နိမိတ်အမျိုးမျိုးပြုကြမည် (၂သက် ၂:၉)။
၁၃:၂၃ ထို့ကြောင့်ယုံကြည်သူများသည် လိမ်လည်လှည့်ဖြားခြင်းမခံရအောင် သတိထားရ ပေမည်။
(င) ဒုတိယအကြိမ်ကြွလာခြင်း (၁၃:၂၄-၂၇)
၁၃:၂၄-၂၅ ဘေးဒဏ်ကြီးကာလပြီးဆုံးသည်နှင့် အထက်မိုးကောင်းကင်မှ ဆင်းရဲဒုက္ခ ရောက်လာမည်။ ကမ္ဘာမြေပေါ်တွင် နေ့နေ့ညည မှောင်မိုက်မဲမဲ ဖြစ်မည်။ ကောင်းကင်ကြယ်များသည် ကြွေကျကြမည်။ နက္ခတ် တာရာဂြိုလ်များသည်လည်း တုန်လှုပ်ကြမည်။
၁၃:၂၆-၂ရ ထိုအခါလူသားတော်သည် ကမ္ဘာမြေပေါ်သို့ ဘုန်းတန်ခိုးအပြည့်အစုံဖြင့် ကြွလာ ကြောင်း မြင်ကြရမည်။ ထိုကာလတွင် ယေရှုသခင်သည် နာဇရက်သားဘဝဖြင့် ရောက်လာခြင်းမဟုတ်။ ဘုန်းတန်ခိုးထိန်ဝါလျက် အောင်စည်အောင်မောင်းခြိမ့်ခြိမ့် သဲကြွမြန်းလာမည်။ ကောင်းကင်တမန်များ၊ သန့်ရှင်းသူများ ခြံရံလျက် မိုဃ်းတိမ်စီးပြီး ကြွလာမည်။ ဘုန်းတန်ခိုးအရှိန်အဝါ ပြည့်လျှံကြောင်း ပြသ ခြင်းဖြစ်သည်။ ကိုယတော်ဘုရားသည် ကောင်းကင်တမန်များအား အရပ်လေးမျက်နှာရှိ သန့်ရှင်းသူများကို ခေါ်ယူစုစည်းစေမည်။ ထိုသူများမှာ ဘေးဒဏ်ကြီးကာလအတွင်း သစ္စာရှိရိ ကိုယ်တော်ဘုရားအားယုံကြည် စောင့်စားသူများဖြစ်သည်။ ကမ္ဘာတစ်ခုမှတစ်ခု အရှေ့ပြည်မှ အနောက်နိုင်ငံတော်၏ အနှစ်တထောင် အုပ်စိုးခြင်း၌ ပါဝင်စိုးစံကြမည်။ ကိုယ်တော်၏ရန်သူများလည်း တပြိုင်နက်ပျက်သုဉ်းကုန်မည်။
(စ) သင်္ဘောသဖန်းပင် ပုံဥပမာ (၁၃:၂၈-၃၁)
၁၃:၂၈ သင်္ဘောသဖန်းပင်ကို ဣသရေလလူမျိုးနှင့် ပုံနှိုင်းထားသည်။ သင်္ဘောသဖန်းပင် ရွက်နုထွက်လာလျှင်နွေဦးရာသီ ရောက်တော့မည်ဖြစ်သကဲ့သို့ ခရစ်တော်ဘုရားကြွလာခါနီးတွင် ဣသရေ လအမျိုးစုစည်းကြမည်ဟုဆိုသည်။ ၁၉၄၈ခုနှစ်တွင် ဣသရေလနိုင်ငံထူထောင်သည်။ ယနေ့ကမ္ဘာ့တိုင်း နိုင်ငံအသီးသီးက ထိုနိုင်ငံကို အသိအမှတ်ပြု အလေးထားလာကြသည်။ ကမ္ဘာ့အရေးအရာတွင် ပါဝင်လာ ခြင်းသည် ရွက်နုဝေခြင်းဖြစ်သည်။ သို့သော် ခရစ်တော်ဘုရားအား မေရှိယ အရှင်အဖြစ် လက်မခံသရွေ့ အသီးသီးကြမည်မဟုတ်သေး။ အရွက်သာလျှင် ဝေဆာဦးမည်။
၁၃:၂၉ ဣသရေလနိုင်ငံပေါ်ထွန်ုးခြင်း သမိုင်းကြောင်းကို ကြည့်ခြင်းအားဖြင့် အရှင်သခင်၂၁ သည် တံခါးဝတွင်ရောက်ရောက်ရှိနေကြောင်း သိသာသည်။ ထိုသို့ အချိန်ကာလနီးစပ်နေလျှင် အသင်း တော်အတွက်ကြွလာတော်မူမည့် အချိန်သည် အလွန်နီးကပ်နေပြီ။
၁၃:၃ဝ ဤကျမ်းပိုဒ်ကို ဖတ်ရှု၍ မျက်မှောက်ပစ္စုပ္ပန်သည် ခရစ်တော်ဘုရားကြွလာသည့် တိုင်အောင် အသက်ရှင်နေကြမည်ဟု အနက်ကောက်ကြသည်။ သို့သော်ထိုသို့ဆိုလိုခြင်းမဟုတ်ပါ။ အငယ် ၂၄-၂ရ တွင် ထိုကာလကိုမရည်ညွန်းကြောင်း၊ ရှင်းလင်းစွာဖော်ပြထားပါသည်။ အချို့က ၁၉၄၈ ခုနှစ်တွင် နိုင်ငံထူထောင်သော ဣသရေလနိုင်ငံသည် ထိုနေ့ရက်တိုင်အောင်ရှိနေမည်ဟုအနက်ကောက် ကြသည်။ ယခုဖြစ်သောလူဆိုသည်မှာ မျိုးရိုးစဉ်ဆက်ဖြစ်သည်ဟု ယူဆကြသည်။ ဤလူမျိုးဆက်ဆိုသည် မှာ ဤလူမျိုး (ဣသရေလ) ကိုဆိုလိုသည်ဟုစာရေးသူက သဘောတူပါသည်။ မေရှိယသခင်ကို ယုံကြည် ခြင်းမရှိဘဲ၊ ငြင်းပယ်သော ယုဒလူမျိုးကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ လူ့သမိုင်းကြောင်းအရ ဤလူမျိုး သည်ပျောက်လွင့်ခြင်းမရှိ။ လူမျိုးတမျိုးလုံးအားထူးဆန်ုးသောလူမျိုးအဖြစ်ဘုရားသခင်က မပစ်ပယ်ပါ။ ခရစ်တော်ဘုရား ဒုတိယအကြိမ်ပြန်လည်ကြွလာသည့်တိုင်အောင်ရှိနေကြမည် အမှန်။
၁၃:၃၁ ကိုယ်တော်ဘုရား၏ ဗျာဒိတ်တော်အား လူသားတိုင်း စွဲပြဲစွာ လက်ခံယုံကြည်စေချင် သည်။ ကောင်းကင်နှင့် ကြယ်တာရာနက္ခတ်များ၊ ပျောက်လွင့် ချင်ပျောက်လွင့်မည်။ ကမ္ဘာမြေကြီးပျောက် ဆုံးလျှင်ပျောက်ဆုံးမည်။ သို့သော် ကိုယ်တော်၏ စကားတော်သည် တည်မြဲလျက် တည်မြဲနေမည်ဟု မိန့် တော်မူသည်။
(ဆ) အချိန်နာရီမသိသောနေ့ (၁၃:၃၂-၃၇)
၁၃:၃၂ “ထိုအချိန်နာရီကား၊ ခမည်းတော်မှ တပါး အဘယ်သူမျှ မသိ၊ ကောင်းကင်တမန် များမသိ၊ သားတော်လည်းမသိ” ဟုမိန့်တော်မူသည်။ ထို့ကြောင့် ခရစ်တော်၏ ဆန့်ကျင်ဘက်များက ဤကျမ်းပိုဒ်ကိုးကား၍ ခရစ်တော်သည် အလုံးစုံကို သိရှိသူမဟုတ်ဟု၊ စွပ်စွဲသရော်ကြသည်။ သွန်သင်ကြ သည်။
ထိုယူဆချက်နှစ်ခုစလုံးသည် မှားသော်လည်း သစ္စာစကားဖြစ်သည်။ “သခင်ယေရှုသည် ဘုရားဖြစ်သကဲ့သို့ လူသားတော်လည်းဖြစ်သည်။ ဘုရားဇာတိတော်ရှိသကဲ့သို့ လူ့အသွေးအသားလည်း ရှိသည်။ လူ့အသွေးအသားကို ခံယူသည်” သို့သော် ဘုရားဇာတိတော်မရှိသည့် ကာလအစိတ်အပိုင်း လုံးဝ မရှိ။
ထိုသို့ဆိုလျှင် ဒုတိယအကြိမ်ကြွလာမည့် အချိန်နာရီမသိဟုအဘယ်ကြောင့်ပြောရသနည်း။ ထိုအဖြေစကားကို (ယော ၁၅:၁၅)တွင် တွေ့ရသည်။
“…..ကျွန်မူကား ကိုယ့်သခင်ပြုသောအမှုကို မသိ” ဟုဆိုထားသည်။ ပြည့်စုံသောအစေခံ ဖြစ်သောကြောင့် သူကြွလာမည့် အကြောင်းကို အထွေအထူး ပြောမထားပါ (ယော ၁၂:၅၀၊ ၁၇:၈)။ ဘုရားသခင်သိကြောင်းကိုယ်တော်သိသည်။ ကိုယ်တော်အား အသိပေးခြင်းဖြင့် အခြားသူများကို တဆင့်မ သိစေလိုပါ။ ထိုအကြောင်းကို James H. Brookes က ဤသို့ရှင်းပြသည်။
သခင်ဘုရားသည် အလုံးစုံကိုမသိရှိကြောင်းငြင်းပယ်ခြင်းမဟုတ်ပါ။ ကိုယ်တော်၏ အစီအမံ သည် ရွေးနှုတ်ခြင်းအမှုတော်ဖြစ်သည်။ အချိန်နာရီသိရှိရန်မလို။ အချိန်နာရီသည် ခမည်းတော်၏ ချိန်းချက် သတ်မှတ်ရာဖြစ်သည်။ (တ ၁:၇) တွင်နောက်တခေါက်ပြန်လာမည်ဟု ယေရှုသိကြောင်းဖော်ပြထားသည်။ မကြာခဏလည်းမိန့်ဆိုသည်။ သို့သော် အချိန်နာရီချိန်းချက်ခြင်းမရှိပါ။ လျှို့ဝှက်ထားသည်။ အဘယ် ကြောင့်ဆိုသော် တပည့်တော်၊ နောက်လိုက်တော်များမှ မိမိမျှော်လင့်စေချင်သည်။ သစ္စာရှိစေချင်သည်။ ယုံကြည်စေချင်သည်။၂၂
၁၃:၃၃-၃ရ ကိုယ်တော်ဘုရားပြန်လာမည့် အချိန်အခါကို ဆုတောင်းလျက်စောင့် နေကြဖို့ မှာကြားတိုက်တွန်းခြင်းဖြင့် ဤအခန်းကို အဆုံးသတ်သည်။ ချိန်းဆိုထားသော အချိန်နာရီမသိရှိကြသဖြင့် အမြဲတန်းအဆင်သင့် နိုးနိုးကြားကြားရှိဖို့လိုသည်။
အိမ်ရှင်သည် ခရီးသွာခါနီးတွင် အိမ်စောင့်အားအဆင်သင့်စောင့်နေဖို့ မှာကြားခဲ့သည်။ ဘယ်အချိန်ပြန်ရောက်မည်ကို သူကိုယ်တိုင်မသိ။ ထိုသို့ ကိုယ်တော်ဘုရားက သူရောက်လာမည့်အချိန် အားယုံကြည်သူများကို မှာကြားခဲ့သည်။ ယေရှုသည် ခရီးထွက်နေသော အိမ်ရှင်ဖြစ်သည်။ ညအချိန် မတော်ပြန်ရောက်နိုင်သည်။ အိပ်ပျော်ငိုက်မြည်းခြင်းမရှိဘဲ သတိဝိရိယ ဖြင့်စောင့်နေကြရမည်။ ထို့ကြောင့် အသင့်စောင့်နေဖို့ မှာကြားသည်။