ရှင်မဿဲခရစ်ဝင် ၁၄
၉။ ရန်မူသူများအပေါ် မလျှော့မနည်းေသာ ကျေးဇူးတော် (၁၄:၁- ၁၆:၁၂)
(က) ဗတိ္တဇံယောဟန်ခေါင်းဖြတ်ခံရခြင်း (၁၄:၁-၁၂)
၁၄:၁-၂ သခင်ယေရှု၏ မင်္ဂလာသတင်းသည် စော်ဘွားဟေရုဒ်ထံရောက်ရှိသွားသည်။ ဟေရုဒ်အဂြိပဟုလည်းနာမည်ဆိုးဖြင့် လူသိများသည်။ ဗတိ္တဇံယောဟန်ကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ ဗတိ္တဇံယောဟန်ကို စိတ်နှလုံးထဲမှာ လိပ်ပြာစွဲ ညှိနေသည်။ ယခုသခင်ယေရှု၏ အံ့ဖွယ် နိမိတ်လက္ခဏာ များကြားသိသောအခါ ဗတိ္တဇံယောဟန်ကို ပြေသတိရသည်။ အတိတ်ထမင်းလုံးတစ္ဆေကခြောက်လှန့်နေ သည်။ ထိုယေရှုသခင်ဆိုသူသည် ဗတ္တိဇံယောဟန်ပြန်လည်ထမြောက်သူဖြစ်လေမည်လားဟု အစေခံ တပည့်များကို မေးလိုက်သည်။
၁၄:၃ အပိုဒ်ငယ် ၃-၁၂တွင် ယောဟန်၏ အတိတ်ပုံရိပ်ကို ပြန်လည်ထုတ်ဖြေသည်။ ရှင်မဿဲက ထိုအဖြစ်အပျက်ကို ဇာတ်လမ်းစုံခင်းပြသည်။
၁၄:၄-၅ ထိုဟေရုဒ်သည် စည်းစိမ်ဥစ္စာခံစားခြင်း၌ ရမက်အသာပြေနိုင်သောကြောင့် ညီတော်ဖိလိပ္ပိ၏ မိန်းမ၊ ခယ်မဖြစ်သူ ဟေရောဒိနှင့် လိင်ဖောက်ပြန်ကြသည်။ ပရောဖက်ယောဟန်က ထိုညစ်ညမ်းသော ဖောက်ပြန်ခြင်းပြစ်မှုကိုခွင့် မလွတ်လက်ညိုးထိုးပြသည်။
လူပုံအလယ် ထိုသို့ပြစ်တင်ရှုတ်ချခြင်းခံရသည်ကို ဟေရုဒ်မကျေနပ်၊ အမျက်ဒေါသထွက် လျက် ယောဟန်အား သတ်ပစ်ကွက်မျက်ချင်သည်။ သို့သော်တိုင်းသူပြည်သားများက ယောဟန်အား ပရောဖက်အဖြစ် ကိုးကွယ်ကြသောကြောင့် လက်ရွံ့သည်။ ရပ်သူရွာသားများကို မဆန့်ကျင်ရဲ။ သို့ကြောင့် အမျက်ဒေါသတထစ်ချ၍ ယောဟန်အား ထောင်သွင်းလိုက်သည်။ ဘုရားတရား မသိသူများ၏ အသိဉာဏ် ပညာသည် ခြင်္သေ့ကဲ့သို့ အခြားသူများကို သတ်စားဝါးမြိုရန် သာမြင်တတ်ကြသည်။ ဘာသာတရားနှင့် ကင်းလွတ်သူများဖြစ်သဖြင့် အရှက်အကြောက်မရှကြ။၃၁
၁၄:၆-၁၁ ဟေရုဒ်၏ မွေးနေ့ပါတီးပွဲကျင်းပသောအခါ ဟေရောဒိ၏ သမီးပျိုသည်လည်း ဝတ်စုံပါလျလျဖြင့် ဟေရုဒ်နားတွင် ပွတ်သတ်သီးကာကခုန်ခဲ့သည်။ ဆုလက်ဆောင်တောင်းရန် ဟေရုဒ်က ပြောသောအခါ မိခင်အားမည်သည့်ဆုလက်ဆောင်တောင်းရမည်နည်းဟုအကြံဉာဏ်သွားတောင်းသည်။ ဟေရောဒိသည် လည်းခဲအို ဟေရုဒ်နှင့် အကြည့်ဆိုက်သူဖြစ်သဖြင့် ဗတိ္တဇံဆရာယောဟန်၏ ဦးခေါင်းအား လင်ဗန်းဖြင့်ဆက်သရန် တောင်းဆိုခိုင်သည်။ ထိုစကားကို ဟေရုဒ်ကြားသိသောအခါ ဝမ်းလည်းသာသည်။ ကြောက်လည်းကြောက်သည်။သို့သော် သူငယ်မအားကတိပေးထားပြီးဖြစ်သဖြင့် ဗတိ္တဇံယောဟန်၏ ခေါင်း ဖြတ်ရန် မချင့် မရဲအမိန့်ပေးလိုက်သည်။
၁၄:၁၂ ဗတိ္တဇံယောဟန်၏ တပည့်များက ယောဟန်အလောင်းကို တလေးတစားသဂြိင်္ုလ် ကြပြီး၊ အဖြစ်အပျက်ကို သခင်ယေရှုထံကြားပြောကြသည်။ ကြေကွဲဝမ်းနည်းခြင်းပြုမနေဘဲ၊ သခင်ယေရှု ထံသတင်းပိုကြသည်မှာ ကောင်းသော သင်ခန်းစာဖြစ်သည်။ စုံစမ်းညှဉ်းဆဲခြင်း၊ ဖိစီးနှိပ်စက်ခြင်း၊ ဆင်းရဲ ဒုက္ခခံစားချိန်၌ ဝမ်းနည်းနေမယ့်အစား သခင်ယေရှုအကြောင်းကို အခြားသူများအားပြောပြသင့်သည်။
ဟေရုဒ်သည် ကိုယ်ထိုလက်ရောက်ကျူးလွန်ပြီးမြောက်ခြ့သော်လည်း အတိတ်တစ္ဆေက တောက်လျှောက်လိုနေသည်။ သခင်ယေရှု၏ လှုပ်ရှားမှုသတင်းကြားသိသောအခါ စားမရ၊ အိပ်မရ၊ ကဏှာမငြိမ်းဖြစ်နေသည်။
(ခ) လူငါးထောင်ကျွေးမွေးခြင်း (၁၄:၁၃-၂၁)
၁၄:၁၃-၁၄ ဟေရုဒ်၏ ဆိုးသွမ်းသောင်းကျန်းပုံကို သခင်ယေရှုကြားသိသောအခါ ဂါလိလဲ အိုင်သို့ လှေဖြင့် ထွက်သွားသည်။ စင်စစ်ကိုယ်တော်ဘုရားသည် အသက်ရန် စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်ခြင်းမဟုတ်ပါ။ အချိန်အခါမကျရောက်လျှင်ကိုယ်တော်ဘုရား သေနေ့မစေ့နိုင်ပါ။ ကိုယ်တော်ဘုရားသည် နေ့ရက်ချိန်ခါပြက္ခဒိန်၏ အရှင်သခင်လည်းဖြစ်သည်။ သို့ကြောင့် ထိုသို့ထွက်ခွာ ရခြင်း၏ အကြောင်းရင်းမှန်ကို မသိရသော်လည်း ဧဝံဂေလိဟောကြားခြင်းမှ ပြန်လည်ရောက်လာကြ သောတပည့်တော်များကို တွေ့ဆုံဖို့ဖြစ်နိုင်သည်။ (မာ ၆:၃၀၊ လု ၉:၁၀)။ တပည့်တော်များနှင့်အတူ အေးအေးဆေးဆေးအနားယူလိုခြင်းဖြစ်ပေမည်။
မည်သည် အကြောင်းကြောင့် သွားသည်ဖြစ်စေ၊ လူအုပ်ကြီးသည် ကိုယ်တော်နောက်သို့ ခြေလျင်လျှောက်ကာလိုက်သွားကြသည်။ ပင်လယ်ကမ်းခြေသို့ရောက်သောအခါ လူအုပ်ကြီးကိုစောင့် ကြည့်သည်။ ထိုနေမကောင်း၊ မကျန်းမာသောလူအုပ်ကြီးအား ချက်ချင်း ကျန်းမာစေလိုက်သည်။
၁၄:၁၅ ညနေ(၃)နာရီထိုးနေပြီ။ ထိုလူအုပ်ကြီးအားကျွေးမွေးစရာမရှိသောကြောင့် တပည့်တော်များအခက်အခဲ တွေ့နေကြသည်။ ထို့ကြောင့် အနီးအနားရှိရွာထဲသို့သွား၍ စားစရာသွားရှာ ရန် သခင့်ထံ ခွင့်ပန်ကြသည်။ သခင်ဘုရား၏ ဘုန်းတန်ခိုးကို အမှန်တကယ်မသိရှိ၊ နားမလည်နိုင်ကြပါ လား။
၁၄:၁၆-၁၈ သခင်ဘုရားက သွားစရာလိုဟုတားမြစ်လိုက်သည်။ သခင်ဘုရားက စားစရာ တခုခုကျွေးလိုက်ပါ်ဟု ဆိုရာ မုန့်ငါးလုံးနှင့် ငါး နှစ်ကောင်းသာရှိသဖြင့် မလုံလောက်နိုင်ဟုဆိုကြသည်။ အရာခမ့်သိမ်းကို ဖန်ဆင်းပိုင်သတော်မူသော ဘုရားရှင် သူတို့နှင့်အတူရှိကြောင်းကိုမူ မေ့နေကြသည်။ သခင်ဘုရားက ထိုရှိသမျှသော အစာကို င့ါထံယူလာခဲ့ကြဟုဆိုသည်။
၁၄:၁၉-၂ဝ ပရိသတ်ကြီးအားမြက်ခင်းလွင်ပြင်တွင်ထိုင်စေကြသည်။ သခင်ဘုရားသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အပေါ် ကျေးဇူးတော်ချီးမွမ်းပြီးနောက်၊ မုန့်ကိုဖဲ့ကာ တပည့်တော်များအား ဝေခိုင်းလိုက်သည်။ ဝေပြီးသောအခါ အပြည့်အလျှံဖြစ်နေသည် ပိုလျှံသောမုန့်ကို ပြန်လည်စုစည်းရာခြင်း တောင်းတဆယ့်နှစ်တောင်း ရရှိကြသည်။ အစထက်အဆုံးတွင် ပိုများနေသည်။ မယုံနိုင်စရာဖြစ်သည်။ လူအုပ်ကြီးမှာ လူတစ်သောင်းမှာ တသောင်းခွဲခန့်ဖြစ်သည်။ ယောကျာ်ကြီးသက်သက် ငါးထောင်ရှိသည်။ မိန်းမများနှင့် ကလေးများပါသေးသည်။
ဤအံ့ဖွယ်လက္ခဏာသည် ကြီးမားသော ဝိညာဉ်ရေးရာသင်ခန်းစာ တရပ်ဖြစ်သည် ငတ်မွတ်ဆာလောင်နေသော လူများစွာရှိနေသည်။ သနားစရာတပည့်တော်လူနည်းစုကသာ ဝိညာဉ်အစာ လိုက်ကျွေးနေကြသည်။ ကယ်တင်ရှင်းဘုရားသည် ထိုအမှုတော် တွင်အမြဲတန်းပါဝင်သည်။ တပည့်တော် များကစေတနာ သဒ္ဓါထက်သန်စွာကျွေးမွေးကြသောအခါ ပရိသတ်ကြီးအတွက် လုံလောက်ပြည်လျှံသည် အနည်းငယ်သော အရာကို အဆမတန်များပြားစေသည်။ တမဟုတ်ချင်းတွင်လူပေါင်းငါးထောင်သည် ဝမ်းဝသွားကြသည်။ ထိုအစာသည် ခဏတဖြုတ်သာဝသည်။ ထာဝရဝမ်းဝဖို့ အသက်ရှင်ေသာ ခရစ်တော် အစာလိုအပ်သည် (ယော ၆:၃၅ ကိုလည်းကြည့်)။
(ဂ) ရေပြင်ပေါ်တွင် ကိုယ်တော်ဘုရားလမ်းလျှောက်ခြင်း (၁၄:၂၂-၃၃)
အထက်ကအံ့ဖွယ်နိမိတ်လက္ခဏာတွင် လိုအပ်သော ဘုရားကို သခင်ဘုရားဖြည့်စွမ်း နိုင်ကြောင်းတပည့်တော်များတွေ့မြင်သိရှိခဲ့ကြသည်။ တပည့်တော်များကို ကွယ်ကာနိုင်ကြောင်းနှင့် တန်ခိုး ပေးနိုင်ကြောင်းလည်းယုံကြည်ကြသည်။
၁၄:၂၂-၂၃ ပရိသတ်များထွက်ခွာကြပြီးသော အခါ တပည့်တော်များအား လှေပေါ်သို့ တက်စေပြီးတဖက်ကမ်းသို့ကူးခိုင်းသည်။ ကိုယ်တော်ကြွမြန်းသည်။ ညနေစောင်း၍ နေဝင်ရီတရောအချိန် ရောက်နေပြီ။ (အချို့ကျမ်းပိုဒ်များတွင် ညနေခင်းဟုဆို၍ အချို့ကျမ်းပိုဒ်တွင် နေဝင်ချိန်ဟုဆိုကြသည်)။
၁၄:၂၄-၂ရ လှေသည် ကမ်းစပ်မှ ခွာလျက်ရေလယ်ခေါင်ရောက်နေပြီ။ ဆိုးမဆင့် ဗုံမဆင့် လေပြင်းတိုက်ခတ်လာသည်။ လှိုင်းတံပိုးများက လှေကို တဗျမ်းဗျမ်းရိုက်ပုတ်သည်။ မိုးရိပ်မှောင်မဲနေသည် တပည့်တော်များ မျက်လုံးမျက်ဆံပြူးနေကြသည်ကို ခရစ်တော်ဘုရား သိရှိ (ထိုအချိန်သည် ညနေ ၃နာရီ နှင့် ၆နာရီအကြားဖြစ်သည်) သဖြင့် ပင်လယ်ပေါ်လမ်းလျှောက်ပြီးတပည့်တော်များထံသို့ သွားသည်။ သို့သော် တခဏချင်းတွင် မစိုးရိမ်ကြနှင့် ငါပင်ဖြစ်သည်ဟူသော သခင်ဘုရား၏ အသံတော်ကြားသိသော အခါမူ သက်ပြင်းချကြသည်။
ထိုဖြစ်စဉ်ကို မှတ်သားပါ။ ယုံကြည်သူများ ဘဝမုန်တိုင်း ခက်ထန်သော အခါ၊ ဆင်းရဲဒုက္ခ ပြဿနာရင်ဆိုင်ရသောအခါ သခင်ဘုရားမရှိသော်လည်း တချိန်လုံးဆုတောင်းပေးနေသည်ကို သတိရပါ။ မှောင်မိုက်ကာလရောက်သောအခါ အနားသို့ ချဉ်းကပ်လာပြီး လက်တွက်ကူဖော်ပြုပါသည်။ မကြာခဏ သခင်ဘုရားကို အထင်မှားတတ်ကြသည်။ အသံတော်ကြား၍ လက်တော်ထိတွေ့သောအခါ သခင်ဘုရား မှန်းသိရှိကြသည်။ လှိုင်းတံပိုးများသည် ကိုယ်တော့်ဘုရား၏ ခြေဖဝါးအောက်၌သာ ရှိသည်ကို အမြဲသတိရ ပါ။
၁၄:၂၈ ပေတရုက သခင်ယေရှု၏ အသံတော်မှန်းသိရှိသောအခါ ဝမ်းသာ အားရနှင့် သခင်ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ ရေပေါ်မှာလာရမည် ဟုဆိုသည်။ ဤနေရာ သည်ပေတရု၏ စကားတါင် မှန်လျှင် ဟူသောစကားသည် သံသယ စိတ်အရိပ်မကင်းသည်ကို သတိပြုပါ။ ယုံကြည်သည်မှန်သော်လည်း အပြည့်အဝမဟုတ်။ ကိုယ်တော်ဘုရားကလည်း တပည့်တော်ပေတရု တောင်းလျှောက်သည့်အတိုင်းခွင့် ပြုလိုက်သည်။
၁၄:၂၉-၃၃ သခင်ဘုရားက လာခဲ့လော့ ဟု မိန့်တော်မူသည်နှင့် ပေတရုသည် လှေပေါ်မှ လွှားကနဲခုန်ထွက်ကာရေပေါ်မှာ လျှောက်လှမ်းသွားသည်။ သခင်ယေရှုမျက်နှာကိုကြည့်၍ တောက် လျှောက်သွားသည်။ ထိုအခိုက်လေပြင်းတိုက်ရာသို့ အာရုံတချက်လွင့် သွားသောအခါ ရေထဲသို့ နစ်မြုပ် သွားသည်။ ကြေားအားလန့်အားဖြင့် သခင်ကယ်တင်တော်မူပါ ဟုအော်ခေါ်ရာသခင်ဘုရားက လက်ကမ်း လှမ်းဆွဲလိုက်သည်။ ယုံကြည်ခြင်းလွင့်ပါးမှုကို အပြစ်တင်လိုက်သည်။ လှေပေါ်သို့နှစ်ယောက်သားရောက် သွားသောအခါ လေပြင်းမုန်တိုင်းလည်း ငြိမ်ကျသွားသည်။ ဘုရားသားတော်အမှန်ဖြစ်လျှင် ဟူသော တပည့်တော်များ၏ ယုံကြည်ခြင်းကိုစဉ်းစားကြည့်ကြပါ။
ရေပေါ်မှာလမ်းလျှောက်ခြင်းမှာ လူ့အတွေးဖြင့် မဖြစ်နိုင်ပါ။။ သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုးဖြင့် သာဖြစ်နိုင်ပါသည်။ ဘဝအတက်တာ ရှေ့ခရီးမှာ ခရစ်တော်ယေရှုဖြင့်သာလျှင် (ဟေဗြဲ ၁၂:၂) ရည်မှန်းချက်ရောက်နိုင်ပါသည်။ တစ်စက္ကန့်မျှ အတွေးချော်လျှင် ရေနစ်မည်။ သခင်ယေရှုအား အော်ခေါ် ရမည်။
(ဃ) ဂင်္နေသရက်နယ်တွင်အနာရောဂါကင်းငြိမ်းစေခြင်း (၁၄:၄-၃၆)
၁၄:၃၄-၃၆ ဂါလိလဲပင်လယ်အနောက်မြောက်အရပ်ရှိ ဂင်္နေသရက် အရပ်ဒေသတို့ ရောက်နေပြီ။ သခင်ဘုရားမှန်းမှတ်မိကြသောအခါ နေမကောင်းမကျန်းမာသူများ၊ ဒုကိ္ခတများစုဝေးလာကြ သည်။ ကိုယ်တော်ဘုရား၏ ဝတ်ရုံဖျားကိုင်မိလျှင် ပင်အနာရောဂါပျောက်ကင်းမည်ဟုခံယူကြ၍ ခွင့် တောင်းကြသည်။ ထိတွေ့သူတိုင်းလည်း အနာရောဂါငြိမ်းကြသည်။ ဆေးဆရာများအလုပ်လက်မဲ့ ဖြစ်သွားကြသည်။ ထိုရက်ကာလတွင် နေမကောင်းဖျားနာသူတယောက်မှ မရှိတော့ပါ။ မဟာသမားတော် ကြီးအလည်အပတ်ရောက်ရှိသောကြောင့် တနယ်သားလုံးကျန်းမာချမ်းသာကြသည်။