ရှင်မဿဲခရစ်ဝင် ၂၀
(ဈ) စပျစ်ဥယျာဉ်အလုပ်သမားအတွက်ဆုလက်ဆောင် (၂၀:၁-၁၆)
၂၀:၁-၂ ဤပုံဆောင်ချက်သည် အခန်း (၁၉)နောက်ဆုံးပိုင်းတွင် ဖော်ပြသော တပည့် တော်များဆုလက်ဆောင်ပေးခြင်းအား ပုံဖော်ရှင်းပြခြင်းဖြစ်သည်။
ကျမ်းပိုဒ်ပါပုံဥပမာထဲတွင် လယ်ပိုင်ရှင်သည် အလုပ်သမားငှားရမ်းရန် နံနက်စောစော အိမ်မှထွက်သွားလေ့ရှိသည်။ အလုပ်များ တွင်ကျယ်၍ တန်ရာတန်ကြေးအခပေးနိုင်ရန် စောစောစီးစီး ထသွားခြင်းဖြစ်သည်။ ထိုအချိန်ကို နံနက် (၆)နာရီဟုဆိုကြပါစို့။
၂၀:၃-၄ နံနက်(၉)နာရီထိုးသောအခါ ငှါးရမ်းသူမရှိသေးသော အလုပ်သမားများတွေ့ရှိရာ သူ့ခြုံတွင်လုပ်ဖို့ ငှားရမ်းခေါ်ယူလိုက်သည်။ ကတိကဝတ်စာချုပ်စာတမ်းရေးသွင်းခြင်းမပြုဘဲ နှုတ်ကတိ ဖြင့်လယ်ယာလုပ်ငန်းခွင်သို့ဝင်လုပ်ကြသည်။
၂၀:၅-ရ လယ်ပိုင်ရှင်ကြီးသည် မွန်းလွဲ (၃)နာရီတါင် ဈေးပွဲသို့ ထပ်သွားသောအခါ ငှားရမ်း သူမရှိသော အလုပ်လက်မဲ့စာရင်းငှားများ ထပ်တွေ့ပြန်သည်။ ထိုသူများကိုလည်း နေ့ထွက်ခပေးမည်ဟု ဆိုပြီး သူ့လယ်ယာလုပ်ငန်းခွင်သို့ အလုပ်ဝင်ခိုင်းပြန်သည်။ နေညိုချိန် ညနေ (၅)နာရီတွင် ငှားရမ်းသူမဲ့အ လုပ်သမားများ ထပ်တွေ့ပြန်သဖြင့် အထက်က သူရင်းငှားများနည်းတူလုပ်ငန်းခွင်ဝင်စေပြန်သည်။ ထိုနောက်ကျသူများသည် ပျင်းရိအချောင်ခိုကြခြင်းမဟုတ်။ ငှားရမ်းမည့်သူမကြုံကြခြင်းဖြစ်သည်။ သို့ကြောင့် နေ့တွက်ခမပြောကြဘဲ စပျစ်ဥယျာဉ်လယ်ယာမြေထဲသို့ဝင်ခိုင်းသည်။
ဤနေရာတွင်သတိပြုရမည့် အချက်ရှိသည်။ ပထမဆုံးအသုတ်သည် နေ့တွက်မှန်ဖြင့် အလုပ်ဝင်ကြခြင်းဖြစ်သည်။ နောက်ကျသော အသုတ်များသည် လယ်ပိုင်ရှင် ပေးသမျှကိုသာရမည့်သူများ ဖြစ်သည်။
၂၀:၈ မိုးချုပ်၍ အလုပ်သိမ်းချိန်ရောက်သော အခါ လယ်ပိုင်ရှင်ကြီးက တပည့်ကြီးအားသူ ရင်းငှားများကို ပထမဆုံးအသုတ်မှ နောက်ဆုံးအသုတ်ထိ နေ့တွက် လုပ်အားခပေးချေခိုင်းသည်။ (အလုပ်သမားအချင်းချင်း မည်မျှရရှိသည်ကို သိရှိသွားကြသည်)။
၂၀:၉-၁၂ အလုပ်သမားအားလုံးအား နေ့တွက်လုပ်အားခ ဒေနာရီတပြားစီပေးချေလိုက် သည်။ နံနက်စောစောမှစ၍ စတင်လုပ်ဆောင်သူများသည် ပိုမိုပင်ပန်ကြသောကြောင့် ပိုက်ဆ့ပိုရသင့် သည်ဟုခံယူကြသည်။ သို့သော် ထင်သကဲ့သို့မဟုတ်။ ပိုမရကြ။ နေပူကြဲထဲတွင် ပိုမိုပင်ပန်းသော်လည်း လုပ်ခပိုမရကြသဖြင့် ဗျစ်တောက်ဗျစ်တောက်ပြောနေကြသည်။
၂၀:၁၃-၁၄ လယ်ပိုင်ရှင်၏ ဖြေကြားသံကိုနားထောင်ကြည့်ပါ။ အဆွေ၊ ငါသည် သင်တိုပကို မတရားလုပ်သည်မဟုတ်။ သင်သည် တနေ့လုပ်ခဒေနာရိတပြားနှင့် သဘောတူခဲ့ကြသည် မဟုတ်လော။ သင်လုပ်အားခကိုယူ၍ ပြန်သွားပါ။ နောက်ဆုံးငှားသောသူကို လည်းသင့်ကို ပေးသကဲ့သို့ ငါပေးလိုသည်။ ပမထမစာရင်းငှားသည် သဘောတူထားသည့်အတိုင်းဒနာရိတပြားလုပ်အားခရသည်။ နောက်ကျသောအဖွဲ့သည် လယ်ပိုင်ရှင်ကြီး၏ စေတနာအတိုင်းသာရကြသည်။ ကျေးဇူးတော်သည် တရား မျှတခြင်း၊ ဖြောင့်မတ်ခြင်းထက်ကြီးမြတ်ပေစွ။ မိမိလုပ်ဆောင်သည့်အတိုင်း တွယ်ကပ်ခြင်းထက် ဆုလက် ဆောင်သည် ပိုမိုကြီးမား များပြားပါသည်။
၂၀:၁၅ ဆက်လက်၍ ငါပိုင်သောငွေကို ငါအလိုရှိသည့်အတိုင်း မသုံးစွဲအပ်သလော ဟုထပ်ပြောလိုက်သည်။ ဤပုံဥပမာတွင် လယ်ပိုင်ရှင်သည် ဘုရားသခင်အဖြစ်မှတ်ယူနိုင်သည်။ ဘုရား သခင်သည် အချုပ်အခြားအာဏာပိုင်ရှင်ဖြစ်သောကြောင့် စိတ်သဘောရှိသည့်အတိုင်း ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ဆုံးဖြတ်တော်မူသမျှသည် သင့်တင့်လျှောက်ပတ်သည်။ တရားမျှတ မှန်ကန်သည်။ ငါရက်ရော သောကြောင့် မနာလိုဖြစ်နေသလား ဟုထပ်မေးလိုက်သည်။ ဤစကားသည် လူ့သဘောသဘာဝကို ထုတ် ဖော်ပြသခြင်း ဖြစ်သည်။ သဘောတူညီထားသည့်အတိုင်းနံနက် (၆)နာရီမှ စလုပ်သော်လည်း နောက်ကျ သောစာရင်းငှားများနှင့် လုပ်အားခ အတူတူရရှိသည်ကို မကျေမချမ်းဖြစ်နေသည်။ လူအများကလည်း ထိုအတိုင်းတွေးထင်ယူဆကြသည်။ ဤပုံဥပမာယူ၍ ကောင်းကင်နိုင်ငံတော်အကြောင်း စဉ်းစားစရာရှိလာ ပါသည်။ လောဘကြီး၍ဝိညာဉ်ရေးရာပြိုင်ကြပုံကို တွေးကြည့်ပါ။ လယ်ပိုင်ရှင်ကို ဘုရားသခင်အဖြစ် မြင် ကြည့်ပါ။
ထိုအလုပ်သမား သူရင်းငှားများအားလုံးငွေကြေးလိုအပ်နေကြသည်ကို လယ်ပိုင်ရှင်သိထား သည်။ လိုအပ်သည်ထက်လျှော့မရကြ။ မိသားစုညစာဖူလှုံဖို့အလောက်အငှပေးချေလိုက်သည်။ ထိုအ ကြောင်းနှင့်ပတ်သက်၍ James Stewart က နောက်ဆုံးပန်းတုံးတိုင်တွင် ရရှိမည့် ဆုလက်ဆောင်ရည်မှန်း တွက်ချက်သူသည် မှန်ချက်နှင့်လွဲသွားတတ်သည်။ ဘုရားသခင်၏ ချစ်ခြင်းကရုဏာတော်သည် ဘယ် သောအခါမှ ပြောင်းလဲခြင်းမရှိ ၃၉ ဟုဆိုသည်။ လူ့အမြင်ဖြင့် တွေးမြင်ချင့်ချိန်လျှင် တရားမျှတမှုမရှိဟု မြင် ရသည်။ သို့သော်လယ်သမားဘက်မှရပ်တည်ချင့်ချိန်လျှင် မင်္ဂလာတရားနှင့် ပြည့်စုံသည်။
၂၀:၁၆ သခင်ယေရှုက သို့ကြောင့် နောက်ဆုံးသူသည် အရင်ကျလိမ့်မည်၊ အရင်ကျသူ သည်နောက်ဆုံးသို့ရောက်လိမ့်မည်။ (၁၉:၃ဝကိုလည်းကြည့်)ဟု ပုံဥပမာကို နိဂုံးချုပ်လိုက်သည်။ ဆုလက် ဆောင်ပေးပုံသည် အံ့ဩစရာဖြစ်ပါသည်။ အရင်ဆုံးကျသောသူလည်းနောက်ဆုံးမှရောက်လိမ့်မည် ဆိုခြင်း မှာ မာန်မာနနှင့် ထောင်လွှားခြင်းကြောင့်ဖြစ်သည်။ ချစ်ခြင်းမေတ္တာဖြင့် ဆက်ကပ် သူများမှာမူကားဦးစား ပေးခံရပေးသည်။
လုပ်ဆောင်မှုအပေါ် မင်္ဂလာယူတတ်ကြ၊ သခင်အမြင်မှာ အပြစ်ဖြစ်။ သတိမမူ ဂူမမြင်၊ ကိုယ်တော်ရှင်ပြန်ပြမည်မှတ်။
(ည) အသေခံမည့်အကြောင်းနှင့် ရှင်ပြန်ထမြောက်မည့်အကြောင်း (၂၀:၁၇-၁၉)
၂၀:၁၇-၁၉ သခင်ဘုရားတို့ အဖွဲ့သည် ပေရိယပြည်မှ ယေရိခေါကိုဖြတ်၍ ယေရုရှလင်သို့ ချီတက်ကြသည် (ငယ် ၂၉ကိုကြည့်)။ ရည်မှန်းချက်သို့ရောက်သော အခါ တပည့်တော်တဆယ့်နှစ်ပါးအား သီးသန့်ခေါ်ယူ၍ ဤသို့ရှင်းပြသည်။ ယဇ်ပုရောဟိ်တ်ကြီးနှင့် ကျမ်းတတ် ပုဂိ္ဂုလ်များလက်ထဲသို့ အပ်နှံ သစ္စာဖောက်ခြင်းခံရမည်။ ယုဒကသစ္စာဖောက်မည့် အကြောင်း အရိပ်အမြွက်ပြောခြင်းဖြစ်သည်။ ယုဒ ခေါင်းဆောင်များကသေကြောင်း၊ ကြံစည်ကြသည်။ တပါးအမျိုးသားများလက်ထဲသို့ အပ်နှံခြင်းခံရမည်။ ပြောင်လှောင်သရော်ခြင်း၊ စော်ကားခြင်း ကားတိုင်တင်ခြင်းခံရမည်။ အသက်သေသော်လည်း ပုပ်ပျက်ခြင်း မရှိ။ တတိယမြောက်နေ့တွင် ရှင်ပြန်ထမြောက်မည်။
(ဋ) နိုင်ငံတော်ရှိရာထူးဌာနန္တရ (၂၀:၂၀-၂၈)
ကြေကွဲဝမ်းနည်းစရာ လူ့ဇာတိကို ဖော်ပြထားသည်။ ကိုယ်တော်ဘုရားက ဆင်းရဲဒုက္ခ ဝေဒနာခံစား မည့်ပုံကို ပြောပြသော်လည်း တပည့်တော်များသည် ထိုကိစ္စထက် ဘုန်းတန်ခိုးရရှိမည့် အကြောင်း၊ အာရုံရောက်ကြသည်။
ခရစ်တော်ဘုရား ဆင်းရဲဒုက္ခဆိုးကြုံမည့်အကြောင်း၊ ပထမဆုံးအကြိမ် ပြောကြားစဉ် ပေတရုက ဥုံ၊ ဖွ၊ လွဲစေ (၁၆:၂၂) ဟုဆိုခဲ့သည်။ ဒုတိယ ခေါက်တွင် ကောင်းကင်နိုင်ငံတော်တွင် မည်သူ အကြီးမြတ်ဆုံးဖြစ်မည်နည်း ဟုတပည့်တော်များနေရာဦးလုနေကြသည်။ ယခုတတိယအကြိမ်ယာကုပ်နှင့် ယောဟန်က ကုလားထိုင် ကြိုတောင်းနေကြပြန်သည်။ သခင်ဘုရား၏ ကြုံတွေ့မည့် ဆင်းရဲဒုက္ခကို မစဉ်း စားပေး။ ပွဲလန့်တုန်းဖျာခင်းချင်ကြသည်။ နိုင်ငံတော်ကို မမြင်၊ စည်းစိမ်ရာထူး ကိုသာမြင်နေကြသည်။ (Daily Notes of the Scripture Union).
၂၀:၂၀-၂၁ ယာကုပ်နှင့် ယောဟန်တို့၏ မိခင်သည် သခင်ယေရှုအား နိုင်ငံတော်၌ စိုးစံ သောအခါ လက်ဝဲ၊ လက်ယာဘက်၌ တယောက်စီရာထူးပေးပါရန် လာရောက်တောင်းလျှောက်သည်။ ထိုသို့ လာရောက်တောင်းလျှောက်ခြင်းမှာ ကိုယ်တော်ဘုရားနိုင်ငံတော် တည်ထောင်သောအခါ သားများ အားပျက်စီးခြင်းမရှိဘဲ သခင်ယေရှုနားတွင် ရှိစေလိုသော မိခင်၏ မေတ္တာဖြစ်သည်။ သို့သော်သူ၏ ပြုမူ ပြောဆိုပုံသည် နိုင်ငံတော်အကြောင်းကို ဘုမသိဘမသိပြောဆိုခြင်းဖြစ်သည်။
ရှင်မာကုခရစ်ဝင်ကျမ်းတွင်မူ ယာကုပ်နှင့် ယောဟန်တို့ ကိုယ်တိုင်ကတောင်းဆိုသည် (မာ ၁၀:၃၅)ဟုဆိုသည်။ သားများက မိခင်အားတိုက်တွန်းခြင်းဖြစ်နိုင်သကဲ့သို့ သားအမိသုံးယောက်စလုံး အတူတူသွားရောက်ခြင်းလည်းဖြစ်နိုင်သည်။ သို့ကြောင့် ထိုကျမ်းနှစ်ခုသည် တခြားစီဖြစ်နိုင်သည်ဟု မဆို နိုင်ပါ။
၂၀:၂၂ ယေရှု၏ အဖြေစကားကြားကြသော အခါ မိမိတို့စကားသည် မည်သည့် အဓိပ္ပါယ် ပေါက်ကြောင်းနားလည်ကြသည်။ လက်ဝါးကပ်တိုင်ပါပဲသရဖူလိုချင်ကြသည် ယဇ်ပူဇော်ခြင်းမရှိဘဲ၊ ပလ္လင် တော်တွင်စိုးစံချင်ကြသည်။ ဆင်းရဲဒုက္ခခံစားခြင်းမရှိဘဲ ဘုန်းတန်ခိုးလိုချင်ကြသည်။ သို့ကြောင့်လိုရင်းတို ရှင်း မေးလိုက်သည်။ ငါသောက်ရမည့် ဒုက္ခဝေဒနာခွက်ကိုသောက်နိုင်ကြသလော ဟုမေးသည်။ ဤနေရာ တွင်ဖော်ပြသော ခွက်ဖလားဆိုသည်မှာ အပိုဒ်ငယ် ၁၈၊ ၁၉ တွင်ပါရှိသော ကိုယ်တော်ခံစားရမည့် ဆင်းရဲ ဒုက္ခနှင့် အသေခံမည့်အကြောင်းဖြစ်သည်။
ယာကုပ်နှင့် ယောဟန်သည် ကိုယ်တော်ဘုရားခံစားသည့် ဆင်းရဲဒုက္ခကို မျှဝေခံစားနိုင် သော အရည်အသွေးရှိကြပါသည်။ သို့သော် သိကျွမ်းခြင်းထက် စိတ်အားထက်သန်ခြင်း ကြောင့်ဖြစ်သည်။
၂၀:၂၃ ထိုခွက်ဖလား ကို အမှန်တကယ်သောက်သုံးနိုင်ကြမည်ဟု သခင်ယေရှုယုံကြည် သည်။ ယာကုပ်သည် မာတုရဖြင့် အသေခံ၍ ယောဟန်သည် ညှဉ်းပန်း နှိပ်စက်ခြင်းခံရပြီ၊ ပတ်မို့ကျွန်းသို့ တသက်တကျွန်းဒဏ်ခံရသည်။ Robert Little က ယာကုပ်သည် မာတုရ အသေခံ၍ ယောဟန်သည် အသက်ရှင်သော မာတုရဖြစ်သည် ဟုဆိုသည်။
ဆက်လက်၍ သခင်ဘုရားက ၎င်းတို့တောင်းဆိုထားသော ရာထူးဌာနန္တအားအာမမခံပေး နိုင်။ ထိုနေရာနှင့်ပတ်သက်၍ အဘဘုရားသခင်ကသာ စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟု ဖြေကြားလိုက် သည်။ ထိုတပည့်တော်များသည် သခင်ယေရှုနှင့် ရင်းနှီးသိကျွမ်းသူများ၊ ပေါက်ရောက်သူများဖြစ်သော ကြောင့် ရရှိနိုင်လောက်သည်ဟု ထင်မြင်ကြခြင်းဖြစ်သည်။ သို့သော်ထိုနေရာအတွက် ပုဂိ္ဂုလ်ရေးနှင့် မဆိုင်။ ဘုရားသခင်၏ ဆုံးဖြစ်အတိုင်းဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်တော်ဘုရားအတွက် ဆင်းရဲဒုက္ခအခံ နိုင်ဆုံး၊ အပေးဆပ်နိုင်ဆုံးသူအတွက် ဖြစ်သည်။ ထိုနေရာအတွက် ကန့်သတ်ချက်၊ လျာထားချက်မရှိပါ။ ၁ရာစုနှစ်မှစ၍ ယနေ့ခေတ်ကာလ ယုံကြည်သူများလည်း ဝင်ရောက်စိုးစံနိုင်သည့် အခွင့် အရေးရှိသည်ဟု အနက်ရသည်။
၂၀:၂၄ ထိုစကားကိုကြားသော အခြားတပည့်တော်ဆယ်ပါးသည် စိတ်မချမ်းသာကြပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း နိုင်ငံတော်တွင် အကြီးမြတ်ဆုံး မျက်နှာသာအပေးခံရသူများ ဖြစ်ချင်ကြသည်။ ဇေဗေဒဲ၏ သားများထက် သာချင်ကြသည်။
၂၀:၂၅-၂ရ ထိုသို့အချင်းချင်းစိတ်မကျေမချမ်းရှိကြသည်ကို သခင်ဘုရားသိရှိသောကြောင့် နိုင်ငံတော်တွင် ကြီးမြတ်ခြင်းအကြောင်းကို ထပ်မံရှင်းပြသည်။ တပါးအမျိုးသားများသည် အာဏာစက်အုပ် ချုပ်ခြင်းတန်ခိုးကို ကြီးမြတ်ခြင်းဟု ယူဆကြသည်။ ဘုရားသခင်၏ နိုင်ငံတော်တွင်မူ ထိုသို့မဟုတ်။ ကြီးမြတ်ခြင်းလိုလားသူသည် ပထမဦးစွာ သူတပါးအစေခံရမည်။
၂၀:၂၈ အောက်ကျို့နှိမ့်ချခြင်း သင်ခန်းစာတွင် လူသားတော်သည် စံနမူနာဖြစ်သည်။ လူသားတော်သည် သူတပါးအားစေစားရန်ကြွလာသည်မဟုတ်။ သူတစ်ပါး ၏အစေကိုခံရန်နှင့် မိမိအသက်စွန့်၍ လူအများကို ရွေးနှုတ်ရန် ကြွလာသည်။ ကိုယ်တော်ဘုရား၏ လူ့ဇာတိခံယူခြင်းကိုမှတ်မိ လွယ်စေရန် အစေခံဖို့နှင့် ပေးဖို့ဟုမှတ်တမ်းနိုင်သည်။ နွားတင်းကုတ်တွင် ဖွားမြင်တော်မူခြင်း။ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခြင်း အစရှိသော အောက်ကျို့နှိမ့်ချခြင်းဖြစ်သည်။ ယုူံကြည်သူများ အတွက်ဖြစ်သည်။
လူသားများအတွက် ရွေးနှုတ်ခအဖြစ် အသက်တော်စွန့်သည်။ အပြစ်ကိုပယ်ရှားပေးဖို့ရန် အသေခံပေးသည်။ ထိုသို့ အသေခံခြင်းဖြင့် လောကဒုစရိုက်အပြစ်များကို ရှင်းလင်းပေးသည်။ သို့တော် သခင်ဘုရားပြုတော်မူသော ထိုအမှုအရာများကို လက်ခံနိုင်သော သူများအတွက်သာလျှင် အကျိုးသက် ရောက်မှုရှိသည် စာရှုသူ ထိုအချက်တွင် အသင်ပါဝင်ပါသလား။
(ဋ္ဌ) မျက်မမြင်နှစ်ယောက်အား အလင်းရစေခြင်း (၂၀:၂၉-၃၄)
၂၀:၂၉-၃ဝ ယော်ဒန်မြစ်ကို ကူူ၍ ယေရိခေါမြို့သို့ရောက်ချိန်ပြီ၊ ယေရိခေါမှ ဆက်လက်ထွက် ခွာစဉ် မျက်မမြင်နှစ်ယောက်က အရှင်ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်တို့ကိ သနားတော် မူပါဟု အော်ဟစ်အကူူအညီတောင်းကြသည်။ ဒါဝိဒ်၏ သားတော်ဟူသော အော်သံကို ကြားသိခြင်းဖြင့် ထိုသူများသည် ခန္ဓာကိုယ် မျက်စိကန်းကြသေ်ာလည်း ဝိညာဉ်မျက်စိမကန်းကြကြောင်းသိသာသည်။ မျက်မမြင်ဣသရေလများသည် ခရစ်တော်ဘုရား လောကအုပ်စိုးဖို့ကြွလာသောအခါ သိရှိကြရမည့် ကျမ်းစကား ရှေ့ပြေးများဖြစ်သည်။ (ဟေရှာ ၃၅:၅၊ ၄၂:၇၊ ရော ၁၁:၂၅-၂၆၊ ၂ကော ၃:၁၆၊ ဗျာ ၁:၇)။
၂၀: ၃၁-၃၄ လူထုပရိသတ်ကြီးက တိတ်ဆိတ်နေကြရန် တားမြစ်ကြသော်လည်း ပို၍ အော်ကြသည်။ သူတို့အော်သံကို သခင်ယေရှုက မပစ်ပယ်ပါ။ ယုံကြည်သူမျာ၊ ယုံကြည်ခြင်းဖြင့် ဆု တောင်းသောအခါ အဖြေရသကဲ့သို့ သူတို့ဆုတောင်းသံကိုလည်း အဖြေရရှိကြသည်။ “သခင်အကျွန်ုပ်တို့ ကိုသနားတော်မူပါဟုတောင်းဆိုကြသည်။ ကိုယ်တော်ဘုရားသည် ထို ဒုက္ခသည်များထံသို့သွား၍ ဘာအလိုရှိသနည်းဟုမေးသောအခါ အရှင်အကျွန်ုပ်တို့အား မျက်စိပြန်၍ မြင်စေတော်မူပါဟု အသာနား ခံကြသည်။ ကိုယ်တော်ဘုရားကလည်း လက်တော်ဖြင့် သူတို့မျက်စိကို တို့ထိသောအခါ ချက်ခြင်းမျက်စိ အလင်းရရှိသွားကြသည်။
လက်တော်နှင့်တို့ထိ၍ အလင်းရရှိသွားကြသည့် အကြောင်းကို Gaebel ကဤသို့ဆိုသည်။ ဤခရစ်ဝင်ကျမ်းတွင် လက်တော်ဖြင့်တို့ထိ၍ အနာရောဂါပျောက်ကင်းခြင်း တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ ထိုသို့လက်တော်ဖြင့်တို့ထိ၍ အနာရောဂါပျောက်ကင်းခြင်းတွေ့ရသကဲ့သို့ လူနာနှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိဘဲ နှုတ်တော်ထွက်စကားဖြင့် အနာရောဂါကျန်းမာစေခြင်းလည်းတွေ့ရသည်။ ကိုယ်တော်က ကိုယ်တွယ်ထိတွေ့ခြင်းမပြုဘဲ မိမိယုံကြည်ခြင်းဖြင့် ကိုယ်တော်အား ထိတွေ့၍ အနာရောဂါကင်းငြိမ်း သည့်တပါးအမျိုးသားလူနာများလည်းတွေ့ရသည်။
ဤအနာရောဂါကင်းငြင်းခြင်းသည် အခြားခရစ်ဝင်ကျမ်းမှ ၁၀:၄၆-၅၂နှင့် လု ၁၈:၃၀-၄၃။ ၁၉:၁တို့နဲ့ဖြစ်စဉ်တူနေသည်ဟု မယူဆနို်င်ပါ။ မာကုနှင့်လုကာခရစ်ဝင်ကျမ်းသည် မျက်မမြင်တစ်ဦးသာ ဖြစ်သည်။ ဤကျမ်းပိုဒ်တွေမူ နှစ်ယောက်ဖြစ်သည်။ မာကုနှင့် လုကာကျမ်းရှိ မျက်မမြင်မှာ ဗာတိမဲ ဖြစ်သည်ဟု နာမည်ပါ အတိအကျဖော်ပြကြသည်။ ဤကျမ်းသည် ယုဒလူမျိုးများအတွက် ဦးတည်ရေးသား သောကြောင့် ဖြစ်စဉ်တစ်ခုတွင် သက်သေအနည်းဆုံးနှစ်ဦးရှိမှ လုံလောက် (၂ကော ၁၃:၁)သည်။ ထို့ ကြောင့်အနည်းဆုံးကိန်းဂဏန်းယူ၍ နှစ်ဦးကို ဖော်ပြခြင်းဖြစ်ပေမည် ရှင်မဿဲနှင် မာကုခရစ်ဝင်ကျမ်းတွင် ယေရိခေါမှ ထက်ဟုဖော်ပြကြသည်။ ရှင်လုကာကျမ်းတွင်မူ မြို့အနီးတွင်ဟုဆိုသည်။ ယေရိခေါနှစ်ခု ဖြစ်နေခြင်းမှာ တစ်ခုသည်မြို့ဟောင်း တစ်ခုသည် မြို့သစ်ဖြစ်သည်။ တစ်ယောက်သည် မြို့အထွက် တစ်ယောက်သည် အခြားမြို့အဝင်တွင် အနာရောဂါငြိမ်းစေခြင်းဖြစ်သည်။