ရှင်မဿဲခရစ်ဝင် ၂၃

(ဍ) လေလုံးထွား၍ အကျင့်သီလယုတ်သူများအားသတိပေးခြင်း (၂၃:၁-၁၂)

၂၃:၁-၄ ဤအခန်းအစတွင် တနပည့်တောများနှင့် တရားနာပရိသတ်များထံ ကျမ်းတတ် ပုဂ္ဂိုလများနှင့် ဖာရိရှဲများကို သတိထားကြရန်ဆုံးမခဲ့သည်။ ထိုဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် မောရှေပလ္လင်ဆက်ခံသူများဖြစ်သည်။ သွန်သင်ရာ၌ ယုံကြည်အားထားလောက်အောင် လေလုံးထွားကြ သော်လည်း သူတို့ကိုယ်တိုင် မှာမူ လိုက်နာကြသည်မဟုတ်။ လေလုံးထွားသူများဖြစ်သော်လည်း အကျင် စရိတ္တမှာ ယိမ်းယိုင်ကျသူများဖြစ်သည်။ သို့ကြောင့် သခင်ယေရှုက သူတို့ပြောဆိုသည့် အတိုင်းကျင့်ကြ လော့၊ သို့သော်သူတို့မိမိတို့ ဟောသည့် အတိုင်းမကျင့် ကြသဖြင့် သူတို့ကျင့် သကဲ့သို့ မကျင့် ကြနှင့် ဟုသတိပေးထားသည်။

သူများပုခုံးပေါ်တွင်လေးသောဝန်တင်ပေးသည် ဆိုသည်မှာ အစွန်းရောက်သော ပညတ် တရားများပြဌာန်း ကြသည်။ သို့သော် သူတို့ကိုယ်တိုင်မှာမူ လိုက်နာ ကျင့်ကြံခြင်းမရှိကြ။

၂၃:၅ လူများမြင်သာအောင် ဘာသာရေးသူတော်ကောင်း အယောင်ဆောင်များအဖြစ် ဆင်မြန်းကြသော်လည်း စိတ်နှလုံးမှာမူ ထိုကဲ့သို့ မဟုတ်ကြ။သုံးဆောင်စွဲကိုင် မှုများသည် နမူနာယူ လောက်သည်။ ဣသရေလများသို့ သွန်သင်မှာကြားချက်နှင့် လက်တွေ့လုပ်ဆောင်ချက်သည် တခြားစီ ဖြစ်နေသည် (ထွ ၁၃:၉-၁၆၊ တရား ၆:၈၊ ၁၁:၁၈)။ ဘုရားသခင်က ထိုသူများအားပညတ်တရားစီရင် သွန်သင်ပေးရန် တာဝန်ပေးထားသူများဖြစ်သည်။ ထိုသို့ အခွင့် အရေးထူးရရှိသူများဖြစ်ကြောင်း လူတကာ က သိရှိကြစေရန် နဖူးနှင့် လက်မောင်းများပေါ်တွင် ကျမ်းလက်ဖွဲ့ သင်္ကေတအမှတ်အသားများရေးမှတ် ကြသည်။ လူမြင်သာသော နေရာများတွင် ပေါ်လွင်ထင်ရှားစွာ လုပ်တတ်ကြသော်လည်း ဝိညာဉ်ရေးရာ တွင်မူမထင်ရှားကြ။ ပညတ်တရားကလည်း ယုဒများအား ဝတ်ရုံတွင် အပြာရောင်အမှတ် အသားများ ပြုလုပ်ဖို့ ပြဌာန်းထားသည် (တော ၁၅:၃၇-၄၁၊ တရား ၂၂:၁၂)။ ထိုသို့ပြုလုပ်ခြင်းမှာ သာမန် လူဝတ် ကြောင်များနှင့်အသွင်မတူ တမူထူးခြားစေလိုသည့် လက္ခဏာဖြစ်သည်။ လူထုပရိသတ်နှင့် သီးသန့် ခွဲခြင်းဖြစ်သည်။ ဖာရိရှဲများသည် သူတို့ကို သူတို့အထင်ကြီးအဟုတ်မှတ်သူများဖြစ်သည်။

၂၃:၆-၈ အရေးပါအရာရောက်လေဟန်ဖြင့် ပွဲလမ်းသဘင်များနှင့် တရားဇရပ်များတွင် နေရာကောင်းကို အခန့်သာယူလေ့ရှိကြသည်။ လူကြားသူကြားဈေးပွဲများတွင်လည်း ဆရာဟုအခေါ်ခံချင် ကြသည်။ မင်္ဂလာယူချင်ကြသည်။

၂၃:၉-၁ဝ သခင်ဘုရားက တပည့်တော်များအားမည်သူ့ကိုမှ အဘဟုမခေါ်ကြရန် တားမြစ် ထားသည်။ ခရစ်ယာန်များအတွက် ကောင်းကင်ဘုံရှင်အဘဘုရားသခင်တပါးတည်းသာရှိသည်။ ရဗိ္ဗများ ကို အဘဟုမခေါ်ရ။ သင်ဆရာခရစ်တော်တပါတည်းသာရှိသည်။ မည်သူ့ကိုမှာ အဘဟုမခေါ်ရ။ ထိုအ ကြောင်းကို Westom အသို့ထားသည်။

ထိုစကားသည် ဘုရားသခင်နှင့် လူသားဆက်ဆံမှုကြေညာစာတမ်းဖြစ်သည်။ ခရစ်ယာန် များအနေဖြင့် ဆောက်တည်စရာ (၃)ခုရှိပါသည်။ လူသညမည်သို့သော သတ္တဝါဖြစ်သနည်း။ သူ၏ ယုံကြည်ချက်သည်အဘယ်နည်း၊ ဘဝအသက်တာတွင်ကျင့်ကြံယူဆထားသော မူဝါဒသည်အဘယ်နည်း။ ဝိညာဉ်ရေးရာနှင့် ပတ်သက်၍ ခံယူစရာလည်း (၃)ချက်ရှိသည်။ ထိုအရာအားလုံးအပေါ်သခင်ဘုရားက စကားတခွန်းတည်းဖြင့် ဘဝလမ်းညွှန်ပေးထားပါသည်။ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏ အသက်လည်းဖြစ်၏ ဟုထားပါသည်။ ခမည်းတော်ကဲ့သို့ သောသူ မည်သူမျှမရှိ၊ ဝိညာဉ်ရေးရာအရှင်သခင် လည်းမရှိ။ ဝိညာဉ်ရေးရာလမ်းပြနိုင်သူလည်းမရှိ။ ဘုရားသခင်နှင့် ခရစ်တော်သာလျှင် အခြားသူ၊ အခြားအရာများထက် ပိုမိုနီးစပ်သင့်သည်။၄၂

အထက်ကျမ်းပိုဒ်၏ ဆိုလိုရင်းမှာကောင်းကင်နိုင်ငံတွင် ညီအစ်ကိုများသည် တယောက်နှင့် တစ်ယောက်ခြားနားမှုမရှိ။ ဘဝတူများဖြစ်ကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယနေ့ခရစ်ယာန်နယ်ပယ်နှင့် နှိုင်းယှဉ်ချင့်ချိန်ကြည့်ပါ။ သိက္ခာတော်ရ၊ ဂိုဏ်အုပ်၊ ဂိုဏ်ချုပ်၊ တာဝန်ခံ၊ သင်းအုပ်ဟုလူသတ်မှတ်သော ဘွဲ့ သိက္ခာတပ်ဆင်ပေးနေကြသည်။ ထိုအကြားထဲတွင် လက်တင်ဘာသာစကားဖြင့် ဆရာဟုအဓိပ္ပါယ်ရသော ဒေါက်တာ ဘွဲ့ချီးမြင့် ကြပြန်သည်။ (ဤသိုဆိုရာတွင် လောကီမှုရေးရာထက် ဝိညာဉ်ရေးရာရှုဒေါင့် အရ ဖော်ပြခြင်းဖြစ်သည်။ ဥပမာ သားသမီးက ဖခင်ဟုခေါ်ခြင်း လူမမာကဒေါက်တာဟု ခေါ်ခြင်းနှင့် မစပ်ဆိုင် ပါ)။ လောကီမှုရေးရာနှင့် ပတ်သက်လျှင် လေးစားထိုက်သူကို လေးစား၍ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း (ရော ၁၃:၇)သာဖြစ်သင့်သည်။

၂၃: ၁၁-၁၂ ဤကျမ်းပိုဒ်တွင် လူအများနားလည်ရလွဲနိုင်သောစကားကို ကိုယ်တော်ဘုရား က တဖန်မိန့်တော်မူပြန်သည်။ သင်တိုပအနက်အကြီးမြတ်ဆုံးဖြစ်သူသည် သင်တို့၏ အစေခံဖြစ်ရမည်။ မိမိကိုယ်ကို ချီးမြှောက်သူသည် နိမ့်ကျရလိမ့်မည်။ မိမိကိုယ်ကို နှိမ့်ချသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့် မည်။ ကြီးမြတ်ခြင်း၏ ဂုဏ်အင်္ဂါရပ် အစစ်အမှန်မှာ အစေခံခြင်းဖြစ်သည်။ ဘဝင်မြင့်သော ဖာရိရှဲများသည် တနေ့သောအခါ အောက်ခြေတိုင်အောင်ကျလိမ့်မည်။ အောက်ကျို့ နှိမ့်ချခြင်းရှိသော ယုံကြည်သူများ သည်အမှန်တကယ် ချီးမြောက်ခြင်းကြုံတွေ့ကြရမည်။

(ဎ) ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများ၏ အမင်္ဂလာ (၂၃:၁၃-၃၆)

သခင်ဘုရားက မိမိကိုယ်ကို ဖြောင့်မတ်သော ဘာသာရေးသမားများဟု ဘဝင်လေဟပ် သော ဖာရိရှဲကြောင်သူတော်များ၏ အမင်္ဂလာအကြောင်း (၈)ချက်ကို သတိပေးထားသည်။ ဤအမင်္ဂလာ သည်ကျိန်ခြင်းအမင်္ဂလာမဟုတ်သော်လည်း မနှစ်မြို့ဖွယ်ရာအဖြစ်ဆိုးများ ဖြစ်သည်။

၂၃:၁၃ ပထမဆုံအမင်္ဂလာအချက်မှာ စိတ်နှလုံးခိုင်မာခြင်းနှင့် ပိတ်ဆို့ခြင်းဖြစ်သည်။ မိမိ ကိုယ်တိုင်လည်း နိုင်ငံတော်ထဲသို့ မဝင်ချင်ကြ။ ဝင်လာသူများကိုလည်း မဝင်ရအောင် ဝင်ပေါက်ပိတ်ဆို့ ထားကြသည်။ ဆိုလိုသည်မှာ ဘာသာရေးခေါင်းဆောင်များသည် သာသနာတော်အမှုတွင် တက်ကြွစွာ ပါဝင်ကြပါသည်။ ဆက်ကပ်ကြပါသည်။ သို့သော် ဟောပြောသွန်သင်ချက်များတွင် ကယ်တင်ခြင်း သတင်းကောင်း မပါရှိ။ သို့ကြောင့် ယေရှုကို မသိသေးသော၊ အသေအချာမသိရှိသေးသူများသည် ဘုရားသခင်၏ ကျေးဇူးတော်မခံစားလိုက်ရကြ။ ကျေးဇူးတော် ကရုဏာတော်မခံစားရအောင် အမှုတော် ဆောင်ဆိုသူများက ဖုံးကွယ်ပိတ်ဆို့ထားကြသည်။

၂၃:၁၄ ဒုတိယအင်္ဂလာမှာ၄၃ မုဆိုးမအိမ်မှ ဥစ္စပစ္စည်းများကို အနုနည်းဖြင့် ဓါးပြတိုက်အ နိုင်ကျင့်ခြင်းဖြစ်သည်။ ထိုအပြစ်ကို ရှည်လျားထွေပြားသော ဆုတောင်းခြင်းဖြင့် ဖုံးအုပ်လိုက်သဖြင့် မိအေး နှစ်ခါနာဖြစ်နေကြသည်။ ခေတ်ဘာသာရေးဆရာများသည် ထိုအပြုအမူမျိုးဖြင့် ငွေကြေးရှာတတ်ကြသည်။ အိမ်ယာလုပ်ငန်းခွင်များသို့ သွားရောက်၍ဆုတောင်းခြင်းဖြင့် မျှော်လင့်ချက်ထားကြသည်။ အချို့က အသင်းတော် နာမည်ကို ခုတုံးလုပ်စားကြသည်။ ထိုသူများသည် ကုသိုလ်တပဲ၊ ငရဲတပိဿရှာသူမျာဖြစ် သည်။

၂၃:၁၅ တတိယအင်္ဂလာမှာ လမ်းမှားကြခြင်းဖြစ်သည်။ လူစိမ်းသူစိမ်းတဦးအား ကုန်းတ တန်ရေတတန်ဖြင့် သတင်းကောင်းသွားပြောကြသည်။ သို့သော်လမ်းမှန်သို့မပို့ဆောင်ပဲ လမ်းမှားသို့ပို့ ဆောင်သည်။ ခေတ်သစ်ဂိုဏ်ဂနများသည် ထိုမှားယွင်းသော လမ်းစဉ်ကို အလိုက်များသည်။ ထို့ကြောင့် ပို၍နစ်နာပါသည်။ ကြိုးစားပမ်းစားဖြင့် တံခါး (၇၀၀)ကျော်ဖြတ်၍ ရှာဖွေသော်လည်း နောက်ဆုံးတွင် ပျောက်ဆုံးခြင်း သာရင်ဆိုင်ရသည့် အဖြစ်ဆိုးမျိုးဖြစ်သည်။ ဆရာကြီးတပါးက အလျင်စလိုပြောင်းလဲသူ သည် ရုတ်ခြည်းဖောက်ပြန်တတ်သည် ဟု မိန့်ဆိုဘူးသည်။

၂၃:၁၆-၂၂ စတုတ္ထ အမင်္ဂလာမှာ အယူမှားစေခြင်း၊ သို့မဟုတ် အကျိုးအကြောင်းရေလိုက် မှားစေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဗိမာန်တော်ကို တိုင်တည်၍ကျိန်ဆိုလျှင် ကျမ်းကျိန်ခြင်းမမြောက်၊ ဗိမာန်တော်ရှိရွှေများကို တိုင်တည်မှသာလျှင် ပြည်စုံသည်ဟု သွန်သင်ကြသည်။ ဘုရားသခင်ထက် ရွှေကို ဦးစာူးပေးကြသည်။ ယဇ်ပလ္လင်ကို တိုင်တည်လျှင်လည်း မတည်။ ယဇ်ပလ္လင်ပေါ်ရှိ ပူဇော်သက္ကာကို တိုင် တည်မပီပြင်သည်ဟုသွန်သင်ကြသည်။ ဝိညာဉ်ရေးရာထက် (ယဇ်ပလ္လင်) ထက်ရယူခြင်း (ပူဇော်သက္ကာ) ကိုအသားပေးကြသည်။

ထိုအယူအဆကို သခင်ယေရှုက မျက်မမြင်အယူအဆဟုသမုသ်သည်။ ဗိမာန်တော်ရှိရွေ သည် ဗိမာန်တော်၌ ဆက်စပ်၍သာ ပနာတင့်တယ်ခြင်းစြဖ်သည်။ ယဇ်ပလ္လင်ပေါ်တွင် တည်ခြင်းဖြင့်သာ ပူဇော်သက္ကာတင်လှူရခြင်းဖြစ်သည်။ ရွှေတည်းဟူသော ရုပ်ဝတ္ထုကိုသာမြင်ခြင်းသည် ဝိညာဉ်မျက်စိကန်း ခြင်းဖြစ်သည်။ ဘုရားသခင်ဘုန်းတော်ထင်ရှားစေမှသာလျှင် ပို၍ အဖိုးထိုက်တန်သည်။ လူ့ဇာတိသဘော ဖြင့်ရယူသော ဆုလက်ဆောင်သည် တန်ခိုးမရှိ။ နာမတော်မြတ်၌ ပေးလှူသောအရာများသာလျှင် ထာဝရ တည်တံ့ခိုင်ခံ့သည်။

မည်သို့ပင်ဖြစ်စေ ဖာရိရှဲများ၏ ကျိန်ဆိုခြင်းသည် ရှုပ်ထွေးသည်။ အကျိုးအကြောင်း မခိုင် လုံလျှင် မပြည့်စုံနိုင်ပါ။ လူ၏ ကျိန်ဆိုခြင်းသည် ပျက်ကွက်တတ်သော်လည်း ကတိတော်သည် အစဉ်တည် မြဲသည်။

၂၃:၂၃-၂၄ ပဉ္စမအမင်္ဂလာမှာ သစ္စာမတည်ဘဲရိုးရာထုံးတမ်းစဉ်လာ စောင့်ထိန်းခြင်းဖြစ် သည်။ ကျမ်းတတ်ပုဂိ္ဂုလ်များနှင့် ဖာရိရှဲများသည် ခြံမြေလယ်ထွက်ပေါင်းမြက်ပင်များမှ စ၍ ဆယ်ဖို့တဖို့ မှန်ကန်စွာပေးလှူလေ့ရှိသည်။ ထိုသို့ အသေးစိတ်မှ စ၍ နာခံခြင်းကို သခင်ယေရှုက အသိအမှတ်ပြုပါ သည်။ သို့သော်လည်း တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် သစ္စာတရားများတွင် မူပျက်ကွက်ကြသည်။ သခင်ယေရှုက ထိုသူများကို သောက်ရေတွင် ခြင်ကောင်မပါအောင် ရေစစ်ကြသော်လည်း ကုလားအုပ် မြို ချသူများဟု သရော်သည်။ ထိုမျှသေးငယ်သောခြင်းကိုမူ ဂရုစိုက်ကြသော်လည်း ယုဒလူမျိုးက မစင်ကြယ် ဟုသတ်မှတ်သော ကုလားအုပ်ကိုမူ မြိုချကြသည်။ ဖာရိရှဲများသည် သူများကို ဆရာလုပ်တတ်ကြသော် လည်း သူတို့ ကိုယ်တိုင်မှာမူ ကြောင်သူတော်ကြွက်သူခိုး၊ ဘဝရှုးကောက်ကျစ်စဉ်းလဲသူ လောဘသမား များဖြစ်သည်။ ဘဝပျောက်ဆုံးသူများဖြစ်သည်။

၂၃:၂၅-၂၆ ဆဋ္ဌမအမင်္ဂလာမှာ အပြင်ပန်းလက္ခဏာ လူမြင်ကောင်းအောင်လုပ်ခြင်းဖြစ် သည်။ ဖာရိရှဲများသည် လူမြင်ကောင်းအောင် ပသာဒသမားများဖြစ်သည်။ ဘာသာရေးကို ဗန်းပြကြ သော် လည်းအတွင်းသရုပ်စိတ်နှလုံးမှာမူ လောဘလွန်ကျူးမှုနှင့် အကြမ်းဖက်မှုများဖြင့် ပြည့်နှက်သည်။၄၄ ဦးစွာ ပန်းကန် ခွက်ယောက်အတွင်းပိုင်းကို စင်ကြယ်အောင်ဆေးကြောရသည်။ နောင်တရ၍ ယုံကြည်ခြင်းရှိမှ သာလျှင် စိတ်နှလုံးစင်ကြယ်သည်။ အပြင်ပန်း လက္ခဏာနှင့် ကိုယ်ရည်ကို်ယ်သွေးမတူညီပါ။ အခြားသူ များက မိမိကိုယ်ကို ပေါ်လွင်စေချင်ကြသည်။ သို့သော် ဘုရားသခင်ကမူ ကိုယ်ရည်ကိုယ်သွေးကိုကြည် သည်။ စိတ်သဘောထားအမှန်ကို ကြည့်သည် (ဆာ ၅၁:၆)။

၂၃:၂၇-၂ရ သတ္တမ အမင်္ဂလာမှာလည်း အပြင်ပန်အပြင်အဆင်နှင့်ဆိုင်သည်။ ဆဋ္ဌမအမင်္ဂ လာနှင့် ကွာခြားချက်မှာ ဆဋ္ဌမအမင်္ဂလာသည် ဖုံးကွယ်ခြင်းဖြစ်၍ သတ္တမ အမင်္ဂလာမှာ ပုံဖျက်ခြင်းဖြစ် သည်။ သူတော်ကောင်းယောင်ဆောင်မှုနှင့် ဆိုးညစ်မှုများကို ပုံဖျက်ခြင်းဖြစ်သည်။

ယုဒအုတ်ဂူများသည် အဖြူရောက်ထုံးသုတ်ထားကြသောကြောင့် မသတီစရာမရှိအောင် ကြည်လင်ပါသည်။ အတွင်းထဲမှာမူ ပုပ်ပွသော အလောင်းကောင်များပါသည်။ သို့ကြောင့် သခင်ယေရှုက ဖာရိရှဲများကိုလည်း လူများကသူတော်ကောင်းများဟုအပြင်ပန်းကြည့်၍ အထင်ကြီးကြသည်။ သို့သော် အမှန်စင်စစ်မှာ အထဲတွင် လောက်တတ်ပုပ်ပွသူများဖြစ်သည်။

၂၃:၂၉-၃ဝ နောက်ဆုံး အမင်္ဂလာမှာ လူ့အမြင်တွင် ဒုစရိယာကျင့် ကြံသူနှင့် တူသော် လည်းစင်စစ်မှာ လူသတ်ရာဇဝတ်ကောင်များဖြစ်ကြသည်။ ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲများသည် ရှေး ဟောင်းပရောဖက်များကို ကြည်ညိုလေးစားဟန်ဖြင့် ထိုသူများ၏ အုတ်ဂူများအား မွမ်းမံထိန်းသိမ်းကြ သည်။ ထိုပရောဖက်များကို သတ်သော ဘိုးဘေးများနှင့် ဆွေမျိုးမတော်ပါဟု ဗြောင်လိမ်ကြပြန်သည်။

၂၃:၃၁ သို့ဖြစ်၍ သင်တို့သည် ပရောဖက်များကို သတ်ဖြတ်သူတို့၏ မြေးများဖြစ်ကြောင်း ဝန်ခံကြပြီတကားဟု သခင်ဘုရားမိန့်တော်မူသည်။ မည်သိုပ သတ်သေပြမည်နည်း။ ပထမအချက်အနေ ဖြင့် သူတို့၏ ဘိုးဘေးများည် ပရောဖက်များကို သတ်ဖြတ်သူများဖြစ်သည်။ ထို့ကြောင့် လူသတ်သမား များ၏ သားမြေးတော်စပ်ကြသည်။ သခင်ယေရှုက သားများဟုဆိုရာတွင် ထိုကဲ့သို့ သော အကျင့်စရိတ္တရှိ သူများကို ဆိုလိုသည်။ ရှေးပရောဖက်များ၏ အုတ်ဂူများကို မွမ်းမံချယ်သထိန်းသိမ်းကြသော်လည်း တရား ခံမှာ သူတို့ပင်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ရှေးပရောဖက်များကို ကြည်ညိုလေးစားဟန်ရှိကြသော် လည်း သေလွန်သူများကိုသာ ကြည်ညိုကြသည်။ သို့ကြောင့် ထိုသားများ၏ အပြုအမူများသည် ဘိုးဘေး များအတိုင်းဖြစ်နေသည်။

၂၃:၃၂ သင်တို့ဘိုးဘေးများစတင်ကျူးလွန်ခဲ့သည့် အပြစ်ကို အပြီးတိုင်အောင် ဆက်လက် ကျူးလွန်ကြသည်ဟုဆိုသည်။ သူတို့ဘိုးဘေးအက်ဆက်သည် ပရောဖက်များကို သတ်ပစ်ခဲ့ကြပြီ။ ထိုကဲ့ သို့ပင်ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများသည် သခင်ယေရှုနှင့် တပည့်တော်များကို ဆက်လက်ကွပ်မျက် လုပ်ကြံကြဦးမည်။ သို့သော် ဤသူများ၏ ကြမ်းကြုတ်မှုသည် ရက်စက်မှု အထွဋ်အထိပ်ဖြစ်ပေမည်။

၂၃:၃၃ ဤနေရာတွင် ကိုယ်တော်ဘုရားသည် မိုးကြိုးသံကဲ့သို့ အသံဩဇာကြီးစွာဖြင့် အချင်းမြွေဆိုးများနှင့် မြွေဆိုး၏သားမြေးတို့၊ သင်တို့သည် ငရဲလားရမည့် ဘေးဒဏ်မှ အဘယ်သို့လွတ် နိုင်ကြမည်နည်း ဟုသတိပေးလိုက်သည်။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်ဘုရားက ထိုသူများကို အမှန်တကယ်ချစ်ခင်သည်။ အထံတော်မှာ ကောင်းစားချင်သည်။ စိတ်လှုပ်ရှားလွန်း၍ စကားနားထိုးခြင်း မဟုတ်။ မေတ္တာစစ်မေတ္တာမှန်ဖြင့် ချစ်ခင်ခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် အရာရာတွင် တည်ငြိမ် သည်။ မျှတမှုရှိသည်။ စင်ကြယ်သည်။

ရင်နင့်ဖွယ်ရာ ဤစကားသည် ငမူးငရူးများနှင့် ပေါက်လွှတ်ပဲစားများသို့ ပြောခြင်းမဟုတ်။ ဘာသာရေးခေါင်းဆောင်များသို့ တဲ့တိုးပြောခြင်းဖြစ်သည်။ ဧဝံဂေလိခရစ်ယာန်အချို့သည် လက်ဝါးကပ် တို်င် ရန်သူများကို ပေါင်းဖက်စည်းရုံးကြသည်မှာ စဉ်းစားဆင်ခြင်စရာဖြစ်သည်။ ပရောဖက်ယေဟုက ရောရှဖတ်ထံပြောသည့် မင်းကြီးသည်မတရားသော သူကို မစသင့်သလော၊ ထာဝရဘုရားကိုမုန်းသော သူတို့ကို ချစ်သင့်သလော (၆ရာ ၁၉:၂)ဟူသော ကျမ်းစကားကို သတိရသင့်သည်။

၂၃:၃၄-၃၅ သခင်ယေရှုသည် သူ့အသေခံမည့် အကြောင်းကိုသာ ကြိုတင်သိမြင်သည် မဟုတ်။ သူ့တပည့်တော်များအပြင် နောက်လိုက်တော်များလည်း အသတ်ခံကြရမည့်အကြောင်း ကျမ်း တတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများသို့ ပွင့်လင်းစွာပြောပြသည်။ ကိုယ်တော်ဘုရားက ပရောဖက်များ၊ ကျမ်း တတ်ဆရာများ ၊ ပညာရှိများစေလွှတ်မည်ဟုဆိုသည်။ အချို့သည် တရားစရပ်တွင်ကြိမ်ဒဏ်ပေး၍ အချို့ ကို တစ်မြို့ဝင်တစ်မြို့ထွက် လိုက်လံဖမ်းဆီးကြမည်။ ထိုသို့ဖြင့် ဘာသာရေးခေါင်းဆောင်များသည် ဣသရေလသမိုင်းတွင် ရာဇဝင်လူဆိုးမဖြစ်မော်ကွန်းထူကြသည်။ ၆ရာ ၂၄:၂၀-၂၁ အတိုင်း တဖန်ဘုရား သခင်၏ ဝိညာဉ်တော်သည်… ဇာခရိအပေါ်သက်ရောက်၍ သူ၏ ပရိသတ်အလယ်မြင့် သောအရပ်၌ ရပ် လျက်… ထာဝရဘုရား၏ ပညတ်တော်ကိုအဘယ်ကြောင့် လွန်ကျူးကြသနည်း။…. သင်တို့ကိုလည်း စွန့် တော်မူပြီဟု မှတ်တမ်းတင်ထားသည်။ (ဤဇာခရိသည် ဇာခရိပရောဖက်ကျမ်းစီရင်ရေးသားသူမဟုတ်)

၂၃:၃၆ ထိုသို့ခေတ်အဆက်ဆက် ဘုရားသခင်စေလွှတ်သောသူများအား သတ်ဖြတ်ကြရာ တွင် ခရစ်တော်ယေရှုအား သတ်ဖြတ်ကြခြင်းသည် အထွဋ်အထိပ်မိုက်မဲခေါင်နက်ခြင်း ဖြစ်သည်။ အကျိုး အကြောင်းလျော်ကန်ပြည့်စုံခြင်းမရှိဘဲ၊ သခင်ယေရှုအား လက်ဝါးကပ်တိုင်ပေါ်တွင်ခြေတော်၊ လက်တော် များ၌ ရက်စက်စွာသံမှိုနှက်ခဲ့ကြသည်။

(ဏ) ယေရုရှလင်မြို့အတွက် သခင်ယေရှုငိုကြွေးခြင်း (၂၃:၃၇-၃၉)

၂၃:၃ရ သင်ခန်းစာသည် တဖြည်းဖြည်း အရှိန်တက်လာရာ အင်္ဂလာတရားများကို မျက် ရည်ဖြင့်အဆုံးသတ်လိုက်သည်။ ဖာရိရှဲများကို ကရုဏာဒေါသောဆုံးမပြစ်တင်ပြီးနောက်၊ ယေရုရှလင်မြို့၏ ရထောင့်ရခဲ၊ ကြုံတောင့်ကြုံခဲအခွင့်အရေးထူးဆုံးရှုံးခြင်းအတွက် နှမြောတသစွာဖြင့် ကိုယ်တော်ဘုရား မျက်ရည်ကျသည်။ အို- ယေရုရှလင်၊ ယေရုရှလင်ဟု စိတ်နှလုံးကြေကွဲစွာဖြင့် သံဝေဂစကားဆိုခဲ့သည်။ ပရောဖက်များကို သတ်ဖြတ်ခဲ့ကြသည်။ သို့သော်ကိုယ်တော်ဘုရားက ယေရုရှလင်မြို့ကိုအချစ်မပေါ့၊ အမုန်းမဖက်၊ သံယောဇဉ် ဖွဲ့နှောင်နေဆဲ။ ကြက်မကြီးကလေးများကို အတောင်အောက်ရင်ခွင်နွေးထဲသို့ အုပ်းမိုးသကဲ့သို့ ယေရုရှလင်သားများကို ယုယနွေးထွေးချင်သည်။ သို့သော် မလာလိုကြ။

၂၃:၃၈ မျက်ရည်ခမ်းသောအခါ ကိုယ်တော်ဘုရားက သင်တို့နေသော အိမ်သည် သင်တို့၌ လူဆိတ်ငြိမ်လျက်ကျန်ရစ်၏ ဟုဆိုသည်။ ဤနေရာတွင် အိမ်ဆိုသည်မှာ ဗိမာန်တော်ကို ဆိုလိုသည်။ ယေရုရှလင်မြို့နှင့် မြို့တော်သူ၊ မြို့တော်သားများလည်းပါဝင်သည်။ တနည်းအားဖြင့် ကိုယ်တော်ဘုရား အသေခံခြင်းနှင့် ဒုတိယအကြိမ် ပြန်လည်ကြွလာမည့် အကြားတွင် ဣသရေလသားများသည် ကိုယ်တော် ဘုရားကို မြင်ရတော့မည်မဟုတ်၊ တိုင်းခန်းပြည်ရွာခြောက်သယောင်း ထမည့်အကြောင်းဖြစ်သည်။ (ကိုယ်တော်ဘုရားရှင်ထမြောက်သောအခါ ယုံကြည်သူများကသာ မြင်ရသည်)

၂၃:၃၉ ဤကျမ်းပိုဒ်သည် ကိုယ်တော်ဘုရား ဒုတိယအကြိမ်ပြန်လည်ကြွလာသောအခါ ယုံကြည်သူဣသရေလများက မေရှိယသခင်အဖြစ် ကြိုဆိုလက်ခံကြမည့် အကြောင်းဖြစ်သ်။ ဘုရားသခင် ၏နာမတော်ဖြင့် ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း ဟုဆိုကြသည်။

ခရစ်တော်ဘုရားကို ကွပ်မျက်ကြသူများအား ဒုတိယအကြိမ်မျှော်လင့်ချက်ပေးထားခြင်းဖြစ် သည်။ ယေရုရှလင်ဟု လိပ်မူခေါ်ဆိုရာ၊ ဣသရေလတမျိုးသားလုံး သို့ ခြုံငုံပြောဆိုခြင်းဖြစ်သည်။ ယေရုရှ လင်သားများည် ကိုယ်တော်ဘုရားအားနောက်တဖန်ဖူးမြင်ခွင်ရမည့်အကြောင်းဖြစ်သည်။ ထိုနေ့မတိုင်မီ ကာလများတွင်မူ တဦးတည်းသော သားအတွက် ပူဆွေးဝမ်းနည်းနေသော ဖခင်ကဲ့သို့ လွမ်းတသသ ဖြစ်နေကြမည် (ဇာ ၁၂:၁၀)

Previous Article
Next Article