ရှင်မဿဲခရစ်ဝင် ၅
၄။ နိုင်ငံတော်တည်ထောင်ခြင်း (အခန် ၅-၇)
ဓမ္မသစ်ကျမ်းအစပိုင်းတွင် တောင်ပေါ်ဒေသနာသည် တရားဒေသနာသက်သက်မဟုတ်ပါ။ ကြီးမားသောရည်ရွယ်ချက်ဖြင့် ဟောကြားခြင်းဖြစ်သည်။ ထိုဒေသနာတွင် ကိုယ်တော်ဘုရားက နိုင်ငံတော် ၏သွင်ပြင်လက္ခဏာနှင့် မျှော်လင့်အားထားရမည့် အကြောင်းအရာများကို ရှင်းပြသည်။
ထိုဒသနာည် ကယ်တင်ခြင်းတရားအကြောင်းမဟုတ်။ ကယ်တင်ခြင်းမရရှိသူများသို့ ဟောကြားခြင်းလည်မဟုတ်။ တပည့်တော်များသို့ ဦးတည်ဟောကြားခြင်းဖြစ်သည် (၅:၁-၂)။ ကိုယ်တော် ဘုရားနိုင်ငံတော်တွင်စိုးစံသည့်အခါ ဖွဲ့စည်းရမည့် ပုံစံအနေအထားစည်းမျဉ်းဥပဒေသ၊ နိယာမများဖြစ် သည်။ ခရစ်တော်အားဘုရင်အဖြစ် သိမှတ်ခံယူသော အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သုံးပါစလုံးနှင့် သက်ဆိုင် သည်။ ကိုယ်တော်ဘုရားသည် လူ့လောကတွင်ရှိနေစဉ် တပည့်တော်များသို့ နှုတ်တိုက်သွန်သင်ချက်ဖြစ် သည်။ ယခုအခါ ကိုယ်တော်ဘုရားသည် ကောင်းကင်နိုင်ငံတွင် စိုးစံသော်လည်း ထိုတောင်ပေါ်ဒေသနာ သည် စိတ်နှလုံးတွင် ကိုယ်တော်ဘုရားစိုးစံသကဲ့သို့ စွဲမှတ်စိုးစံနေရမည်။ ဘေးဒဏ်ကြီးကာလာတွင်ဖြစ် စေ၊ သခင်ယေရှုအနှစ်တထောင်အုပ်ချုပ်သည့်ကာလတွင်ဖြစ်စေ ယုံကြည်သူတပည့်တော်များ ကျင့်ကြံ ရမည့်ကြန်အင် လက္ခဏာများဖြစ်သည်။
ဒေသနာသည် ယုဒထုံးစံအနံ့အသက်မွှေးကြိုင်သည်။ ဥပမာ ၅:၂၂တွင် မင်းတိုင်ပင်အမတ် များ၊ ၅:၂၃-၂၄တွင် ယဇ်ပလ္လင်နှင့် ၅:၃၅တွင် ယေရုရှလင်အကြောင်းများပါဝင်သည်။ ထိုသို့ထည့်သွင်း ဟောပြောခြင်းသည် မှားယွင်းသည်ဟုမဆိုသာပါ။ အတိတ်တွင်၎င်း၊ အနာဂတ်တွင်၎င်း၊ ဣသရေလများ က ယေရှုခရစ်တော်အား ဘုရင်အဖြစ် သိရှိခ့ယူနို်င်ကြရန်ဖြစ်သည်။
(က) မင်္ဂလာတရားများ (၅:၁-၁၂)
၅:၁-၂ ဒေသနာကို ကောင်းကြီးမင်္ဂလာဖြင့် ဖွင့်လှစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တရားဖြစ်သည်။ တရားဒေသနာ၏ အကြောင်းအရာများနှင့် အနှစ်သာရများသည် လောကအမှုအရာများ နှင့် ဆန့်ကျင်သည်။ A.W. Tozer က “လူ့သမိုင်းစဉ်တလျှောက်တွင် အဘိးမဖြတ်နိုင်သော မင်္ဂလာတရား ဖြစ်သည်။ လေးနက်သိမ်မွေ့သည်။ လူ့သဘောသဘာဝသည် ဤသို့ရှိသည်ဟု ခေါ်သမုတ်လောက်သည်” ဟုဆိုသည်။
၅:၃ ပထမဆုံးမင်္ဂလာစကားမှာ စိတ်နှလုံးနှိမ့်ချသူများ မင်္ဂလာရှိသည့်တရားစကားဖြစ် သည်။ လူ့သဘာဝဖြင့် စိတ်အားငယ်ခြင်းကို မဆိုလိုပါ။ လေးနက်စွာစဉ်းစားပြီးမှ စနစ်တကျရွေးချယ်ခြင်း ဖြစ်သည်။ စိတ်နှလုံးနှိမ့်ချသူများသည် လူ့ဘဝ၏ အချည်းနှီးဖြစ်ပုံ၊ ခိုကိုးရာမဲ့ပုံကို သိရှိ၍ ဘုရားသခင်ကို သာမှီခိုအားကိုးကြသည်။ ဘုရားသခင်၏ ကူမထောက်ပံ့ခြင်းကို အစဉ်ငံ့လင့်ကြသည်။ ကောင်းကင်နိုင်ငံ တော်ဆိုသည်မှာ မိမိ၌အတ္တကင်းမဲ့လျက်အခြားသူများအတွက် ဦးစားပေးအကျိုးပြုခြင်းဖြစ်သည်။
၅:၄ စိတ်မသာညီးတွားသူများသည် မင်္ဂလာရှိကြ၏။ ငြိမ်သက်ချမ်းသာရာနေ့ရက်၌ ဆုံစည်း ကြဦးမည်။ ဆိုးသွမ်းယုတ်ညံ့၍ မုန်းတီးမှုခံရခြင်းကို မဆိုလိုပါ။ သခင်ယေရှုနှင့် မဿဟာယဖွဲ့ရသောကြောင့် စိငြိုငြင်ခံရခြင်းကိုဆိုလိုသည်။ ခရစ်တော်နှင့်ပတ်သက်သော လောကသား များ၏ ထိခိုနာကျင်ခြင်း ကိုလိုသည်။ မိမိအပြစ်ကြောင့်မဟုတ်ဘဲ နာမတော်မြတ်ကြောင့် ဘုရစ်တော်ကို ငြင်းပယ်ကြသူများ၊ ကရုဏာတော်ကို လက်မခံသူများ၏ ဆင်းရဲဒုက္ခပေးခြင်းခံရသူများနှင့် သာအကြုံးဝင်သည်။ ထိုသူများ၏ ကျမျက်ရည်များကို ဘုရားရှင်က သုတ်ပေးလိမ့်မည်။ (ဗျာ ၂၁:၄)။ ယုံကြည်သူများအတွက် မျက်မှောက် ဘဝဆင်းရဲခြင်းဖြစ်၍ မယုံကြည်သူများအတွက် ထာဝရညီးတွားခြင်း ဖြစ်သည်။
၅:၅ တတိယမင်္ဂလာတရားမှာ စိတ်သိမ်မွေ့နူးညံ့သူများပြည်တော်ဝင်ခွင့် ရမည့်အကြောင်း ဖြစ်သည်။ လူ့သဘောသဘာဝသည် ယာယီအငွေ့အသက်မျှသာဖြစ်သည်။ သို့သော် ခရစ်တော်၏ ဝညာဉ် တော်နှင့်ပေါင်းဖက်သောအခါ နူးညံ့သိမ်မွေ့ယဉ်ကျေးသည်။ နှစ်လိုဖွယ်ရာဖြစ်သွားသည်။ (မ ၁၁:၂၉ နှင့် ယှဉ်ဖတ်ပါ)။ ယဉ်ကျေးသိမ်မွေ့ခြင်းသည် အောက်ကျို့နှိမ့်ချခြင်းက အစပြုသည်။ လူ့အရာ၌ ယဉ်ကျေး သိမ်မွေ့သူသည် ဘုရားသခင်အမှုတော်၌ ခြင်္သေ့ကဲ့သို့ရဲစွမ်းသတ္တိရှိနိုင်သည်။ အမှုတော်ဘေးရန်များကို ကွယ်ကာနိုင်သည်။ ၅:၆ နောက်မင်္ဂလာတရားမှာ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်သူများ၏ မင်္ဂလာတရား ဖြစ်သည်။ ထိုသူများသည် ဘဝအသက်တာတွင် ဖြောင့်မတ်စွာအသက်ရှင်ကြသူများဖြစ်သည်။ ရိုးသား ဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ တရားမျှတခြင်းဖြင့် လူ့အသိုင်းအဝိုင်းတွင် ဝင်ဆန့်သည်။ အသင်းတော် ထဲတွင်လည်း လက်တွေ့ကျကျဖြောင့်မတ်ခြင်းရှာဖွေသူများဖြစ်သည်။ Gamaliel Bradford က “လောက စမ်းရေကို ဆာလောင်ငတ်မွတ်ခြင်းမဟုတ်၊ ခရစ်တော်၏ အသေခံခြင်းကို ငတ်မွတ်တမ်းတသူများဖြစ် သည်”ဟုဆိုထားသည်။ ခရစ်တော်ဘုရား နိုင်ငံတော်တည်ထောင်သောအခါ ဝလင်စွာခံစားရမည့်သူများ ဖြစ်သည်။ ဖြောင့်မတ်ခြင်းတရားက မပျက်စီးနိုင်သော အမြင့်ဆု့းနေရာသို့ ပို့ဆောင်ထားသူများဖြစ်သည်။
၅:ရ သခင်ဘုရား၏ နိုင်ငံတော်တွင် သနားစုံမက်တတ်သောသူများသည် မင်္ဂလာရှိကြ သည်။ သနားခြင်းဆိုသည်မှာ မစကူညီခြင်းဖြစ်သည်။ ဆင်းရဲဒုက္ခခံရမည်ကို မကြည့်ရက်ခြင်းဖြစ်သည်။ တနည်းးအားဖြင့် ထိုသူ၏ အခက်အခဲပြဿနာအားဝင်ရောက်ဖြေရှင်းခြင်းဖြစ်သည်။ လူသားများအပြစ် ဒဏ်ခံရမှာကို မကြည့်ရက်သောကြောင့် ခရစ်တော်က ဝင်ရောက်ဖြေရှင်းခြင်းဖြစ်သည်။ ခရစ်တော် ဘုရား သည် ယုံကြည်သူများ၏ မိတ်ကောင်းဆွေသဟာဖြစ်သည်။
ထိုသူသည် သနားစုံမက်ခြင်းခံရမည်။ ဤနေရာတွင် အပြစ်သားများကို ကယ်တင်ခြင်းပေး သနားခြင်းနှင့် မဆိုင်ပါ။ လူ့သနားခြင်းမျိုးမဟုတ်ပါ။ ချို့ယွင်းချက်မရှိသော ဆုလက်ဆောင်ဖြစ်သည်။ ယုံကြည်သူများ၏ နေ့စဉ်အသက်တာနှင့် အနာဂတ်နေ့ရက်များတွင်လည်း ကရုဏာတော်ရှိမည်။ (၁ကော ၃:၁၂-၁၅) ဟုဆိုထားသည်။ ကရုဏာတရားမရှိသူသည် ကိုယ်တိုင်လည်းသနားစုံမက်ခြင်းခံရမည်မဟုတ်။ သနားစုံမက်ခြင်း ကရုဏာရှိသူသည် ဘဝဆုတ်ယုတ်သည်။
၅:၈ စိတ်နှလုံးဖြူစင်သူတို့သည် မင်္ဂလာရှိကြ၏ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရလတ္တံ့။ စိတ်နှလုံးဖြူစင်သူသည် စိတ်သဘော၊ ရည်ရွယ်ချက်စင်ကြယ်စသည်။ အတွေးအမြင်ကြည်လင်သည်။ တိမ်သလ္လာကင်းစင်သည်။ သဘောထားပြည့်သည်။ ဘုရားသခင်ကိုမြင်ရသည် ဟူသော စကားသည် အဓိ ပ္ပါယ်အမျိုးမျိုးပေါက်နိုင်သည်။ ပထမအချက်မှာ နှုတ်ကပတ်၊ ဝိညာဥင်္တော်နှင့် အပြည့်အဝမိဿဟာယဖွဲ့ နိုင်သည်။ ဒုတိယအချက်မှာ သဘာဝလွန်ဗျာဒိတ်ရူပါရုံရရှိသည်။ တတိယအချက်မျာ သခင်ယေရှုပြန်လည် ကြွာလာသောအခါ ဖူးမျှော်ခွင့်ရသည်။ စတုတ္ထအချက်မှာ ဘုရားသခင်ကို ထာဝရဖူးမျှော်ခွင့်ရသည်။
၅:၉ ရန်ငြိမ်းစေတတ်သောသူများသည် မင်္ဂလာရှိ၏။ ထိုသူများသည် ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလတ္တံ့။ ဤနေရာတွင်စေ့စပ်ငြိမ်းချမ်းရန် သတိပြုပါ။ ရန်ငြိမ်းအေးစေသူ၊ စေပ်ငြိမ်းချမ်းရေးပြုလုပ်သူကိုဆိုသည်။ ခိုုက်ရန်ဖြစ်ပွားမှုအငြင်းဖြစ်ပွားမှု၊ တဖက်နှင့် တဖက်ရန်ဆောင်မှု များကို ငြိမ်းချမ်းရန်အေးအောင်ပြုလုပ်သူများဖြစ်သည်။
ထိုငြိမ်းချမ်းရေးအေးအောင်ပြုလုပ်သူများသည် ဘုရားသားတော်ဟုဂုဏ်ပြုခြင်းခံရမည်။ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ ယေရှုခရစ်တော်ကို လက်ခံသူသာလျှင်သားတော်ဟုခေါ်ခွင့်ရသည်။ (ယော ၁:၁၂)မဟုတ်ပါ။ ငြိမ်းချမ်းရေးပြုလုပ်သာ ယုံကြည်သူများသည် မိမိကိုယ်ကို ဘုရားသားတော်အဖြစ် ထင် ဟပ်သူများဖြစ်၍ တနေ့သောအခါ ဘုရားသခင်က မိသားစုဝင်အဖြစ် ခံယူမည်။
၅း၁ဝ ညှင်းပန်းနှိပ်စက်ခြင်း၊ နှောင့်ယှက်ခြင်းခံရသူများလည်း မင်္ဂလာရှိသည်။ သို့သော် မိမိ တို့မှားယွင်းအားနည်းချက်ကြောင့် မဖြစ်ရ။ နာမတော်ကြောင့်ခံစားခြင်းဖြစ်ရသည်။ သမ္မာတရားကြောင့် ညှင်းပန်နှိပ်စက်ခြင်းခံရသူများအတွက် ကောင်းကင်နိုင်ငံတော်အာမခံချက်ပေးထားပါသည်။ ဘုရားတရား မသိသည့် လောကီသားများသည် မိမိတို့ကိုယ်ကိုဖြောင့်မတ်မှန်ကန်သော သီလရှင်များဟု ထင်မှတ်နေကြ သောကြောင့် ယုံကြည်သူများကို မုန်းတီးကြလိမ့်မည်။
၅:၁၁ နောက်ဆုံးဖော်ပြသော မင်္ဂလာတရားမှာ ထပ်ကြော့ခြင်းနှင့် တူသော်လည်းကွဲပြား သည်။ အထက်ပါကျမ်းပိုဒ်သည် ဖြောင့်မတ်ခြင်းအတွက် ညှင်းပန်းနှိပ်စက်ခြင်းခံရသူဖြစ်၍ ဤကျမ်းပိုဒ် သည်ယေရှုနာမ၌ ညှင်းပန်းနှိပ်စက်ခြင်း ခံရသူများဖြစ်သည်။ တပည့်တော်များသည် ယေရှုနာမ၌ သစ္စာရှင် များဖြစ်ကြသောကြောင့် ညှင်းပန်းနှိပ်စက်ခြင်း၊ ကဲ့ရဲ့သရော်ခြင်းခံရမည်မှာ သေချာသည်။ သမိုင်းက တောင်းဆိုနေသည်။ ယေရှုနောက်လိုက်များကို လောကသားများက ညှင်းပန်းနှိပ်စက်၊ ထောင်ချ၊ သတ်ဖြတ်ကြသည်။
၅:၁၂ ယေရှုနာမကြောင့် ညှင်းပန်းနှိပ်စက်ခြင်း၊ ဆင်းရဒုက္ခရောက်လျှင် ဝမ်းမြောက်စွာခံ ယူကြရသည်။ ရှေးပရောဖက်များလည်း ထိုသို့ခံစားခဲ့ကြသည်။ ထိုပရောဖက်များနှင့် အပေါင်းအဖော်များ အတွက်မဟာဆုလက်ဆောင်အဆင်သင့် ရှိနေသည်။ ထိုပရောဖက်များ၏ သစ္စာရှိရှိရဲစွမ်းသတ္တိသည် မျက် မှေက်ကာလသာမက အနာဂတ်ကာလတိုင်အောင်မြဲမြံမည်။
ဤမင်္ဂလတရားများသည် ခရစ်တော်၏ နိုင်ငံတော်သားများအတွက် နိမိတ်ပုံရိပ်များဖြစ် သည်။ ဖြောင့်မတ်ခြင်း (ငယ် ၆)၊ ငြိမ်သက်ခြင်း (ငယ် ၉)၊ ပျော်ရွှင်ခြင်း (ငယ် ၁၂)တို့ကို မီးမောင်းထိုး ပေး ထားသည်။ ဤအချက်များကို ပေါလုက အထူးပြု (ဝိဂြိုလ)၍ ဤသို့ဖော်ညွှန်းထားသည်။ “ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်၊ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏” (ရေ ၁၄:၁၇)။
(ခ) ယုံကြည်သူများသည် ဆားနှင့် အလင်း (၅:၁၃-၁၆)
၅:၁၃ တပည့်တော်များကို ဆားနှင့် ခိုင်နှိုင်းထားသည်။ ဆားသည် အစားအစာတွင် မရှိမဖြစ်လိုအပ်ချက်ဖြစ်သကဲ့သို့ လောကသားများအတွက် တပည့်တော်များလိုအပ်သည်။ ဆားသည် ပုပ်သိုးပျက်စီးခြင်းကိုကာကွယ်သည်။ ရေငတ်စေသည်။ အငံအရသာရှိသည်။ ထိုကဲ့သို့ပင် တပည့်တော် များသည်လည်း လူ့အဖွဲ့အစည်းတွင် မရှိမဖြစ်သူများ အခြားသူများကို သမ္မာတရားငတ်မွတ်စေသူများ ဖြစ် ရသည်။
အကယ်၍ ဆားသည် အငံအရသာပျောက်ကင်းလျှင် မည်သို့အသုံးကျမည်နည်း။ အငံအရ သာပြန်မရနိုင်ပါ။ မည်သည့်အရာတွင်မဆို အသုံးမဝင်တော့ပါ။ မြေကြီးပေါ်သွန်ပစ်၍ နင်းချေဖို့ရန် သာရှိ သည်။ ထိုအကြောင်းကို Bannes က ဤသို့သည်။
ဆားသည်ဓါတ်သတ္ထုဖြင့် ဖွဲ့စည်းထားသည်။ အကယ်၍ အငံဓါတ်ပျောက်ကင်းလျှင် တန်ဖိုး မရှိတော့ပါ။ အသုံးမဝင်တော့ပါ။ အရှေ့တိုင်းတွင် ဆားကို အခြား မသန့်ရှင်းသောအရာများ၊ သီးနှံများနှင့် ရောနှောသောကြောင့် အငံဓါတ်လျော့နည်းပျောက်ကင်းတတ်သည်။ ထိုသို့ရောနှောကာ လက်လွန်၍ အငံ ဓါတ်ပျောက်ကင်းသွားလျှင် စား၍ မရတော့ပါ။ မြေကြီးပေါ်တွင် ဖြန့်ခင်း၍နင်းခြေဖို့သာရှိတော့သည်။၄
တပည့်တော်များသည် လောကသားများ၏ ဆားဖြစ်သည်။ဤဒေသနာအတိုင်းဆိုလျှင် တပည့်တော်များသည် မင်္ဂလာတရား၊ လောကဆားများဖြစ်ကြသည်။ အကယ်၍ ဝိညာဉ်အသိအမြင် ပျောက်ကင်းလျှင်လောက သားများ၏ ခြေဖဝါးအောက်သို့ ရောက်သွားကြမည်။ လောကသားများက ဖောက်ပြန်သောယုံကြည်သူများအား နင်းခြေဖို့ စောင့်နေကြသည်။
၅:၁၄ ယုံကြည်သူများသည်လောကအလင်းဖြစ်သည်ဟု သခင်ယေရှုက မိန့်မှာထားသည်။ ခရစ်တော်ကိုယ်တိုင်သည်လည်း “လောက၏ အလင်း” (ယော ၈:၁၂၊ ၁၂:၃၅၊ ၃၆၊ ၄၆) အဖြစ်ခံယူထား သည်။ သခင်ယေရှုသည် လောကအလင်း၏ အချုပ်အခြာဖြစ်၍ ခရစ်ယာန်များသည် ထိုသခင်ယေရှုထံမှ အလင်းရောင်ပြန်ဟပ်သူများဖြစ်သည်။ နေ၏ အလင်းရောင်သည် လသို့ထိုးကျပြီး ကမ္ဘာမြေသို့ ရောင်ပြန် ဟပ်ခြင်းနှင့် တူသည်။
ခရစ်ယာန်အသက်တာသည် တောင်ထိပ်၌ တည်သောမြို့ကဲ့သို့ဖြစ်သည်။ ပတ်ဝန်းကျင်အ မှောင်ထုတခုလုံးကို အလင်းပေးစွမ်းနိုင်ရသည်။ ခရစ်တော်၏ သွန်သင်ချက်အလင်းများကို မည်သည့်အရာ ကမှ ဖုံးအုပ်အလင်းကွယ်ခြင်းမပြုနိုင်ပါ။
၅:၁၅-၁၆ ဆီမီကို တောင်းဇလားအောက်၌ထွန်းထားရိုးမရှိပါ။ အိမ်တခုလုံးအလင်းရောင် ပေးနို်င်အောင် ဆီမီးတိုင်ပေါ်မှာ တင်ထားရပါသည်။ ကိုယ်တော်ဘုရား သွနသင်ချက်များသည် ယုံကြည် သူများကို အလင်းရောင်ပေးနိုင်ဖို့ဖြစ်သည်။ မိမိပြုသော အလုပ်ကောင်း၊ အကျင့်ကောင်းများဖြင့် အခြားသူ များကို အလင်းပေးစွမ်းနိုင်ရမည်။ ထိုခရစ်ယာန်အကျင့်ကောင်းကို တွေ့မြင်ခြင်းအားဖြင့် အခြားသူများက အဘဘုရားသခင်ကို ချီးမွမ်းနိုင်စေရမည်။ ထိုအပြုအမူသည် ခရစ်ယာန်တို့၏ အကျင့်လက္ခဏာဖြစ်သည်။ အသံချဲ့စက်ဖြင့် အော်ပြောခြင်းထက်အပြုအမူကောင်းသည်ပို၍ အသံကျယ်သည်။
(ဂ) ပညတ်တရားပြည့်စုံစေဖို့ခရစ်တော် (၅:၁၇-၂၀)
၅:၁၇-၁၈ လူအများစုသည် ရိုးရာထုံးတမ်းစဉ်လာ၌ အမိအရခြေကုပ်ယူသူများဖြစ်သည်။ သခင်ယေရှုကြွရောက်လာခြင်းသည်လည်းမောရှေပညတ္တိကျမမ်းများကို ပြည့်စုံစေဖို့ ရောက်လာခြင်းဖြစ် သည်။ ပရောဖက်များ၏ဟောကြားချက်များကို ဖျက်ဆီးဖို့မဟုတ်။ ပြည့်စုံစေဖို့ဖြစ်သည်။ ပညတ်တိ္တကျမ်း၌ ပါရှိသော အငယ်ဆုံးစာလုံး ဗိန္ဓုတလုံကိုမှ ပျက်စီးစေမည်မဟုတ်ဟု ယေရှုက အာမခံသည်။ အကုန်အစင် ပြည့်စုံစေ မည်။ ဗိန္ဓုဆိုသည်မှာ ဟေဗြဲသဒါ္ဒတွင်အယ်ဆုံးသော စကားလုံး မြန်မာသဒ္ဒါအရဆိုလျှင် အောက်ကမင့် သေးသေးတင်ကဲ့သို့သော အစက်အပြောက်ဖြစ်သည်။ သမ္မာကျမ်းကို တန်ခိုးတော်မှုတ်သွင်းထားသော ကြောင့် အရေးကြိးမပါမရှိလျှင်လည်း လုံလောက်သည်ဟူသော စကားလုံး၊ အရေးအသားမျိုးမရှိဟုယေရှုသိရှိသည်။ အရေးမပါသော ဗိန္ဓုတလုံးပါသည့် ကျမ်းချက် တပိုဒ်တလေမှမရှိပါ။
ပညာတ္တိတရားများပျောက်ပျက်သွားမည်ဟုယေရှုဘုရားမပြောပါ။ အငယ်ဆုံးငယ်သော ဗိန္ဓုတလုံး မျှပြည့်စုံခြင်း သို့မရောက်မီ မပျက်စီစးစေရဟုဆိုပါသည်။ ယနေ့ယုံကြည်သူများ ဤဝိသေဝသလကဃဏာကို ပိုင်း ခြားသိမြင်အပ်သည်။ ဤကျမ်းချက်တွင် ဖော်ပြသော ပညတ္တိကျမ်းနှင့် ယုံကြည်သူများ၏ ယှက်နွယ်ပုံကို အကျဉ်းချုံး ၍လေ့လာကြည့်ကြပါစို့။
ယုံကြည်သူများနှင့် ပညတ္တိကျမ်းဆက်နွယ်ပုံ
ပညတ်တရားဆိုသည်မှာာ ဣသရေလလူမျိုးများ လိုုက်နာရန် ဘုရားသခင်က မောရှေသို့ ပြဋ္ဌာန်း ပေးခြင်းဖြစ်သည်။ ပညတိ္တိတရားများကို ထွက်မြောက်ရာကျမ်း ၂ဝး၃၁၊ ဝတ်ပြုရာကျမ်၊ တရားသူကြီးကျမ်းများ တွင် တွေ့ရ၍ အနှစ်ချုပ်မှာ ပညတ်တော်ဆယ်ပါးဖြစ်သည်။
ပညတ်တရားသည် ကယ်တင်ခြင်းနည်းလမ်းမဟုတ်ပါ (တ ၁၃:၃၉၊ ရော ၃:၂၀၊ ဂလာ ၂:၁၆၊ ၂၁၊ ၃:၁၁)။ မိမိတို့အစြ်ကို တွေ့မြင်သိသာရန် (ရော ၃:၂၀၊ ၅:၂၀၊ ၇:၇၊ ၁ကော ၁၅း၁၆၊ ဂလာ ၃:၁၉)နှင့် ဘုရားသခင်၏ ကျေးဇူးတော်ဘက်သို့ခြေဥိးလှည့်စေရန်ဖြစ်သ်ည။ ဣသရေလလူမျိုးသို့ ပြဌာန်းခြင်းဖြစ်သော်လည်းခေတ်ကာလအ ဆက်ဆက်လူတိုင်း၏ အကျင့်လက္ခဏာအတွက်လည်း အကြိုးဝင်သည် (ရော ၂:၁၄း-၁၅)။ ဘုရားသခင်သည် ဣ သရေလလူမျိုး၏ ဆန်းစစ်မအောင်မြင်မှုသည် လူသားများ၏ မအောင်မြင်မှုဖြစ်သည် (ရော ၃:၁၉)။
ပညတ်တရား၏ နောက်ဆက်တွဲအဖြစ် ဩေခင်းအပြစ်ဒဏ်က လိုက်လာသည် (ဂလာ ၃:၁၀)။ ပညတ်တခုချိုးဖောက်ခြင်းသည် ပညတ်တရားအားလုံးပျက်စီးသည် (ယာ ၂:၁၀)။ ပညတ်တရားချိုးဖောက်သည်နှင့် သေခြင်းအမင်္ဂလာဘေးသင့်သည်။ ဘုရားသခင်၏ ဖြောင့်မတ်စင်ကြယ်ခြင်းက အပြစ်၏ အဖိုးအခကို ပေးဆပ်ရန်အကြောင်း၊ ဖန်လာသည်။ ထို့ကြောင့် ထိုအဘိုးအခ ပေးဆပ်ပေးရန် သခင်ယေရှုသည် ဤလောကသို့ ကြွလာ၍ အပြစ်၏ အဖိုးအခကို ပေးဆပ်သည်။ ထိုအရှင်သခင်ယေရှုသည် ကာယကံမြောက်ပြစ်မှု ကျူးလွန်ခြင်းမရှိ။ ပညတ်တရားကိုမကျူးလွန်။ သို့သော် ပညတ်တရား၏ ပြဌာန်းချက် အတိုင်း သူ့အသက် ကိုအသေခံသည် ထို့ကြောင့် ပညတ်တရားက ဧဝံသတင်းကောင်းကို မအုပ်စိုးနိုင်။ ပညတ်တရား၏ ခိုင်မာ ခြင်းနှင် ပညတ်တရား၏ ပြဌာန်းချက်မှ ခရစ်တော်ဘုရားက ကွင်းလုံးကျွတ်ရွေးနှုတ်ခဲ့သည်။ ထို့ကြောင့် သခင်ယေရှုကို ယုံကြည်သူသည်သည်လည်းပညတ်တရားအောက်မှမရှိ။ ကျေးဇူးတော် အောက်မှာ ရှိသည်။ (ရော ၆:၁၄)။ ခရစ်တော်ပြုသော အမှုတော်အားဖြင့် ပညတ်တရားကို သဂြိင်္ုဟ်လိုုက်သည်။ ပညတ်တရား၏ အပြစ်ဒဏ်ကို တကြိမ်တခါသာ ပေးဆပ်ရသည်။ ထိုအပြစ်ဒဏ်ကို သခင်ယေရှုက တခါတည်း ပေးဆပ်ခဲ့ပြီးဖြစ်သောကြောင့် ယုံကြည်သူများက ထပ်မံပေးဆပ် စရာမလိုတော့ပါ။ ထိုသို့ဖြင့် ပညတ်တရားသည် ခရစ်ယာန်လောကမှ မှေးမှိန်လွင့်ပါပါသွားသည် (၂ကော ၃:၇-၁၁)။ ခရစ်တော်မကြွ လာမီကာလတွင် ပညတ်တရားသည် ကျူရှင်ဆရာဖြစ်သည်။ သို့သော် ယခုမူကယ်တင်ခြင်း စာမေးပွဲ အောင်မြင်ကြပြီဖြစ်သောကြောင့် ကျူရှင်ဆရာမလိုတော့ပါ။ (ဂလာ ၃:၂၄-၂၅)။
ပညတ်တရားအောက်မှာ မနေရတော့ပါဟုဆိုသော်လည်း၊ ပညတ်တရားမရှိ ဓါးမရှိရှင်နေ သည် မဆိလို။ ပညတ်တရားထက် ပိုမိုခိုင်ခံ့သော ခရစ်တော်၏ တရား၌ (၁ကော ၉:၂၁)ရှိနေကြသည်။ ထိုတရားသစ်သည် နူးညံ့သည်။ အပြစ်ဒဏ်ဖြင့် ခြိမ်းခြောက်ခြင်းမရှိ၊ ကယ်တင်ရှင်၏ အလိုတော်အတိုင်း စွဲဆောင်သည်။ သခင်ခရစ်တော်က ဘဝတခုလုံးကို ပိုင်စိုသည်။ (ယော ၁၃:၁၅၊ ၁၅:၁၂၊ ဧဖက် ၅:၁-၂၊ ၁ယော ၂:၆၊ ၃:၁၆) ။
ယုံကြည်သူ အများအပြားက ပညတ်တော်ဆယ်ပါးကိုလိုက်နာဖို့လိုသေးသလားဟု မေးတတ်ကြသည်။ အဖြေက ရှင်းနေပါသည။် ကိုယ်ဘုရားရောက်ရှိလာခြင်းသည် ပညတ္တိကျမ်းများကို ဖျက်စီးဖို့မဟုတ်သဖြင့် ကျေးဇူးတော်တရားအောက်၌ ရှိသောယုံကြည်သူများသည် ပညတ်တရားကို မပစ် ပယ်ရပါ။ ခိုးခြင်း၊ တဏှာတပ်မက်ခြင်း၊ လူသတ်မှုများ အစရှိသည့် ပြစ်မှုများသည် အပြစ်ဖြစ်ပါသည်။ ထိုပညတ်တော်ဆယ်ပါးမှ ကိုးပါးကို ဓမ္မသစ်ကျမ်းတွင် ထပ်မံအတည်ပြုထားပါသည်။ ပညတ်တရားကဲ့သို့ သေခြင်းအပြစ်ဒဏ်နှင့် ဒွန်တွဲသော်လည်း ဘုရားသခင်၏ လူများဖြောင့်မတ်ဖို့ သွန်သင်ထိန်းကျောင်း (၂တိ ၃:၁၆)ပါသည်။ ချန်ထားသော ပညတ်တရားတခုမှာ ဥပုသ်နေ့အကြောင်းဖြစ်သည်။ ခရစ်ယာန်များ ကို ဥပုသ်နေ့စောင့်ဖို့သွန်သင်ခြင်းတခုမှမရှိပါ (သတ္တမေန့ စနေနေ့ကိုဆိုလိုသည်။ )
မယုံကြည်သူများအတွက် ပညတ်တရားသည် ဆုံးခန်းတိုင်ခြင်းမရှိသေးပါ။ “ပညတ်တရား ကို အသုံးသင့်သည့်အတိုင်းအသုံးပြုလျှင် ပညတ်တရားသည် ကောင်းမွန်ကြောင်း ငါတိ့သိကြ၏” (၁တ ၁:၈)။ ပညတ်တရားစောင့်ထိန်းခြင်းဖြင့် အပြစ်ဒုစရိုက်များသိရှိ၍ နောင် တရားပြသပါသည်။ သို့သော် ကယ်တင်ခြင်းရရှိုပြီးသူများအတွက် အရာမထင်ပါ။ “သို့ရာတွင်တရားဥပဒေများသည် လူကောင်းတို့အ တွက်မဟုတ်” (၁တိ ၁:၉)ဟုဆိုထားပါသည်။
ဖြောင့်မတ်သူများသည် ပညတ်တရားနှင့် ပြည့်စုံရသည်။ “ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သော ငါတို့သည် တရား၌ ပါသော ပညတ်ကိုစောင့်ရှောက်မည့် အကြောင်း တည်း” (ရော ၈:၄)။ ထို့ကြောင့် သခင်ဘုရားကိုယ်တိုင် သွန်သင်သော တောင်ပေါ်ဒေသများသည် ပညတ် တရားထက်သာ လွန်မြင့်မြတ်သည်၊ ပြည့်စုံသည်။ ပညတ်တရားက လူ့အသက်မသတ်ရ ဟုတားမြစ်ရာ တွင်သခင်ယေရှုက မည်ကိုမျှ အမုန်းမဖတ်ရဟုဆုံးမသည်။ တောင်ပေါ်ဒေသနာသည် ပညတ်တရားကို စောင့်ထိန်းသည့်အပြင် ပိုမိုလေးနက် သိမ်မွေ့သည် (၅:၁၉) ။
သခင်ဘုရား၏ ဒေသနာသို့ ပြန်သွားကြရအောင် သခင်ယေရှုက ပညတ်တရားကို တပတ် ဖြေလျှော့ပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ဇာတိပကတိသားဖြစ်သောကြောင့်လုံးလုံးလျားလျား ဖြေလျှော့၍မဖြစ်။ ထိုသို့ တပတ်ဖြေလျှော့ရုံမျှနှင့်ပင် ပညတ်တရားကို အကုန်လုံးဖယ်ရှားချင်ကြသည်။ ပညတ်တရားတခုချိုးဖောက်ခြင်းသည် အခြားသူများ ကို ထိုသို့ချိုးဖောက်နိုင်ကြောင်းသွန်းသင်သကဲ့သို့ ဖြစ်ပြီး၊ ထိုသူသည်ကောင်းကင်နိုင်ငံတွင် သိမ်အငယ်ဆုံးသော သူဖြစ်လိမ့်မည်။ ထိုသူမျိုးကောင်းကင်နို်င်ငံ သို့ဝင်ရောက်ခြင်းသည် အံ့ဩစရာဖြစ်ပါသည်။ သို့သော် ခရစ်တော်ကို ယုံကြည်လျှင် ကောင်းကင်နိုင်ငံသို့ ဝင်ခွင့် ရသည်မဟုတ်လား။ ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခွင့်သည် လူ့လောက၌ရှိစဉ် သစ္စာရှိရှိယုံကြည် ခြင်းအပေါ်မူတည်သည်။ ကောင်းကင်နိုင်ငံတော်တရားကို နာခ့လိုက်လျှောက်သူအခြားအရာများကို သွန်သင်သူသည် ကောင်းကင်နိုင်ငံတွင် ကြီးမြတ်သော သူဖြစ်သည်။
၅:၂ဝ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ချင်သူများသည် ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိ ရှဲများသွန်သင်ချက်ထက် ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်လျှောက်ရမည်။ (လူမြင်ကောင်းအောင် လူရှေ့သူရှေ့နှင့် အများအမြင်တွင် ကြောင်သူတော်မလုပ်ရ)။ အပြင်ပန်းလက္ခဏာလှပအောင် ချုယ်မှုန်း ခြင်းထက် စိတ်မနောဖြူစင်ဖို့ သခင်ယေရှု အမိန့်တော်ရှိသည်။ တခုတည်းသော ဖြောင့်မတ်ခြင်းအ ကြောင်းတရားမှာ သားတော်ကို ကယ်တင်ရှင်သခင်အဖြစ်လက်ခံယုံကြည်ခြင်း (၂ကော ၅:၂)ဖြစ်သည်။ ခရစ်တော်ကို အမှန်တကယ်ယုံကြည်သူသည် ခရစ်တော်ဟောကြားသော တောင်ပေါ်ဒေသနာအတိုင်း လက်တွေ့အသက်ရှင်ကြသည်။
(ဃ) အမျက်ဒေါသကို သတိပေးသွန်သင်ခြင်း (၅:၂၁-၂၆)
၅း၂၁ ဘုရားသခင်က လူသတ်ခြင်းကို တားမြစ်ကြောင်းနှင့် အကယ်၍ လူသတ်မှု ကျူးလွန် လျှင်အပြစ်ဒဏ်ထိုက်မည့် အကြောင်းသာလျှင် သခင်ယေရှုလက်ထက် ယုဒများက နားလည်ကြသည်။ ပညတ်တရားမပြဌာန်းမီထိုသုံ့နားလည်ကြသည်။ (က ၉:၆)။ ကြာလာသောအခါ ပညတ်တရားအဖြစ်ပြ ဌာန် (ထွ ၂၀:၁၃၊ တရား ၅:၁၇)လာသည်။ ထိုလူသတ်မှုအကြောင်းနှင့် ပတ်သက်၍ သခင်ယေရှုက “ငါပညတ်သည်ကား” ဟုအချီ၍ မိန့်တော်မူသည်။ အမျက်ဒေါသထွက်ရုံမျှနှင့် လူသတ်မှုကျူးလွန်သည်ဟု မသတ်မှတ်ခဲ့ကြသော်လည်းသခင်ယေရှုက “ငါ၏နိုင်ငံတော်တွင် လူသတ်ရန် စိတ်ကူးကြံစည်လျှင်ပင် လူသတ်မှုကျူးလွန်ရာရောက်သည်” ဟုဆိုသည်။ လူသတ်မှု ဖြစ်စေသော အမျက်ဒေါသ ပုံစံ (၃)မျိုးကို ဆက်လက်ရှင်းပြထားသည်။
၅:၂၂ ပထမဆုံးအချက်မှာ ညီအစ်ကိုကို အဆမတန်အမျက်ထွက်သောသူဖြစ်သည်။၅ ထိုသူသည် ရုံး၌ အပြစ်စီရင်ထိုက်သည်။ လူတိုင်းအမျက်ဒေါသထွက်တတ်ကြပါသည်။ ထိုသို့အမျက်ဒေါသ ထွက်ခြင်းသည် ဘုရားသခင်၏ အမြင်တွင် အပြစ်စီရင်ထိုက်သော အမှားဖြစ်သည်။ အမျက်ဒေါသသည် တရားမျှတခြင်းကို စော်ကားကျူးလွန်၍ အမှားအယွင်းဖြစ်စေသည်။
ထို့အပြင် ညီအကိုကို ကဲ့ရဲ့သောသူကိုလည်း အပြစ်စီရင်ထိုက်သည်။ ထိုခေတ်ကာလတွင် Raca ဟူသောစကားလုံးအသုံးများသည်။ မခန့်လေးစားလုုပ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း]ုအနက်ရသည်။ ထိုုကဲ့သို့သောသူမျိုးသည် လွှတ်တေ်ာ၌အပြစ်စီရင်ခြင်း ခံရသည်။ လွှတ်တော်ဆိုသည်မှာ ဒေသဆိုင်ရာ အဆင့်မြင့်ဆုံးတရားရုံးဖြစ်သည်။
နောက်ဆုံးအချက်မှာ ညီအကိုအားအရူးဟုစွပ်စွဲဆဲဆိုခြင်းဖြစ်သည်။ ဤနေရာတွင် အရူးဟူ သောစကားသည် အဓိပ္ပါယ်များစွာ ကျယ်ပြန့်သည်။ အကျင့် လက္ခဏာသာမန်လူနှင့်မတူ၊ ဖောက်ပြားသူ ကိုဆိုသည်။ ယနေ့ခေတ်ကာလတွင် ထိုစကားကို ဖောဖောသီသီသုံးတတ်ကြသည်။ ဘုရားသခင်စီရင်ပါ စေဟုဆိုတတ်ကြသည်။ ဘုရားသခင်အား ထိုသူကို ငရဲပြည်ပို့ခိုင်းကြသည်။ သခင်ယေရှုကညီအကိုကို မှိုချိုးမျှစ်ချိုးအမနာပပြောသူသည် ဂေင်္ဟန၌ မီရှို့ခြင်းခံရမည်ဟုမိန့်ဆိုထားသည်။ ထို့အပြင် အမျက်ဒေါသ ထွက်သူများသည် ယေရုရှလင်မြို့ပြင်ထုတ်၍ ဟေနုပ်ချိုင့်ဝှမ်း၌ မီရှို့ခြင်းခံထိုက်သည်။ ထိုမီးမှာ မီးငြိမ်းခြင်း မရှိတငွေ့ငွေ့လောင်နေသော ဖွဲပုံမီးမျိုးဖြစ်သည်။
သခင်ဘုရား၏ စကားတော်သည် မှတ်သားအပ်ပါသည်။အမျက်ဒေါသသည်လူသတ်ခြင်း၏ မျိုးစေ့ဖြစ်သည်။ ရုန်းရင်းကြမ်းတမ်းသော စကားသည် ဝိညာဉ်လူသတ်သမားဖြစ်သည်။ ကျိန်ဆဲခြင်းသည် လူသတ်မှုတရားခံဖြစ်သည်။ ထိုအမျက်ဒေါသ ပုံစံသုံးမျိုးစလုံးသည် အပြစ်ဒဏ်သုံးမျိုး အသီးသီးထိုက်ကြ သည်။ တရားစီရင်ခြင်း၊ လွှတော်၌ အပြစ်စီရင်ခြင်း၊ ငရဲမီးရှို့ခြင်း၊ အပြစ်ဒဏ်အသီးသီးခံရမည်။ ဘုရားသခင်နိုင်ငံတော်တွင် ထိုအပြစ်မျိုးကြပ်တည်းစွာတားမြစ်သည်။
၅:၂၃-၂၄ ထိုကြောင့် မိမိညီအကိုသော်၎င်း၊ တပါးသူကိုသော်၄င် အမျကဒေါသသင်သူ ယူဆောင်လာသော ယဇ်ပူဇော်သက္ကာကို ဘုရားသခင်က လက်သင့်မခံ။ စိတ်တော်နှင့်မတွေ့။ ထို့ကြောင့် ဦးစွာကြည်အေးအပြစ်လွှတ်ခြင်းလုပ်ရသည်။ ထို့နောက်မှာသာယူဆောင်လာသော ပူဇော်သက္ကာကို ဘုရားသခင်က လက်သင့်ခံသည်။
ထိုအကြောင်းအရာကို ယုဒကျမ်းများတွင် ရှေးယခင်ကတည်းက ပေအက္ခရာတင်ရေးသား ထားသော်လည်းလက်တွေ့ လိုက်နာကျင့်သုံးခြင်းမရှိကြ။ ပေါလုက ပွဲတော်မင်္ဂလာနှင့် ဆက်စပ်၍ ကျင့်သုံး ရန်ရှင်ပြထားသည်။ (၁ကော ၁၁ကိုကြည့်)။ အခြားညီအကိုများနှင့် သဟာဇာတမရှိသော ယုံကြည်သူ၏ ဆက်ကပ်ကိုးကွယ်ခြင်းကို ဘုရားသခင်က အသိအမှတ်မပြုပါ။
၅:၂၅-၂၆ တရားစွဲဆိုရန် စိတ်ရိုင်းဝင်နေသူနှင့်မိမိအပြစ်ကို ဝန်ချတောင်းပန်သူအကြောင်း ကိုပုံဥပမာပေးရှင်းပြထားသည်။ ရုံးကန္နားတွင်တရားစွဲဆို ဆိုင်ပြိုင်ခြင်းထက် နှစ်ဦးနှစ်ဘက်ကြည်အေး ပြေလည်ခြင်းက ပိုကောင်းသည်။ ရုံးကန္နားရောက်သူများသည် ပျောက်ဆုံးသူများဖြစ်သည်။ ထိုအကြောင်း ကို အချို့ကျမ်းစာပညာရှင်များက သဘောမတူကြသော်လည်း ပုံဥပမာ၏ ဆိုလိုရင်းသည် ရှင်းနေပါသည်။ အကယ်၍ တစုံတခုမှားယွင်းသွားလျှင် ကာယကံရှင်အား အလျဉ်းမနှေး တောင်းပန်ဖို့ဖြစ်သည်။ အကယ်၍ အပြစ်မဝန်ခံ။ နောင်တမရလျှင် အပ်နှင့် ထွင်းရမည့်အရာကို ပေါက်ဆိန်နှင့်ထွင်းကိန်း ရောက်သွားမည်။ အရသာ ပိုဆိုးသွားမည်။ အပြစ်ဒဏ်လိုက်လာမည်။ ထို့ကြောင့် တရားရုံးမရောက်ခင်ပြေလည်အောင်ဖြေ ရှင်းပါ။ သို့မဟုတ်လျှင် ငွေကုန်ကြေးကျများသည့်အပြင် ထောင်နန်းစံနိုင်သည်။
(င) သတပါးကြင်ယာပြစ်မှားခြင်းကို ရှုတ်ချခြင်း (၅:၂၇-၂၈)
၅:၂၇-၂၈ မေရှေပညတ်တိကျမ်းက သူတပါးကြင်ယာပြစ်မှားခြင်းကို ကြပ်တည်းစွာတား မြစ်သည် (ထွက် ၂၀:၁၄၊ တရား ၅း၁၈)။ အပြစ်မကျူးလွန်ဘူးဟုဆိုချင်ဆိုမည်။ အပြင်ပန် သဏ္ဌာန်အား ဖြင့်ကြည်ညိုစဖွယ်ရှိသော်လည်း စိတ်နှလုံးယိုယွင်းညစ်ညမ်းသူများစွာရှိသည်။ ထို့ကြောင့် သခင်ယေရှုက တပည့်တော်များအား လူ့အပြင်ပန်းကြည့်ရုံမျှနှင့် တန်ဘိုးမဆုံးဖြတ်ရန်နှင့်၊ စိတ်နှလုံးဖြူစင်ဖို့ သွန်သင် သတိပေးထားသည်။ ပညတ်တရားက ကိုယ်ထိလက်ရောက်မကျူးလွန်ရန်တားမြစ်၍ သခင်ယေရှုက မနောကံမသင့်ရန်ပင်တားမြစ်ထားသည်။ သူ့မယားကို ကိလေသာစိတ်နှင့် ကြည့်ရှုသောသူသည် စိတ်နှ လုံးထဲ၌ ထိုမိန်းမကိုပြစ်မှားပြီဟု သခင်ယေရှုက သတိပေးသည်။ ဤကျမးပိုဒ်ကို E. Stanley က “သူများ သားမယားကို စိတ်ကူ၍ ပြစ်မှားခြင်းသည် ကာမေသုမိစ္ဆာကျူးလွန်သည်သာမကပါ။ မငြိမ်းနိုင်သော သံရည်ပူလောင်းထည့်ခြင်းနှင့် တူသည်” ဟုဆိုသည်။ စိတ်နှလုံးက အပြစ်ကို မွေးသည်။ ထိုအပြစ်ကို အသက်ရှင်အောင် လုပ်ကျွေးလျှင် ကာယကံ မြောက်ကျူးလွန်သွားသည်။
၅:၂၉-၃ဝ ညစ်ညမ်းသောအရာမတွေးမိဖို့လိုသည်။ ထို့ကြောင့် သခင်ယေရှုက ကိုယ်လက် အင်္ဂါစုံလင်စွာ ငရဲပြည်လားခြင်းထက် ကိုယ်လက်အင်္ဂါမပြည့်စုံဘဲကောင်းကင်နိုင်ငံတော်ရောက်ခြင်းက ပိုကောင်းသည်ဟုဆိုသည်။ ယေရှုစကားတော်အတိုင်း အသက်ရှင်နိုင်ကြသလား။ မကောင်းသောအင်္ဂါ အစိတ်အပိုင်းကို တကယ်ဖြတ်ပစ်နိုင်သလား။ ထိုစကားကို အတွေးနယ်ချဲ့လျှင် ဝိညာဉ်တခုထက် အသင်းသားတယောက်ကို နှမြောရမည်လား။ ထိုအဖြစ်ဆိုးမျိုးမကြုံစကောင်းပါ။ သန့်ရှင်းသောဝိညာဉ် တော်ကယုံကြည်သူများအား စင်ကြယ်သော အသက်တာကိုယ်စီ ပေးထားပါသည်။ ထို့ကြောင့် ယုံကြည် သူတိုင်း မိမိအသက်တာကို စည်းကမ်းတကျစနစ်ရှိရှိနေထိုင်ဖို့လိုပါသည်။
(စ) လင်မယားပြတ်စဲခြင်းအား အပြစ်တင်ခြင်း (၅:၃၁-၃၂)
၅:၃၁ ဓမ္မဟောင်းကာလတွင် လင်မယားကွာရှင်းပြက်စဲခွင့်ပြုသည်။ (တရား ၂၄:၁-၄)။ ဤ ကျမ်းပိုဒ်တွင်မူမျောက်မထားသောမိန်းမမှလွဲ၍ သခင်ယေရှုက အပြစ်တင်သည်။ (နောက်မီလင်းခြင်း၏ အပြစ်ဒဏ်သည် သေဒဏ်ဖြစ်သည် တရား ၂၂:၂၂)။ အဘယ်ကြောင့်ဆိုသော် မနှစ်မြို့ဖွယ်ရာ လူ့မျက်နှာ ပြစရာမရှိသော စက်ဆုပ်ရွံ့ရှာဘွယ်ရာဖြစ်သည်။
၅:၃၂ ခရစ်တော်၏ နိုင်ငံတော်တွင်မူ “မှားယွင်းသောအကြောင်းမှတပါး အခြားသောအ ကြောင်းကြောင့် မိမိမယားနှင့်ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏” ဟုမိန့်ဆိုထားသည်။ ထို စကားမှာမိမိမယားအား မျောက်မထားသော သူအဖြစ်သို့အတင်းအဓမ္မတွန်းပို့ခြင်းမဟုတ်။ အခြားအိမ် ထောင် ပြုရန် အတင်းစေခိုင်းခြင်းဖြစ်သည်။ ထိုသို့အခြားသော အိမ်ထောင်ပြုခြင်းဖြင့် မှားယွင်းသူဖြစ်စေ သည်။ မိမိမယားဟောင်းအား မှားယွင်းသော မိန်မဖြစ်စေရုံသာမက ထိုမိန်းမ၏ နောက်အိမ်ထောင်ဖက်ကို လည်းသူများမယားပြစ်မှားသောသူဖြစ်စေပါသည်။
လင်မယားကွာရှင်းပြတ်စဲခြင်းနှင့် အိမ်ထောင်ပျက်အား ထိမ်းမြားလက်ထပ်ခြင်းအကြေင်း ကို ဓမ္မသစ်ကျမ်းစတွင် ရှုပ်ထွေးသော အမှုတခုအဖြစ် ဖေါ်ပြထားသည်။ အမေးရှိလျှင် အဖြေရှိရကား၊ ထိုဘာရပ်ကို အထောက်အကူပြုနိုင်ရန် ကျမ်းစာအကူအညီကို ယူကြည့်ကြပါစို့။
ကွာရှင်းပြတ်စဲခြင်းနှင့် နောက်အိမ်ထောင်ပြုခြင်း
ဘုရားသခင်၏ အကြံအစည်တော်ထဲတွင် ယောက်ျားများ မိမိမယားကွာရှင်းပြတ်စဲဖို့ အကြောင်းမပါရှိပါ။ တလင်တမယားစနစ်ကျင့်သုံး၍ ထိုအကြင်လင်မယားဖွဲ့နှောင်မှုသည် သေခြင်းတရား ကသာပြတ်စဲပါစေ (ရော ၇:၂-၃)ဟု ဆိုထားသည်။ သခင်ယေရှုကလည်း ထိုအကြောင်းကို ဖာရိရှဲများနား လည်သဘောပေါက်နိုင်ရန် မ ၁၉:၄-၅ တွင် အလေးအနက်ရှင်းပြထားသည်။
ဘုရားသခင်က လင်မယား ကွာရှင်းခြင်းကို မုန်းသည် (မာလ ၂:၁၆) ဟုဆိုရာတွင် သိမ်းကြုံး၍ ယေဘုယျဆိုခြင်းဖြစ်သည်။ ကွာရှင်းပြတ်စဲခြင်းအားလု့းကို မဆိုလိုပါ။ ဘုရားရှင်ကိုယ်တို်င်က ဣသရေလလူမျိုးနှင့် ကွာရှင်ပြတ်စဲသည် (ယော ၃:၈)။ အဘယ်ကြောင့်ဆိုသော် ဣသရေလလူမျိုးတို့ သည် သစ္စာမရှိကြ။ ဖောက်ပြန်၍ ရုပ်တုဆင်းတုကိုးကွယ်ကြသည်။ မ ၅:၃၁-၃၂နှင့် ၁၉:၉တွင် ကာမ ဖောက်ပြန်ခြင်းမှလွဲ၍ လင်မယားကွာရှင်းပြတ်စဲခြင်းကိုတားမြစ်သည်။ မာ ၁၀:၁၁-၁၂နှင့် လု ၁၆:၁၈ တွင် မူ ချို့ယွင်းချက်မထား၊ ကွာရှင်းခွင့်မပြု။
မည်သို့ဆိုစေ လင်မယားကွာရှင်းပြတ်စဲခြင်းသည် နှစ်လိုဖွယ်ရာအမှုမဟုတ်ပါ။ လင်မယား ကစ္စဖောက်ပြန်လျှင် ကွာရှင်းခွင့် ပြုထားပါသည်။ သို့သော် ကွာရှင်းကိုကွာရှင်းရမည်ဟုမဆိုလိုပါ။
အချို့ကျမ်းစာပညာရှင်များက ၁ကော ၇:၁၂-၁၆တွင် မယုံကြည်သူအိမ်ထောင်ဘက်က တောင်းဆိုလျှင်ကွာရှင်းသည်ဟု ထောက်ပြကြသည်။ ပေါလုက ဤအမှုကိစ္စတွင် ရေးကြီးခွင်ကျယ် ဝန်ထုတ်ဝန်ပိုးမဖြစ်ဖို့ သတိပေးပြန်သည်။ စာရေးသူအနေနှင့် မ ၅နှင့် ၁၉ကို ချို့ယွင်းခက်ထားချင်သည်။ နောက်မီးလင်းခြင်းမှလွဲ၍ ကွာရှင်းပြတ်စဲခြင်းမပြုကောင်းဟုသဘောရသည်။
ဓမ္မသစ်ကျမ်းတွင် ချို့ယွင်းချက်ထား၍ ကွာရှင်းပြတ်စဲခွင့်ပြုသော်လည်း၊ နောက်ထပ်အိမ် ထောင်ပြုခြင်းကို အလေးအနက်မဖော်ပြပါ။ ထို့ကြောင့်မေးစရာရှိပါသည်။ ဓမ္မသစ်ကျမ်းတွင် နောက်တဖန် အိမ်ထောင်ပြုခြင်းကို အပြစ်ကင်းစင်သည်ဟု မစီရင်ပါ။ လူကို သာထိခိုက်စေပါသည်။ တနည်းအားဖြင့် လင်မယားကွာရှင်းခြင်းသည် နောက်ထပ်အိမ်ထောင်ပြုခွင့်ပေးခြင်းဖြစ်သည်။ လင်မယားအတူတူမနေခြင်း သည်လည်း အလားတူဖြစ်သည်။
ထိုကစ္စနှင့် ပတ်သက်၍ ကယ်တင်ခြင်းမရမီ လင်မယားကွာရှင်းကြလျှင် မည်သို့ရှိမည်နည်း ဟုမေးစရာရှိလာသည်။ အသက်တာပြောင်းလဲခြင်းမရှိမီ ကွာရှင်ခြင်းနှင့် နောက်ထပ်အိမ်ထောင်ပြုခြင်းမရှိ မီ ကွာရှင်းခြင်းနှင့် နောက်ထပ်အိမ်ထောင်ပြုခြင်းသည် မသိနားမလည်၍ ပြုမှားခြင်းဖြစ်သောကြောင့် ခွင့် လွတ်ပြီးသားဖြစ်သည် (၁ကော ၆:၁၁ ရှိ ကောရိန္တုယုံကြည်သူများအကြောင်းကို ကြည့်ပါ)။ အသက်တာ ပြောင်းလဲခြင်းမရှိမီအပြစ်များကို ဒေသန္တရအသင်းတော်များကလည်းမှတ်ယူခြင်းမပြုရ။
ထိုထက်ခက်သည်မှာ အကြောင်းမခိုင်လုံဘဲ ကွာရှင်းပြတ်စဲပြီးနောက် အိမ်ထောင်ထပ်ပြု ခြင်းဖြစ်သည်။ အသင်းတော်တွင် ပြန်လည်မိဿဟာယဖွဲ့ခွင့် ရှိပါသလား။ နောက်မီလင်း၍ ကွာရှင်းခဲ့ကြ သူများဟုတ်မဟုတ်အပေါ်တွင်မူတည်သည်။ သို့သော် ဘုရားရှင်သည် ငယ်သောအမှုကို ကြီးစေသူမဟုတ် ပါ။ စဉ်းစားစရာမှာထိုမိန်းမအားခိုကိုးရာမဲ့ဖြစ်စေ၍ ကလေးသူငယ်များမျက်စိသူငယ် နားသူငယ် အိုးမဲ့အိမ် မဲ့ အဖြစ်ဆိုးမျိုးမည်သူမြင်ချင်မည်နည်း။
စာရေးသူ၏ သဘောထားအရဆိုလျှင် အမှန်တကယ်အပြစ်ဝန်ခံ၍ နောင်တရကြလျှင် အသင်းတော်တွင် မိဿဟာယ ပြန်လည်ပါဝင်စေသင့်သည်။ လင်မယားကွာရှင်းပြတ်စဲခြင်း အကြောင်း ရင်းမတူညီကြပါ။ ထို့ကြောင့် သင်းအုပ်များကိုယ်တိုင်ကြားနာ စစ်ဆေးသင့်သည်။ နှုတ်ကပတ်တော်နှင့် အညီစီရင်ဆုံးဖြတ်သင့်သည်။
(ဆ) ကျမ်းကျိန်ခြင်းအားရှုတ်ချခြင်း (၅:၃၃-၂၇)
၅:၃၃-၃၆ ဘုရားသခင်၏ နာမတော်အားမဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းမပြုရန်။ မောရှေ ပညတ်တ္တိကျမ်းက အကြိမ်ကြိမ်တားမြစ်ထားသည် (ဝတ် ၁၉:၁၂၊ တော ၃၀:၂၊ တရား ၂၃:၂၁)။ ဘုရားသခင် သည်သင်၏သက်သေခံဖြစ်သောကြောင့် အမှန်တရား၌ သာတိုင်တည်ရသည်။ ယုဒများ သည် ဘုရားသခင်၏ နာမတော်အား မဟုတ်မမှန်သော နေရာတွင် ကျမ်းမကျိန်မိစေရန် ကောင်းကင်၊ မြေကြီး၊ ယေရုရှလင်၊ ဦးခေါင်းစသဖြင့် အစားထိုး ကတိသစ္စပြုလေ့ရှိကြသည်။
သခင်ယေရှုက ထိုကဲ့သို့ တိုင်တည်ကျမ်းကျိန်ခြင်းအား အလျဉ်းတားမြစ်သည်။ ဘုရား သခင်၏ နာမတော်ဖြင့် ကျိန်ဆိုခြင်းသည်၎င်း၊ နာမတော်အစားအထက်ဖော်ပြသော တခုခုအား တိုင်တည် ခြင်း၎င်း၊ မလုပ်ရပါ။ ကောင်းကင်သည် ဘုရားသခင်၏ ပလ္လင်တော်တည်ရာ၊ မြေကြီးသည် ခြေတော်ချရာ၊ ယေရုရှလင်သည် ဘုရင်မင်းများ စိုးစံရာမြို့တော် ဖြစ်သည်။ ဦးခေါင်းသည်လည်း ဖန်ဆင်းရှင်ဘုရားသခင် အားသိမှတ်ကိုးကွယ်ရာဖြစ်သည်။
၅:၃ရ ခရစ်ယာန်များအတွက် ကျမ်းကျိန်ခြင်းသည် လိုလားအပ်သော အမှုကိစ္စဖြစ်သည်။ ဟုတ်မှန်လျှင် မှန်ကန်သည် ဟုဝန်ခ့၍ မဟုတ်မှန်လျှင် မမှန်ကန်ပါဟုသာ ငြင်းပယ်ရသည်။ ထိုထက်ပိုလွန် ၍ ပြောဆိုခြင်းသည်။ ခရစ်ယာန်တယောက်အနေနှင့် လိမ်ညာပြောဆို၍ မုသာစကားဆိုစရာအကြောင်း မရှိပါ။
ဤကျမ်းပိုဒ်က မိမိသိရှိသော အမှန်တရားကိုလည်း ထိန်ချန်ခြင်းမပြုဖို့ သွန်သင်ပါသည်။ သို့သော် တရားရုံးတွင် ကျမ်းကျိန်ထွက်ဆိုဖို့ မတားမြစ်ပါ။ သင်ယေရှုကိုယ်တော်တိုင်ယဇပုရောဟိတ်ကြီး ရှေ့တွင်သက်သေခံခဲ့သည်။ (မ ၂၆:၆၃ နောက်ပိုင်း)။ ပေါလုသည်လည်း သူရေးသားသမျှသည် သမ္မာ တရားဖြစ်ကြောင်း ဘုရားသခင်ကို သက်သေခံကျိန်ဆိုခဲ့သည် (၂ကော ၁:၃၊ ဂလာ ၁:၂၀)။
(ဇ) ထို့ထက်နှစ်မိုင်ပိုသွားဦး (၅:၃၈-၄၂)
၅း၃၈ ပညတ်တရားက မျက်စိတလုံးအစား မျက်စိတလုံး၊ သွားတချောင်းအစား သွားတ ချောင်းအလျှော်ပေးရန် (ထွက် ၂၁:၂၄၊ ဝတ် ၂၄:၂၀၊ တရား ၁၉:၂၁)တွင် ပြဌာန်းထားသည်။ ထိုပြစ်မှုနှစ် ခုစလုံးအတွက် အပြစ်ဒဏ်ပြဌာန်းထားသည်။ ဓမ္မဟောင်းကာလတွင် ထိုအပြစ်ဒဏ်သည် တစ်ဦးချင်းစီရင် ရသည်မဟုတ်။ အုပ်စိုးသူအစိုးရက ပြဌာန်းစီရင်ခြင်းဖြစ်သည်။
၅:၃၉-၄၁ ယေရှုသည် ထိုပညတ်တရားနှင့် ပြဒါးတလမ်း သံတလမ်းဖြစ်သည်။ တပည့် တော်များအားသိုသို့ရန်ကိုရန်ချင်း တုံ့ပြန်ဖို့ မခိုင်းသည့်အပြင် ဝမ်းသာစွာလက်ခံဖို့ သွန်သင်သည်။ မကောင်းသောလောကသားများအကျင့်အတိုင်း လိုက်မလုပ်ရ။ ပါးတဖက်ကို လာရိုက်လျှင် အခြားပါး တဖက်ကိုလည်းထိုးခံပါ ဟုဆိုသည်။ သင့်အင်္ကျီကိုရ၍ နှစ်ခြိုက်သဘောကျလျှင် အပေါ်အင်္ကျီကိုလည်း ထပ်ပေးလိုက်ပါ။ သူ့အထုပ်အပိုးကို တမိုင်ထမ်းသွားပေးပါ။
၅:၄၂ ဤကျမ်းပိုဒ်တွင် ယနေ့ခေတ်ကာလနှင့် မကိုက်ညီသောအရာ သွန်သင်ထားသည်။ တောင်းသောသူအားပေးလော့။ ချေးငှာလိုသူကိုလည်းမငြင်းနှင့် ဟုဆိုသည်။ ကြိုးစားပမ်းစား ရှာဖွေစု ဆောင်းထားသော ပစ္စည်းများကို သူများပေးပစ်လိုက်လျှင်မည်သို့လုပ်မည်နည်း။ သို့သော်ကောင်းကင် ဘဏ္ဍာကို အာရုံစူးစိုက်သူမှန်လျှင် ဤကျမ်းစကားကိုလိုအပ်သူဖြစ်ပါသည်။ ထိုသို့ဆိုလျှင် အမှန်တကယ် လိုအပ်မှန်းမည်သို့သိရှိနိုင်မည်နည်း။ အချောင်ခို လိမ်လည်လှည့်ဖျား၍ အခေါက်ခေါက်အခါအခါ တောင်းရမ်းသူထက်ဘဝစွန့်စားဖို့ အကူအညီတောင်းသူကို ဦးစားပေးကရုဏာထားသင့်ပါသည်။
ဘုရားသခင် စေလွှတ်သောသူ မဖြစ်နိ်ုင်ဘူးဟုလူတွေက ပြောတတ်ကြသည်။ လူ့ဘဝအ သက်တာကသန့်ရှင်းသော ဝိညာဉ်တော်က သာလျှင် ထိန်းကျောင်းလမ်းညွှန်နိုင်ပါသည်။ သခင်ဘုရား သည် မတရားနှောင့်ယှက်သူများကို ခွင့်လွှတ်သကဲ့သို့ ယုံကြည်သူများကို လည်းခွင့်လွှတ်စေချင်သည် (ငယ် ၃၉)။ မတရားသူ (၄၀)၊ အနိုင်ကျင့်သူ (ငယ် ၄)များကို မေတ္တာပြခွင့်လွှတ်ဖို့ သွန်သင်သည်။ ဤမင်္ဂလာတရားသည် သခင်ဘုရား၏ နှစ်မိုင်ခရီးဒေသနာဖြစ်ပါသည်။
(ဈ) သင့်ရန်သူကိုချစ်လော့ (၅:၄၃-၄၈)
၅:၄၃ ခရစ်တော်၏ နိုင်ငံတော်ပုံဥပမာပေးရာတွင် မိမိရန်သူအားချစ်ခင်မည့်အကြောင်း သည် အခြားအကြေင်းအချက်များထက်ပိုမိုလေးနက်သည်။ ပညတ်တရားက ဣသရေလများကို မိမိအိမ်နီး ချင်းများ ချစ်ခင်ဖို့ပြဌာန်းထားသည် (ဝတ် ၁၉:၁၇)။ ရန်သူများကို မုန်းတီးဖို့ မပြဌာန်းဘူးသော်လည်း၊ မုန်း တီးသည့် စိတ်သဘောထားကိန်းအောင်းကြသည်။ ထိုစကားမှ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသော ရှေးဦးကာ လဘုရားလူများ၏ အကြောင်း (ဆာ ၁၃၉:၂၁-၂၂ကိုကြည့်)ဖြစ်သည်။ ဘုရားသခင်၏ ရန်သူများကို အတိ အလင်းဆန့်ကျင်ခဲ့ကြသည်။
၅:၄၄-၄ရ ယခုဓမ္မသစ်ကျမ်းမှာမူ မိမိရန်သူများကိုချစ်ဖို့၊ မိမိအား ညှဉ်းပန်းနှိပ်စက်သူများ အတွက်ဆုတောင်းပေးဖို့ သခင်ယေရှုက သွန်သင်နေသည်။ ချစ်ခြင်းဆိုသည်မှာ စိတ်နှလုံးအားလုံးအား ဖြင့် ချစ်ခြင်းသာမဟုတ်၊ စိတ်ရောကိုယ်ပါ မေတ္တာပြအသရန်ဖြစ်သည် ထိုချစ်ခြင်းမေတ္တာသည် သာမန် မေဆွေများအားချစ်ခြင်းနှင့် တန်ဖိုးမတူညီပါ။ အဘယ်ကြောင့်ဆိုသော် အခြားသူများသည် မိမိအား မုန်းတီးသူ၊ အန္တရာပေးသူမဟုတ်။ သဘာဝလွန်ချစ်ခြင်းမေတ္တာ၊ ကျေးဇူးတော်နှင့် ယှဉ်သော မေတ္တာသာ လျှင်ဘုရားသခင်အလိုရှိသော မေတ္တာဖြစ်သည်။
မိမိကိုယ် မိမိချစ်သကဲ့သို့ မချစ်နိုင်လျှင် ဆုလက်ဆောင်မရှိပါ။ အခွန်ခံ၏ ချစ်ခြင်းမေတ္တာ မျိုးရှိဖို့သခင်ယေရှုက သွန်သင်ပါသည်။ ချစ်ခြင်းမေတ္တာသည် တုန့်ပြန်အကျိုး မျှော်ကိုးခြင်းမရှိပါ။ ထိုချစ် ခြင်းမေတ္တာများသည် ကယ်တင်ခြင်းမရှိသူ၏ မေတ္တာသာဖြစ်သည်။ ထိုသို့သော ချစ်ခြင်းမေတ္တာမျိုးထားရှိ လျှင်လောကသားများ၏ ချစ်ခြင်းမေတ္တာနှင့် ထူးမခြားနားဖြစ်သွားသည်။ ယုံကြည်သူသည် လောကသား များနှင့် တန်းတူမဖြစ်နိုင်ပါ။
ကောင်းသောအမှုအရာပြု၍ မကောင်းသော တုန့်ပြန်မှုရရှိလျှင်လည်း စိတ်ငြူငြင်စရာမရှိပါ။ ကောင်းကင်နိုင်ငံရှိအဘခမည်းတော်၏သားများဟုခေါ်ခံရသည်။ မကောင်းသော တုန့်ပြန်မှုခံရခြင်းသည် ဘုရားသားတော်ဖြစ်သည့် နည်းလမ်းဟုမဆိုပါ။ ဘုရားသခင်၏ သားဖြစ်ကြောင်းပြသခွင့် ဖြစ်သည်။ ဘုရားသခင်သည် ကောင်းသော အမှုနှင့် မကောင်းသော အရာအားခွဲခြားခွဲခြားမလုပ်တတ်ပါ။ အတူတူနေ သာမိုးရွာစေပါသည်။ သင်တင့်လျောက်ပတ်စွာ ခံစားကြရပါသည်။
၅:၄၈ ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်သည်နည်းတူ သင်တို့လည်း စုံလင်ခြင်းရှိလော့ဟု ဆုံးမဩဝါဒစာဖြင့် ဤသင်ခန်းစာကို နဂုံးချုပ်ထားသည်။ အလင်းထဲရှိ သားသမီးတိုင်းစုံလင်ခြင်းဟူသော စကားကို နားလည်ကြပါသည်။ အပစ်ကင်းစင်ခြင်း အနာအဆာမရှိခြင်း ကိုမဆိုလို။ ယခင်ကျမ်းပိုဒ်တွင် မိမိရန်သူကို ချစ်ဖို့၊ ညှဉ်းပန်းသူကို ဆုတောင်းပေးဖို့၊ မိတ်ဆွေရန်သူမခွဲခြား တန်းတူညီမျှချစ်ခင်ဖို့ သွန်သင်ထားသည်။ ထို့ကြောင့် မျက်နှာသာလိုက်ခြင်းမရှိဘဲ၊ ရင်ကျက်သော ဝိညာဉ် အသက်တာဖြင့် အားတန်းတူထားဖို့ဖြစ်သည်။