ကမ္ဘာဦးကျမ်း ၂၂
၉။ ဣဇာက်အား ယဇ်ပူဇော်ခြင်း (အခန်း၂၂)
၂၂:၁–၁၀ ကရာနီကုန်းဇာတ်လမ်းမှ လွဲ၍ ဤကဲ့သို့ ရင်ထုမနာ သားရတနာကို ဇ်ပူဇောရသည့် ဇာတ်လမ်း သမ္မာကျမ်းစာတွင် ရှာမတွေ့ပါ။ ဤဇာတ်လမ်းသည် ဘုရားသားတော် ကားတိုင်ပေါ်တွင် အသေခံရမည့်အကြောင်း အတိတ်နိမိတ်ဖြစ်သည်။ အာဗြဟံ၏ ယုံကြည်ခင်းခွန်အား ခိုင်မာကြီးမြင့်ပုံကို ဘုရားသခင်က အတည်ပြုဖို့ ဆန်းစစ်ခြင်း ဖြစ်သည်။ မောရိတောင်ပေါ်တွင် သားတော်မောင် ဣဇာက်ဖြင့် ယဇ်ပူဇော်ဖို့ ဘုရားသခင်က ဆန်းစစ်သည်။ ဘုရားသခင်က အာဗြဟံ၏ ယုံကြည်ခြင်းအား အုတ်ရောရော ကျောက်ရောရော မြဖစ်စေလို။ စေစ်အမှန်ဖြစ်ကြောင်း မှတ်ကျောက်တင်ချင်သည်။ စင်စစ် ဘုရားသခင်သည် လူအား ယဇ်ကောင်လုပ်၍ ယဇ်ပူဇော်ခြင်းကို ဆန့်ကျင်သည်။ မောရိတောင်သည် ယေရုရှလင်ဒေသတွင် (၆ရာ ၃:၁)ရှိသည်။ ကရာနီကုန်းနှင့်လည်း တစ်ဆက်ဖြစ်သည်။ ဘုရားသခင်က “သင်အလွန်ချစ်သော တစ်ယောက်တည်းသောသား ဣဇက်” ဖြင့် ယဇ်ပူဇော်ခိုင်းသောအခါ အာဗြဟံရင်ခွင်တွင် အဘယ်မျှ နာကျင်မည်နည်း။ အပ်ပေါင်းများစွာ ထိုးဆွသကဲ့သို့ နာကျင်ပေမည်။ အာဗြဟံတွင် ကတိတော်နှင့် ဆိုင်သော သားရတနာ၊ ဩရဿသား၊ တစ်ပါးတည်းသောသား၊ အချစ်ဆုံးသား ဣဇာက်သာရှိသည်။ အခြား သာမန် လူမျိုးမွေးဖွားသော သားနှင့်မတူ၊ ဘုရားသခင်ပေးသော သားထူးသားမြတ် ဖြစ်သည်။
သမ္မာကျမ်းစာတွင် မကြာခဏ သုံးစွဲလေ့ရှိသော ဝေါဟာရစကားလုံးကို ဤနေရာတွင် ပထမဿီးဆုံးတွေ့ရသည်။ ချစ်ခြင်း(ငယ် ၂)နှင့် “ကိုးကွယ်ခြင်း” (ငယ် ၅) တို့ဖြစ်သည်။ အာဗြဟံက ဣဇာက်ကို ချစ်ခြင်းသည် ဘုရားသခင်က သားတော်ယေရှုခရစ်အား ချစ်ခြင်းကို ပုံဆောင်သည်။ ဣဇာက်အား ယဇ်ကောင် အြဖစ် ပူဇော်ခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် အညီ အကြီးမြတ်ဆုံး ပူဇော်ခြင်း ဖြစ်သော သခင်ခရစ်တော်ဘုရားကိုယ်တိုင် မိမိကိုယ်ကို ပူဇော်ခြင်း ပုံဆောင်သည်။
၂၂:၁၁–၁၂ “အာဗြဟံ၊ အာဗြဟံ” ဟူသော ခေါ်သံသည် ကျမ်းစာတွင် လူနာမည် နှစ်ခွန်း ဆင့်ခေါ်သည့် (၁၀)ကြိမ်အနက် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ဘုရားသခင်က လူနာမည်ခေါ်သည့် အကြား(၇)ကြိမ်မှာက (က ၂၂:၁၁၊ ၄၆:၂၊ ထွ ၃:၄၊ ၁ရာ ၃:၁၀၊ လု ၁၀:၄၁၊ ၂၂:၃၁၊ တ ၉:၄) တို့ဖြစ်သည်။ အခြား(၃)ခုမှာ (မ ၇:၂၁-၂၂၊ ၂၃:၃၇၊ မာ ၁၅:၃၄) တို့ဖြစ်သည်။ ထိုသို့ နှစ်ခွန်းဆင့်ခေါ်ခြင်းသည် အရေးကြီးသောကြောင့် လေးလေးနက်နက်ခေါ်ခြင်းဖြစ်သည်။ အငယ်(၁၂)တွင် ပါရှိသော ဘုရားသခင်၏ ဝိညာဉ်တော် ဆိုသည်မှာ ဘုရားသခင် (ငယ် ၁၂)ကို ဆိုလိုသည်။
၂၂:၁၂-၁၅ ဣဇာက်အား ယဇ်ကောင်အဖြစ် ပူဇော်ခြင်းသည် အာဗြဟံ၏ ယုံကြည်ခြင်း ခိုင်မာမှုအား ဆန်းစစ်အတည်ပြုခြင်းဖြစ်သည်။ ဘုရားသခင်က အာဗြဟံအား သားရတနာ ပေး၍ ရေတွက်မကုန်နိုင်သော သားမြေးစဉ်ဆက် ပွားများကြမည့်အကြောင်း ကတိတော်ပေးခဲ့သည်။ ယခုအချိန်တွင် ဣဇာက်သည် အလွန်ဆု့းရှိလှ (၂၅)နှစ်မပြည့်နိုင် မိန်းမ မယူသေး။ အကယ်၍ ဤနေရာတွင် ဣဇာက်ကို ယဇ်ကောင်အြဖစ် ပူဇော်ပါက ကတိတော်မည်သို့ ပြည့်စု့တော့မည်နည်း။ ဟေဗြဲ ၁၁:၁၉ အရဆိုလျှင် အာဗြဟံသည် သူ့သားကို ဇ်ပူဇော်လိုက်လျှင်လည်း ဘုရားသခင်က ပြည်လည်ထြေမာက်စေမည်ဟု ယုံကြည်သည်။ စံတင်လောက်သော ယုံကြည်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ထိုခေတ်ကာလတွင် သေရာမှ ပြန်လည်ထမြောက်ခြင်းသမိုင်း မှတ်တမ်းမှတ်ရာ မရှိစဖူး။ အာဗြဟံ၏ ယုံကြည်ခြင်းကို ၂၂:၅ တွင် “ထိုအရပ်သို့သွဦး၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ သင်တို့ဆီသို့ ပြန်လာဦးမည်” ဟု မှတ်တမ်းတင်ထားသည်။ အာဗြဟံသည် ယုံကြည်ခင်းကြောင့် ဖြောင့်မတ်သော ပထမဦးဆုံးလူသား (၁၅:၅) အကျင့်သီလဖြင့် ယုံကြည်ခြင်း စစ်မှန်ကြောင်း သက်သေပြသူ (ယာ ၂:၂၁ ကိုကြည့်) ဖြစ်သည်။ သူ၏ ယုံကြည်ခြင်းကို ကယ်တင်ခြင်းဟု မှတ်ယူသည်။ သူ၏ အကျင့်သီလသည် ယုံကြည်မှုကို သက်သေထူခြင်း ဖြစ်သည်။ ဣဇက်က “ယဇ်ကောင် ပူဇော်မည့် သိုးသူငယ် “ဘယ်မှာနည်း” ဟု မေးသောအခါ “ငါ့သား၊ ယဇ်ရှို့စရာ သိုးသငယ်ကို ဘုရားသခင်ပြင်ဆင်ပေးတော်မူလိမ့်မည်” ဟု ဖခင်ကဖြေသည်။ ထိုကတိတော်သည် သိုးကောင်ယဇ်ပူဇော်ခြင်းဖြင့် မပြည့်စုံခဲ့။ ဘုရားသခင်၏ သိုးသငယ်ဖြင့်သာ ပြည့်စုံသည် (ယော ၁:၂၉)။
ဤကျမ်းချက်တွင် ခရစ်ယာန်များအတွက် အရေးကြီးသင်ခန်းစာ (၂)ခု ရှိသည်။ ပထမအချက်မှာ ဖခင်၏ အကြိုက်ဆောင်သည့် တစ်ပါးတည်းသော သား ဣဇာက်ဖြစ်သည်။ သေရွာလမ်းမှ ပြန်လာသောသား ဖြစ်သည်။ ဒုတိယအချက်မှာ ယဇ်ကောင်သိုး ဖြစ်သည်။ ကိုယ်တိုင်တွင် အပြစ်ဒုစရိုက်မရှိသော်လည်း အခြားသော အပြစ်သားများအတွက် အသက်ပေးစတေးခံသည်။ ဘုရားသခင်စိတ်တော်နှင့် ထိတွေ့ဖို့ရန် မီးရှို့ ပူဇော်သက္ကာ ခံသည်။ ဆရာကြီးတစ်ပါးက “၏အာဗြဟံ၏ ရင်ထဲရှိဝေဒနာကို ဘုရားသခင် မရှုစိမ့်သောကြောင့် ဣဇာက်အစား သိုးတစ်ကောင် ပေးလိုက်သည်” ဟုဆိုသည်။ အပိုဒင်ငယ် (၁၁)နှင့် (၁၅)တွင် ပါရှိသည့် ဘုရားသခင်၏ ကောင်းကင်တမန်သည် သခင်ယေရှု ယေဟောဝါယိရေ (ဘုရားသခင် ကယ်မသည်ဟု အနက်ရသည်) (ငယ် ၁၄)ဟု သမုတ်သည်။ ဤအမည်နာမသည် ဓမ္မဟောင်းကျမ်းတွင် ပါရှိသည့် ဘုရားသခင်၏ နာမတော်များအနက်တစ်ခုဖြစ်သည်။ အခြားနာမည်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ယေဟောဝါရောဖက်ကာ – အနာရောဂါကင်းငြိမ်းစေသူ (ထွ ၁၅:၂၆)
ယေဟောဝါနိဿိ – အောင်မြင်ခြင်းအရှင် (ထွ ၁၇:၁၅)
ယေဟောဝါရှာလုံ – ငြိမ်သက်ခြင်းအရှင် (သူကြီး ၆:၂၄)
ယေဟောဝါအရှင်သခင် – ငါ၏သိုးထိန်း (ဆာ ၂၃:၁)
ယေဟောဝါဇေဒကနု – ဖြောင့်မတ်စင်ကြယ်သော ဘုရား (ယေ ၂၃:၆)
ယေဟောဝါရှိမ္မ – အမြဲရှိနေသောဘုရား (ယေဇ ၄၈:၃၅)
၂၂:၁၆–၁၉ သူ့ထက်ကြီ:သူမရှိသောကြောင့် ဘုရားသခင်သည် မိမိကိုယ်ကို တိုင်တည်၍ သစ္စာဆိုသည် (ဟေဗြဲ ၆:၁၃)။ ဘုရားသခင်၏ တိုင်တည်သစ္စာ စကားတွင် ယေရှုခရစ်တော်အားဖြင့် တစ်ပါးအမျိုးသားများလည်း ကောင်းကြီးမင်္ဂလာ ခံစားကြမည့်အကြောင်း ပါဝင်သည်၊ (ဂလာ ၃:၁၆ ကိုလည်းကြည့်)။ အပိုဒ်ငယ် (၁၇)တွင် ပါရှိသည့် ကတိတော်တွင် အာဗြဟံ၏ မျိုးနွယ်ဆက်ကို ကောင်းကြီးပေး၍ ရန်သူများ၏မြို့တံခါးကိုလည်း အုပ်စိုးလိမ့်မည် ဟု ဆိုထားသည်။ ဆိုလိုသည်မှာ အာဗြဟံ၏ သားမြေးများသည် သူတို့ကို ဆန့်ကျင်သူများအပေါ်သို့ ဩဇာလွှမ်းမိုးသက်ရောက်မည့်အကြောင်း ဖြစ်သည်။ မြို့တံခါးများ အစိုးရခြင်းဆိုသည်မှာ ထိုမြို့များ ပျက်စီးမည့်အကြောင်းဖြစ်သည်။၁၆
၂၂:၂၀–၂၄ အာဗြဟံတွင် သား(၂)ယောက်ရှိချိန်တွင် သူ့အစ်ကိုနာခေါ်၌ သား(၁၂)ယောက် ဖြစ်ထွန်းသည်။ ဘုရားသခင်က ကောင်းကင်ကြတယ်သမျှ သားဖြစ်ထွန်းစေမည်ဟူသော ကတိတော်သည် မည်ကဲ့သို့ပြည့်စုံနိုင်မည်နည်း။ သားဣဇာက်အတွက်မယားရှာဖွေပေးရန် ဧလျာယာအား စေလွှတ်ခြင်းကို ဆိုလိုပါသလား (အခန်း ၂၄)။ ၂၂:၂၃ တွင် ပါရှိသည့် ရေဗက္က နာမည်ကို သတိပြုပါ။