ကမ္ဘာဦးကျမ်း ၂၄
၁၁။ ဣဇာက်အတွက် သတို့သမီး (အခန်း ၂၄)
၂၄:၁–၉ အာဗြဟံသည် သူ့သားဣဇာက်အား ခါနာန်သူနှင့် အိမ်ထောင်မကျစေလို သကဲ့သို့ မေဆိုပိုးတေးမီးယားဒေသတွင် မနေစေလိုသဖြင့် ငယ်မွေးကျေးကျွန်အား ဣဇာက်အတွက် သတို့သမီး အရှာလွှတ်လိုက်သည်။ အပိုဒင်ငယ် ၂-၄ နှင့် ၉ တွင် ပါရှိသည့် ရှေးလူများ၏ ကတိသစ္စာတည်ပုံကို Charles E Pfeifer က ဤသို့ရှင်းပြသည်။
ရှေးအခါက သားသမီးများသည် ကျမ်းကျိန်သစ္စာဆိုလျှင် ဖခင်၏ ပေါင်အောက်သို့ လက်နှိုက်၍ ကျိန်ဆိုရသည် (က ၄၆:၂၆ နှင့်ယှည်ဖတ်)။ ထိုသို့ ကျိန်ဆိုခြင်းသည် ဖခင်၏ ပေါင်အောက်မှ မွေးဖွားကြောင်း ဝန်ခံခြင်းဖြစ်၍ သစ္စာမဖောက်ဟု ကတိပေးခြင်းဖြစ်သည်။ ထိုသို့ ကျိန်ဆိုမှသာလျှင် ကတိသစ္စာတည်သည် ဟု ယူဆကြသည်။ ဤနေရာတွင် အာဗြဟံ၏ ငယ်မွေးကျေးကျွန် ဘဏ္ဍာစိုးသည် အာဗြဟံ၏သား ဣဇာက်အတွက် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ဣဇာက်ကဲ့သို့ သဘောထား၍ ကျမ်းကျိန်ခြင်း ဖြစ်သည်။၁၇
၂၄:၁၀–၁၄ ထိုအစေခံသည် ခမည်းတော်က စေလွှတ်သော သန့်ရှင်းဝိညာဉ်တော်ကို ပုံဆောင်သည်။ ကောင်းကင်သားဣဇာက်ခေါ် သခင်ယေရှုအတွက် သတို့သမီးရှာဖွေသည်။ ဘုရားသခင် ရွေးချယ်ထားသော သတို့သမီးအား ကယ်တင်ခြင်း ဆုလက်ဆောင် ပေးရန် လက်ဆောင်ပဏ္ဏာများလည်း ယူဆောင်သွားသည်။ ထိုအကြောင်းကို Murdoch Campbell က ဤသို့သရုပ်ဖေါ်သည်။
သခင့်သား၏ ဇနီးအတွက် ကန်အင်လက္ခဏာ၊ အကျင့်စာရိတ္တပြည့်စုံသော သတို့သမီးလောင်း ရှာပုံတော်ဖွင့် နိမိတ်လက္ခဏာကို သိထားရမည်။ ရေတွင်းနားတွင် အမျိုးသမီးကို တွေ့သောအခါ ရေတစ်ခွက်တိုက်ဖို့ စကားစမြည် စတင်ရသည်။ ဘုရားသခင်သည် ထိုအမျိုးသမီးအား လူအများမိခင်၊ ယေရှု၏ ဘွားအေဖြစ် စီရင် ခွဲခန့်ထားသူ ဖြစ်သောကြောင့် ထိုအမျိုးသမီးက အာဗြဟံ၏ ငယ်ကျွန်အား ရေတစ်ခွက်မက တဝကြီးတိုက်ကျွေးလိုက်သည်။ ထို့ဧည့်သည်၏ ကုလားအုပ်များကိုလည်း ရေခပ်တိုက်သည်။ ထိုကုလားအုပ် ဆယ်ကောင်သည် ဝေးလံသော ဒေသမှ ရောက်လာပြီးဖြစ်၍ အဘယ်မျှရေငတ်နေကြမည်နည်း။ ကုလားအုပ်တစ်ကောင်လျှင် ရေ(၄)ပေပါလောက် သောက်နိုင်ကြသည်။ ထိုတိရစ္ဆာန်များကို ရေတဝ တိုက်ကျွေးနိုင်ခြင်းသည် နည်းပါးသော စေတနာကိုယ်ချင်းစာ တရားမဟုတ်။ အမြင့်ဆုံးသော မွန်မြတ်ခြင်း အကျင့်လက္ခဏာဖြစ်သည်။၁၈
၂၄:၁၅–၅၂ ရေဗက္ကာ၏ ရုပ်ဆင်းအင်္ဂါနှင့် အပြုအမူများသည် ယဉ်ကျေးသိမ်မွေ့၍ နှစ်လိုဖွယ် ကောင်းလှသည်။ ဧည့်သည်၏ လက်ဆောင်များကိုလည်း စိတ်သဘောဖြူစင်စွာ လက်ခံသည်။ အာဗြဟံ၏ အစေခံက သတို့သမီးရှာပု့တော် အဆိုးသတ်ပြီဟု အလိုလို နားလည်လိုက်သည်။ ရေဗက္ကာက သု့အား စတ်ခါမှ မမြင်ဖူးသော ဣဇာက်အတွက် လကာရောင်တောင်းရမ်းကြောင်း မောင်တော် လာဗန် ပြောပြရာ လာဗန်ကလည်း ပျူငှာစွာ ခရီးဦးကြိုဆိုသည်။ အာဗြဟံ၏ ကျေးကျွန်ဆုတောင်းသည့်အတိုင်း အဆင်ပြေရန် လာဗန်နှင့်ရေဗက္ကာ၏ မိခင်ဗေသွေလနှင့်ရေဗက္ကာ၏ဖခင် တို့အား ဘုရားသခင်က အဆင်သင့် ပြင်ဆင်ပေးထားသည်။
၂၄:၅၃–၆၁ အာဗြဟံ၏ အစေခံကျွန်က ယူဆောင်လာသော လက်ဆောင်များကို ရေဗက္ကာ၊ လာဗန်နှင့် ရေဗက္ကာ၏မိခင်သို့ ပေးအပ်ခြင်းဖြင့် စေ့စပ်ကြောင်းလမ်းခဲ့သည်။ နောက်တစ်နေ့တွင် အစေခံကျွန်သည် ရေဗက္ကာအား ခေါ်ဆော်ငသွားချင်သည်။ ရေဗက္ကာ၏ မိဘများက အချိန်ဆွဲထားချင်ကြသော်လည်း ရေဗက္ကာ ကိုယ်တိုင်က တက်ကြွနေသောကြောင့် မိဘများ၏ ကောင်းကြီးပေခြင်းကို ခံယူပြီး ထိုနေ့တွင် စတင် ခရီးနှင်ကြသည်။
၂၄:၆၂–၆၇ မောရိတောင်ပေါ်တွင် ယဇ်ပူဇော် ခံဖို့သွားသည့် နော်ကပိုင်းတွင် ရေဗက္ကာ ကြိုဆိုဖို့ ဣဇာက်ပထမဆုံးပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် သခင်ခရစ်တော် ဘုရားသည်လည်း အသေခံခြင်း၊ သင်္ဂြိုဟ်ခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ အဘခမည်းတော်ထံ ပြန်လည်ကြွမြန်းခြင်း နောက်ပိုင်းတွင် ရွေးချယ်ထားသော သတို့သမီး ကြိုဆိုဖို့ ပထမဦးဆုံး ပြန်လည်ပေါ်ထွန်းလာမည် (၁သက် ၄:၁၃-၁၈)။ ဣဇာက်နှင့် ရေဗက္ကာတို့ ပထမဦးဆုံး တွေ့ဆုံခန်းသည် အဘယ်မျှကျက်သရေမင်္ဂလာနှင့် ပြည့်စုံ၍ ဝမ်းမြောက်စရာ ဖြစ်မည်နည်း။ တစ်ကြိမ်တစ်ခါမှ မျက်နှာမြမင်ဖူး၊ မကြုံတွေ့ဖူးကြသော်လည်း အချစ်ဆုံးသူများ ဖြစ်ကြသည်။ ချစ်ကျွမ်းဝင် သံယောဇဉ် ခိုင်မြဲလေးနက်သည်။ ထိုကဲ့သို့ပင် ယုံကြည်သူများသည်လည်း ခရစ်တော်နှင့် တွေ့ဆုံသောအခါ ဝမ်းမြောက်ရွှင်လန်းကြမည်။