ကမ္ဘာဦးကျမ်း ၂၆
ဣဇာက်နှင့် အဘိမလက် (အခန်း ၂၆)
၂၆:၁–၆ ဣဇာက်သည်လည်း သူ့ဖခင်ခေတ်ကကဲ့သို့ အစာခေါင်းပါးခြင်းအငတ်ဘေးနှင့် ကြုံတွေ့သည် (အခန်း ၁၂ နှင့် ၂၀) တောင်ဘက်အရပ်သို့ မျက်နှာမူသွား၍ ဂေရ အရပ်သို့ရောက်သောအခါ ဘုရားသခင်က ဆက်လက်၍ အဲဂုတ္တုပြည်သို့ မသွားရန် မိန့်ဆိုသည်။ ဂေရ သည် အဲဂုတ္တုပြည်သို့ သွားသော လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ထိုဂေရအရပ်၌ ဘုရားသခင်က ခေတ္တယာယီ ခိုလှုံ၂၀ စေသော်လည်း ဣဇာက်က အခြေချနေလိုက်သည်။ ဘုရားသခင်က ဣဇာက်၏ ဖခင် အာဗြဟံထံသို့ ပေးထားသော ကတိတော်အတိုင်း ပြည့်စုံစေမည်ဟု ထပ်မံအတည်ပြုပေးသည်။
၂၆:၇–၁၇ ဣဇာက်သည်လည်း သူ့ဖခင်ကဲ့သို့ စိုးရိမ်ကြောက်လန့်စိတ် ဖြစ်ပေါ်ခဲ့သည်။ ဂေရသားများက သူ့မိန်းမအား လာရောက်ပူပန်ကြသောကြောင့် ထိုဘေးရန်ကိုကြောက်၍ သူ့မိန်းမအား နှမဟု ဟန်ဆောင်ခိုင်းပြန်သည်။ ဖခင်၏ အားနည်းချက်အား သားတွင် တဖန်ကူးစက်ခြင်းသည် ဝမ်းနည်းဖွယ်ရာ သင်ခန်းစာဖြစ်သည်။ ဣဇာက်၏ အလိမ်အညာပေါ်သောအခါ ပြစ်တင်ခြင်းခံရသည်။ ဣဇာက်ကလည်း ဝန်ခံသည်။ အပြစ်ဝန်ခံခြင်းသည် ကောင်းကြီးမင်္ဂလာခံစားရစေရန် ရေလာမြောင်းပေးခြင်း ဖြစ်သည်။ ဣဇာက်သည် ဂေရအရပ်တွင် နေထိုင်ရင်း ကြွယ်ဝချမ်းသာလာသည်။ ဒေသခံများက မနာလိုကြသည်။ ဣဇာက်သည် သူ့မိန်းမအား နှမဟု ခေါ်ခြင်းဖြင့် သူများအား အပြစ်သွေားဆောင်ရာ ရောက်ခဲ့သည်။ ထို့ကြောင့် ဂေရပြည်ကို အုပ်စိုးသော အဘိမလက်မင်းက ဣဇာက်အား ထိုအရပ်ဒေသမှ ထွက်ခွာခိုင်းသည်။ သို့နှင့်ဂေရမြို့မှ မလှမ်းမကမ်းရှိ ဂေရချိုင့်ဝှမ်း လွင်ပြင်သို့ ရွှေ့ပြောင်းသွားသည်။
၂၆:၁၈–၂၅ ဂေရဒေသရှိ ဖိလိတ္တိလူမျိုးများသည် အာဗြဟံတူးဖေါ်ခဲ့သော ရေတွင်းများကို ဖို့ပစ်ကြသည်။ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့လာကြသော နောက်တိုးများကိုလည်း လက်မခံကြ။ ဣဇာက်က ထိုရေတွင်းများကို ပြန်လ်ည်ဆယ်ယူဖော်ထုတ်သည်။ ထိုပြန်လည်တူးဖေါ်သော ရေတွင်းကို ဣဇာက်သို့ ကျောင်းသားများနှင့် ဒေသံ ဖိလိတ္တိ နွားကျောင်းသားများ လုယူ အငြင်းပွားကြသည်။ ပထမလုယူကြသော ရေတွင်းကို ဧသက် (ငြင်းခုံခြင်းရေတွင်း) ဟု၎င်း၊ ဒုတိယလုယူခံရ ပြန်သော ရေတွင်းကို သိတန (ရန်ငြိုးရေတွင်း) ဟု နာမည်ပေးခဲ့သည်။ နောက်ဆုံးတွင် ဖိလိတ္တိနှင့် ခပ်ဝေးဝေးနေရာတွင် ရေတွင်း အသစ်တူး၍ ရဟောဘုတ် (လွင်ပြင်ကျယ် သို့မဟုတ် အခန်းကျယ်) ဟု မှည့်ခေါ်သည်။ ထိုမှတဆင့် ဘုရားသခင် ကောင်းကြီးပေးမည်ဟု ကတိပြုထားသည့် ဗေရှေဒ သို့ ပြောင့်ရွှေ့ကြသည်။ ထိုနေရာတွင် ဘုရားသခင်အတွက် ယဇ်ပလ္လင် (ကိုးကွယ်ခြင်း) တွန်းခိုရာတဲ (ခိုလှုံရာ)၊ ရေတွင်း (အားအင်သစ်ရွှင်လန်းခြင်း) ဆောက်တည်သည်။ အရပ်ဒေသ တစ်ခု စည်ပင်ဖွံ့ဖြိုးဖို့ အခြေခံ အရင်းအမြစ်သည် ရေ၏ ကောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ရေးရာတွင် နှုတ်ကပတ်တော် ရေ ဟု တင်စား ခေါ်ဝေါ်ခြင်း ဖြစ်သည်။
၂၆:၂၆–၃၃ အပိုဒ်ငယ် ၂၆-၃၁ကို William က ဤသို့ဆိုထားသည်။
ဂေရသားများနှင့် ခွဲခြားခြင်းသည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ ရှာဖွေခံယူခြင်း အစစ်အမှန်ဖြစ်သည်။ ခရစ်ယာန်များသည် လောကလူသားများ၏ အကူအညီ စောင့်မျှော်ခြင်းထက် ထိုသူများနှင့် ခပ်ဝေးဝေးနေခြင်းက ပိုကောင်းသည်။၂၁
ဣဇာက်ထံ အဘိမလက်မင်း အလည်အပတ်ရောက်၍ ချစ်ကြည်ရေးဖွဲ့သောနေ့တွင် ဣဇာက်၏ တပည့်များကလည်း ရေတွင်းတူးဖေါ် ရရှိကြသည်။ အာဗြဟံက ယခင်တွင် ဗေရှေဒ အရပ်တွင် အဘိမလက်နှင့် ကတိပြဒခဲ့ကြသည့်အကြောင်း (၂၁:၃)ကို ရည်စူး၍ ဣဇာက်က ရှေဘဟုခေါ်သည်။ နောင်တွင် မြို့ပြပြည်ရွာ ဖွံ့ဖြိုးစည်ပင်လာ၍ ဗေသရှေဘဟု ထင်ရှားလာသည်။
၂၆:၁၈–၂၅ ဂေရဒေသရှိ ဖိလိတ္တိလူမျိုးများသည် အာဗြဟံတူးဖေါ်ခဲ့သော ရေတွင်းများကို ဖို့ပစ်ကြသည်။ ထိုသူများနှင့် အိမ်ထောင်ပြုခြင်းသည် မညီသော ထမ်းပိုးထမ်းခြင်းဖြစ်သောကြောင့် မိဘများကို စိတ်ဆင်းရဲစေကြသည်။ မွေးရာပါ အခွင့်အရေးကို လက်လွှတ်စပယ် ပစ်စလက်ခတ် ပြုသောကြောင့် အကုသိုလ် ဆက်တိုက် ကြုံတွေ့ရသည်။