ကမ္ဘာဦးကျမ်း ၂၈
၂။ ဟာရန်သို့ထွက်ပြေးတိမ်းရှောင်ခြင်း (အခန်း ၂၈)
၂၈:၁–၉ ဣဇာက်က ယာကုပ်အား ကောင်းကြီးပေးပြီးနောက် ခါနာန် အမျိုးသမီးနှင့် အိမ်ထောင်မပြုဘဲ၊ အမိ၏ အမျိုးနှင့် အိမ်ထောင်ပြုရန် မက်ဆိုပိုတေးမီးယားနယ် ပါဒနာရံအရပ်သို့ သွားရန် မှာကြားခဲ့သည်။ ထိုစကားကို ကြားသောအခါ ဧသောသည် မိဘများကို အရွဲ့တိုက်၍ ဣရှမေလ အမျိုးသမီးနှင့် အိမ်ထောင်ပြေးပြုသည်။ ထိုသို့ အခြားအမျိုးသမီးနှင့် အိမ်ထောင်ပြုခြင်းသည် မကောင်းမှု ပြုခြင်း ဖြစ်သည်။
၂၈:၁၀–၁၉ ဗေသေလ သို့ရောက်သောအခါ ယာကုပ်သည် မြေကြီးနှင့် ကောင်းကင်ဆက်ထားသော လှေကားရှည်ကြီး အိပ်မက်မြင်မက်သည်။ ထိုအိပ်မက်သည် အိပ်မက်သက်သက်မဟုတ်။ အတိတ်ပြခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးဆက်စပ်ခြင်းသည်။ ဘုရားသခင်နှင့် လောကလူသားများ အဆက်အစပ်ရှိသည့် နိမိတ်လက္ခဏာ၂၄ဖြစ်သည်။ နာသနေလတွေ့သောအခါ သခင်ယေရှုက “ငါအမှန်အကန်ဆိုသည်ကား နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏ အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့” (ယော ၁:၅၁) ဟုဆိုထားသည်။ ထိုစကားတော်များနှင့်အညီ ယုံကြည်သူများသည် အချိန်နာရီတိုင်း၊ စက္ကန့်တိုင်းမှာ သခင်ဘုရားနှင့် မပြတ် မိဿဟာယဖွဲ့ရသည်။ ထိုနေ့ညတွင် ယာကုပန်၏ စိတ်နှလုံးသည် အတိတ်ကာလကို ပြန်လည်အောက်မေ့ သတိရနေပေမည်။ မျက်မှောက်ကာလတွင် အထီးကျန် တစ်ကောင်ကြွက်၊ အနာဂတ်ခရီးလည်း မပီပြင် ဝိုးတဝါး။ သို့သော် ဘုရားသခင်က သူ့အဖိုး အာဗြဟံနှင့် ဖခင် ဣဇာက်သို့ ပြုထားသည့် ကတိတော်အား ဆက်လက် စီးဆင်းစေသည်။ ဘုရားသခင်က ဤသို့ကတိတော်ပြုသည်။ “သင်နှင့်အတူ ငါရှိမည်” လုံခြုံရေး “သင့်သွားရာလမ်းကို ငါပြမည်“ ဘဝလမ်းညွှန်၊ ဤမြေပေါ်သို့ ပြန်ရောက်စမည်” ပုဂ္ဂိုလ်ရေးဆိုင်ရာ ကတိတော်၊ “သင့်ကို ငါကတိပြု့သည့်အတိုင်း သင့်ကိုစွန့်ပစ်မထား“။ ထိုနေရာတွင် ယာကုပ်သည် ဘုရားသခင်နှင့်တွေ့ဆုံသည်။ ထိုအရပ်ဒေသနာမည်ကိုလည်း ဥလံယုဇ (သီးခြားမြေ)မှ ဗေသေလ (ဘုရားသခင်အိမ်တော်) ဟု ယာကုပ်က နာမည်ပြောင်းလိုက်သည်။
“ယာကုပ်သည် ဗေသေလတွင် ဆင်းရဲမွန်းကြပ်ခြင်းမှ အံ့ဩဖွယ်ရာ ဝမ်းမြောက်ခြင်း ကြုံတွေ့ရသည်” အရာခပ်သိမ်းသည် သူ့အတွက် ဒုတိယနေရာသို့ ရောက်သွားသည်၊ (Daily Notes of the Scripture Union)။
၂၈:၂၀–၂၂ နောက်တဖန် ယာကုပ်သည် ဘုရားသခင်အား အပေးအယူလုပ်သည်။ သူ့စကားသည် စင်စစ်တွင် ဘုရားသခင်ပေးထားသော ကတိတော်ထက် လျော့နည်းသည် (ငယ် ၁၄)။ သူ့ယုံကြည်မှုသည် ဘုရားသခင်အတွက် လုံလောက်ခြင်းမရှိဟု ခံယူသောကြောင့် ဆယ်ဘို့တစ်ဘို့ လှူမည့်အကြောင်း ကတိကဝတ်ထပ်မံပြုသည်။ တနည်းအားဖြင့် ဤကျမ်းချက်မှ ယာကုပ် စကား၌ ပေးသနား “လျှင်“/ဖြစ်တော်မူ “လျှင်“သည် ယာကုပ်က ခြွင်းချက်မရှိ ဆယ်ဖို့တစ်ဖို့ ပေးလှူမည့်အကြောင်း ဖြစ်၍ ဟေဗြဲလူမျိုးများသို့လည်း သက်ရောက်သည်။ (တော ၂၁:၂၊ သူကြီး ၁၁:၃၀-၃၁၊ ၁ရာ ၁:၁၁ များသည် ဟေဗြဲတို့ကျမ်းသစ္စာနှင့် အတူတူဖြစ်သည်။)