ကမ္ဘာဦးကျမ်း ၄၃

၄၃:၁၅ ဆင်းရဲငတ်မွတ်ခြင်းဘေးဒဏ်က ယာကုပ်အား ဖိစီးသဖြင့် အဲဂုတ္တုပြည်သို့ တဖန် အစာရေစာ သွားဝယ်ရပေတော့မည်။ ဗင်္ယာမိန် မပါလျှင် အဲဂုတ္တုပြည်သို့ မလာရဟုလည်း အဲဂုတ္တုဝန် ယောသပ်က သတိပေးထားသည်။ ထို့ကြောင်း ယုဒက ဗင်္ယာမိန်၏ အသက်ဘေးန္တရာယ်ကို သူ့အဖေထံ အာမခံချက်ပေးသဖြင့် ဖခင်ယာကုပ်က ခေါင်းညိတ်လိုက်ရသည်။ ဤ၌ ယုဒက သူ့ညီဗင်္ယာမိန်၏ အသက်အန္တရာယ်အာမခံခြင်းသည် သခင်ယေရှုက ယုံကြည်သူများ၏ အသက်အား ကရာနီကုန်းပေါ်တွင် အာမခံချက် ပေးခြင်းမျိုးဖြစ်သည်။ ယာကုပ်က အဲဂုတ္တုဝန်ထံ ဗလစံစေး၊ ပျားရည်၊ နံ့သာမျိုးစုံ၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို လက်ဆောင်ပါးလိုက်သည်။ ငွေကိုလည်း နှစ်ဆ ယူဆောင်သွားခိုင်းသည်။

၄၃:၁၆၂၅ သူ့အစ်ကိုများစုံလင်စွာ ရောက်ရှိကြောင်း ယောသပ်တွေ့မြင်သောအခါ စိတ်နှလုံးတုန်လှုပ်သည်။ သို့သော် သူတို့ညီဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခြင်းမပြု။ သူ့လက်အောက် ဝန်ထမ်းအား သူ့အစ်ကိုများကို သူ့အိမ်သို့ခေါ်သွားခိုင်းပြီး စားသောက်ပွဲလည်း အသင့်ပြင်ဆင်ထားခိုင်းသည်။ သူ့အစ်ကိုများကမူ ယခင်တစ်ပတ်က ငွေကိစ္စကြောင့် အဖမ်းခံရပြီဟု ထင်မှတ် စိုးရိမ်ကြသည်။ ထို့ကြောင့် ယောသပ်၏ ဝန်စာရေးထံအကျိုးအကြောင်း ပြောပြကြသည်။ ဝန်စာရေးကလည်း စိုးရိမ်ပူပန်ခြင်းမရှိရန်သာ ဖျောင်းဖျသည်။ စားသောက်ပွဲ ပြင်ဆင်ပြီးသောအခါ ရှိမောင်လည်း ရောက်လာသည်။ မကြာခင် ယောသပ်ဝင်ရောက်လာသောအခါ သူတို့ဖခင်ထည့်ပေးလိုက်သော လက်ဆောင်များကို ထုတ်ယူ၍ ယောသပ်အား ဆက်သကြသည်။

ခါနာန်သို့ အပြန်လမ်းတစ်ဝက်ရောက်မှ သူတို့ အိတ်ထဲတွင် ပိုက်ဆံထုတ် တွေ့ရှိသလား (၄၂:၂၇၊၄၃:၂၁) ဖခင်အိမ်ပြန်ရောက်မှ အိတ်ထဲတွင် ငွေထုတ်တွေ့ရခြင်းလား (၄၂:၃၅)ဟု မေးလျှင် နှစ်ခုစလုံးမှန်ပါသည်။ တစ်ယောက်က လမ်းတစ်ဝက်တွင် အိတ်ဖွင့်ကြည့်သောအခါ တွေ့ရှိခြင်း ဖြစ်၍ နောက်တစ်ယောက်က အိမ်ရောက်မှ အိတ်ဖွင့်ကြည့်၍ တွေ့ရှိခြင်းဖြစ်သည်။ ထိုအကြောင်းအရာ အဖြစ်အပျက်သည် ယောသပ်အစ်ကိုများက ရှင်းပြကြစဉ်၊ ယောသပ် အစေခံက တည်ငြိမ်စွာဖြေကြားခြင်း ဖြစ်သည်။ (Daily Notes of the scropture Union)

            ၄၃:၂၆၃၄ ယောသပ်ရောက်ရှိ၍ သူ့ရှေ့တွင် အစ်ကိုများက ဒူးထောက်ကြသောအခါ ရှေးအခါက ယောသပ်အိပ်မက်သည် အမှန်တကယ်ပြည့်စုံလာသည် (၃၇:၃၇)။ မိသားစုနှင့် ဗင်္ယာမိန်အကြောင်း မေးမြန်းစဉ်အခါ ယောသပ်မှာ စိတ်လှုပ်ရှားနေသည်။ သူ့အစ်ကိုများနှင့် ညီအား စုံလင်စွာ တွေ့ဆုံသောအခါ စိတ်လှုပ်ရှားလွန်း၍ အိပ်ခန်းထဲသို့ ပြေးဝင်၍ ငိုသည်။ ထမင်းစားပွဲတွင် ညီအစ်ကို ဆယ့်တစ်ဦးအား အစဉ်လိုက် နေရာချထားပေး၍ သူကိုယ်တိုင်လည်း စားဝိုင်းတွင် ပါဝင်သောအခါ အံ့ဩကြသည်။ အဲဂုတ္တုသားက သူတို့ညီအစ်ကိုကြီးငယ်စဉ် ကို မည်သို့သိပါလိမ့်မည်နည်း။ သူတို့၏ညီ အငယ်ဆုံး ဗင်္ယာမိန်ကို သီးသန့်စီစဉ်ထည့်ပေးထားသဖြင့် ပွဲတော်အကြိုက် တွေ့နေသည်။

Previous Article
Next Article