ကမ္ဘာဦးကျမ်း ၄၇
၉။ အဲဂုတ္တုပြည်တွင် ယောသပ်မိသားစု (အခန်း ၄၇)
၄၇:၁–၆ ဖာရောမင်းသည် ယောသပ်၏ အစ်ကိုများထဲမှ သွက်လက်လချက်ချာ ယုံကြည်စိတ်ချရသော (၅)ဦးကို ရွေးချယ်ခိုင်း၍ ဖာရောဘုရင်၏ သိုးထိန်းကြီးခန့်အပ်သည်။ ကျန်သော ညီအစ်ကိုများကို ဂေါရှင်မြက်ခင်းလွင်ပြင်တွင် ကျင်လည်ကျက်စားခွင့် ပြုလိုက်သည်။
၄၇:၇–၁၂ ယောသပ်က အသက်(၁၃၀)အရွယ်ရှိသော ဖခင်ယာကုပ်အား ဖာရောမင်းထံ ခစားစေသည်။ ထိုသို့ ခစားစေခြင်းမှာ ယာကုပ်က ဖာရောမင်းအား ကောင်းကြီးမင်္ဂလာပေးစေလိုသည်။ အဘယ့်ကြောင်းဆိုသော် ကောင်းကြီးမင်္ဂလာပေးခြင်းဆိုသည်မှာ အသက်ကြီးသူက ငယ်သောသူကိုသာ ပေးလေ့ပေးထရှိသည် (ဟေဗြဲ ၇:၇)။ ယာကုပ်က သူ့ဘဝအသက်တာတွင် ဆိုးသွမ်းမိုက်မဲသော ကြောင့် ဇိမ်ကျကျနေထိုင်ခြင်း မရှိသလောက်ဖြစ်သည်ဟု ဝန်ခံပြောပြသည်။ အမှန်စင်စစ် ကိုယ်ကြဲသည့်အတိုင်း ရိတ်သိမ်းခြင်းဖြစ်သည်။ ဖာရောမင်း၏ ခွင့်ပြုချက်အရ ယောသပ်သည် သူ့ဖခင်နှင့် မိသားစုအား အဲဂုတ္တုပြည်၏ မြေဆီမြေနှစ် လွင်ပြင်တွင် နေရာထိုင်ခင်းချထားပေးသဖြင့် စည်ပင်သာယာကြသည်။
၄၇:၁၃–၂၆ အစာရေစာ ရှားပါးလာ၍ ခါနာန်ပြည်သားနှင့် အဲဂုတ္တုပြည်သားများသည် ဆန်ရေစပါး ဝယ်ယူရန် ငွေမရှိကြသောအခါ တိရစ္ဆာန်များဖြင့် ယောသပ်ထံမှ ဝယ်ယူကြသည်။ တိရစ္ဆာန်များကုန်ပြန်သောအခါ ယောသပ်သည် ယဇ်ပုရောဟိတ်ပိုင်မြေမှလွဲ၍ လယ်ယာမြေကွက်များကို ဝယ်ယူသည်။ တဖန် တိုင်းသူပြည်သားများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ထုတ်ပေး၍ မိမိမြေကို ပြန်လည်ထွန်ယက် လုပ်ကိုင်စားသောက်စေသည်။ မြေငှားခအဖြစ် ထွက်သမျှ သီးနှံများထဲမှ ငါးပုံတစ်ပုံ ကို ဖာရောမင်းထံ ပြန်လည်ဆက်သခိုင်းသဖြင့် ဘုရင့်ဘဏ္ဍာတော်တော်လည်း တိုးပွားသည်။ ယောသပ်၏ စီမံခန့်ခွဲမှုသည် တရားမျှတပါပေသည်။
၄၇:၂၇–၃၁ ဣသရေလ(ယာကုပ်)သည် ဘဝမီးစာကုန်၍ ဆီခမ်းသောအခါ ခါနာန်ပြည်တွင် သူ့ကို သင်္ဂြိုဟ်ဖို့ယောသပ်အား သေတမ်းစကားမိန့်မှာသည်။ ထို့နောက် ခုတင်ခေါင်းရင်းတွင် သူ့ကိုယ်သူ ကိုးကွယ်လေ၏။ ဟေဗြဲ ၁၁:၂၁ တွင် “တောင်ဝှေးထိပ်ပေါ်တွင် ကိုးကွယ်လေ၏” ဟု ဆိုသည်။ မူရင်း ဟေဗြဲဘာသာစကားဖြစ်၍ အင်္ဂလိပ်ပြန်ဆိုရာတွင် “ခုတင်” သို့မဟုတ် “တောင်ဝှေး” ဟု အနက်အဓိပ္ပါယ်ရသည်။ The traditional Hebrew ကျမ်းမူက ‘ခုတင်‘ ဟု ယူ၍ Septuagint တွင် ထိုဟေဗြဲ ဝေါဟာရကို ကိုးကားပြီး “တောင်ဝှေး” ဟု ယူသည်။ ထိုအကြောင်းကို Kidner က ဤသို့ရှင်းပြသည်။
ထိုကျမ်းမူ(၂)ခုတွင် ဖော်ပြချ်ကများကို ၄၈:၂ တွင် “ခုတင်” ဟု ဆိုသည်။ ယာကုပ် အသက်ဆုံးခါနီးစကား ဖြစ်၍ “တောင်ဝှေး” ဟု ဆိုလျှင် ပိုမိုသင့်လျှော်သည် (၄၈:၁ နှင့်ယှဉ်ဖတ်)။ တောင်ဝှေးသည် ဘဝကို ရည်ညွှန်းသည် (ယာကုပ်၏ မင်္ဂလာ စကား ၃၂:၁၀ နှင့်ယှဉ်ဖတ်) ဓမ္မသစ်ကျမ်းတွင်၍လည်း တွေ့ရှိရသော ကျမ်းစကားဖြစ်သည်။၃၄