ဆာလံကျမ်း ၁၀၇
အပိုင်း(၅) (ဆာ ၁၀၇–၁၅၀)
ဆာ ၁၀၇ ရွေးနှုတ်ခံသူများဟု ကြွေးကြော်ကြစို့
ဘုရားသခင်၏လူများ ဘဝခရီးတွင်ကြုံဆုံရသော ရှေ့နောက်တွဲစကားလုံးများရှိသည်-
အပြစ် -ပုန်ကန်ခြင်း
ခိုင်းဖတ် -၀ဋ်လည်ခြင်း
အသနားခံခြင်း -နောင်တရခြင်း
ကယ်တင်ခြင်း -ပြန်လည်ထူထောင်ခြင်း
လူများသည် ဘုရားသခင်၏စကားတော်ကို နာခံခြင်းမရှိ။ သွေဖီဖောက်ပြန်ကြသည်။ သေလွန် ကြသည်။ ထိုသို့ ဖောက်ပြန်ကြသည့်အကျိုးဆက်ကို ခါးသီးနာကျင်စွာ ခံစားကြသည်။ တဖန် ဘုရား ရှင်ထံသို့ ငိုမဲ့မဲ့ဖြင့် ပြန်လာကြသည်။ မိမိတို့အမှားကို ဝန်ခံကြသည်။ ဘုရားရှင်က အပြစ်များကိုခွင့်လွှတ်ပြီး တဖန် ကောင်းကြီးပေးပြန်သည်။ ထိုအဖြစ်အပျက်သည် ပျောက်သောသား၏ဇာတ်လမ်းဖြစ်သည်။ ထိုကဲ့သို့သော ဇာတ်လမ်းအတိုင်း လူများအသက်ရှင်ကြသည်။ မိမိဘဝကိုလည်း ဆန်းစစ်ကြပါကုန်။
ဤနေရာတွင် ဆင်ခြင်စရာအကြောင်း(၂)ချက်ရှိပါသည်။ တခုမှာ အသက်ရှင်သောဘုရားထံမှ စွန့်ခွာလိုသည့် လူစိတ်ထားဖြစ်သည်။ နောက်တခါမှာ အပြစ်မည်မျှကြီးမား၍ အကြိမ်မည်မျှ များပြားစေကာ မူ နောင်တစိတ်ဖြင့် ပြန်လာလျှင် ခွင့်လွှတ်ထားသော ဘုရားရှင်တော်၏ စိတ်ထားဖြစ်ပါသည်။
ဆာ ၁၀၇ တွင် ဘုရားရှင်တော်၏ရွေးနှုတ်ခြင်း ကရုဏာတော်ကြီးမားပုံကို (၄)မျိုးဖော်ပြထားသည်-
တောကြီးမျက်မည်းထဲတွင်လမ်း (ငယ် ၄-၉)ပျောက်ရာမှပြန်လည်ရွေးနှုတ်သည်။
အကျဉ်းသားဘဝမှပြန်လည်နလံ (ငယ် ၁၀-၁၆)ထူပေးသည်
အသဲအသန်ဖျားနာကြရာမှပြန် (ငယ် ၁၇-၂၂)လည်နလံထူပေးသည်
ကြောက်လန့်ဘွယ်မုန်တိုင်းကြား (ငယ် ၂၃-၃၂)မှပြန်လည်ကယ်ဆယ်သည်
နိဒါန်း (၁၀၇:၁–၃)
ပထမပိုင်းတွင် ရည်ရွယ်ချက်ကို မိတ်ဆက်ပေးသည်။ ဘုရားရှင်ကို ကျေးဇူးတင်ဖို့ ဖိတ်ခေါ်သည်။ ဘုရားရှင်သည်လည်း ကောင်းမြတ်သည်။ ကရုဏာတော်သည် အစဉ်တည်တံ့သည်။ ကျေးဇူးတင်ရမည့် အကြောင်းရေတွက်လျှင် တခြားအကြောင်းပေါင်းစုံလည်းရှိသည်။
သီးသန့်ရွေးကောက်ထားသော ထိုလူမျိုးသည် ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ကို အထူးခံစားကြသည်။ ညှဉ်းပန်းနှိပ်စက်ခြင်း ကျေးကျွန်ဘဝဖိစီးနှိပ်ကွပ်ခြင်း၊ ဘေးဒုက္ခပေါင်းစုံ၊ အနယ်နယ်အရပ်ရပ်သို့ ပြန့်ကြဲခြင်းတို့မှ ပြန်လည်စုစည်းရွေးနှုတ်ခဲ့သည်။ ဆာလံဆရာက ဣသရေလလူ များအား စျေးလယ်ခေါင်တွင် ရောင်းချသောကျေးကျွန်ကဲ့သို့ မြင်သည်။ ထိုသို့ ကုန်ပစ္စည်းသဖွယ် ရောင်းချခံရသောဘဝမှ ပြန်လည်ရွေးနှုတ်သောအရှင်သခင်သည် ချီးမွမ်းကိုးကွယ် ထိုက်သည်ဟုဆိုသည်။
တောကြီးမျက်မည်းထဲတွင် လမ်းလျှောက်ရာမှကယ်တင်ခြင်း (၁၀၇:၄–၉)
ဣသရေလလူမျိုးတို့နှစ်ပေါင်း (၄၀)ကြာ ကန္တာရတောတွင် မျက်စိလည်သဝေထိုးကြသည့်အကြောင်း ဖြစ်သည်။ ငတ်မွတ်ခေါင်းပါးကြသည်။ ရေဆာလျှာထွက်ကြသည်။ စိတ်နှလုံးမာကြောခြင်းဖြေလျှော့ပြီး ပျော့ပျောင်းလာသည်။ မိမိကိုယ်ကို အားကိုးစိတ်လေပူဖောင်းလေလျှော့သကဲ့သို့ ပျော့သွားကြသည်။ ထိုအခါ ကြမှ ဘုရားသခင်က မောဘလွင်ပြင်သို့ ခေါ်ဆောင်သွဦးသည်။ ခါနာန်ပြည်၀င်ပေါက်သို့ ချထားသည်။ နေစရာ မြို့သွားရာလမ်းတွေ့ကြသည်။ ထိုမျှခိုင်မြဲသောမေတ္တာတော်ကို တွေ့ကြုံသောအခါ ဘုရားသခင်ကို မချီးမွမ်းဘဲမနေနိုင်။ သူ့လူများကို စိတ်ရှည်သီးခံသော ဘုရားရှင်၏မေတ္တာတော်သည် အံ့သြဘွယ် ကောင်းပါပေသည်။ ကတိတော်မြေပေါ်တွင် ဆာလောင်ငတ်မွတ်ခြင်းအလျဉ်းမရှိ။ အဝအလင် ကျွေးမွေး စောင့်ရှောက်မည်။
အကျဉ်းသားဘ၀မှကယ်ထုတ်ခြင်း (၁၀၇:၁၀–၁၆)
၁၀၇:၁၀–၁၂ ဣသရေလတို့သမိုင်းစဉ်တွင် ဒုတိယရိုးမယ်ဖွဲ့စရာမှာ ဗာဗုလုန်သားများက ကျေးကျွန် ဘဝအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းအကြောင်း ဖြစ်သည်။ ဆာလံဆရာသည်လည်း နှစ်ပေါင်း(၇၀)ခန့် ကျွန်ခံခဲ့ဟန်တူသည်။ ဗာဗုလုန်ပြည်ကို မှောင်မိုက်နောက်ချေးပုံနှင့် ပုံနှိုင်းထားသည်။ ဣသရေလတို့သည် ဗာဗုလုန်နိုင်ငံတွင် ခိုင်းဖတ်ခြေဆုတ် လက်နယ်အိမ်ဖော်ပမာ ရှိကြသည်။ (အဲဂုတ္တုပြည် ကျေးကျွန်ဘဝ ပုံစံနှင့်မတူပါ)။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏စကားတော်ကို ပုန်ကန်ခြားနားကြသည်။ စကားတော်ကို မထီလေးစားပြုကြသောကြောင့် တိုင်းတပါးသို့ ကျွန်ဘဝဖြင့် ရောက်ကြသည်။ ဝန်ထုပ် ၀န်ပိုးအောက်တွင် ကုန်းရုန်းလုပ်ကိုင်ကြသည်။ မှောက်လဲလျှင်လည်း ကူမကယ်မပေးမည့်သူမရှိ။
၁၀၇:၁၃–၁၆ ဘုရားသခင်ထံသို့ အော်ဟစ်တောင်းပန်ကြသောအခါ နောက်ချေးပုံဘဝမှ ကယ်ထုတ်သည်။ ချည်နှောင်ထားသော သံဆူးကြိုးများကို ဖြတ်တောက်ပေးသည်။ ထိုသို့ ချစ်ခြင်းမေတ္တာ ကြီးမားတော်မူ၍ အံ့ဘွယ်ပြုပေးတော်မူသော ဘုရားရှင်အား ကျေးဇူးတင်သင့်ပါသည်။
ကြေးဝါတံခါးကိုချိုး၍
သံကန့်လန့်ကိုအပိုင်းပိုင်းဖြတ်တော်မူ၏။
ဤကျမ်းပိုဒ်များတွင် ဆာလံဆရာက ဗာဗုလုန်ကျေးကျွန်အကြောင်း ရှင်းပြထားသည်။ ထိုကျမ်းစကားမျိုးကို ဟေရှာ ၄၅:၂တွင် တဖန်တွေ့ရသည်။ ပြည်ပရောက်ဖမ်းဆီးခံရသူများ ပြန်လည်ခေါ် ဆောင်သွားမည့်အကြောင်း ဗျာဒိတ်စကားဖြစ်သည်။ ကုရုမင်းထံသို့ ဘုရားရှင်က ဤသို့ဆိုသည်-
သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီညာစေမည်။ ကြေးဝါတံခါးကိုချိုး၍ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
ကျမ်းစကား၏အာဘော်ကို သဘောပေါက်ကြပေမည်။ ဗာဗုလုန်သို့ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူများ အား စေလွှတ်မည်။
အသဲအသန်ဖျားနာကြရာမှနလံထူထောင်ကြခြင်း (၁၀၇:၁၇–၂၂)
၁၀၇:၁၇–၂၀ ဤတတိယပိုင်းသည် သခင်ခရစ်တော်ဘုရား ပထမအကြိမ်ကြွလာစဉ် ဣသရေလူ တို့၏ဘဝကို သရုပ်ဖော်သည်။ ထိုကာလတွင် ဣသရေလတမျိုးသားလုံး ဖျားနာကြသည်။ မာကေဘိ လက်ထက်တွင် ကြိုးစားလှုပ်ရှားကြသည်။ တချို့က ရှုးမိုက်ကြသဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်း ခံကြရသည်။ အစာရေစာ ငတ်မွတ်ခေါင်းပါးကြလျက် မရဏာပြည်ရွာတံခါးပေါက်သို့ ရောက်ကြသည်။ ဘုရားတရားသိသော ဣသရေလလူနည်းစုက ဘုရားသခင်ကို မျှော်လင့်ထား၍ ဆုတောင်းကြသည်။ သို့ဖြင့် ဘုရားရှင်က အမိန့်တော်ရှိသည်နှင့် နေကောင်းကျန်းမာလာကြသည်။ ထိုအမိန့်တော်ရှိသည် ဆိုသည်မှာ သခင်ယေရှုကို ရည်ညွှန်းသည်။ ဣသရေလလူများထံသို့ သတင်းကောင်းဟောပြောသည့်အကြောင်း ဖြစ်သည်။ ခရစ်ဝင်ကျမ်းများတွင် “ကိုယ်တော်က အနာရောဂါများကို ကင်းငြိမ်းစေလိုက်သည်”ဟု အကြိမ်ပေါင်းများစွာ ဖတ်ရှုခဲ့ကြသည်မဟုတ်လား။ ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ဖျားနာသူများကို ပြန်လည် ကျန်းမာစေသည်ဟု ဆိုသည်။ ပရောဖက်ဟေရှာယ ဗျာဒိတ်ပေးခဲ့သည့်အတိုင်း “သူသည် ကျွန်ုပ်တို့၏ အနာရောဂါများကို ဆောင်ယူသွားသည်” (မ ၈:၁၇)။ အကယ်၍ ဣသရေလလူမျိုးသာ အနာရောဂါ ပျောက်ကင်း၍ နလံမထူလျှင် ကတိတော်မြေပေါ်သို့ ခြေချနိုင်ကြမည်မဟုတ်။ ဗာဗုလုန်ပြည်မှလည်း ပြန်လာနိုင်ကြမည်မဟုတ်။
၁၀၇:၂၁–၂၂ တဖန်ဆာလံဆရာက လူများအားဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့် အံ့ဘွယ်အမှု တော်များအား ချီးမွမ်းကြရန် ဖိတ်ခေါ်ပြန်သည်။ ဘုရားသခင်၏သားတော်အား လက်ဆောင်အဖြစ်ပေးခြင်း သည် ကြီးမားလှသောဆုလက်ဆောင်မွန်ဖြစ်သည်။ ပြုတော်မူသော အမှုတော်များအမှုတော်များအားတေးဖွဲ့ ဂုဏ်ပြုကြပါစို့။
ကြောက်လန့်ဘွယ်မုန်တိုင်းကြားမှကယ်တင်ခြင်း (၁၀၇:၂၃–၃၂)
၁၀၇:၂၃–၂၇ နောက်ဆုံးပြကွက်သည် ရှင်းလင်းပေါ်လွင်သည်။ ပင်လယ်ယံတွင် လှေသမားများ လှုပ်ရှားသွားလာကြသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးကိုသိရှိကြသည့်အတိုင်း မုန်တိုင်းထန်ချိန်တွင် မည်သို့ ခိုလှုံရမည့်အကြောင်းသိရှိကြသည်။ ပထမတွင် လေပြင်းတိုက်ခတ်သည်။ ထိုလေပြင်းသည် သတိပေးစရာဖြစ် သည်။ နောက်လှိုင်းလုံးကြီးများထလာသည်။ တောင်ကြီးများပေါ်တွင်လှေများမြောက်တက်သွားကြသည်။ သစ်သားထည်များတကျိကျိမြည်သည်။ ကျိုးပဲ့သွားလျှင် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားမည်။ခိုင်ခံ့သောလှေ မူကား မီးခြစ်ဘူးပမာ ရေပေါ်တွင် ပေါ်လောပေါ်နေသည်။ ထိုကဲ့သို့သောမုန်တိုင်းကိုလှေသမားတိုင်း ကြောက်ကြသည်။ အရက်မူးသမားကဲ့သို့ ဒယိမ်းဒယိုင် ယိမ်းမူးနေကြသည်။ မိမိတာဝန်ကို မထမ်းဆောင် နိုင်ကြ။
၁၀၇:၂၈–၃၀ ထိုအချိန်အခါမျိုးတွင် လှေသမားများသည် အလ္လာပစကားမပြောသာ။ ဘုရားသခင်ကို တမ်းတကြသည်။ ဆုတောင်းရည်မှတ်ကြသည်။ ဘုရားရှင်သည် ကရုဏာတော်ကြီးမားသည့်အတိုင်း ဒုက္ခရောက်သူများ၏ ဆုတောင်းသံကိုနားထောင်သည်။ မုန်တိုင်းကိုရပ်စေ၍ လှိုင်းတံပိုးများကိုလည်း ငြိမ်သက်စေသည်။ အဘယ်မျှစိတ်ချမ်းသာ၍ သက်ပြင်းချကြမည်နည်း။ လှေသမားများသည် တဖန်ရွက်လွှင့်လှော်ခတ်ကြ၍လိုရာဆိပ်ကမ်းသို့ ခရီးဆက်ကြပေမည်။
၁၀၇:၃၁–၃၂ မုန်တိုင်းဘေးဒဏ်မှ လွတ်မြောက်ကြသော လှေသမားများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မမေ့နိုင်ကြ။ ဆုတောင်းသံများကို ကြားနာ၍ အံ့သြဘွယ်ရာအဖြေပေးပုံများကို ချီးမွမ်း ထောမနာပြုကြသည်။ ကျေးဇူးစကားဆိုကြသည်။ ဘုရားသခင်၏သစ္စာရှိလူနှင့် တွဲဖက်၍ လူကြီးသူမများ ရှေ့မှောက်တွင် ချီးမွမ်းကိုးကွယ်ကြသည်။
ဤဇတ်လမ်းသည် ဣသရေလတို့ နောက်ဆုံးကြုံတွေ့မည့် လေမုန်တိုင်းဟုတ်ပါသလား။ မုန်တိုင်း လွန်သော် ရာသီဥတု သာယာမြဲမဟုတ်ပါသလား။ ထိုမုန်တိုင်းသည် ဘေးဒဏ်ကြီးကာလကို ရည်ညွှန်းဟန် ရှိသည်။ ပင်လယ်ပြင်သည် တပါးအမျိုးသားများ၏ ရိုက်ပုတ်ခြင်း လောကဓံတရားဖြစ်သည်။ လှေထိုးသားများသည် ဣသရေလလူမျိုးကို ပုံဆောင်သည်။ အချိန်ကာလသည် ယာကုပ်၏ဘေးဒုက္ခသင့်ချိန် ဖြစ်သည်။ ယုံကြည်သူလူနည်းစုက ဘုရားသခင်ကို အော်မြည်တမ်းတကြသည်။ ထို့နောက်တွင်ကား လူ့လော က ကမ္ဘာမြေသို့ ကိုယ်တော်ဘုရား ကြွလာမည်။ စည်ပင်ဝပြောကြမည်။ ငြိမ်းချမ်းသာယာကြမည်။
အစိုးရမင်းနှင့်ဘုရားသခင်၏ ကျေးဇူးတော် (၁၀၇:၃၃–၄၃)
၁၀၇:၃၃–၃၄ ဘုရားသခင်၏ လူများသည် စကားတော်မနာခံသည့်အခါ ဆင်းရဲဒုက္ခ ရောက်ကြ ကြောင်းနှင့် လိမ္မာရေးခြား ဘုရားစကားနားထောင်သည့်အခါ စည်ပင်သာယာကြသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ဖြင့် မြစ်များကို ခြောက်သွေ့စွာ ကျော်ဖြတ်ကြသည်။ စမ်းရေထွက်ပေါက်များကိုလည်း ခြောက်သွေ့စေသည်။ ဘုရားရှင် မတတ်နိုင်သည်မရှိ။ အထံတော်မှ ဝေးကွာကြလျှင် သူတို့နေထိုင်သော သီးနှံထွက်သည့် မြေယာကောင်းကိုလည်း သလင်းမြေဖြစ်စေသည်။
၁၀၇:၃၅–၃၈ အကောင်ကို အဆိုးဖြစ်စေနိုင်သကဲ့သို့ အပျက်ကိုလည်း အကောင်းဖြစ်စေနိုင်သည်။ နှစ်တထောင်တိုင်းပြည်တွင် ငြိမ်းချမ်းရေးသခင်စိုးစံသောအခါ အံ့သြဘွယ်ရာအစုံအလင် တွေ့မြင်ကြရမည်။ ကန္တာရလွင်ပြင်တွင် စိမ့်စမ်းရေအိုင်များ မှိုလိုပေါက်လာမည်။ ဆာဟာရသဲကန္တာရတွင် ဆည်မြောင်းသွယ်၍ ဥယျာဉ် ခြံမြေစည်ကားလာမည်။ မမြင်ဘူးမကြုံဘူးသောလူနေတိုက်တာအဆောက်အဦးများ တသီတသန်း ပေါ်ထွန်းလာမည်။ နေရာတိုင်းတွင် ခေတ်မီမြို့ကြီးပြကြီးများပေါ်ထွန်းလာကြမည်။ တောနက်ကြီးများသည် စပါးဂျုံခင်း၊သစ်သီး၀လံပင်လယ်ဖြစ်သွားမည်။ ကောင်းကြီးမင်္ဂလာအဖြာဖြာခံစားကြမည်။ ကျွဲနွားတိရစ္ဆာန် များလည်း ရောဂါသယကင်းရှင်းလျက် ဆူအီ၀ဖြိုးကြမည်။
၁၀၇:၃၉–၄၃ အခြားတဘက်ရှိ မင်းဆိုးမင်းညစ် တိုင်းပြည်တွင်မူကား ဆန့်ကျင်ဘက်ရှုခင်း တွေ့မြင်ကြရမည်။
သူတို့သည် ဆုတ်ယုတ်ကြသည်။ ညှဉ်းဆဲခြင်းငြိုငြင်ခြင်း၊ စိတ်ပူပန်ခြင်းရှိကြသည်။ ပြည်သူများ ကျီးလန့်စာ စားကြသည်။ မင်းသားများသည် အရှက်ကွဲ၍ လမ်းမရှိသောတောအရပ်၌ လည်ကြ၏ (ငယ် ၃၉–၄၀)။
ထိုကံကြမ္မာမျိုးကို ဖာရေ၊ ဟေရုဒ်နှင့်ဟစ်တလာတို့ ကြုံတွေ့ခဲ့ကြသည်။ ဘေးဒဏ်ကြီးကာလ အကြို အရသာ မြည်းစမ်းခြင်းဖြစ်သည်။
ဘုရားသခင်သည်မရှိဆင်းရဲသားများကို ချီးမြှောက်သောအရှင်ဖြစ်သည်။ မိသားစုကို ကောင်းကြီး ပေးသည်။ လူကောင်းသူကောင်းများသည် တရားတော်နေမင်းကို တွေ့ကြသဖြင့် အစဉ်ဝမ်းမြောက်ကြသည်။ ဘုရားမရှိသူများမှာမူ ဘာမှမတွေ့မမြင်ကြ။ အမြီးကျက်အမြီးစား၊ခေါင်းကျက် ခေါင်းစားပြကြ၏။
ပညာရှိသူများသည် ဘုရားသခင်၏ လက်တော်ထဲတွင် လူတို့၏ကံကြမ္မာနှင့် တိုင်းနိုင်ငံသားများ၏ အရေးအရာကို သိမြင်ကြသည်။ သမိုင်းကြောင်းကို လှန်လျော၍ လက်တလောကိစ္စတွင်သင်ခန်းစာ ဖော်ထုတ် နိုင်ကြသည်။ အထူးသဖြင့်ဘုရားသခင်၏ စကားတော်ကို နာခံသူများသည် မေတ္တာတော်ကို တမူထူးခြားစွာ ခံစားရကြောင်းသင်ခန်းစားရယူကြသည်။