ဆာလံကျမ်း ၁၁၄
ကိုယ်တော်သီတင်းသုံးရာတန်ခိုးပါဘိ
၁၁၄:၁ ဣသရေလလူများအား အဲဂုတ္တုပြည်မှခေါ်ထုတ်ခြင်း၊ ကန္တာရတောအတွေ့အကြုံနှင့် ကတိတော်မြေသို့ ခြေချခြင်းသည် ဇာတ်လမ်းအစမှအဆုံးတိုင်အောင် ဘုရားသခင်စီရင်သော ဇတ်ညွှန်း ဖြစ်သည်။ ယုဒလူများ၏ အတွေးအမြင်သည် ကြုံစဘူးမြင်ဘူးမှ ယုံစရာ ဘုရားရှင်၏အံ့သြဘွယ်ရာ မဟာ ဇတ်လမ်းဖြစ်သည်။
ဣသရေလများသည် အဲဂုတ္တုပြည်၌ သမိုင်းကြောင်းကြာရှည်ခဲ့ကြသည်။ ခေါင်းပုံဖြတ်နှိပ်ကွပ်မှု အမျိုးမျိုးခံခဲ့ကြသည်။ မည်မျှဆင်းရဲဒုက္ခရောက်ကြောင်း မည်သို့တိုင်းတာနိုင်သနည်း။ သူတပါးခြိမ်းခြောက်မှု ကျိန်ဆဲမှု တံထွေးပင်လယ်တွင် မျှောပါခဲ့ကြသည်။
၁၁၄:၂ ထိုအချိန်တွင် နယ်နိမိတ်သတ်မှတ်ပေးချက်ရှိသည်။ ယုဒလူမျိုးသည် ဘုရားသခင်၊ သန့်ရှင်း ရာဌာနတော်ဖြစ်သည်။ ယေရုရှလင်မြို့တွင် ဗိမာန်တော်တည်သည်။ ထိုအရပ်ဒေသတွင် ဣသရေလ လူမျိုးများနေထိုင်၍ တိုင်းနိုင်ငံထူထောင်ကြသည်။ အပူအပင်သောကမရှိခဲ့ကြ။ ပထဝီအနေအထားအရ ယုဒနှင့်ဣသရေလတို့သည် အချက်အခြာကျသကဲ့သို့ ယနေ့အသင်းတော်တွင်လည်း ဝိညာဉ်ရေးရာတွင် အခရာဖြစ်သည်။
၁၁၄:၃ ဣသရေလလူများက ပင်လယ်နီဖြတ်သန်းမည်ပြုစဉ် ပင်လယ်သမုဒ္ဒရာရေသည် ရုတ်တရက် ကြောက်စိတ်ဝင်သည်။ ဣသရေလလူအုပ်ကြီးအား ဒုက္ခပေးရန်မဟုတ်ကြောင်း သိရှိနားလည်သည်။ ဖန်ဆင်း ရှင်၏မျက်နှာတော်ကို မြင်သည်။ သို့ဖြင့် ချက်ခြင်းဖျာကဲ့သို့ လိပ်သွားသည်။ ဣသရေလတို့သည် ခြေထောက်မစိုဘဲ ဖြတ်သန်းသွားကြသည်။
နောက်ထပ်နှစ်ပေါင်း (၄၀)ခန့်အကြာတွင် ယော်ဒန်မြစ်ဖြတ်ကူးကြချိန်၌ ထိုအဖြစ်မျိုး တဖန်ကြုံရ ပြန်သည်။ ယော်ဒန်မြစ်ရေသည် တန့်သွားပြီးသကာလ ဣသရေလလူများသည် ကတိတော်မြေပေါ်သို့ သွက် လက်ပေါ့ပါးစွာ ဝင်ရောက်ကြသည်။
ပင်လယ်နီနှင့် ယော်ဒန်မြစ်ဖြတ်သန်းကြခြင်းသည် ဣသရေလသမိုင်းတွင် မမေ့ပျောက်နိုင်သော ဂန္တဝင် အဖြစ်အပျက်ဖြစ်သည်။ ပင်လယ်နီဖြတ်သန်းခြင်းသည် ဘုရားသခင်၏ဘုန်းတန်ခိုးတော်ဖြင့် လူ့လော ကမှ ရွေးနှုတ်ခြင်းကို ပုံဆောင်သည်။ သခင်ခရစ်တော်၏ဘုန်းတန်ခိုးတော်ဖြင့် လူ့လောကမှ ရွေးနှုတ်ခြင်းကို ပုံဆောင်သည်။ သခင်ခရစ်တော်၏အသေခံခြင်း၊ သင်္ဂြိုလ်ခံခြင်း၊ ပြန်လည်ထမြောက်ခြင်းဖြင့် လူလောကီ သားဘဝဖြစ်စဉ်မှ ရွေးထုတ်သည်။ ယော်ဒန်မြစ်ဖြတ်ကူးခြင်းသည် လူ့ဘဝခရီးကြမ်းမှ ရွေးနှုတ်၍ ဝိညာဉ်ရေး ရာ အမွေခံပိုင်ခွင့်ကို ပုံဆောင်သည်။ ထိုအခွင့်အရေးသည်လည်း ခရစ်တော်၏ အသေခံခြင်း၊ သင်္ဂြိုလ်ခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း တန်ခိုးဖြစ်သည်။
၁၁၄:၄ ဤအဖြစ်အပျက်နှစ်ခုအကြားမှာ ဘုရားသခင်၏ အခြားအံ့သြဘွယ်ရာ နမူနာများလည်း ရှိသည်။ အထူးခြားဆုံးတခုမှာ သိနာတောင်ပေါ်မှာ ပညတ်တော်ပေးခြင်းဖြစ်သည်။ သာမန် လူ့သဘော သဘာဝအားဖြင့် တောင်ကြီးတို့သည် သိုးကဲ့သို့၎င်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့ ထခုန်ရန်မဖြစ်နိုင်။ ဘုရားသခင်၏ဘုန်းတော်ကြောင့် ဘုရားသခင်၏လူမောရှေက “ထိုထင်ရှားသောအရာသည် အလွန်ကြောက် မက်ဘွယ်ဖြစ်၍ ငါမောရှေသည် ကြောက်ရွံ့တုန်လှုပ်၏” (ဟေဗြဲ ၁၂:၂)ဟုဆိုသည်။ ဟေဗြဲသြဝါဒစာ စီရင်ရေးသားသူက ပညတ်တော်ကို ကြောက်လန့်ခြင်းမဟုတ်။ ကျေးဇူးတော်ပလ္လင်ကြောင့် တုန်လှုပ် ချောက်ခြားကြသည်ဟုဆိုသည်။
ဘုရားသခင်၏ပညတ်တရားကြောက်စရာလား
လူကဘာမှမတတ်စွမ်းနိုင်ပါ။
သခင့်စကားနာခံလျင်အသွေးတော်က
ဘေးရန်အပေါင်းမှ ကွယ်ကာလုံခြုံစေ၏။
August M.Toplady
၁၁၄:၅–၆ ဆာလံဆရာသည် ဘုရားသခင်၏ဘုန်းတန်ခိုးကြောင့် ပင်လယ်သမုဒ္ဒရာရေပြင်နှင့် ယော်ဒန်မြစ်လိပ်သွားခြင်း၊ တောင်ကြီးတောင်ငယ်တို့ ကခုန်ခြင်း တွေ့မြင်သောအခါ ဝမ်းသာအားရ ရွှင်မြူး သည်။ နှစ်ထောင်းအားရသောကြောင့် စကားပြေဖြင့်မမေး။ တေးသွားတေးထပ်ဖြင့် ခပ်ပြုံးပြုံးလေး မေးသည်။
၁၁၄:၇–၈ ကမ္ဘာလောက တပြင်လုံးသည် ဘုရားသခင်၏မြင့်မြတ်ခြင်းနှင့်စင်ကြယ်ခြင်းကို ဝတ်ပြု ကိုးကွယ်ကြသည်။ ကိုယ်တော်သည် “ငါဖြစ်သည်” (I AM)တည်းဟူသော ဘုရားဖြစ်သကဲ့သို့ မရှိနွမ်းပါး ဆင်းရဲသား၊ လူမိုက်၊ လူပေ၊ လူဗာလတို့၏ဘုရားလည်းဖြစ်သည်။ ကျောက်ဆောင်ကို ရေဖြစ်စေနိုင်သော အရှင်၊ ကျောက်တုံးကို ရေပမ်းထွက်စေနိုင်သော သခင်(ထွ ၁၇:၆၊တော ၂၁:၁၁)ဖြစ်၏ ဣသရေလလူများ ရေငတ်၍ ရင်တလှပ်လှပ်ဖြစ်နေကြသည်။ အဲဂုတ္တုပြည်တွင် ကျွန်ခံရသည်ကပင် အကောင်းသားဟု မြည်တွန် တောက်တီးလာကြသည်။ ဘုရားသခင်က ကျောက်ဆောင်မှရေထွက်စေ၍ ရေချိုတိုက်ကျွေးသည်။ ပထမ ဟောရဗအရပ်၊ နောက်တခေါက် မေရိဗအရပ် ဖြစ်၏။ ရှင်ပေါလုက ကျောက်ကို ခရစ်တော်နှင့်ပုံနှိုင်းသည်။ “ထိုလူတို့နောက်၌ လိုက်သောဓမ္မကျောက်ထွက်ရေကိုသောက်ကြ၏။ ထိုကျောက်ကားခရစ်တော်ပေတည်း” (၁ကော၁၀:၄)ဟုဆိုသည်။