ဆာလံကျမ်း ၁၂၉

ဆာ ၁၂၉၊ မယုံကြည်သူများ၏ ရိတ်သိမ်းပွဲ

ရန်သူများလက်ထဲမှာ ဘုရားသခင်က ဣသရေလလူများကယ်ထုတ်စဉ်တွင် စစ်ချီသီချင်းသံ အောင် စည်အောင်မောင်း တီးမှုတ်သံကြားခဲ့ရသည်။ ယခုတဖန် မတရားသူများ၏ အနာဂတ် အရေးယူပေးရန် ဆုတောင်းသံကြားရပြန်သည်။

၁၂၉: ဣသရေလလူများသည် လူဖြစ်လာကတည်းက ဆင်းရဲဒုက္ခတောမှာ မွေးဖွားကြီးပြင်း လာကြသည်။ ဥပမာအားဖြင့် အဲဂုတ္တုတောင်မှာ ကျွန်ခံခဲ့ကြသည်။ ငယ်ရွယ်နုပျိုစဉ်ဘဝသည် ကျေးကျွန်ဘဝ ဖြင့် လှုပ်ရှားရုန်းကန်ခဲ့ရသည်။ ရန်သူထူပြောခဲ့သော်လည်း အပြီးအပိုင်ချေမှုန်းသုတ်သင်ခြင်းမပြုနိုင်ကြ။ ရန်သူလက်ထဲမှ လွတ်မြောက်လာချည်းဖြစ်သည်။ ဣသရေလသမိုင်းတလျှောက်တွင် အံ့သြဘွယ်ရာ မှတ်တိုင်  စိုက်ထူခဲ့ကြသည်။

၁၂၉: ကြုံတွေ့ခံသော ဘေးဒုက္ခသည် စာဖွဲ့၍မကုန်နိုင်ပါ။ တပါးအမျိုးသားသခင်များက ဣသရေလတို့၏ကျောကုန်းကို လယ်ပြင်သဖွယ်သဘောထားထယ်ထိုးကြသည်။ ကျောပြင်တလျှောက်လုံး တွင် ထယ်သွားရာ၊ ထွန်ခြစ်ရာလမ်းကြောင်း ထင်ခဲ့သည်။

၁၂၉: သို့သော် ဣသရေလတို့ကိုးကွယ်သော ဘုရားရှင်သည် ဖြောင့်မတ်တော်မူသည့်အတိုင်း လက်မတင်အချိန်မီ ဝင်ရောက်လာပြီး ချည်နှောင်ထားသောသံကြိုးများကို ဖြုတ်ပေးသည်။ ကိုယ်ချင်းမစာနာ ရက်စက်သော တိုင်းတပါးသားများ၏ လက်ထဲမှ ကယ်ထုတ်သည်။

၁၂၉: မယုံကြည်သူများသည် အကြင်နာတရားမရှိ။ ကိုယ်ချင်းစာတရားလည်း နားမလည်ကြ။ ဘို့တလုံးသာရှိကြသည်။ ကောင်းချီးမင်္ဂလာရိတ်သိမ်းခြင်းကိုလည်း ကြားဘူးနားဝမရှိကြ။ အရှေ့အလယ်ပိုင်း ဒေသရှိ အိမ်ခေါင်မိုးပြားများပေါ်တွင် ပေါက်သောမြက်ပင်သို့နှယ် ဖြစ်ကြသည်။ မြေသြဇာမရှိ အမြစ်မစွဲသော ကြောင့် နေရောင်ခြည်တိုးသည်နှင့် နွမ်းခြောက်သေကြေကြသည်။ ထိုမြက်ပင်များသည် လက်တဆုတ်စာ မျှ ပင်မရှိ။ ရှင်သန်ကြီးထွားခြင်းမရှိ။ လက်တပွေ့စာမျှပင် မရ။

၁၂၉: ထိုအိမ်ခေါင်မိုးပေါ်မှ အုတ်ကြားမြက်များသည် ၀မ်းသာစွာရိတ်သိမ်းခြင်းမခံကြ။ လမ်းသွား လမ်းလာများကပင် ဘုရားပေးသောမင်္ဂလာ သက်ရောက်ပါစေဟုလည်းကောင်း နာမတော်ကို အမှီပြု၍ ကောင်းချီးပေးပါ၏ ဟုလည်းကောင်းတခွန်းပါဒမှာ ယောင်မှားမဆိုကြ (ရု ၂:၄ကိုလည်းကြည့်ပါ)။ ထို့သို့ ပင် ဣသရေလတို့၏ရန်သူများသည် ရာစုနှစ်ပေါင်းများစွာ မြှုပ်တချီပေါ်တလှည့် သောင်းကျန်းမင်းမူကြ သော်လည်း ဘုရားကောင်းချီးမင်္ဂလာမခံစားရ။ တွေ့မြင်သူဘေးလူများ၏ မေတ္တာပို့သခြင်းလည်းမခံရကြ။ ကြဲသည့်အတိုင်း ရိတ်ကြစတမ်းမဟုတ်ပါလား။

Previous Article
Next Article