ဆာလံကျမ်း ၁၃၄

ဆာ ၁၃၄၊ လာကြ ဘုရားရှင်ကိုကောင်းချီးပေးကြ

၁၃၄: နေ့စဉ်လုပ်ငန်းဆောင်တာများ ပြီးစီးသွားကြသောအခါ ဗိမာန်တော်ရှိလူများသည် မိမိတို့နေအိမ်အသီးသီးသို့ ပြန်သွားကြသည်။ ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်နှင့် လေဝိသားများသာ ညဉ့်စောင့် ကျန်ရစ်ခဲ့ကြသည် (၅ရာ ၉:၃၃)။ နံ့သာဆီမွှေး မီးရှို့ပူဇော်ကြသည်။ ကျေးဇူးတော်ချီးမွမ်းကြသည်။ ချီးမွမ်းကိုးကွယ်ကြသည် (၆ရာ ၂၉:၁၁၊ ၃၁:၂)။

ထိုသို့အိမ်ပြန်သွားကြသောအခါ ယဇ်ပုရောဟိတ်များက အပိုဒ်ငယ်(၂)ခုကို သီဆိုကြဟန်ရှိသည်။ ကျမ်းစာသားများအရ ဗိမာန်တော် ညဉ့်စောင့်တာ၀န်ကျသော ဘုရားသခင်၏ အစေခံများ၏အသံဖြစ်သည်။ ထိုသူများသည် လက်ဆယ်စုံမိုးလျှက် ဘုရားရှင်တော်အား ကောင်းချီးပေးကြမည်။ သန့်ရှင်းရာဌာနတော်၌ ညဉ့်လုံးပေါက်ဆုတောင်းကြပေမည်။

၁၃၄: အပိုဒ်ငယ်(၃)သည် အချီအချ။ အတိုင်အဖောက်သီဆိုသော အပိုဒ်ဖြစ်သည်။ ယဇ်ပုရောဟိတ် များက ဘုရားပေးကောင်းချီးမင်္ဂလာ ခံစားရသောပရိတ်သတ်များသို့ သြဘာစကားဖြစ်သည်။ အတိုင် အဖောက် (၄)ခါ ပေးသီဆိုကြသည်။

ကောင်းချီးပေးသူ            –ဘုရားရှင်တော်၊ ယေဟောဝါ ကတိတော်တည်သောဘုရားရှင် ကြီးမြတ်ပါဘိ။

ပရိသတ်                        –မိုးမြေကိုဖန်ဆင်းပါ၏။

ကောင်းချီးပေးသူ            -ဘုရားရှင်က သင့်ကိုကောင်းချီးပေးစေသော်

ပရိသတ်​                        –ဇိအုန်တောင်ပေါ်က သင့်ကိုလည်း ကောင်းချီးပေးပါစေသော်။

Previous Article
Next Article