ဆာလံကျမ်း ၁၄၃

ဆာ ၁၄၃၊ ဆုတောင်းခြင်းရောင်စဉ်ကြယ်

ကျမ်းပိုဒ် (၁၂)ပိုဒ်ပါရှိသော ဤဆာလံကျမ်းတွင် အံ့သြဘွယ်ရာစုံလင်စွာ ဆုတောင်းရာအချက်များ တွေ့မြင်ရသည်။ လေ့လာကြည့်ကြပါစို့။

၁၄၃: ပရိသတ်များအတွက် အထွေထွေဆုတောင်းဆုတောင်းစကား နားထောင်တော်မူပါ ဘုရားရှင်က ဆာလံဆရာ၏ဆုတောင်းသံ နားမထောင်သောကြောင့်မဟုတ်။ အလေးအနက်ထားစေလိုသည်။ ဒါဝိဒ်က သူဆုတောင်းစကားများကို သစ္စာတော်ရှိသည့်အတိုင်း ဖြေကြားစေချင်သည်။ ဖြောင့်မတ်တော်မူ သော ဘုရားရှင်ဖြစ်သည့်အတိုင်း ဆုတောင်းသံကို ကြားသိစေချင်သည်။ (အစေခံကျွန်လူယုံတော်ဖြစ်သည့် အတိုင်း သခင့်ထံသို့တိုင်တည်ခွင့်ရှိသည်)။

၁၄၃: နောင်တရခြင်း။ ဘုရားသခင်က သူ့ကို မတရားမျှတခြင်း မဖြစ်စေလို။ မျက်နှာသာ ပေးစရာမလို။ လူတိုင်းသည် အပြစ်သားချည်းဖြစ်သည်။ မည်သူကမှ မိမိအစွမ်းအစဖြင့် အလိုတော် နှင့်ညီသော ဖြောင့်မတ်ခြင်း စံချိန်စံညွှန်းမမီကြ။ ကျေးဇူးတော်ဖြင့်သာ ဘုရားရှင်တော်အား ဖူးမျှော်ခွင့် ရကြသည်။

နောင်တစိတ်ဖြင့် အထံတော်သို့ ပြန်လာရသည်။ မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်း သိရှိပြီး ယေရှုခရစ်တော်ကို ဝန်ခံရသည်။ ထိုအခါ ဘုရားရှင်ကသူ၏ ဖြောင့်မတ်ခြင်းကို မျှဝေပေးသည်။ ခရစ်တော်ကို လွှမ်းခြုံသွားသောကြောင့် ကောင်းကင်ဘုံနှင့် ထိုက်တန်သွားကြသည်။

၁၄၃: ပြဿနာဖြေရှင်းခြင်း။ အခြေအနေက သောင်တင်ရေမကျ။ ရန်သူများက ဒလစပ်လိုက်လာ ကြသည်။ မြေပေါ်သို့ လဲကျမတက်ပင်ပန်းလှပြီ။ ပတ်ဝန်းကျင်နှင့် မဆက်ဆံရ။ စိတ်လွတ်ကိုယ်လွတ် မလှုပ်ရှားရ။ အမှောင်ကမ္ဘာထဲတွင် ပုန်းအောင်းနေရသည်။ အလောင်းအသေကောင်နှင့်မခြား သီးခြား ကမ္ဘာတွင် ရှိနေသည်။

၁၄၃: ဘေးကြပ်နံကြပ်ဖြစ်ခြင်း။ တစုံတခုမလုပ်နိုင်တော့မည်ကို သွေးလန့်သည်။ အသက်စွန့်ဖို့ အသင့်၊ စိတ်နှလုံး ကြွေပြန်းမတတ် နာကျင်လှသည်။

၁၄၃: စားမြှုံ့ပြန်ခြင်း။ ဘေးဒုက္ခနွံထဲမှ ဘုရားသခင်က ကယ်ထုတ်ပုံများကို ပြန်လည်စားမြှုံ့ ပြန်သည်။ ဣသရေလလူများအပေါ် ဘုရားရှင်၏ကောင်းမြတ်ပုံများကို ပြန်လည် စဉ်းစားသည်။ ယခုအခါ ဘယ်များရောက်ကုန်ပြီလဲ။

၁၄၃: စိတ်အားထက်သန်ခြင်း။ ဆာလံဆရာသည် လက်ဆယ်ဖြာတင်ယှက်၍ ရှိခိုးဦးတင် ကန်တော့ဖူးမျှော်သည်။ ဘုရားသခင်က မကြား ကြားအောင် အော်ဟစ်ဆုတောင်းသည်။

အလေးအနက်ထားခြင်း။ ပတ်ကြားအက်မြေက မိုးကြိမျှော်လင့်သကဲ့သို့ ဘုရားသခင်ကို တမ်းတ သည်။ အလေးအနက်ထားသည်။

၁၄၃: ချက်ခြင်းလက်ငင်း။ အမြန်ဆုံး လာရောက်ကယ်တင်စေလိုသည်။ ထိုသို့ လာရောက် ကယ်တင်မည်ဟု ယုံကြည်သည်။ အချိန်ဆွဲလို့မဖြစ်။

အသနားခံခြင်း။ ဘုရားသခင်သည် အမျက်တော်ထွက်ရွေ့လား၊ စိတ်မဝင်စားရွေ့လား၊ အဘယ့်ကြောင့် မျက်နှာတော်လွှဲသနည်း။ ဆာလံဆရာသေပွဲဝင်ရတော့မည်။

၁၄၃: မေတ္တာတော်တောင်းခံခြင်း။ များမကြာမီ ဘုရားသခင်ထံမှ မေတ္တာစကားကြားသိရမည်ဟု မျှော်လင့်သည်။ နံနက်ယံခါဆိုသည်မှာ နံနက်စောစော သို့မဟုတ် များမကြာမှီဟု အနက်ရသည်။

ဆုတောင်းခြင်းလမ်းညွှန်။ ဆရာကြီးတပါးကမူ ဤကျမ်းပိုဒ်ကို ဘဝဆောင်ပုဒ်အဖြစ် ခံယူအပ်သည်ဟု ဆိုသည်။ လိုက်သွားမည့်လမ်ကို သိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တမ်းတပါ၏ လူတိုင်းသည် ဘုရားသခင်၏ ဘဝလမ်းညွှန်မှုခံယူအပ်သည်။ သဘောရိုးအတိုင်းပြောရလျှင် လူသည်မိမိဘဝ ခရီးလမ်း မသိရှိကြ။အကောင်းဆုံး မရွေးချယ်တတ်ကြ။ ဘုရားသခင်ရွေးပေးသောလမ်းသာလျှင် အကျိုးထိ ရောက်သည်။ ပျော်ရွှင်ဘွယ်ရာဖြစ်သည်။

၁၄၃: ကယ်နှုတ်ဖို့ဆုတောင်း။ ရန်သူများက ခြိမ်းခြောက်နေသောကြောင့် ကယ်မရန် ဘုရားသခင်ထံသို့ ဒါဝိဒ်ဆုတောင်းသည်။ မိမိကိုယ်၌ တတ်နိုင်စွမ်းမရှိ။ ဘုရားရှင်သာ အားကိုးရသည်။ ထိုသို့ အထီးကျန် အဖော်မဲ့ခြင်းက ဘုရားသခင်ကို အားကိုးရန်အကြောင်းဖန်လာသည်။

၁၄၃:၁၀ သွန်သင်ရန်တောင်းခံခြင်း။ ဘုရားသခင်၏ အလိုတော်ကို သိရှိရန်သာမဟုတ်။ အလိုတော် နာခံတတ်သော စိတ်နှလုံးလည်းလိုချင်သည်။ ဘုရားသခင်ကို မိမိအရှင်သခင်အဖြစ် သိကျွမ်းလျှင် ထိုအရှင်သခင်ဖန်ဆင်းရှင်က မည်သူ့စကားနာခံရတော့မည်နည်း။

လမ်းဖြူးဖို့ဆုတောင်းခြင်း။ လူ့ဘဝသည် သစ်ငုတ်မြင့်တုံ မြက်မြင့်တုံဖြစ်ကြသည်။ သို့သော် ဒါဝိဒ်ကဲ့သို့ ခယောင်းတောမှာ မလျှောက်ကြ။ ဘဝလမ်းခရီးမခက်ထန်ကြပါ။ သာယာဖြောင့်ဖြူးသော ဘဝ လမ်းခရီး လျှောက်လှမ်းလိုသည်။ ဘေးဒုက္ခမရောက်လို၊ သဲထိတ်ရင်ဖိုမနေချင်၊ သင်စွန့်ဆံဖျားမလျှောက် ချင်။

၁၄၃:၁၁ ကွယ်ကာစောင့်ရှောက်ရန် ဆုတောင်းခြင်း။ ကွယ်ကာစောင့်ရှောက်ခြင်းသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရာဖြစ်သည် (နာမတော်အဘို့အလို့ငှါ)။ ဆာလံဆရာက ဘုရားသခင်၏ အနန္တတန်ခိုးတော်ကို ယုံကြည်စိတ်ချသည်။ ထိုသို့ယုံကြည်သည့်အတိုင်း ဘုရားရှင်က သူ့အား ဘေးဒုက္ခ နွံထဲသို့ ရောက်စေမည်မဟုတ်ဟု စိတ်ချသည်။ အဘယ်သို့ဆိုသော် ဘုရားရှင်သည် ဖြောင့်မတ်သည်။ နမူနာ ယူသင့်သော ဆုတောင်းစကားဖြစ်သည်။

၁၄၃:၁၂ ရန်သူများ ဝဋ်လည်ခြင်း။ နောက်ဆုံးတွင် ရန်သူများအား မငဲ့ညှာဘဲ ဖျက်ဆီးတော်မူပါဟု ဆုတောင်းသည်။ အကယ်၍သာ ဤဆုတောင်းစကားအတိုင်း ဘုရားသခင်က ငဲ့ညှာခြင်းမပြုလျှင် မည်သို့ ဖြစ်ကုန်ကြမည်နည်း။

လူ့လောမှာ လူဆိုးသူယုတ်များအား မငဲ့ညှာခြင်းသည် သဘာဝကျပါသည်။ လူဆိုးဓါးပြများအား ဖမ်းဆီးထောင်ချခြင်းသည် လူ့အဖွဲ့အစည်းအား ငဲ့ညှာစာနာခြင်းဖြစ်သည်။ အကျဉ်းသားများသည် စာနာမှုမရှိ၊ တရားမျှတမှုမရှိသူများဖြစ်သည်။ လူ့အဖွဲ့အစည်းကို ဦးစားပေးရသည်။ လူဆိုးများကို တရားတော်နှင့်အညီ စီရင်ရသည်။၁၀၃

ဒါဝိဒ်၏နောက်ဆုံးဆုတောင်းစကားမှာ သူ၏ယုံကြည်ရာသည် ယေဟောဝါဘုရားသခင်ဖြစ်သည် ဟူသော ခံယူချက်အပေါ်တွင် အခြေပြုသည်။ ဘုရားသခင်ဘက်တွင် ရပ်တည်သည်။ ဘုရားသခင်၏အစေ ခံယူသည်။ ရန်သူများက မည်သို့ဒုက္ခပေး၍ ဘေးတွန်းကြစေကာမူ မဖြုံ။ ဘုရားသခင်၏ အမှုတော်မြတ် ကိုသာ ဆက်လက် ထမ်းဆောင်မြဲထမ်းဆောင်မည်။

Previous Article
Next Article