ဆာလံကျမ်း ၁၉

ဆာ ၁၉၊ ဘုရားသခင်၏ စာအုပ်တော်(၂)ခု

၁၉း၁-၂ မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကျက်သည် လက်တော်ရာများကို ပြသ၏” အဘယ်သို့ဆိုလိုက်နည်း။ စဉ်းစားကြည့်စဉ်။ စကြာဝဠာကြီးမားပုံကို ထုတ်ဖေါ်ပြောပြသည်။ အလင်းနှစ်အတိုင်းခရီးသွားလျှင် တစက္ကန့်တွင်မိုင်ပေါင်း ၁၈၆,ဝဝဝရောက်မည်။ တနှစ်လျှင်မိုင်ပေါင်း ၆ထရီလျံနှစ် ခရီးသွားမည့်အဝေးကိုသာ မှုံဝါးဝါးလှမ်းမြင်နိုင်သည်။ ထိုနေရာသည် မိုးကုတ်စက်ဝိုင်းအဆုံးမဟုတ်သေး။ ခေတ်သစ်နက္ခတ္တဗေဒပညာရှင်များက အာကာသသည် အကန့်အသတ်မရှိ အပြောကျယ်သည်ဟုဆိုကြသည်။ ထိုစကြာဝဠာထဲတွင် ကမ္ဘာဂြိုဟ်သည် ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတခုသာ ဖြစ်သည်။ကြယ်များနှင့် မိုးကောင်းကင်ထဲရှိ အခြားဂြိုလ်များကို မှန်းဆကြည့်ပါ။ သာမန်မျက်စိဖြင့် ကြည့်လျှင်ကြယ်ပေါင်းငါးထောင်ခန့် မြင်နိုင်သည်။ အဝေးကြည့်မှန်ပြောင်းငယ်ဖြင့်ကြည့်လျှင် ကြယ်ပေါင်းနှစ်သိန်းခန့်မြင်နိုင်သည်။ Palomar မှန်ပြောင်းဖြင့်ကြည့်လျှင်ကြယ်တာရာအဖွဲ့အစည်း ဘီလျံပေါင်းများစွာတွေ့ရမည်။ ကြယ်တလုံးစီသည် ရေတွက်လောက်စရာမဟုတ်တော့ပါ။မိုးကောင်းကင်ယံရှိ ဂြိုလ်များ၊ ကြယ်များတခုနှင့်တခုမည်မျှကွာကြသနည်း။ ဆရာကြီးတပါးကဤသို့ပုံဥပမာပေးဘူးသည်။ မိုင်တရာကို တပြားပေးရလျှင် လကမ္ဘာသို့သွားရန် ၂- ၃၈ဒေါ်လာပေးရမည်။နေသို့လမ်းစရိတ် ၉၃၀ ဒေါ်လာပေးရမည်။ အနီးဆုံးကြယ်သို့ လမ်းစရိတ် ၂၆၀ ဒေါ်လာပေးရမည်။အဝေးကြည့်မှန်ပြောင်းဖြင့် လှမ်းမြင်ရသောကြယ်သို့ ကမ္ဘာမြေပေါ်မှ နှစ်ပေါင်း ၁၀ ဘီလျှံသွားရသည်။ ထို့ကြောင့်အာကာသထဲတွင်နေလျှင် အချိန်ကာလကို ပြန်ကြည့် ရသည်။ဥပမာ Andromedaကြယ်စင်စုကို မတွေ့မြင်ကြပါ။ သို့သော် နှစ်ပေါင်းနှစ်သိန်းခန့်က ရှိခဲ့သည်။ကြယ်အစုအဝေးများကို လှမ်းမြင်ရသော်လည်းတခုနှင့်တခု အကွာအဝေးသည် လွန်စွာကွာဝေးသည်။အလင်းနှစ်ဖြင့် တိုင်းတာလျှင် သန်းချီကွာဝေးကြသည်။ ပင်လယ်ယံမှာလွင့်မျောသည့်နှယ် ရှိနေကြသည်။ဖန်ဆင်းထားသော လက်ရာများသည် ထိုမျှကြီးကျယ်လျှင် ဖန်ဆင်းရှင်သည် အဘယ်မျှ ကြီးမားမည်နည်း။ နေ့နှင့်ညဉ့်တို့က ကိုယ်တော်၏ဘုန်းတန်ခိုးနှင့်ညဏ်ပညာတော် ကြီးမားပုံကို ပြောပြနေကြပါသည်ဖန်ဆင်းထားသော လက်ရာတော်များသည် အံ့ဘွယ်ကြီးမားပါဘိ။ (သမ္မာကျမ်းစာပါ မိုးမျက်နှာကျက်ဆိုသည်မှာ စကြာဝဠာထဲရှိ ဂြိုဟ်နက္ခတ်၊ ကာရာအစုဖွဲ့များကို ဆိုလိုသည်)။ Isaac Watts က “သဘာဝလေဟာပြင်သည် အပြောကျယ်ကြီးမားသည့်အတိုင်း ဖန်ဆင်းသောအရှင်သည် ချီးမွမ်း၍ မကုန်နိုင်ရာ”ဟုဆိုသည်။

၁၉း၃-၄က နှုတ်မြွက်ခြင်း၊ စကားပြောခြင်း၊မရှိ အသံမကျယ်သော်လည်း ထိုကြယ်များသည်ကမ္ဘာမြေတပြင်လုံး၌ တဘက်စွန်းတိုင်အောင်ကြားသိကြသည်။ ထို့ကြောင့် သာမန်အတွေးဖြင့်တွေးကြည့်လျှင် ဘုရားသခင်ရှိကြောင်းနှင့် ထာဝရတန်ခိုးတော်သည် ကြီးမားကြောင်း နားလည်နိုင်သည်(ရော ၁း၂၀)။ စကြာဝဠာဖွဲ့စည်းပုံနှင့် တည်နေပုံတို့ကိုLond Kelvin က “စနစ်တကျအသေအချာစဉ်းစားလျှင် သိပ္ပံပညာရှင်များသည်လည်း ဘုရားသခင်ကိုမယုံကြည် နိုင်စရာအကြောင်းမရှိ”ဟု ဆိုသည်။Kantကမူ ဤသို့ဆိုသည်။ဘုရားသခင်၏ လက်တော်ဖြင့် ပြီးပြည့်စုံစွာဖန်ဆင်း၍ တခုနှင့်တခုချိတ်ဆက်မပြတ်အောင် ဆက်နွယ်ပုံများကို အသေအချာမသိဘဲနှင့် ကမ္ဘာလောကဖြစ်တည်ပုံကို စောကြောရာမဟုတ်။ တခါဖန်ဆင်းသည်နှင့် နှစ်လိုဖွယ်ကျက်သရေဖြာ၍ ယခုထက်တိုင်အောင် တည်မြဲတည်နေပါသည်။ ပျော်ရွှင်ဘွယ်ရာဖြစ်ပေသည်။ ထိုသို့ ဖန်ဆင်းသော ပညာသည် အမြင့်မားဆုံးသော ညာဏ်ပညာ၊ စေ့စပ်သေချာသောအစီအမံနှင့် ကြီးမားလှသော ဘုန်းတန်ခိုးအရှင်ဖြစ်သည်။

၁၉း၅-၆ ဆာလံဆရာက မိုးကောင်းကင်ကိုမိုးကုတ် ဆက် ဝိုင်းသဖွယ် တင် စားထားသည်။နေရောင်ခြည်ဖြာထွက်ပုံကို ပုံပမာပေးထားသည်။နံနက်နေထွက်လာခြင်းသည် သတို့သားထွက်လာသကဲ့ သို့ အားအင်ပြည့်၏။ ထိုနေသည် မာရသွန်ပြေးသမားကဲ့ သို့ လျှင်မြန်သွက်လက်စွာ ပြေးသည်။အရှေ့မိုးကုတ်စက်ဝိုင်း အစမှ ဆန်းစပြုလာပြီးအနောက်အရပ်ဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ အမှန်စင်စစ်တွင် နေသည် အရှေ့မှထွက်၍အနောက်သို့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားဝင်သွားခြင်းမဟုတ်ကြောင်း သိရှိကြပါသည်။ ကမ္ဘာဂြိုလ်ကသာလျှင်နေကိုဗဟိုပြု၍ လည်ပတ်သွားလာပါသည်။ သို့သော်လည်း သာမန်လူများသိရှိနားလည်နိုင်ရန် နေ့စဉ်သုံးဘာသာစကားဖြင့် သုံးနှုန်းထားသည်။နေ၏အပူချိန်မှ လွတ်ကင်းသောအရာတစုံတခုမှမရှိ။ စကြာဝဠာခွင်တပြင်လုံး၊ ကမ္ဘာမြေစွန်းမကျန်၊ ချောင်ကြိုချောင်ကြားအားလုံး နေ၏အပူရှိန်ကို ရရှိခံစားကြသည်။

၁၉း၇-၉ သို့သော် ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ ဗျာဒိတ်တော်ဖွင့်ဟခြင်း တပိုင်းတစမျှသာဖြစ်သည်။ အပိုဒ်ငယ်၇-တွင် ဘုရားရှင်၏ ဗျာဒိတ်တော်ဒုတိယပိုင်း “ထာဝရဘု ရား၏ သက်သေခံတော် မူချက်” ပြဆိုထားသည်။ ဘုရားသခင်၏ဘုန်းတန်ခိုးကြီးမားမှုကို လူများက ရှိခိုးကိုးကွယ်ရသည့်အကြောင်း ဖြစ်သည်။ ကျမ်းစာပညာရှင်တချို့က ကန့်၏စကားကို ဆန့်ကျင်ခြင်ကြသည်။ကြယ်ပေါင်းခသော ငါ့အထက်ကမိုးကောင်းကင်နှင့် ငါ့ရင်ထဲက စိတ်သဘောထားတို့ ကငါ့စိတ်ဝိညာဉ်ပြည့်စေလျှက် ကြည်ညိုသဒ္ဓါပွားများစေသည်။သို့သော် ဘုရားသခင်၏စာအုပ်တော်နှစ်ခုမှာမူတခြားစီဖြစ်သည်။ ဖန်ဆင်းခြင်းက ဘုရားသခင်၏ခွန်အားကြီးမားပုံနှင့် ဘုန်းတန်ခိုးပြသသည်။ နှုတ်ကပတ်တော်က ဘုရားရှင်က လူသားတို့အကြား ဆက်စပ်ပက်သတ်မှုကို ထုတ်ဖေါ်သည်။ ဘုရားသခင်၏လက်ရာတော်က အသိညာဏ်ကြီးမားပုံနှင့် တန်ခိုးပြသစကားတော်က ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတင်ထုတ်ဖေါ်သည်။ သိပ္ပံပညာက ထို သစ္စာတရားကိုသိရှိချင်ကြသည့် အတိုင်း ဝိညာဉ်အသိရှိသူများကယုံကြည်စိတ်ချကြရသည်။ဘုရားသခင်၏စကားတော်ကို ဒါဝိဒ်က ဘုရားသခင်၏တရား၊ သာမက ဘုရားရှင်အားသက်သေခံချက်၊ ဘုရားရှင်၏အမိန့်တော်၊ ဘုရားရှင်အား ချစ်ကြောက်ကြည်ညိုလိုက်ကြောင်းနှင့် ဘုရားရှင်၏တရားစီရင်ခြင်းအကြောင်းများ ထုတ်ဖေါ်ဖြောင့်ချက်ပေးခြင်းဖြစ်သည်။ ဆာလံဆရာက နှုတ်ကပတ်တော်၏ အင်္ဂါရပ်ရှစ်ပါးကို တင်ဆက်ထားသည်။ နှုတ်ကပတ်တော်သည် ပြည့် စုံ သည်၊ သေချာသည်။စစ်မှန်သည်၊ စင်ကြယ် သည်၊ တည်တံ့ သည်၊ဖြောင့်မတ်သည်၊ တိကျသည်၊ အံ့ဩဘွယ်ရာအမှုတော်(၅)မျိုးလည်းရှိသည်။ ဝိညာဉ်နိုးထစေသည်။ညာဏ်ပညာကြွယ်ဝစေသည်၊ စိတ်နှလုံးရွှင်လန်းစေသည်၊ မျက်စိလင်းစေသည်၊ ဘုရားသခင်၏အစေခံများကို အစဉ်သတိပေးသည်။

၁၉း၁၀ နှုတ်ကပတ်တော်၏တန်ဘိုးကို ရွှေစင်ဖြင့် ချိန်ဆ၍မရနိုင်ပါ။ ရွှေဆိုသည်မှာ လူ့ သည်းခြေကြိုက်ဖြစ်သည်။ အမြတ်တနိုးတန်ဘိုးထားသောအရာဖြစ်သည်။ မဟာစည်းစိမ်မူကား ဘုရားသခင်၏စာအုပ်ထဲတွင် ဝှက်ထားသည်။ ထိုစည်းစိမ်ကို တန်ဘိုးထားရှာဖွေကြပါစို့။အမှုအရေးကို ဝှက်ထားခြင်းသည် ဘုရားသခင်၏ဘုန်းတော်နှင့်ဆင်၏။ရှင်ဘုရင်မူကား အမှုအရေးကို စစ်ကြောခြင်းဖြင့် ဂုဏ်အသရေတည်၏။ (သု ၂၅း ၂)ရိုးသားစွာဝန်ခံရလျှင် ရွှေရရှိလျှင်ကျေနပ်ဝမ်းသာမိပါသည်။ ယခုတွင်မူကား သမ္မာကျမ်းစာထဲမှဝိညာဉ်ရေးရာ ဘဏ္ဍာရတနာ၏ တန်ဘိုးကိုနားလည်သည်။ ပျားရည်သည် ချိုဆိမ့်ပါသည်။ ဆေးဘက်လည်းဝင်၍ ကောင်းပါသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်လောက် ချိုမြိန်ခြင်းမရှိပါ။ သမ္မာကျမ်းစာလောက် ရိုးတွင်းခြင်ဆီထိအောင် ခွန်အားဖြည့်ပေးအားအရာ မတွေ့မကြားဘူးပါ။အိုဟောင်းသော်လည်း ဘဝလမ်းညွှန်မိတ်ဆွေရင်းချာပမာ မခွဲမခွာပါ။လမ်းခရီးကို အလင်းပေးမီးမောင်းထိုးပြလို့ကျမ်းစာလာ ကတိတော်များလည်း ကြုံတွေ့ရစိတ်ဝိညာဉ်အစဉ် ရွှင်လန်းစေလျှက်နေ့စဉ်ဖတ်မဝ၊ ဖတ်မြဲဖတ်ရာတည်းEdmuud Pillifant“ပျားရည်ထက်မက၊ ပျားလဘို့ ထက်ချို့ကြ၏”ဟု စကားအလင်္ကာ ဆိုထားပါသည်။ ပျားရည်စစ်စစ်သည် ပျားလဘို့မှ ညှစ်ထုတ်ရပါသည်။ ထိုပျားရည်ပျားလဘို့ထက် နှုတ်ကပတ်တော်သည် စစ်မှန်ချိုမြိန်၏။

၁၉း၁၁ ထိုမျှမက ကိုယ်တော်၏ကျွန်များအား အစဉ်သတိပေးပါသည်။ သမ္မာကျမ်းစာအလိုအရ၊ ယုံကြည်သူသည် မကောင်းမှုကိုလက်မခံရ။စုံစမ်းခြင်းကို ရှောင်ကြဉ်ရသည်။ အပြစ်ကိုမုန်းတီး၍ဒုစရိုက်အရိပ်အယောင်တွေ့လျှင် ဝေးဝေးရှောင်ရသည်။ နှုတ်ကပတ်တော်ကို နာခံ၍၊ ခရစ်အသက်တာပြည့်စုံရသည်။ ဝိညာဉ်ရေးရာ၊ စိတ်ပိုင်း ရုပ်ပိုင်းသုံးခုစလုံး၌ ကောင်းမွန်ရမည်။ ထိုသို့ပြုကျင့်နေထိုင်ခြင်းဖြင့်ခရစ်တော်၏ တရားစီရင်ခြင်း၌ ဆုလက်ဆောင်ရရှိကြရသည်။ “ကိုယ်ကာယကို ဆုံးမခြင်းသည်များစွာသောအကျိုးကိုမပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းမှုကား ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ကတိတော်ရသည် ဖြစ်၍ အရာရာ၌ အကျိုးပေးသည်” (၁တိ ၄း၈)။

၁၉း၁၂ ဘုရားသခင်၏ တရားတော်သည်မြင့်မြတ်စင်ကြယ်သည် မှန်သော်လည်း ဘယ်သူမှမလိုက်နာနိုင်ကြပါ။ ဒါဝိဒ်မင်းက မိမိအားနည်းချက်အပြစ်များကို မည်သူသိနိုင်ပါသနည်းဟု မေးထားသည်။ ထိုအကြောင်းကို Barnes က ဤသို့ဆိုထားသည်။“ပညတ်တရားသည် စင်ကြယ်သည်၊ ရိုးစင်းသည်၊ တိကျသည်။ ထို့ကြောင့် စေ့စပ်သေချာစွာလိုက်နာရသည်။ ထိုပညတ်တရားအတိုင်းကြံစည်သည်၊ လုပ်ဆောင်သည်ဟု ပြောနိုင်ကြပါသလား၊ ပညတ်တရားနှင့် မည်သူကင်းကွာနိုင်သလဲ။ ထိုအဖြစ်မျိုးကို ဆာ ၁၁၉၉၆ တွင်ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကိုမြင်ပါပြီ။ပညတ်တရားမူကား အလွန်ကျယ်ဝန်းပါ၏ °သမ္မာကျမ်းစာက မိမိတို့ အပြစ်များကို အစဉ်သတိပေးပါသည်။ မသိလိုက်သောအပြစ်အမှားများ ခွင့်လွှတ်ဖို့ဆုတောင်းရပါသည်။ မိမိမသိလိုက်သကဲ့သို့ ဘေးလူများက သိချင်မြင်ချင်မှမြင်မည်။ သို့သော် ဘုရားရှင်ကမူ အစဉ်သိမြင်နေသည်။ အပြစ်သည် အပြစ်ဖြစ်ပါသည်။ မသိနားမလည်၍ ပြုမှားခြင်းသည်လည်း အပြစ်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတွင်သတိ မထားမိသောအပြစ်များ အစဉ်ရှိနေကြောင်း သတိပြုရသည်။

၁၉း၁၃ ဆာလံဆရာက သတိမထားမိသောအပြစ်များအတွက် ဆုတောင်းရကြောင်း သွန်သင်ခြင်းအပြင် အပြစ်သို့ မရောက်အောင် ကာကွယ်ရန်လည်း သတိပေးထားသည်။ အပြစ်ဟူသမျှသည်မာန်မာနနှင့်အတ္တမှ မွေးဖွားလာသည်။ မာန်မာနသည်အပြစ်တကာ၏ မိဘဖြစ်သည်။ လူစီဖါသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သည်။ ဆာလံဆရာက လူ့ဘဝခရီးတွင် အပြစ်ဒုစရိုက် မကျူးလွန်မိဖို့ ကွယ်ကာပေးရန် ဆုတောင်းသည်။ အပြစ်မှ လွတ်ကင်းလျှင်ဖြောင့်မတ်သွားမည်။ ပြစ်မှားခြင်းနှင့်လည်း ကင်းလွတ်လိမ့်မည်။

၁၉း၁၄ ထောမနာစကားဆုံးလေပြီ။ ဒါဝိဒ်ဖန်ဆင်းခြင်းနှင့်တလည်မွှမ်းတင်ထားသည်။ စကားတော်ကို ဘုရားသခင်လက်ဆင့်ခံနိုင်ရန် စကားတော်ကိုအာရုံပြု၍အတူးဆုတောင်းတော့မည်။ ဘုရားရှင်သည် သူ၏ခွန်အား(ကျောက်ဆောင်) ရွေးနှုတ်သောအရှင်ဖြစ်သည်။ဘုရားရှင်ကို ကျောက်ဆောင်ဟု တင်စားသောအခါ၊ထိုကျောက်ဆောင်ကို ခိုလှုံသူများသည် မုန်တိုင်းဘေးရန်ကင်းရှင်းသည်။ လုံခြုံသည်။ ကွယ်ကာမှုရသည်ဟုဆိုလိုသည်။ ရွေးနှုတ်သခင်ဟု ဆိုခြင်းမှာ ခရစ်တော်အပြစ်ဒုစရိုက်သားဘ၀မှ ပြန်လည်ဝယ်ယူရွေးနှုတ်သည်ဟု ဆိုလိုသည်။ အရှက်တကွဲအကျိုးနည်းဘ၀မှလူမွန်ဘဝသို့ ပို့ဆောင်သည်။

 

Previous Article
Next Article