ဆာလံကျမ်း ၂၀

ဆာ၂၀၊ ယာကုပ်ဘုရား၏ နာမတော်

ဣသရေလလူမျိုးသည် စစ်နှုတ်ခမ်းတွင်ရှိသည်။ စစ်ကြောင်းများကို စစ်မြေပြင်သို့ မဦးဆောင်မီဒါဝိဒ်သည် ယဇ်ပူဇော်သည်။ သို့ကို သစ္စာခံသူများက စစ်အောင်မြင်ရန် ဆန္ဒပြုကြသည်။ အပိုဒ်ငယ်၁-၅၌ ဘုရားခင်ကကွယ်ကာစောင့်ရှောက်၍ အောင်ပွဲဆင်ကြမည့်အကြောင်း ဆုတောင်းသံကြားရသည်။သူ့လူများက ဆုတောင်းကူကြသည်။ ဘုရားရှင်ကကြားဖြတ်ကူညီမည့်အကြောင်း ယုံကြည်ကြသည် (ငယ်၆)။ ထိုသို့ယုံကြည့်ကြသည့်အတိုင်း ဆုတောင်း ခြင်းကအာမခံချက်ပေးထားသည် (ငယ် ၇-၉)။

၂၀း၁ တိုက်ပွဲဖြစ်ပွားရာ ညနေခင်းတွင် ပြည်သူများသည် ဘုရားသခင်က ပေးမည့်အဖြေကို မျှော်လင့်ကြသည်။ ရန်သူများအပေါ် အောင်ပွဲဆင်မည့်အကြောင်းကို မြင်ယောင်ကြသည်။ “ယာကုပ်၏ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေသော”ဟု ကြွေးကြော်ကြသည်။ ဘုရားရှင်ကိုယ်တိုင်ထင်ရှားပါစေသောဟု နာမတော်အော်မြည်တမ်းတကြသည်။ ဤဆာလံသီချင်းတွင် နာမတော်(၃)ခါတိုင်တည်ကြသည်။ယာကုပ်၏ဘုရားသခင် နာမတော်သည်ချီးမြောက်တော်မူပါစေသော(ငယ် ၁)အကျွန်ုပ်တို့၏ဘုရားသခင်၏အခွင့်နှင့်အလံကို လူကြလိမ့်မည် (ငယ် ၅)ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်(ငယ် ၇)

ထိုနာမတော်ကို Williams က ဤသို့သရုပ်ဖေါ်ထားသည်-

ကွယ်ကာခြင်း နာမတော်

လက်ရုံးတော် နာမတော်

ကယ်နှုတ်ခြင်း နာမတော်

၂၀း၂ လိုအပ်သောအကူအညီပေါ်ထွန်းလာရာအရပ်သည် ကမ္ဘာမြေပေါ်တွင် ဘုရားရှင်စိုးစံရာ သန့်ရှင်းရာဌာနတော် ဇိအုန်တောင်ပေါ်က ပေါ်လာသည်။ ထို့ကြောင့် သန့်ရှင်းရာဌာနတော်နှင့်ဇိအုန်တောင်သည် မျှော်လင့်ရာဌာနတော်ဖြစ်သည်။

၂၀း၃ ထိုရှင်ဘုရင်သည် နာခံခြင်းသစ္စာရှိသည်ဖြစ်၍ ယဇ်ပူဇော်စရာနှင့် နံ့သာဆီမွှေးကိုသီးသန့်ယူဆောင်လေ့ရှိသည်။ ထိုပူဇော်သက္ကာများသည် ဘုရားရှင်နှစ်သက်တော်မူရာ ဖြစ်သည်။

၂၀း၄-၅ ဘုရားသခင်က ထိုဘုရင်၏လိုအင်ဆန္ဒနှင့် ရည်ရွယ်ချက်များကို အောင်မြင်စေမည်။ဘုရင်ကို ချစ်သော ပြည်သူများကလည်း တိုက်ပွဲအောင်မြင်ဖို့ ဆုတောင်းပေးကြသည်။ မဟာအောင်ပွဲဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေကြပြီ။ အောင်စည်အောင်မောင်းခြိမ့်ခြိမ့်သဲကျင်းပ၍ အောင်လံတလူလူလွှင့်ကြမည်။ဘုရားသခင်၏ နာမတော်ကို ကြွေးကြော်ကြမည်။“ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါစေသော်”ဟု ဘုရား၏လူများ၊ ယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင်များက ဆိုကြသည်။ ထိုဆုတောင်းစကားသည် ပြီးပြည့်စုံသော ဆုတောင်းချက်ပေတည်း။

ရှင်ဘုရင်၏ တုံ့ပြန်ချက် (၂၀း၆)

ပြည်သူများ၏ ထောက်ခံဆုတောင်းပေးသံကြားရသောအခါ ဒါဝိဒ်မင်းသည် အားတက်ရွှင်လန်းသည်။ကောင်းကင်ဘုံ ယံမှ နားထောင်၍အံ့ဘွယ်မစမှုရရှိမည့်အကြောင်း ခွန်အားရရှိသည်။

ပြည်သူများ၏ ယုံကြည်ချက်ဆုတောင်း (၂၀း၇-၉)

၂၀း၇-၈ ယုံကြည်ခြင်းသည် ပြန့်ပွားကူးစက်သည်။ ပြည်သူများသည် သူတို့ခေါင်းဆောင်ကိုယုံကြည်စိတ်ချသည်။ ရန်သူကိုအောင်မြင်မြင်နိုင် သည့်စစ်အင်အားရှိသည်ဟု ခံယူကြသည်။ လူများသည်စစ်ရထားနှင့် တိုက်ပွဲဝင်မြင်းများကို ဝါကြွားကြသော်လည်း ဣသရေလသူများသည် ထာဝရဘုရားသခင်၏ နာမတော် ကို မျှော်လင့် အားကိုးကြသည်။အမြောက်ယန္တရားနှင့် လက်နက်ကြီးများကိုအားကိုးခြင်းထက် ဘုရားရှင်ကို ပိုမိုအားကိုးယုံကြည်သင့်ပါသည်။ ဘုရားသခင်၏ စစ်သည်တော်များက စစ်မြေပြင်တခုလုံး သိမ်းပိုက်နိုင်သည်။ ရန်သူအင်အားမည်မျှဟုန်းဟုန်းတောက်စေ၊ ဘုရားသခင်ဘက်၌ သမာသမတ်ကျကျရပ်တည်သူများက မီးခိုးမီးငွေ့သဖွယ်မောင်းထုတ်ပျောက်ကွယ်စေနိုင်ပါသည်။

၂၀း၉ ပြည်သူများက စိတ်လက်ကြည်သာစွာဖြင့် ဘုရားသခင်ထံဆုတောင်းကြပြန်သည်။ ဘုရားရှင်က သူတို့ဘုရင်အား စစ်ပွဲအောင်နိုင်စေမည်ဟုယုံကြည်ကြသည်။ ဆုတောင်းသံများကို ဘုရားရှင်ကအဖြေပေးမည်။ ကယ်နှုတ်မည်ဟု ဆုတောင်းကြသည်။

အသုံးပြုခြင်း

ဆာလံကျမ်းကို အမ္မုန်လူမျိုးနှင့် ရှရိလူမျိုးများအပေါ် ဒါဝိဒ်မင်းအောင်ပွဲခံချိန်၌ လက်တွေ့ အကျိုးပြုခဲ့သည် (၄ရာ ၁၀း၁၄-၂၉)။သခင်ယေရှုဘုရား ပြန်လည်ထမြောက်ခြင်းတွင်လည်း ဤဆာလံကျမ်းကို အသုံးပြုခဲ့သည်။ ယုံကြည်သူများက ကရာနီတောင်ကုန်းပေါ်တွင် ပြုခဲ့သောခရစ်တော်၏အမှုတော်ကို ယုံကြည်ကြသည်။ ကိုယ်တော်ပြန်လည် ထမြောက်မည့် အကြောင်းခံယူကြသည်။ မေရှိယသခင်သည် စာတန်နှင့်အပေါင်းပါတို့၏ ပုန်ကန်မှုကို နောက်ဆုံးတွင်အပြီးအပိုင် ချေမှုန်းမည်ဟု ယုံကြည်သည်။ ဆာ ၂၀သည် ရှင်ပြန်ထမြောက်ရာနေ့ ပထမဆုံးသော နံနက်ခင်းကို ရည်ဆောင်သည်။စာတန်၏ နယ်မြေထဲသို့ ထိုးဖောက်သာသနာပြုရာတွင်လည်း ဤဆာလံကျမ်းကို သုံးစွဲနိုင်သည်။ဘုရားရှင်အတွက် နယ်သစ်ပယ်သစ်အောင်မြေတိုးချဲ့ရာတွင်လည်း သုံးနိုင်သည်။

 

Previous Article
Next Article