ဆာလံကျမ်း ၆၂

ဆာ ၆၂ ဘုရားရှင်တော်တပါးတည်းသာ

ဆာ ၆၂ ၏ အနှစ်သာရမှာ ဘုရားသခင်တပါးတည်းသာလျှင် ခိုလှုံကိုးကွယ်ရာဖြစ်သည်။ တပါးတည်းသာဟူသော စကားလုံးသည်အဓိကသော့ချက်ဖြစ်၍ ဘုရားသခင်ကို အပြည့်အဝယုံ ကြည်ရမည့်အကြောင်းဖြစ်သည်။

အကြောင်းအချက်များအကြားရှိသည့်အနက် အောက်ပါအချက်များကို ထောက်ပြထားသည်

ကယ်တင်ခြင်းအရင်းအမြစ်

(ငယ်၁ခ၊ ၂က၊ ၆က၊ ၇က)

ကျောက်ဆောင်              (၂ခ၊၆က၊၇ခ)

အကွယ်အကာ               (၂၈၊၆၈)

မျှော်လင့်ရာ                   (၅ခ)

ဘုန်းတန်ခိုး                   (၇က)

ခိုလှုံရာ                          (၇ခ၊၈ခ)

အစွမ်းသတ္တိ                   (၁၁ခ)

ကရုဏာတော်ပြည့်စုံရာ   (၁၂က)

ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူများသည် အောက်ပါအတိုင်းယုံကြည်စိတ်ချမှုရှိကြ သည်

တုန်လှုပ်ခြင်းမရှိ             (ငယ် ၂ခ)

ရန်သူကိုကြောက်ရွံခြင်းမရှိ          (ငယ်၃)

ရန်သူအကြံနှင့်နည်းပရိယာယ်သိသည်      (ငယ်၄)

မတုန်လှုပ်                                 (ငယ် ၆ခ)

အခြားသူများအား ဘုရားရှင်ယုံကြည်ခြင်းအရသာ

သိရှိစေချင်သည်             (ငယ် ၈)

ဘုရားသခင်ကို အားမကိုးဘဲ၊ လူကိုယုံကြည်ခြင်းသည် အောက်ပါစိတ်ပျက်စရာအကြောင်း (၅)ချက်နှင့်ကြုံရသည်။ (၁) လူ့ဉာဏ်ပညာပကာသနများသည် နိမ့်ကျသည်။ အခိုးအငွေ့များသို့နှယ် ပျောက်ကွယ်တတ်သည်။ (၂) မြင့်မားသောဂုဏ်သိက္ခာအဆင့်အတန်း သို့မဟုတ် အုပ်စိုးသူရာထူး ရာခံရှိသူများသည် အကူအညီမလို။ ဘဝအိုးအိမ်လုံခြုံသည်ဟု ထင်ရသော်လည်း ထိုရာထူးရာခံ၊ စည်းစိမ်ဥစ္စာသည် အမြဲမတည်။ (၃)ကြီးနိုင်ငယ်ညှဉ်းဝါဒသည် လူမိုက်နည်းဗျူဟာဖြစ်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းခံရသည်။ (၄) မတရားသဖြင့် လုယူပိုင်ဆိုင်ခြင်းသည် ဖြတ်လမ်းနည်း ဖြင့်ကြွယ်ဝခြင်းရရှိသော်လည်း ဘုရားသခင်အပြစ်တရားစီရင်ခြင်းခံရမည်။ (၅) ကြွယ်ဝချမ်းသာ ခြင်းလောကစည်းစိမ်က ဘုရားသခင်၏နေရာမလုယူနိုင်ပါ။ ဆရာကြီး F.B. Meyer က”လူသည် အခြားသူများထံမှ ငွေကြေးနှင့်အကူအညီမျှော်လင့်ကြသော်လည်း အချည်းနှီးဖြစ်သည်။ ဘုရားသ ခင်၏မစခြင်းမူကား ဘယ်သောအခါမှ ဖောက်ပြန်ခြင်းမရှိဟု ဆိုသည်။

ဤဆာလံကျမ်းသည် အဗရှလုံ၏ဘက်တော်သားများကို ရည်ဆောင်ရေးစပ်ဟန်ရှိသည်။ ထိုသူပုန်သူကန်များသည် ဒါဝိဒ်၏ဂုဏ်သိက္ခာမြို့ရိုးကို ကျော်နင်းဖို့ကြိုးပမ်းကြသည်။ ဒါဝိဒ်၏ရာဇ ပလ္လင်ကိုမတော်မတရားသိမ်းပိုက်ဖို့ကြံစည်ကြမည်။ မြင့်မြတ်ဟန်အယောင်ဆောင်နေကြသော်လည်း လိမ်လည်မှုသက်သက်ဖြစ်သည်။ နန်းကျဘုရင်ကမူ ဘုရားသခင်ကိုတထစ်ချယုံကြည်ကိုးစားသည်။ သူ့ရန်သူများသည်လူ့ခွန်အားနှင့် ငွေကြေးများကိုကိုးစားကြသည်။ သို့သော်ယုံကြည်ရကျိုးမနပ်ကြ။ ဘုရားသခင်ကသူသာလျှင် ချစ်ခြင်းမေတ္တာ၏ရေဝေကုန်း၊ ဘုန်းတန်ခိုး၏အရင်းအမြစ်ဖြစ်ကြောင်း ပြသသည်။ သူ့ကိုယုံကြည်ကိုးစားသူများအားကယ်မ၍ ရန်သူများကိုအပြစ်စီရင်သည်။ ကိုယ်တော် ၏ချစ်ခြင်းမေတ္တာတော်သူ့လူများကို ချမ်းမြေ့မှုနှင့်ကောင်းချီးမင်္ဂလာပေးပါသည်။ ကရုဏာတော် ကိုငြင်းဆန်သူများသည် တရားမျှတမှုကိုမမြင်ရ။

John Dorne ကဤသို့အနက်ဖွင့်ထားပြန်သည်။ ကိုယ်တော်သည် အကျွန်ုပ်၏ကျောက် ဆောင်၊ ယဇ်တင်စရာ၊ အကွယ်အကာ၊ ခိုလှုံရာနှင့်ဘုန်းတန်ခိုး၊ ကိုယ်တော်ထံမှ ခိုလှုံနေမှ တော့ရန်သူတွေကကယ်နိုင်မည်နည်း။ ကိုယ်တော်ကွယ်ကာမှုဖြင့် မည်သူက ထိခိုက်ဒဏ်ရာ ပေးနိုင်မည်နည်း။ ကျောက်ဆောင်မှခိုလှုံမှဖြင့် မည်သည့် မုန်တိုင်းပူရအံ့နည်း။

ကိုယ်တော်၏ဘုန်းတန်ခိုးရရှိမှဖြင့် မည်သူ့သိက္ခာချနိုင်မည်နည်း။

Previous Article
Next Article