ဆာလံကျမ်း ၆၇

ဆာ ၆၇ ဣသရေလတို့ သာသနာပြုရန်ဖိတ်ခေါ်သံ

          ဘုရားသခင်က ဣသရေလလူမျိုးများရွေးချယ်သောအခါသာသနာပြုစေရန ရည်ရွယ်သည်။ တိုင်းနိုင်ငံများနှင့်ကမ္ဘာအရပ်ရပ်သို့သက်သေခံခိုင်းသည်။ ထိုသို့ပြုလုပ်ရန်အကြောင်းအချက်(၂)ခုရှိ သည်။

၁။        ဘာသာတရားအမျိုးမျိုးရှိသည့်အနက်ထာဝရဘုရားသခင်းတပါးတည်းသာရှိသည် (ထွ      ၂၀:၂၁၊ တရား ၆:၄၊ ဟေရှာ ၄၃:၁၀-၁၂)

၂။         ယေဟောဝါဘုရားသခင်၏အုပ်စိုးမှုအောက်၌ သမ္မာသမတ်ကျစွာအသက်ရှင်နေထိုင်သူများ သည်ပျော်ရွှင်၍ချမ်းသာကြွယ်ဝကြသည် (ဝတ် ၂၆:၃-၁၂၊ တရား၃၃:၂၆-၂၉၊ ၅ရာ ၁၇:၂၀၊ ယေ ၃၃:၉)။

ထာဝရဘုရားသခင်က ဣသရေလလူမျိုးအားရွေးချယ်ရာတွင် ယာယီအသုံးပြုဖို့သာမဟုတ်၊

ကိုယ်တော်၏ကောင်းချီးမင်္ဂလာစီးဆင်းရာစမ်းရေထွက်အဖြစ်ရွေးချယ်ပါသည်။ဓမ္မဟောင်းကျမ်းထဲတွင်ဘုရားသခင်ကယုဒလူမျိုးနှင့်တပါးအမျိုးသားနှစ်ရပ်စလုံးကောင်းချီးပေးသကဲ့သို့ယုဒလူမျိုးသည်ဘုရားသခင်နှင့်လူသားများအကြားဆက်သွယ်ပေးသည့်ယဇ်ပုရောဟိတ် အမျိုးဖြစ်ကြောင်းတွေ့ရသည်။

သို့သော်ဣသရေလတို့သည်ကံအကြောင်းမလှသဖြင့် ထိုရည်ရွယ်ချက်အထမမြောက်ခဲ့။

ရုပ်တုဘုရားတုကိုးကွယ်ကြသည်။ သမ္မာတရားကို ငြင်းပယ်ခဲ့ကြသည်။

ဘုရားသခင်၏ရည်ရွယ်ချက်သည်ထိုမျှဖြင့်ဆုံးခန်းမတိုင်ပါ။ ဘေးဒဏ်ကြီးကာလရောက်

သောအခါဘုရားသခင်ကဣသရေလလူမျိုးကိုအထူးစေခိုင်းဦးမည်။ ကမ္ဘာအဝန်းသို့သတင်းကောင်း ဟောပြောခိုင်းမည်(မ ၂၄:၁၄)။ ဣသရေလများသည်ကမ္ဘာတိုင်းနိုင်ငံသားများထံသို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာစီးဆင်းရာစမ်းရေပေါက် (ဟေရှာ ၆၁:၆၊ ဇာ၈:၂၃) ဖြစ်လာမည်။

၆၇: ဤဆာလံကျမ်းသည် အချိန်အခါနှင့်ဆိုင်သည်။ ဘုရားသခင်ကယုံကြည်သူယုဒများ အားသီးသန့်စေခိုင်း၍ တပါးအမျိုးသားများထံသို့ ဧဝံဂေလိပြုကြမည် မြေကြီးသားတို့သည်အမှု တော်ကိုသိ၍ဟုဆိုသောစကားနှင့်ပတ်သက်၍ သခင်ယေရှု၏ “ငါသည်လမ်းခရီးဖြစ်၏” (ယော ၁၄:၆)ကိုသတိရပါ။ ထိုသခင်ယေရှုအားဖြင့်သာလျှင် တဦးချင်းသော်၎င်း၊တိုင်းသူပြည်သားများ သော်၎င်း ကယ်တင်ခြင်းရရှိနိုင်သည်။

၆၇: ထိုသို့ကမ္ဘာအရပ်ရပ်သို့သာသနာပြုစိတ်ပြင်းပြကြသည်နှင့်အညီ ဣသရေလများ သည်ဘုရားသခင်အားချီးမွမ်းကြမည်။ တပါးအမျိုးသားတိုင်းနိုင်ငံဖွားများသည်လည်း ခရစ်တော် အားချီးမွမ်းထောမနာပြုကြမည်။ ဣသရေလအမျိုးသားနှင့်တပါးအမျိုးသားများအား သိုးထိန်းကြီး က ကွဲပြားခြားနားခြင်းမရှိ ထိန်းသိမ်းစောင့်ရှောက်မည်။

၆၇: ဣသရေလတို့၏ပြောစကားကြားသောလူသားတိုင်းသည် ဘုရားရှင်အားရှိခိုးကိုး ကွယ်ကြမည်။ ထိုအကြောင်းကို F.B. Meyer က “ခရစ်တော်၏သရဖူဆောင်းပေးခံယူလိုစိတ် ပေါက်ကြမည်”ဟုဆိုသည်။

၆၇: နောက်ဆုံးကျမ်းပိုဒ်ငယ်(၂)ခုသည်အနှစ်တထောင်တိုင်းပြည် မြင်ကွင်းဖြစ်သည်။ အနှံများရိတ်သိမ်းနေရပြီ။ စပါးကျီနှင့်ပုတ်များပြည့်နေပြီ။ ဆိုလိုသည်မှာဣသရေလတို့သာသနာပြု ခြင်းဖြင့် တကမ္ဘာလုံးသက်သေခံနေကြပြီ။ ထိုအကြောင်းကိုဟေဗြဲပညာရှင်ကြီး Fram Delitoch က “ဘုရားသခင်၏အစီအစဉ်အတိုင်း ဣသရေလလူများသည်ကမ္ဘာကျော်လူမျိုးဖြစ်လာမည်၄၇ ဟုဆိုသည်။

Previous Article
Next Article