ဆာလံကျမ်း ၇၀

ဆာ ၇၀ အမြန်ကယ်တော်မူပါ

          ဆာ ၇၀ သည် ဆာ ၄သ:၁၃-၁၇ကိုပြန်ကြော့ခြင်းဖြစ်သည်။ ဒါဝိဒ်မင်း၏ဆာလံသီချင်းဖြစ် ၍အပိုင်း ၄ပိုင်းခွဲခြားလေ့လာနိုင်သည်။

အမြန်ကယ်တော်မူပါ (၇၀:)

          ဆရာကြီး Morgan က “အရေးပေါ်စိုးရိမ်ရသောအခြေအနေဖြစ်သည်”ဟုဆိုသည်။ အပိုဒ်ငယ် ၁တွင်ဒါဝိဒ်သည် အသဲအသန်အော်သံကြားနေရသည်။ အမြန်ဆုံးကယ်တင်ရန် ဘုရားသခင်ထံဆုတောင်းသည်။

အရေးယူအပြစ်ပေး ပေးပါရန် (၇၀:)

          ရန်သူများကတဖက်စောင်းနင်း ဖိစီးနေကြပြီ။ သတ်ဖြတ်ဖို့ကြိုးစားနေကြသည်။ ဘေးရန်ပြု ကြသည်။ တရားရေလွှတ်ဒုက္ခအမျိုးမျိုးပေးကြသည်။ ထိုသို့ဘေးရန်ကြုံရသည်ကိုမြင်ကြရသော် လည်း ဖေးမကူညီခြင်းမပြုဘဲ ရှောင်ကြဉ်ကြသူများလည်းရှိသည်။ ထိုလူများအားလုံးကိုဘုရား သခင်က အရေးယူပေးပါ။ အပြစ်ပေးတော်မူပါ။ တရားသဖြင့်စီရင်ပေးပါ။ အရှက်တကွဲအကျိုးနည်း ဖြစ်ကြပါစေ။

အဆက်မပြတ်ချီးမွမ်းကိုးကွယ်ပါရစေ (၇၀:)

          ဆာလံဆရာဆုတောင်းသည့်အတိုင်း ဘုရားသခင်ကအမြန်ကယ်တော်မူပြီးလျှင် ဆာလံဆရာ ကဘုရားရှင်အား ပီတိလှိုင်းလုံးကြီးများဖြင့် ချီးမွမ်းပါမည်။ ဘုရားသခင်ကို ရှာဖွေသူတိုင်း ကူညီမစ ခြင်းခံကြရပါမည် ။မဟာကယ်တင်ရှင်အဖြစ်ချီးမွမ်းထောမနာ ပြုကြပါသည်။

အမြန်ကူညီတော်မူပါ (၇၀:)

          ဆင်းရဲဒုက္ခတွင်းမှ အမြန်ကယ်တင်ပါရန်ထပ်ခါထပ်ခါဆင့်ခေါ်သည်။ ဒါဝိဒ်သည်ယုံကြည်မှု ကျဆင်းခြင်းမရှိသော်လည်း သေချာခိုင်မာအောင်ထပ်ဆိုသည်။ ဘုရားသခင်၏ ကူညီမှုရွေးနှုတ်မှု မရဘဲမနေဟု ယုံကြည်စိတ်ချပြီးသားဖြစ်သည်။

Previous Article
Next Article