ဇာခရိအနာဂတ္တိကျမ်း ၆

() ရထားလေးစီး (:)

အဓိပ္ပါယ်-ဘုရားသခင်၏ရှေ့ကင်းထောက် မြင်းရထားလှည့်ခြင်းသည် ဣသရေလတို့၏ ရန်သူအား နှိမ်နင်းချေမွမည့်အကြောင်း ဖြစ်သည်။

: ဇာခရိနောက်ထပ်တွေ့မြင်ရသော သတ္တမရူပါရုံမှာ ကြေးဝါတောင်နှစ်လုံးကြားမှ မြင်းရထား လေးစီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ရထားလေးစီးကို မြင်းနီ၊ မြင်းနက်၊ မြင်းဖြူ၊ မြင်းကျားတို့က ဆွဲသည်။ ၎င်းမြင်းတို့သည် ကြီးမားသန်မာ ထွားကျိုင်းကြသည်။

: ထိုရထားလေးစီးကို ကရသောမြင်းများသည် ကောင်းကင်ဘုံ၏ဝိညာဉ်လေးပါး ဖြစ်သည်ဟု ကောင်းကင်တမန်က ရှင်းပြသည်။ ကမ္ဘာအနှံ့ရှိ တပါးအမျိုးသားများထံသို့ မေရှိယအကြောင်း ဘုရားသခင်က ကြားပြောရန် စေခိုင်းသည်။ မြင်းနက်ကသောရထားသည် မြောက်ပြည်သို့ သွား၍ မြင်းကျားများ ကသောရထား သည် တောင်ပြည်သို့ ဦးတည်သည်။ ထိုအရပ်ဒေသများသည် ဣသရေလတို့၏ရန်သူများကို ဖော်ညွှန်းသည်။ (မြောက်ဘုရင်နှင့် တောင်ဘုရင်ဟု ဆိုနိုင်သည်)။ မြင်းဖြူများသည် မြင်းနက်များနောက်သို့ လိုက်သွားကြ၍ မြင်းနီသည် အရပ်ဒေသအနှံ့ လှည့်လည်ပြေးလွှားကြသည်။

: မြောက်ပြည်သို့ သွားသောရထားသည် ဝိညာဉ်တော်၏ အမျက်ဒေါသကို ဆောင်ယူသွားသည်။ ၎င်းမှ ဣသရေလတို့အား တချိန်လုံး ခြိမ်းခြောက်လျက်ရှိသော မြောက်အရပ်ရှိ ဗာဗုလုန်ကို ချေမှုန်းသုတ်သင်ပေးမည့် အကြောင်းဖြစ်သည်။ ရူပါရုံအားလုံး ခြုံငုံကြည့်လိုက်လျှင် ဣသရေလတို့၏ ရန်သူအား ဘုရားသခင်က ချေမှုန်း ပေးမည်ဟူလို။ ထိုနောက် ဤကမ္ဘာမြေပေါ်တွင် ခရစ်တော်၏နိုင်ငံတော် ပေါ်ထွန်းလာစေမည်။

၃။ ယောရှုယဇ်ပုရောဟိတ်ကြီး သရဖူဆောင်းခြင်း (:၁၅)

          အဓိပ္ပါယ်-ခရစ်တော်သည် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ကြီးအဖြစ်ကြွလာမည်။ ၎င်းမှာ အသင်းတော် နိုင်ငံတော် ပေါင်းစပ်ခြင်း၏ပုံရိပ်နိမိတ်ဖြစ်သည်။

:၁၃ တရားစီရင်ခြင်း၊ ဗျာဒိတ်ရူပါရုံပြီးဆုံးပြီ။ ကျက်သရေမင်္ဂလာအခန်းကဏ္ဍသစ်စပြီ။ ဇာခရိသည် ဗာဗုလုန်မှပြန်လာသော ဟေလဒဲအမျိုး၊ တောသိယအမျိုး၊ယေဒါယအမျိုးတို့ကို ခေါ်ဆောင်၍ ယောရှုအိမ်သို့ သွားကြကာ ယောရှုအားယဇ်ပုရောဟိတ်ကြီးအဖြစ် ရွှေနှင့်ငွေဖြင့်ပြုလုပ်ထားသောသရဖူ ဆောင်းပေးသည်။ သာမန်အားဖြင့် သရဖူသည် အုပ်စိုးသူမင်းနှင့်သာ သက်ဆိုင်သည်။ ယဇ်ပုရောဟိတ်ကြီးများအတွက် မဟုတ်။ ဤနေရာတွင် သရဖူဆောင်းခြင်းမှာ ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ကြီးအဖြစ် ကြွမြန်းလာမည့် ခရစ်တော်ကို ရည်ညွှန်းသည်။ အပိုဒ်ငယ်(၁၂)၌ အညွှန့်အမည်ရှိသောသူဟု ဆိုထားသည်။ အနှစ်တစ်ထောင်ဗိမာန်တော်ကို တည်ဆောက်၍ ရှင်ဘုရင်အဖြစ်စိုးစံမည့်သူဖြစ်သည်။ David Baronက ဤသို့ဆိုထားသည်။

ထိုကျမ်းစကားသည် စင်စစ်တွင် မင်းအာဏာဖြင့်စိုးစံမည့် ယဇ်ပုရောဟိတ်ကြီး မေရှိယကို ရည်ညွှန်း  သည်။ ဟေဗြဲဘာသာစကားကိုယူ၍ သုံးနှုန်းထားသော ဗိမာန်တော်သည် သန့်ရှင်းရာဌာနတော်နှင့် နန်းရေးဆောင်နှစ်ခုစလုံးအကြုံးဝင်သည်။ ရှင်ဘုရင်ဖြစ်သည့်အတိုင်း နန်းတော်ထဲ၌ စံပျော်ခွင့်ရှိသလို ယဇ်ပုရောဟိတ်ကြီးဖြစ်သည့်အားလျော်စွာ အသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရောက်ခွင့်ရှိသည်။

ထိုနှစ်ပါးသည် မိတ်သဟာယဖွဲ့လိမ့်မည် ဆိုခြင်းမှာ ဘုရင်အရိုက်အရာနှင့် ယဇ်ပုရောဟိတ်ကြီးရာထူး နှစ်ခုစလုံးကို ရရှိပိုင်ဆိုင်မည်။

:၁၄ ထိုသရဖူကို ဗိမာန်တော်ထဲ၌ အမှတ်တရပစ္စည်းအဖြစ် သိမ်းဆည်းထားရမည်။ ဟေလင်သည် ဟေလဒဲနှင့်၎င်း၊ ဟင် Henသည် ယောရှုနှင့်၎င်း၊ အတူတူဖြစ်သည်။

:၁၅ ကွဲပြားပြန့်လွင့်နေသော ဣသရေလလူမျိုးတို့သည် နာခံမှုရှိကြမည်ဆိုလျှင် ဘုရားသခင်က မေရှိယ ကိုစေလွှတ်၍ သူတို့အား ပြန်လည်ပေါင်းစည်းစေမည်ဖြစ်ကြောင်း ခွန်အားပေး ကတိပြုသည်။

Previous Article
Next Article