တရားသူကြီးမှတ်စာ ၁၄

၂။ ရှံဆုန်၏ ပွဲတော်နှင့်စကားထာ (အခန်း ၁၄)

          ၁၄: ရှံဆုန်သည် ဣသရေလတို့၏ ရန်သူ ဖိလိတ္တိအမျိုးသမီးတစ်ဦးတွေ့မြင်သည်နှင့် တပြိုင်နက် ငမ်းငမ်းတက်ချစ်ကြိုက် လက်ထပ်ချင်သည်။ မိဘများက ဟန့်တားသော်လည်းမရ။ အပိုဒ်ငယ် ၄သည်  ဘုရားသခင်က ရှံဆုန်၏ မနာခံမှုကို သဘောတူခြင်းမဟုတ်။ ဣသရေလတို့၏ အရေး၊ ဣသရေလ ရန်သူများအပေါ် အရေးယူရေးအတွက်ဖြစ်သည်။

၁၄: ဖိလိတ္တိမြို့တော် တိမနသို့ မိဘများနှင့်အတူ သွားကြစဉ် လမ်းခရီးတွင် ခြင်္သေ့ပျိုနှင့် ပက်ပင်းတိုးကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဆင်းသက်၍ ခွန်အားထင်ရှားစေသဖြင့် ရှံဆုန်သည် ထိုခြင်္သေ့ပျိုအား လက်ချည်းသက်သက်ဖြင့် ရိုက်သတ်ပစ်သည်။ ထို့နောက် ဖိလိတ္တိသူနှင့် လက်ထပ် ထိမ်းမြားသွားကြသည်။

၁၄: နောက်တဖန် တိမနသို့ ထပ်သွားစဉ် ခြင်္သေ့ဂူတွင် ပျားအုံတွေ့ရှိရာ ပျားရည်ဖွတ်ယူ၍ မိဘများကို တိုက်ကျွေးလိုက်သည်။ ထိုပျားရည်သည် ခြင်္သေ့အသေကောင်နှင့် ထိပါးကြောင်း မိဘများကို မပြောပြ။ (အသေကောင်ကို ထိပါးခြင်းဖြင့် နာဇရိသစ္စာသည် အလိုလိုပျက်ပြယ်သွားသည်)။

၁၄:၁၀၁၄ တိမနတွင် မင်္ဂလာဆောင်ပွဲ ခမ်းနားစွာ ကျင်းပပြီးသောအခါ ရှံဆုန်သည် ကာလသားအဖော် (၃၀)အား စကားထာဝှက်သည်။ သူ၏ စကားထာအား ဖြေနိုင်လျှင် အဝတ်အစားသစ် တစ်စုံစီပေးမည်ဟု ဆိုသည်။ မဖော်နိုင်လျှင် အလျော်ပြန်ပေးမည်ဟု သဘောတူကြသည်။

စားတတ်သောသူ၏အထဲကအစာ

သန်စွမ်းသောသူ၏ အထဲကအချိုရည်

ထွက်လေစွ။

          ထိုစကားထာ၏ အနက်အဓိပ္ပါယ်မှာ ရှံဆုန်၏ ခြင်္သေ့ပျိုရိုက်သတ်ခြင်းနှင့် ခြင်္သေ့သေကောင်မှ ပျားရည် ဖွတ်ယူခြင်းဖြစ်သည်။

၁၄:၁၅၁၈ ကာလသားများသည် စကားထာကို မဖြေနိုင်ကြသဖြင့် ရှံဆုန်မိန်းမထံမှ အဖြေစကား ညှစ်တောင်းကြသည်။ ထိုမိန်းမကလည်း လင်တော်မောင်ထံမှ မိန်းမပရိယာယ်ဖြင့် အဖြေရယူပြီး၊ ကာလသားများအား ပြောပြသည်။ ကာလသားများသည် ရှံဆုန်အား အဖြေပေးကြပြီးလောင်းကြေးလာတောင်း ကြသည်။ ထိုသူများသည် သူ့မိန်းမထံမှ အဖြေရရှိသွားကြောင်း ရှံဆုန်သိရှိသွားသည်။

၁၄:၁၉၂၀ ထိုသို့ သူ့မိန်းမ၏ သစ္စာမတည်မှုကို သိရှိသောအခါ ရှံဆုန်သည် စိတ်ဆိုးဆိုးဖြင့် အာရှုကေလုံလူ(၃၀)ကို ရိုက်သတ်ပြီး၊ အဝတ်အစားများကို ချွတ်ယူကာ၊ လောင်းကြေး အလျော်အဖြစ် ဖိလိတ္တိသားများသို့ ပေးလိုက်သည်။ မင်္ဂလာဆောင်()ရက် လွန်မြောက်သောအခါ ရှံဆုန်သည် အိမ်သို့ပြန်လာသည်။ ညားခါစမိန်းမကိုလည်း သူ့မိတ်ဆွေနှင့် ပေးစားခဲ့သည်။

Previous Article
Next Article