တရားသူကြီးမှတ်စာ ၃

: ဣသရေလတို့အား စုံစမ်းစစ်ကြောရန်ချန်လှပ်ထားသောသူ ခါနန်အပိုဒ်ငယ် (၃)စာရင်းတင်ထားသည်။ ဖိလိတ္တိမင်းငါးပါးအစရှိသောခါနန်လူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင် လေဗနုန်တောင်ပေါ်မှာ ကျင်လည်ကျက်စားနေကြသော ဟိဝိလူဟုဆိုသည်။

တဖန်ထိုခေတ်ကာလ လူတို့၏ အကျင့်အပြစ်ဒုစရိုက် (ငယ် ၅-၇)၊ သူ့ကျွန်ခိုင်းဖတ် (ငယ်၈)၊ အသနားခံခြင်း (ငယ် ၉က)၊ ကယ်တင်ခြင်း (ငယ် ၁၆-၁၈)တို့ကို တွေ့ရပြန်သည်။

: ဣသရေလသားတို့ ရှိနေချိန်တွင် ရုပ်တုကိုးကွယ်သူများ၏ ဘုရားတုများကို ရေတွက်ပြထားသည်။ အပိုဒ်ငယ် ၃တွင် မှတ်တမ်းတင်ထားသည့် လူမျိုးများ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိနှင့် ယေဗုသိ လူတို့ကိုတွေ့ရသည်။ နောက်တစ်မျိုးမှာ ယောရှု ၃း၁၀၊ ၂၄း၁၁ တွင်ပါရှိသည့် ဂိရဂါရှိလူမျိုးဖြစ်သည်။

ဣသရေလလူတို့ ကျဆင်းစရာအကြောင်းရင်းများကို Dr.Chohen က ဤသို့ထောက်ပြသည်။

ဣသရေလလူတို့သည် မောရှေ၏ သတိပေးစကားကို မေ့လျော့နေကြသည် (တရား ၇:၃)။ ဒေသခံလူများနှင့် သွေးနှောအိမ်ထောင်ပြုကြသည်။ ထိုမျှနှင့် မကျေနပ်သေး။ ရုပ်တု ဘုရားတုများကိုပါ ကိုးကွယ်ကြသည်။

၂။ တရားသူကြီးများလက်ထက် (:၁၆:၃၁)

(က) ဩသံယေလ (:၁၁)

          : ဘုရားသခင်၏လူများသည် ရုပ်တု၊ဘုရားတုကိုးကွယ်ခြင်းနှင့် ဘုရားတုဝါဒီများ သွေးနှောထိမ်းမြားခြင်း အပြစ်ဒုစရိုက်ပြုနေကြသည်။ မတရားသော မေထုန်မှီဝဲခြင်း (ငယ် ၆)၊ ရုပ်တုကိုးကွယ်ခြင်း (ငယ်၇) ပြုကြသည်။ ခါနန်ပြည်သားတို့၏ အကျင့်ဆိုး အတုမယူကြရန် ဘုရားသခင်က ရှေးရှေးကတည်းက သတိပေးထားသော်လည်း မလိုက်နာကြ။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ခံစားထိုက်သူများသည် စင်ကြယ်သော အသက်တာရှိကြရသည် (တရား ၇:၃-၆)။ ဘုရားသခင်သည် ဣသရေလတို့အား ဆုံးမ အပြစ်ပေးသည့်အနေဖြင့် မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် မင်းလက်ထဲသို့ ()နှစ်ကြာ အပ်နှံခဲ့သည်။ ခုရှံဆိုသည်မှာ နှစ်ထပ်ကွမ်း ဆိုးသွမ်းခြင်းဟု အနက်ရသည်။

:၁၁ ခုရှံမင်း၏ ရက်စက်မှုဒဏ်မခံနိုင်ကြသူများ၏ ငိုကြွေးသံအား ဘုရားသခင်ကြားသိသဖြင့် ကာလက်၏တူ ဩသံယေလ (ခြင်္သေ့တို့၏ဘုရားဟုအနက်ရသည်)အား ပေါ်ထွန်း၍ နှစ်ပေါင်း(၄၀)ကြာ တိုင်းပြည်အား ငြိမ်ဝပ်စွာအုပ်စိုးသည်။ ဩသနေလသည် ကိရယာသေဖာ (စာအုပ်စာပေများ၏မြို့တော်) မှ ဒေဗိရ (အသက်ရှင်သော ဗျာဒိတ်စကား) မြို့တိုင်အောင် စိုးမိုးသည်။ ဘုရားသခင်၏ စကားတော်စောင့်ထိန်းသူများ အပေါ် ယုံကြည်ခြင်း ပြည့်ဝမှုရလဒ်ဖြစ်သည်။

() ​ဧဟုဒ (:၁၂၃၀)

:၁၂၂၄ ဣသရေလတို့သည် ဖောက်ပြန်ကြပြန်သောကြောင့် ​မောဘဘုရင် ဧဂေလုန်မင်း လက်ထဲသို့ ကျွန်()နှစ်ခံကြစေပြန်သည်။

:၁၅၃၀ ဘုရားသခင်၏ ဣသရေလတို့၏ ငိုကြွေးသံကို လက်ပိုက်မကြည့်ရက်နိုင်သဖြင့်       ဗင်္ယာမိန်အမျိုးမှ ဘယ်သန် ဧဟုဒ စစ်သူရဲကောင်း ပေါ်ထွန်းစေပြန်သည်။ ဧဂလုန်မင်းကို လုပ်ကြံအနိုင်ယူခွင့်ပေးသည်။ အသွားနှစ်ဖက်ထက်မြက်သောဓားမြှောင်ကိုဝတ်ရုံထဲတွင် ဝှက်ယူလျက် ဘုရင်ထံချဉ်းကပ်သည်။ လက်ဆောင်ပဏ္ဏာဆက်သပြီး၊ တစ်ယောက်ချင်း တွေ့ဆုံခွင့်တောင်းသည်။ လျှို့ဝှက်သတင်းပေးစရာရှိကြောင်း သံတော်ဦးတင်သည်။ ဘုရင်ကြီးက သူ့စကားကို ယုံစား၍ မှူးမတ်ဗိုလ်ပါများဖယ်ရှားပြီးသောအခါ ဧဟုဒ သည် ရသမျှ အခွင့်ကောင်းယူပြီး ဘုရင်ကြီးကိုထိုးကာ တံခါးပိတ်ပြီးထွက်ပြေးသွားသည်။ ဣသရေလလူတစ်သောင်း ချက်ချင်းစုရုံးပြီး နန်းတော်အား ဝင်စီးကြသည်။ ထိုသို့ဖြင့် ဣသရေလတို့သည် ဘယ်သန်ဧဟုဒ လက်အောက်၌ ()နှစ်ကြာ လွတ်လပ်စွာနေကြရန်ပြန်သည်။

ဘုရားသခင်အား အာရုံပြုအထူးဆုတောင်းကြသောအခါ ဂေရတွင် (ငယ်၁၅) ချီးမွမ်းဂုဏ်ယူစရာ (ဧဟုဒ)သားရတနာ ထွန်းကားသည်။ ထိုသားက လောကမင်း (ဧဂလုန်)အား အသွားနှစ်ဖက်ထက်သော ဓားမြှောင်နှင့်(သမ္မာကျမ်းစာ)ဘယ်လက်ဖြင့်ထိုးလိုက်ရာ ဧဂလုန်မင်း ကျဆုံးသွားသည်။

ဩသံယေလသည် ဣသရေလလူမျိုးမှာ ပေါ်လွင် ထင်ရှားသည် ယုဒအမျိုးမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ဧဟုဒသည် အသေးငယ်ဆုံးလူမျိုး ဗင်္ယာမိန်အမျိုးမှပေါ်ထွန်းသည်။ ဘုရားသခင် အသုံးပြုလျှင် အသေးငယ်ဆုံးအရာသည်လည်း မဟာအမှုဖြစ်နိုင်သည်။ ထိုလူများသည် မိမိတို့ပင်ကိုယ်စွမ်းရည်ဖြင့် မိမိလူမျိုးများအားကယ်ထုတ်သည် မဟုတ်။ ဘုရားသခင်၏ စွမ်းအားဖြင့် အောင်မြင်ကြခြင်း ဖြစ်သည်။

() ရှံဂါ (:၃၁)

          :၃၁ တရားသူကြီး ရှံဂါအကြောင်းကို ကျမ်းတစ်ပိုဒ်တည်းဖြင့်သာ ဖော်ပြထားသည်။ ဘုရားပေးခွန်အားဖြင့် တုတ်ချွန်ကိုသုံး၍ ဖိလိတ္တိလူခြောက်ရာတို့ကို ရိုက်သတ်နိုင်သည်။ အညတရနှင့် နှယ်နှယ်ရရ ပစ္စည်းကို ဘုရားသခင်အသုံးပြုလျှင်ကြီးစွာသောအမှုအရာ ဖြစ်နိုင်ကြောင်း သက်သေတစ်ခုဖြစ်သည်။ သာဝကခရီးသည်ဟု အဓိပ္ပါယ်ရသော ရှံဂါသည် ဘုရားစကားတော်ကို ကိုးစားသူဖြစ်၍ (ဒေ ၁၂:၁၁ ကိုကြည့်)။ အံ့ဘွယ်အမှု (ဖိလိတ္တိလူများသတ်ဖြတ်ခြင်း) အောင်မြင်နိုင်သည်။

တရားသူကြီးများစာရင်း

ရန်သူမင်း နာမည်အဓိပ္ပါယ် ကာလ ကယ်ထုတ်သူ နာမည်အဓိပ္ပါယ် ကာလ ကျမ်းကိုး
ခုရှံရိရှသိမ်

မေသောပေါတာမိ

ရှင်ဘုရင်

နှစ်ထပ်ကွမ်းဆိုး

သွမ်းသူမာန+

ဘဝင်လေဟပ်သူ

ဩသံယေလ ဘုရားသခင်၏

ခြင်္သေ့ (ဘုရားပေးတန်ခိုးရှင်)

၄၀ ၃:၇-၁၁
ဧဂလုန်

မောဘဘုရင်

လောကစဉ်းစမ် ၁၈ ဧဟုဒ အံ့ဩဖွယ် ၈၀ ၃:၁၂-၃၁
ဖိလိတ္တိ ဘုရားလူများဒုက္ခ

ပေးသူ(သို့)ဇာတိ

ကိုးစားသူ

ရှံဂါ သာဝကခရီးသည် ၃:၃၁
ယာဘင်

ခါနန်ပြည်ဟာဇော်

ဘုရင်၊သိသရစစ်သူကြီး

သိရှိသူ(သို့)

ကိုဖိုးသိ

၂၀ ဒေဗောရ

ဗာရက်

ပျားလဘို့

အလင်းရောင်

၄၀ ၄:၁-၅:၃၁
မိဒျန်လူများ အငြင်းသန်

ရန်လို

ဂိဒေါင်

(ယေရုဗဗာလ)

အဘိမလက်

တော်လ

ယာဣရ

ဗာလတိုက်လှန်သူ

ငါ့အဖေဘုရင်

သန်ကောင်

အလင်းပေးသူ

၄၀

၂၃

၂၂

၆:၁-၈:၃၅

၉:၁-၇

၁၀:၁-၂

၁၀:၃-၅

အမ္မုန်လူများ မိစ္ဆာဝါဒီ(သို့)

ဦးနှောက်သမား

၁၈ ယေဖသ

ဣဗဇန်

ဧလုန်

အဒ္ဒုန်

ဖွင့်မည်

မသိ

မသိ

အစေခံ

၁၀

၁၀:၆-၁၂:၇

၁၂:၈-၁၅

ဖိလိတ္တိ ဇာတိ ၄၀ ရှံဆုန် နေလေး ၂၀ ၁၃:၁-၁၆:၃၁
Previous Article
Next Article