တရားဟောရာကျမ်း ၁၂

() ဝတ်ပြုကိုးကွယ်ခြင်းပုံစံ (အခန်း ၁၂)

          ၁၂: ဘုရားသခင်၏ လူများသည် ကတိတော်မြေပေါ်သို့ အောင်မြေချဝင်ရောက်သောအခါ တစ်ပြည်လုံးရှိ ရုပ်တုဘုရားတုများနှင့်ပတ်သက်သောအရာအားလုံးကို တစ်စမကျန် မှောက်လှန်ဖျက်ဆီးပစ်ရသည်။ သစ်သားဘုရား(ဟေဗြဲ ashèrîm)သည် ဘုရားမသင်္ကေတဖြစ်သည်။ တိုင်များသည် ဗာလဘုရားဘုရားထီးအမှတ်အသားဖြစ်သည်။

၁၂:၁၄ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ဖို့ ပူဇော်သက္ကာယဇ်ကောင်များကို ယူဆောင်လာရမည်။ ပူဇော်သက္ကာယဇ်ပြုလုပ်ရာဌာနတော်များကိုလည်း အသေအချာပြင်ဆင်ဆောက်လုပ်ရမည်။ ပထမဦးစွာ (ရှိလောမြို့ – ယောရှု ၁၈:၁) နေရာ၊ ထိုနောက်ဗိမာန်တော်(ယေရုရှလင်)တို့ တည်ဆောက်လာကြသည်။ ထိုနေရာများသည် ဘုရားသခင်အား  ဝတ်ပြုကိုးကွယ်သောနေရာသည် တစ်စုံတစ်ဦးထံသို့သာဖြစ်၍ ထိုသူသည် သခင်ယေရှုခရစ်တော်ဘုရားဖြစ်သည်။ လူ့မျက်စိဖြင့် မမြင်စွမ်းနိုင်သော ဘုရားသခင်၏ ဦးဆောင်မှုကို လူများမြင်လာအောင် ယေရှုခရစ်တော်ဘဝဖြင့် ကိုယ်ထင်ပြသခြင်းဖြစ်သည်။ ကန္တာရခရီးလမ်း တလျှောက်မှာ ဆိုးသွမ်းဖောက်ပြန်ခဲ့ကြသည်။ အကျင့်စရိုက်ဆိုးမျိုး ပြည်တော်တွင် မရှိစေရ (ငယ် ၈၊၉)။

၁၂:၁၅၂၈ ဝတ် ၁၇:၃-၄တွင် နွားထီး၊ သိုးထီး၊ ဆိတ်ထီးများအား ပူဇော်သက္ကာယဇ်ကောင်များအဖြစ် ယဇ်ပလ္လင်ပေါ်တွင် တင်လှူပူဇော်ခိုင်းထားသည်။ ယခုမူ ခါနန်ပြည်တွင် အခြေတကျရာသက်ပန် နေထိုင်ကြရတော့မည် ဖြစ်သဖြင့် ယဇ်ပူဇော်ခြင်းပုံစံလည်း ပြောင်းလဲရသည်။ အိမ်မွေးတိရစ္ဆာန်များအား ယဇ်ပူဇော်ခွင့်နှင့် အသားသုံးခွင့်ပြောင်းလဲခွင့်ပြုလာသည်။ သို့ကြောင့် သမင်နှင့်ဆတ် (ထိုသားကြောင်များကို ယဇ်ကောင်အဖြစ်အသုံးပြုရန်ခွင့်မပြုခဲ့)။ တချိန်က မစင်ကြယ်သောသတ္တဝါဟု သတ်မှတ်ခဲ့သည့် အကောင်များကိုလည်း စင်ကြယ်သောသတ္တဝါများအဖြစ် ပြောင်းလဲသတ်မှတ်လာသည်။ သို့သော်လည်း တိရိစ္ဆာန်အသွေးကို စားသုံးခွင့်ပိတ်ပင်တားမြစ်ဆဲ။ အဘယ်ကြောင့်ဆိုသော် အသွေးသည် သတ္တဝါ၏အသက် ဖြစ်၍ ထာဝရဘုရားပိုင်ဆိုင်ရာဖြစ်သည်။

၁၂:၂၉၃၂ ဣသရေလများကို ဒေသခံခါနန်ပြည်သားများ၏ ရုပ်တုဘုရားတုကိုးကွယ်ခြင်း အလျဉ်း ပတ်သက်ခြင်းမရှိရန်ကြပ်တည်းစွာ သတိပေးလိုက်သည်။ ထိုသို့တားမြစ်ခြင်းသည် စစ်မှန်သော ထာဝရဘုရားကိုသာ အာရုံစိုက်ကိုးကွယ်နိုင်ရန် ဖြစ်သည်။ အပိုဒ်ငယ်၃၁သည် မောလုတ်ဘုရား၊ ခေမုရှဘုရားကို ရည်ညွှန်းသည်။ ရုပ်တုဘုရားတုကိုးကွယ်ခြင်းသည် မကောင်းဆိုးဝါးနတ်ဆိုးပူးကပ်ခြင်းဖြစ်သည်ဟု ပေါလုက သတိပေးထားသည် (၁ကော ၁၀:၂၀)။ ဝိညာဉ်ဆိုး၊ နတ်ဆိုး၏ သဘောသဘာဝကို သိမြင်မှသာလျှင် စာတန်၏ ရက်စက်မှုကို နားလည်နိုင်ကြမည်။ လူ့သဘောသဘာဝကို သိမြင်နိုင်မှသာ စာတန်၏ ရက်စက်မှုကို နားလည်နိုင်ကြမည်။ လူ့သဘောသဘာဝသည် ဘုရားရှင်အလင်းဘုန်းတော် ထင်ရှားစေဖို့ထက် နတ်ဆိုး၏ အမှောင်ထဲ၌ ပိုမိုမွေ့လျော်လိုသော ဇာတိစိတ်ရှိသည်ဟု ဤကျမ်းချက်က သတိပေးဆုံးမထားသည်။ ဣသရေလ၏ တတိယမြောက်ဘုရင် ရှောလမုန်မင်းသည် ခေမုရှဘုရားနှင့် မောလုတ်ဘုရားအတွက် ယဇ်ပလ္လင်တည်ခဲ့သည် (၃ရာ ၁၁:၇)။

Previous Article
Next Article