တရားဟောရာကျမ်း ၂၁

() အထွေထွေပညတ်ချက်များ (အခန်း ၂၁၂၅)

() လက်သည်မပေါ်သောလူသတ်မှုပြဿနာ (၂၁:)

          ၂၁: လူသေအလောင်းတွေ့ရှိ၍ လူသတ်တရားခံရှာမတွေ့လျှင် အနီးစပ်ဆုံးရှိ လူကြီးသူမများသည် သူတို့တရားခံမဟုတ်ကြောင်း ဘုရားသခင်ရှေ့၌ ဝန်ခံယဇ်ပူဇော်ရသည်။ နွားဒန်းတစ်ကောင်ကို ရေစီးသော စမ်းချောင်းနားတွင် ယဇ်ပူဇော်ရသည်။ ထိုနွားမအပေါ်သို့ စမ်းချောင်းရေဖြင့် လက်ဆေးကြသည်။ သူတို့ရပ်ရွာတွင် တာဝန်မရှိကြောင်းနှင့် ထိုသို့သွေးမြေခခြင်းသည် မိမိတို့နှင့်မဆိုင်ကြောင်း ဝန်ခံပြန်သည်။ ထိုရပ်ရွာသည် အပြစ်ဒုစရိုက်နှင့် ကင်းစင်ကြောင်းသစ္စာပြုကြရသည်။ လူသတ်မှုနှင့်အနီးစပ်ဆုံးမြို့၏ဝတ္တရား ဖြစ်သည်။

အချို့က ဤကျမ်းချက်ကို “ဘုရားသခင်က သားတော်အပေါ် ပြုသောအမှုမျိုးဖြစ်သည်” ဟု ဆိုကြသည်။ သခင်ယေရှုအသေခံခြင်းသည် ဣသရေလတို့နှင့် တော်စပ်ပတ်သက်၍ တရားလမ်းမှန်သို့ စင်ကြယ်စေသည်။

() စစ်သုံ့ပန်းအမျိုးသမီး (၂၁:၁၀၁၄)

          ၂၁:၁၀၁၄ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသောအမျိုးသမီးကို ချစ်ကြိုက်လျှင် ယုဒထုံးစံအတိုင်းစင်ကြယ်စေပြီးပါက မယားအဖြစ် သိမ်းပိုက်ခွင့်ပြုသည်။ (ခါနန်ပြည်သူများနှင့်မသက်ဆိုင်) သို့သော်ယာယီလည်း ခွင့်ပြုထားသည်။ မကြိုက်မနှစ်သက်လျှင် ပြန်လည်ကွာရှင်းသော်လည်း ရောင်းစားခွင့် မရှိ။ ရက်စက်စွာဆက်ဆံခြင်းမပြုရ။

() သားဦး၏အခွင့်အရေး (၂၁:၁၅၁၇)

          ၂၁:၁၅၁၇ သူ့မိခင်ကို နှစ်နှစ်ကာကာ မချစ်သော်လည်း ချစ်ခင်နှစ်သက်သော မိန်းမထက် ဦးစွာ သားမွေးလျှင် ထိုသားဦးသည် သားဦးအခွင့်အရေးပိုင်ဆိုင်သည်။ ဤကျမ်းပိုဒ်သည် မယားငယ်၊ မယားပြိုင်ကို အသိအမှတ်ပြုခြင်းမဟုတ်။ လူမှုဘောင်မှာ ရှုပ်ထွေးတတ်သော သားဦးအခွင့်အရေးကို ပြဌာန်းခြင်းဖြစ်သည်။ တစ်ခါတရံ ဘုရားသခင်ကိုယ်တိုင်လည်း အကြီးထက်အငယ်များကို အခွင့်အရေးပိုပေးသည်လည်း ရှိပါသည်။ ဥပမာအားဖြင့် ယာကုပ်နှင့်ဧသော၊ ဧဖရိမ်နှင့် မနာရှေ။ ထိုသူများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းဖြစ်၍ ခြွင်းချက်ဖြစ်သည်။ ဤဓမ္မသတ်ပြဌာန်းချက်နှင့်မဆိုင်။

() ခေါင်းမာပုန်ကန်သောသားများ (၂၁:၁၈၂၁)

          ၂၁:၁၈၂၁ လူကြီးသူမများစစ်ဆေး၍ ပုန်ကန်သောသားဖြစ်ကြောင်း ထင်ရှားလျှင် ခဲဖြင့် ပေါက်သတ်ပစ်ရမည်။ လု ၁၅တွင် ရှင်းပြသည့်သားပျောက် နောင်တရခြင်းနှင့် နှိုင်းယှဉ်ဖတ်ရှုပါ။

() ကားစင်တင်ခြင်း (၂၁:၂၂၂၃)

          ၂၁:၂၂၂၃ ကျမ်းချက်၏ အနှစ်သာရသည် ခရစ်တော်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်၌ အပြစ်ဒုစရိုက် မရှိသော်လည်း ကားစင်တင်ခံရသည်။ ကျိန်ခြင်းအမင်္ဂလာများကို သယ်ထုတ်သွားသည်။ အလောင်းကို တစ်ညဉ့်လုံး လက်ဝါးကပ်တိုင်ပေါ်၌ မတင်ထားကြ(ယော ၁၉:၃၁ ကိုကြည့်ပါ)။

လူသားများဝိညာဉ်ဖို့၊ ကိုယ်တော်ဝိညာဉ်

ကားစင်ပေါ်မှာ ဝေဒနာခံရရှာ။

ကောင်းကြီးမင်္ဂလာချီးမွမ်းထိုက်ရာထိုအရှင်

သိုးသူငယ်တော်အသေခံရရှာ။

ကိုယ်တော်၌ အကြွင်းမဲ့ပြည့်စုံ

ဘုန်းတန်ခိုးအာနုဘော်အလျှံ

သိုးသူငယ်တော်အသေခံရရှာ။

James Montgomery.

Previous Article
Next Article