တောလည်ရာကျမ်း ၁၅

() ပညတ်တော်အမျိုးမျိုး (အခန်း ၁၅)

       ၁၅:  အခန်း ၁၄နှင့် ၁၅ အကြားတွင် အဖြစ်အပျက်အချိန်ကာလမည်မျှ ကွာခြားသည်ကို အတိအကျမသိပါ။ သို့သော်လည်း ကွင်းဆက်တစ်ခုမှာ “ထိုသူများသည် ကတိတော်မြေကို မဝင်ကြ” (ငယ်၁၄:၂၃)ဟူသော ကျမ်းစကားဖြစ်သည်။ ငါပေးသော နေရာသို့ ဝင်ရောက်ကြသောအခါ (၁၅:) ဟူသော ကျမ်းပိုဒ်သည် အပြစ်ဒုစရိုက်၊ အဟန့်အတားများက ပိတ်ပင်လင့်ကစား လုံးဝမပတ်ဆို့နိုင်ဟု အနက်ရသည်။ ဘုရားရှင်က အာဗြံဟံအား ခါနန်ပြည်ကို ကတိတော်ပြုခဲ့သည့်အတိုင်း ယုံကြည်ခြင်း၌ သစ္စာရှိသော သားစဉ်မြေးဆက် တစ်ဦးဦးက အမွေခံရသည်။

၁၅:၂၉ အပိုဒ်ငယ် ၂၉သည် ခါနန်မြေပေါ်တွင် ဣသရေလလူမျိုးတို့ အခြေချသောအခါ ယဇ်ပူဇော်ရမည့်အကြောင်းဖြစ်သည်။ ထိုယဇ်ပူဇော်ခြင်းအကြောင်း အသေးစိတ်ကို ယခင်ကျမ်းပိုဒ်များတွင် ရှင်းပြထားပြီးဖြစ်သည်။ ဤနေရာတွင် သီးသန့်ရှင်းပြလိုသည်မှာ တမင်ရည်ရွယ်ချက်မရှိဘဲ အပြစ်ဒုစရိုက် ကျူးလွန်မှု (ငယ် ၂၂-၂၆) သို့မဟုတ် ပုဂ္ဂိုလ်ရေးကိစ္စ (ငယ် ၂၇-၂၉) ဖြစ်သည်။ အပြစ်ဖြေလွှတ်စင်ကြယ်စေဖို့ရန် နွားတစ်ကောင်နှင့် ဆိတ်တစ်ကောင်ပူဇော်ရကြောင်း အငယ်၂၄တွင် ဆိုထားသည်။ ဝတ် ၄တွင် အပြစ်ဖြေ ပူဇော်သက္ကာပြုရန် နွားထီးယူဆောင်လာရသည်ဟု ဆိုသည်။ ဝတ်-၄ တွင် ခေါင်းဆောင်လုပ်သူသည် အပြစ်ကျူးလွန်လျှင် ဆိတ်ထီးတစ်ကောင်လည်း ပူဇော်ရသည်ဟု ဆိုသည်။ ဤတောလည်ရာကျမ်းမှ ပူဇော်သက္ကာသည်တကြိမ်တစ်ခါတည်း ပူဇော်ခြင်းဖြစ်သည်။ ဝတ်ပြုရာကျမ်းမှ ယဇ်ပူဇော်ခြင်းသည် တစ်ခုစီပူဇော်ခြင်း ဖြစ်သည်။ အပိုဒ်ငယ် ၂၀-၂၁ တွင် ကျမ်းစာတွင် မကြာခဏတွေ့ရသော ပထမဦးစွာဘုရားသခင်ဟူသောစကားရပ်တွေ့ရသည်။ သားဦးသို့မဟုတ် အသီးဦးအစရှိသဖြင့် ဦးဦးဖျားဖျား ပူဇော်ရသည်။ မိမိပစ္စည်းထဲမှ အကောင်းဆုံးကို ပေးလှူရသည်။ ဤကျမ်းစကားက ယုံကြည်သူများအား သတိပေးထားသည်မှာ “အရာခပ်သိမ်း၏ မူလပိုင်ရှင်သည် ဘုရားသခင်ဖြစ်၍ ထိုအရှင်သခင်ကို နေရာတိုင်း အမှုအရာတိုင်းတွင် ဦးစားပေးရသည်”ဟု သွန်သင်ပါသည်။

၁၅:၃၀၃၆ အပြစ်ရှိလျှင် အပြစ်ဖြေပူဇော်သက္ကာပြုရမှန်း သိရှိပါလျက်နှင့် တမင်တကာ ယဇ်မပူဇော်သူသည် ဘုရားသခင်ကို ပုန်ကန်ခြားနားခြင်းဖြစ်သည်။ ထိုသူကို အမျိုးမှ ပထုတ်ရမည် (ငယ်၃၀-၃၁)။ ဥပမာအားဖြင့် အပိုဒ်ငယ် ၃၂-၃၆တွင် ပါရှိသော အပြစ်ဒုစရိုက်မျိုးကိုကြည့်ပါ။ ဥပုသ်နေ့၌ ထင်းခွေသွားခြင်းသည် ဥပုသ်နေ့ပညတ်တော်ကို သက်သက်ချိုးဖောက်ခြင်းဖြစ်သည်။ ထိုသူသည် သေဒဏ်မှ တပါး အခြားအပြစ်ဒဏ်မရှိ(ထွ ၃၁:၁၅)။ တရားစီရင်ခြင်း အမေးအမြန်းမရှိ၊ စီရင်ရသည်။ ဤကျမ်းတွင် ထိုသူကို တပ်ပြင်သို့ ထုတ်၍ ကျောက်ခဲဖြင့် ဝိုင်းပေါက်သတ်ကြရမည် ဟုဆိုသည်။

၁၅:၃၇၄၁ ယုဒလူမျိုးများသည် အဝတ်စွန်း၌ ကြိုးပြာဖြင့် ပန်းပွားဆွဲရမည်။ အပြာသည် မိုးကောင်းကင် အထိမ်းအမှတ်ဖြစ်၍ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စကားတော်ကို နာခံသော ဘုရားသားသမီးများဟု ခံယူကြသည်။

Previous Article
Next Article