တောလည်ရာကျမ်း ၂၀
(ဇ) မောရှေ၏အပြစ်များ (၂၀:၁–၁၃)
၂၀:၁ ဤအခန်းကို လွန်ခဲ့သော နှစ်ပေါင်း(၄၀)ခန့်က အဲဂုတ္တုပြည်မှ ထွက်လာကြခြင်း၊ လမ်းခရီးတွင် (၃၈)နှစ်ကြန့်ကြာခြင်းဖြင့် အစပြုသည်။ ယခု ဇိနတောကာဒေရှ အရပ်သို့ ရောက်ရှိနေကြပြီ။ ကတိတော်မြေကိုလည်း အရိပ်အရောင်မမြင်ရသေး။ မိရိအံကွယ်လွန်၍ သင်္ဂြိုဟ်ကြရပြီ။ အခန်း ၂၉နှင့် ၂၀အကြားဖြစ် စဉ်တွင် လူပေါင်းခြောက်သိန်း သေဆုံးကြသည်။ မယုံကြည်သူများ၏ ခါးသီးသော အတွေ့ကြုံများသည် နောင်လာနောက်သားများ၏ ပြောစမှတ်အဖြစ် ကျန်ရစ်လေပြီ။
၂၀:၂–၉ နောက်ပေါက်လူများက ရေငတ်ခြင်း နှင့် ပတ်သတ်၍ မောရှေနှင့်အာရုန်အား ဆင်ခြေတက်ခဲ့ကြသည်။ သို့သော် ဖခင်ကြီးသဖွယ် ရပ်တည်နေကြသည် (ငယ် ၂-၅)။ ဘုရားသခင်က မောရှေကို ကျောက်ဆောင်အား ရေထွက်အောင် ပြောဖို့မိန့်မှာသည်။ သို့သော် တဲတော်အတွက် အာမခံထားသည့် အာရုန်၏ တောင်ဝှေးဖြင့် ကျောက်ဆောင်ကိုရိုက်သည် (ငယ် ၉ကို ၁၇:၁၀ နှင့်ယှဉ်ဖတ်ပါ)။ ပိုဒ်ငယ် ၁၁တွင်မူ သူ့လှံတံဟုဆိုသည်။ အာရုန်၏ လှံတံသည် ယဇ်ပုရောဟိတ်လှံတံဖြစ်သည်။ မောရှေ၏ လှံတံသည် တရားစီရင်ခြင်းနှင့် ဘုန်းတန်ခိုးဖြစ်သည်။
၂၀:၁၀–၁၃ တစ်ခါက မာရှအရပ်တွင် ပရိသတ်များ ရေပြဿနာတက်ခဲ့ကြသည်။ ထိုစဉ်က မောရှေကို ကျောက်ဆောင်အား ရိုက်ခိုင်းသည် (တော ၁၇:၁-၇)။ ယခုအကြိမ်တွင် ရေပြဿနာရှာသူများအား မယဉ်ကျေး မဖွယ်ရာသော စကားဖြင့်ခေါ်သည် (ငယ် ၁၀)။ ဒုတိယအချက်အားဖြင့် ဘုရားသခင် မိန့်မှာသည့်အတိုင်း ကျောက်ဆောင်ကို ရေထွက်အောင် မပြောဘဲ၊ လှံတံဖြင့်နှစ်ချက် ရိုက်ထည့်သည်။ ထွ ၁၇ တွင်ပါရှိသော ကျောက်ဆောင်သည် ခရစ်တော်ပုံဆောင်သည်။ ရိုက်နှက်ခံရသော နေရာသည် ကရာနီကုန်းပုံရိပ်ဖြစ်သည်။ သို့သော် ခရစ်တော်သည် လူသားအားလုံးအတွက် တစ်ကြိမ် အရိုက်ခံရခြင်းဖြစ်သည်။ ကိုယ်တော်ဘုရားအသက်ပျောက်ပြီးသော် သန့်ရှင်းသောဝိညာဉ်တော် ဝင်ရောက်လာသည်။ ထိုဝိညာဉ်တော်သည် အငယ် ၁၁မှ ကျောက်ထွက်ရေဖြစ်သည်။ ထိုသို့သော် အပြစ်ကြောင့် မောရှေနှင့်အာရုန်သည် ကတိတော်မြေပေါ်သို့ ဝင်ရောက်ခြေချခွင့်မရကြ။ ဤကျမ်းချက်တွင်ပါရှိသော မေရိဘသည် ထွက် ၁၇၌ ဖော်ပြသည့် မေရိဘနှင့်မတူ။ ဤမေရိဘအရပ်ကိုအချို့က ကာဒေရှဟုလည်း ခေါ်ဝေါ်ကြသည်။ ထိုအကြောင်းကို G.Campbell Morgan က ဤသို့ ရှင်းပြသည်။
ထိုသို့ အမျက်ဒေါသတစ်ချက်လွှတ်ကနဲ ထွက်သွားခြင်းသည် လူ့သဘောသဘာဝဟု ဆိုနိုင်သော်လည်း ဘုရားသခင်၏ လူများတွင်မူ မှားယင်းသော အဓိပ္ပါယ်ကြီးဖြစ်သွားနိုင်သည်။ သူ၏တစ်ကွက်ကျရှုံးခြင်းသည် အမြင့်ဆုံးသော ယုံကြည်ခြင်းကို သဲထဲရေသွန်ဖြစ်စေသည်။ ဘုရားသခင်ကို ယုံကြည်အားကိုးနေဆဲဖြစ်သည်။ သို့သော်လည်း ပရိသတ်၏မျက်စိတွင် သူ၏နာယက ဂုဏ်ကို မမြင်ကြတော့ပါ။ လုပ်ဆောင်မှု တစ်ချက်တလေမှစ၍ လက်လွှတ်စပယ် မပြုသင့်ကြောင်း သင်ခန်းစာပေးပါသည်” မှန်ကန်သော လုပ်ဆောင်ချက် တစ်ရာသည် သာယာဖြောင့်ဖြူးစွာ ကုန်လွန်သော်လည်း အမှားတစ်ချက်သည် မပျောက်နိုင်သော ဆုလက်ထင်းကျန်စေပါသည်။ အမှတ်တမဲ့မပြု၊ သေချာစွာ စဉ်းစားချင့်ချိန်ပြီးမှ လုပ်ဆောင်ရမည့် အကြောင်း တေးတစ်ပိုဒ်ရှိခဲ့ဖူးသည်။ အိုဘုရှားရှင်၊ ကိုယ်တော်အားပဲ့တင်ထပ်အောင် ချီးမွမ်းစေဖို့ သွန်သင်တော်မူပါ။၁၃
ထိုမျှသာမက ကိုယ်တော်ဘုရား၏ မင်္ဂလာ သတင်းစကားကြောင့် ကယ်တင်ခြင်းရရှိဖို့ သာ၍ ဆုတောင်းအပ်သည်။ ကိုယ်တော်ဘုရား၏ သံစဉ်တိုင်း လိုက်ဆိုသင့်သည်။ မောရှေသည် ဒေါသတစ်ခါ မထိန်းမိသောကြောင့် ဘဝအသက်တာ ကတိတော်မြေနှင့်ဝေးခဲ့သည်။
(ဈ) အာရုန်ကွယ်လွန်ခြင်း (၂၀:၁၄–၂၉)
၂၀:၁၄–၂၁ ကတိတော်မြေသို့ ဝင်ရောက်ဖို့ ကန္တာရတောမှ အနီးဆုံးဖြတ်လမ်းဖြင့် သွားခွင့်မရကြ။ အရှေ့ဘက်တွင် ဧဒုံပြည်က ခံနေသည်။ ဧဒုံဘုရင်ထံနယ်မြေဖြတ်ကျော်ခွင့်တောင်းကြသော်လည်း ခွင့်မပြု။ ဧဒုံသားတို့၏ ရေမသောက်၊ တစ်စုံတရာမစား၊ တစ်ခုမှ မပျက်စီးစေဘဲ လမ်းမအတိုင်း သွားခွင့်ပြုဟု တောင်းပန်ကြသော်လည်း ခွင့်မပြုစစ်တပ်အလုံးအရင်းဖြင့် တာဆီးပိတ်ပင်သည်။ နောင်တွင် ဣသရေလမင်း ရှောလုလက်ထက်၌ ထိုတိုင်းပြည်ကို တိုက်ခိုက်အောင်မြင်သည်။ ဧဒုံအမျိုးအနွယ်သည် ဧသော၏သားစဉ် မြေးဆက်များဖြစ်သည်။
၂၀:၂၂–၂၉ ထိုသို့ဖြင့် သောဒုံပြည်ကို တစ်ခါရှောင်ကွင်း၍ ကာဒေရှမှ ဟောရတောင်သို့ သွားကြသည်။ ဧဒုံပြည်နယ်စပ်အနီးတွင် အာရုန်သေဆုံးသောကြောင့် အာရုန်၏ ယဇ်ပုရောဟိတ်နေရာကို သူ့သားဧလျာဇာက ဆက်ခံသည် (ငယ် ၂၂:၂၉)။ ထိုအကြောင်းကို Matthew Han Henry က ဤသို့ဆိုသည်။
အာရုန်သေဆုံးခြင်းသည် ဒုစရိုက်အပြစ်ကြောင့် ပလိပ်အနာရောဂါ၊ ကောင်းကင်ဒေါသမီးကြောင့် သေခြင်းဆုံးဖြင့် သေသည်မဟုတ်။ အေးဆေးသက်သာစွာ သေခြင်းဖြစ်သည်။ သူ့လူမျိုးထံမှ စွန့်ပစ်ပထုတ်ခံရ၍ သေခြင်းမဟုတ်။ ဘုရားသခင်လက်တော်၌ တရားတော်နှင့်အညီ တသက်ဇီဝိန်ချုပ်ငြိမ်းခြင်းဖြစ်သည်။ ဘုရားသခင်၌သေလွန်ခြင်း ဖြစ်သည်နှင့်အညီ သူ့လူအပေါင်းလာရောက်စည်းရုံးကြသည်။ မောရှေက သူ၏ ယဇ်ပုရောဟိတ် ဝတ်ရုချွတ်ပေးခြင်းသည် ယဇ်ပုရောဟိတ်နှင့် မပြည့်စုံခြင်းဖြစ်သည်။၁၄