တောလည်ရာကျမ်း ၂၆
(ခ) ဒုတိယအကြိမ် သန်းခေါင်စာရင်းကောက်ယူခြင်း (အခန်း ၂၆)
၂၆:၁–၅၁ မောရှေကဣသရေလတို့အား မိမိတို့လူမျိုးအလိုက် သန်းခေါင်စာရင်းကောက်ခိုင်းသည်။ ဘုရားပေးသော ပြည်သို့ဝင်ရောက်ရတော့မည်ဖြစ်၍ တိုက်ခိုက်ရေးအင်အား ပြင်ဆင်ဖွဲ့စည်းဖို့ လိုသည်။ ပထမအကြိမ် သန်းခေါင်စာရင်းကောက်ယူစဉ်ထက် လူပေါင်း ၁၈၂၀ လျှော့နည်းကြောင်းတွေ့ရသည်။ အောက်တွင်ဇယားပြထားသည်။
လူမျိုး ဦးရေ(အခန်း၁) ဦးရေ(အခန်း၂၆)
ရုဗင်(ငယ် ၅-၁၁) ၄၆,၅၀၀ ၄၃,၇၃၀
ရှိမောင်(ငယ် ၁၂-၁၄) ၅၉,၃၀၀ ၂၂,၂၀၀
ဂဒ်(ငယ် ၁၅-၁၈) ၄၅,၆၅၀ ၄၀,၅၀၀
ယုဒ(ငယ် ၁၉-၂၂) ၇၄,၆၀၀ ၇၆,၅၀၀
ဣသခါ(ငယ်၂၃-၂၅) ၅၄,၄၀၀ ၆၄,၃၀၀
ဇေဗုလုန် (ငယ် ၂၆-၂၇) ၅၇,၄၀၀ ၆၀,၅၀၀
ယောသပ် (ငယ် ၂၈-၃၇)
မနာရှေ (ငယ် ၃၄) ၃၂,၂၀၀ ၅၂,၇၀၀
ဧဖရိမ် (ငယ် ၃၇) ၄၀,၅၀၀ ၃၂,၅၀၀
ဗင်္ယာမိန် (ငယ် ၃၈-၄၁) ၃၅,၄၀၀ ၄၅,၆၀၀
ဒန် (ငယ် ၄၂-၄၃) ၆၂,၇၀၀ ၆၄,၄၀၀
အာရှာ (ငယ် ၄၄-၄၇) ၄၁,၅၀၀ ၅၃,၄၀၀
နဿလိ (ငယ် ၄၈-၅၁) ၅၃,၄၀၀ ၄၅,၄၀၀
စုစုပေါင်း ၆၀၃,၅၅၀ ၆၀၁,၇၃၀
ပထမအကြိမ် သန်းခေါင်စာရင်း (အခန်း ၁) ကောက်ယူစဉ် လူဦးရေ ၆၀၃,၅၅၀ ရှိ၍ ဒုတိယအကြိမ် သန်းခေါင်စာရင်း (အခန်း ၂၆)ကောက်ယူစဉ် လူဦးရေ ၆၀၁,၇၃၀ သို့ယုတ်လျော့ခြင်းနှင့် ပတ်သက်၍ Moody က ဤသို့ဆိုထားသည်။
ဣသရေလလူမျိုးသည် နှစ်ပေါင်း(၄၀)လုံးလုံး လူဦးရေတိုးတက်မှု ရပ်တန့်သွားသည်။ ယနေ့အသင်းတော်များတွင်လည်း လူဦးရေတိုးတက်မှုမရှိခြင်းကို သင်ခန်းစာစစ်ကြောသင့်သည်။၁၆
လူဦးရေအများဆုံးလျှော့နဲသူမှာ ရှိမောင်အမျိုးဖြစ်သည်။ သုံးသောင်းခုနစ်ထောင်ကျဆင်းသည်။ ထိုသို့ မတန်မဆလျှော့ကျခြင်းမှာ သူတို့အကြီးအမှူးတစ်ဦး ဇိမရိတ်ပေဂုရတွင် ဒုစရိုက်ကျူးလွန်ခြင်း၏ အဖိုးအခ ခံစားရခြင်းဖြစ်သည်။ အပိုဒ်ငယ် ၁၁အရ ကောရ၏သားများသည် ကောရနှင့်အတူ အကုန်မသေကြကြောင်း သိရှိရသည်။
၂၆:၅၂–၅၆ ဘုရားရှင်ကတိတော်မြေအား လူဦးရေအချိုးအစားအလိုက် ခွဲဝေခိုင်းသည်။ လူဦးရေချင်းတူနေလျှင် မဲခွဲဆုံးဖြတ်ခိုင်းသည်။ နယ်မြေအကျယ်အဝန်းကို လူဦးရေအလိုက်ခွဲဝေ၍ အရပ်ဒေသမူကား မဲဖြင့်ဆုံးဖြတ်ရသည်။
၂၆:၅၇–၆၅ လေဝိအမျိုးသည် လူဦးရေနှစ်သောင်းသုံးထောင်ရှိသည်။ ယခင်စာရင်းကောက်စဉ်မှ ကာလက်နှင့် ယောရှုမှလွဲ၍ အခြားသူများစာရင်းမဝင်ကြ။ ကွယ်လွန်ကြကုန်ပြီ။ အပိုဒ်ငယ် ၆၄နှင့် ၆၅သည် စစ်ပွဲဝင်နိုင်သော တိုက်ခိုက်ရေးအင်အားဖြစ်သည်။ လေဝိအမျိုးနှင့် မိန်းမ၊ ကလေးသူငယ်များမပါဝင်။ (၃၈)နှစ်ကြာကာလအတွင်း ကွယ်လွန်သေဆုံးသူများ၏ အရေအတွက်ကိုကြည့်ပါ။