တောလည်ရာကျမ်း ၃၁

() မိဒျန်လူမျိုး ဖျက်ဆီးခြင်း(အခန်း၃၁)

       ၃၁:၁၁ မိဒျန်လူမျိုးများက ဣသရေလလူမျိုးအား ဗာလပေနေရ ဘုရားကိုးကွယ်စေခြင်း၊ ညစ်ညမ်းသော လင်မယားနေခြင်း မြူဆွယ်ကြသောကြောင့် ဘုရားသခင်က မောရှေအား ထိုမိဒျန်လူမျိုးကို သုတ်သင်ရှင်းလင်းခိုင်းသည် ဣသရေလနှစ်ပေါင်းချီတက်၍ ရန်သူများအား ချေမှုန်းသုတ်သင်သည်။ ထိုတပ်ဖွဲ့နှင့်အတူ ဖိနဟတ်လည်းလိုက်ပါသည် (ငယ်၆)။ ဖိနဟတ်သည် ဖခင်ထက် ယဇ်ပုရောဟိတ်အာဏာ ထက်မြက်သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇိမရိနှင့် မိဒျန်မိန်းမကို ချက်ချင်းစီရင် သတ်ပစ်ဝံ့သည်၊ (အခန်း၂၅)။ ယခုအခါ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ဣသရေလတပ်ဖွဲ့ကို ဦးဆောင်ကွပ်ကဲလျက် မိဒျန်တို့အား သုတ်သင်တိုက်ပွဲဝင်ပြန်သည်။ အငယ် ၇တွင် ပါရှိသော ယောက်ျားသားဟူသမျှဆိုသည်မှာ မိဒျန်စစ်သားများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် များမကြာမှီ ဂိဒေါင်လက်ထက်တွင် ပေါ်လာကြပြန်သည် (သူကြီး ၆)။ (အငယ် ၈)တွင် ပါရှိသော ဇုရသည် တဲတော်ထဲတွင် ဖိနဟတ်လှံဖြင့် ထိုးသတ်သော မိန်းမ ကောဇဘိ၏ ဖခင်ဖြစ်သည်(၂၅:၁၅)။ ဗာလမ်သည် အိမ်ရောက်အောင် မပြန် သို့မဟုတ် တဖန် မိဒျန်သားများနှင့် ပူးပေါင်းသောကြောင့် သေခြင်းဖြစ်နိုင်သည်။

၃၁:၁၂၁၈ မိဒျန်စစ်သားများကို သုတ်သင်ချေမှုန်းပြီးသောအခါ၊ ဣသရေလများသည် မိဒျန်မိန်းမများနှင့် ကလေးသူငယ်များကို ဖမ်းဆီးခေါ်ဆောင်လာကြသဖြင့် တဲတော်တွင် ရှုပ်ရှက်ခတ်ပွလန်ကြဲသည်။ အကုန်မသတ်ခဲ့ဘဲ ခေါ်လာကြသောကြောင့် မောရှေစိတ်ဆိုးသည်။ မိဒျန်မိန်းမများသည် ဣသရေလယောက်ျားများကို မြူဆွယ်ဖျက်ဆီးသူများ ဖြစ်သောကြောင့် မလိုချင်။ ထို့ကြောင့် ယောက်ျားသား အားလုံးနှင့် မိန်းမကြီးများအားလုံးကို သတ်ပစ်ခိုင်းသည်။ အရွယ်မရောက်သော မိန်းကလေးများကို အိမ်ဖော်များလုပ်ခိုင်းဖို့ အသက်ချမ်းသာရာပေးသည်။ ဣသရေလလူမျိုး ပျက်စီးကြရသည့်အကြောင်း ပမာဏနှင့် ယှဉ်ထိုးလျှင် ထိုအပြစ်ဒဏ်သည်တရားမျှတပါသည်။

၃၁:၁၉၅၄ တိုက်ပွဲဝင်သွေးစွန်းသောသူများနှင့် သုံ့ပန်းများသည် ယုဒတို့ထုံးစံအတိုင်း ()ရက်နေ့မှ သန့်ရှင်းစင်ကြယ်ကြသည် (ငယ်၁၉)။ မီးပူဇော်ခြင်း၊ ရေချိုးသန့်စင်ခြင်း ပြုကြသည် (ငယ် ၂၁-၂၄) တိုက်ပွဲမှ သိမ်းဆည်းရမိသော လူများနှင့် ဥစ္စာပစ္စည်းများကို အညီအမျှစွဲ၍ တစ်ဝက်ကိုတိုက်ပွဲဝင်သူများ၊ ကျန်တစ်ဝက်ကို မိဘပြည်သူများသို့ မျှဝေပေးလိုက်သည်။ သာမန်စစ်သားများက မိမိဝေစုကို အသားတကြည်ယူသွားကြသော်လည်း  စစ်သူကြီးများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းသောအားဖြင့် မိမိတို့ဝေစုထဲမှ အချို့ကို ယဇ်ပုရောဟိတ်ထံသို့ ပေးလှူကြသည် (ငယ်၄၈-၅၄)။

Previous Article
Next Article