တောလည်ရာကျမ်း ၈

() တဲတော်အမှုအရာ (အခန်း )

       : မောရှေမှာထားသည့်အတိုင်း အာရုန်သည် ရွှေမီးတိုင်စင်ပြုလုပ်မီးထွန်းညှိသည်။ အလင်းရောင်သည် သန့်ရှင်းဝိညာဉ်တော်၊ မီးတိုင်စင်ကို ခရစ်တော်ဟု တင်စားရလျှင် သန့်ရှင်းဝိညာဉ်တော်၏ အမှုတော်သည် ခရစ်တော်၏ ဘုန်းတန်ခိုးထင်ရှားဖို့ဖြစ်သည်။

:၁၃ လေဝိအမျိုးသားများ သန့်ရှင်းစင်ကြယ်ခြင်းအကြောင်း ဖြစ်သည်။ ပထမဦးစွာ စင်ကြယ်စေသောရေဖြင့် သန့်ရှင်းရေးပြုလုပ်ကြသည် (တော ၁၉ကိုကြည့်)။ အမွှေးအမျှင်များကို ပြောင်စင်အောင် သင်တုန်းဓားဖြင့် ရိတ်ရသည်။ တစ်ကိုယ်လုံးကို ရေချိုးသန့်စင်၍ အဝတ်များကိုလည်း လျှော်ဖွတ်စင်ကြယ်စေရသည် (ငယ် ၇)။ တက်ရောက်လာသော ပရိသတ်အမျိုးသားများက ပရိသတ် စည်းဝေးရာ တဲတော်ရှေ့တွင် လက်တင်ပေးကြသည်။ အာရုန်က လေဝိအမျိုးအား ဘုရားသခင်ထံသို့ ဆက်ကပ်အပ်နှံသည်။ ယနေ့ကာလတွင် ယုံကြည်သူများသည် မိမိခန္ဓာကိုယ်အား အသက်ရှင်သောယဇ်ကောင် အဖြစ် ပူဇော်ကြရသည် (ရော ၁၂:၁-၂)။ ထို့နောက် မောရှေသည် မီးရှို့ရာယဇ်နှင့် အပြစ်ဖြေယဇ်ပူဇော်သည်။

:၁၄၂၂ အဲဂုတ္တုပြည်မှ ထွက်ခွာလာစတွင် သားဦးများအား ယဇ်ပုရောဟိတ်များအဖြစ် ရွေးချယ်ခဲ့ခြင်း နေရာတွင် လေဝိအမျိုးသားများဖြင့် အစားထိုးကြောင်း ထပ်မံအတည်ပြုသည်။ လေဝိအမျိုးသားအား ဦးစွာ သန့်ရှင်းစင်ကြယ်စေသေည်။ တဲတော်အမှုအရာကိုလည်း တပါးတည်း အပ်နှင်းလိုက်သည်။

:၂၃၂၆ လေဝိအမျိုးသားများသည် အသက်(၂၅)နှစ်မှ (၅၀) အရွယ်ထိ (ငယ် ၂၄)လုပ်ဆောင်ရသည်။ တော ၄:၃ တွင် အသက်(၃၀)မှ စတင်သည်ဟု ဆိုသည်။ အချို့က (အခန်း၄)သည် ကန္တာရာခရီးစဉ်တွင် လုပ်ဆောင်ခဲ့သောကာလကို ထည့်သွင်းရေတွက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ (အခန်း ၈)တွင် ပါရှိသော အရွယ်သည် ကတိတော်မြေတွင် ကျင့်သုံးဖို့ ဖြစ်သည်ဟု အချို့ဆိုသည်။ အချို့က (၅)နှစ်ကွာခြားခြင်းသည် အလုပ်သင်ကာလဖြစ်သည်ဟု ဆိုကြသည်။ အသက်(၅၀)အရွယ်တွင် အနားယူခိုင်းသော်လည်း အကြံပေးအဖြစ် ဆက်လက်လုပ်ဆောင်ခွင့်ရှိသည်။ (ငယ် ၂၅-၂၆)။ ဤကျမ်းချက်သည် လုပ်ငန်းနှင့် အမှုတော် သို့မဟုတ် လိုအပ်ချက်များ ရှင်းပြခြင်းဖြစ်သည်။

ပထမအလုပ်သည် ပင်ပန်းသောအလုပ်ဖြစ်၍နောက်အလုပ်သည် ကြည့်ရှုကွပ်ကဲခြင်း၊အကြံပြုခြင်းဖြစ်သည်။

အချို့က လေဝိအမျိုးသားများ၏ အလုပ်သည် ခရစ်ယာန်များကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ဆိုကြသည်။ ရွေးနှုတ်ထားသူများ၊ စင်ကြယ်သူများ အမှုတော်အတွက် ဆက်ကပ်သူများ၊ လောကအမွေ ထည့်မတွက်သူများ ဖြစ်သည်။

Previous Article
Next Article