ထွက်မြောက်ရာကျမ်း ၁၁

၆။ သားဦးများသေကြခြင်းနှင့်ဣသရေလတို့လွတ်မြောက်ခြင်း (၁၁:၁၂:၃၀)

          ၁၁:၁၀ မောရှေသည် ဖာရောမင်းထံမှ မခွါနိုင်သေး။ အပိုဒ်ငယ် ၄-၈ တွင် ဆက်လက် စကားပြောနေသည်။ ပထမပိုင်း အပိုဒ်ငယ် (၃)ခုသည် စကားချပ်ဖြစ်သည်။ နောက်ဆုံးနှင့် ဒဿမကပ်ဆိုး ရောက်ခါနီးဖြစ်သောကြောင့် ဣသရေလများအား အိမ်နီးနားချင်း အဲဂုတ္တုများထံမှ ရွှေတန်ဆာ၊ ငွေတန်ဆာများ တောင်းခိုင်းသည် (ငှါးခြင်းမဟုတ်၊ KJV)။ အဲဂုတ္တုလူမျိုးများ၏ သားဦးများ ညဉ့်နက်ယံတွင် သေဆုံးကြမည်ဟု မောရှေက ဖာရောမင်းအား သတိပေးသည် (၁၂:၆)။ သို့သော် ဣသရေလအမျိုးအား ချက်ချင်းထွက်ခွာကြရန် တောင်းပန်မည်။ မောရှေ၏စကားကို ကြားသိသောအခါ ဖာရောမင်းပိုမိုဒေါသထွက်လာသည်။ သို့သော် အလိုလိုက်လျော့ဖို့ ဂရုမစိုက်။ ဖာရောမင်း၏ စိတ်နှလုံးသည် ဒေါသနှင့် အတူ ခိုင်မာသထက်ခိုင်မာလာသည်။

Previous Article
Next Article